Part 12
#unicode
Mino တစ်ယောက် Chaeyoungတို့ဆီ ရောက်သွားကြောင်း သိရလို့ Chanyeol နည်းနည်းစိတ်အေးသွားတယ်လေ
Minoကို ကတိပေးထားသလိုဘဲ သွေးကင်ဆာဖြစ်နေတဲ့ Mino ညီမလေးကို Chaenyeol သူ ရှယ်ယာဝင်ထားတဲ့ ဆေးရုံတွင် ကုသပေးထားသည့်အပြင် သူနာပြုဆရာမနဲ့ လူနာစောင့်တွေပါ ငှားပေးထားသည်
Chanyeolမှာ သူ့ညီမအကြောင်း စဥ်းစားရင်း Aeriကို သတိရသွားတယ်
Aeri ဒီနေ့ဘဲ အလုပ်ထွက်စာလာတင်မယ်ပြောပြီး အခုထိ အလုပ်ကိုမရောက်လာသေး ......တစ်ခုခုများ ဖြစ်နေလားလို့ Chanyeol စိတ်ပူမိသည်
ထိုစဥ် Aeriမှာ ဓာတ်လှေကားက အထွက် လူတစ်ယောက်နဲ့ ဝင်တိုက်မိသည်
Aeriမှာ ထိုအမျိုးသားကို တောင်းပန်စကားပြောပြီး Chanyeol ရုံးခန်းကို သွားမယ်လုပ်ပေမယ့် အမျိုးသားမှာ သူနဲ့အတူ ဓာတ်လှေကားထဲ လိုက်ခဲ့ဖို့ ခေါ်လေသည်
Aeriမှာ ငြင်းသော်လည်း မရ ဓာတ်လှေကားထဲပါသွားသည်
"Park Companyမှာလည်း အလှလေးတွေရှိသားဘဲ...."
"ကျွန်မကို လွှတ်ပါ "
Aeriမှာ ရုန်းပြီး ဓာတ်လှေကားခလုတ်တွေကို နှိပ့လေသည်
ထိုစဥ် Aeriကြောင့် ဓာတ်လှေကားမှာ အထပ်တစ်ထပ်တွင် ရပ်သွားလေသည်
Aeriမှာ ဓာတ်လှေကား အပြင်ဘက်က လူကိုမြင်ပြီး ရှက်လို့ အငွေ့ပျံချင်စိတ်များ ဖြစ်လာသလို ထိုလူမှာလည်း Aeriကို မြင်ပြီး မျက်လုံးပြူးသွားသည်
"သူ့လက်ကို လွှတ်လိုက်ပါ Mr. Ling. .."
Chanyeol သူ့ဒေါသတွေကို ထိန်းပြီး အံကိုကြိတ်ကာ ပြောလိုက်သည်
သို့သော်လည်း တရုတ်အဘိုးကြီးမှာ Chanyeol ကို ဒေါသထွက်အောင် စရတာကို သဘောကျနေပုံရသည် Aeriကို သူ့ရင်ခွင်ထဲတောင် ဆွဲသွင်းလိုက်သေးသည်
"Companyက ဝန်ထမ်းတွေကို Respect ထားပေးပါ Mr.Ling "
"Ha. ..Heroလာလုပ်နေတာလား Park Chanyeol "
Aeriမှာ Chanyeolပြောပြဖူးတဲ့ Mr. Lingဆိုတာ သိပြီး ကြောက်လို့ တုန်နေသည်
"နားထောင် Park Chanyeol... မင်းအဖေက သူ့သမီးအရင်းတောင် ဂရုမစိုက်တာ companyက ဘာမဟုတ်တဲ့ ဝန်ထမ်းမလေးကို ဂရုစိုက်မယ်ထင်နေလား .....လွှတ်ထားလိုက်စမ်းပါ ငါ သူနဲ့ အိပ်....."
Mr. Ling စကားမဆုံးသေး Chanyeol လက်သီးတွေက သူ့မျက်နှာပေါ် ကျရောက်လာသည်
Chanyeol ရဲ့ အားပြင်းတဲ့ လက်သီးကြောင့် Mr. Ling လဲကျသွားသည်
ဖြတ်သွားဖြတ်လာ ဝန်ထမ်းတွေကလည်း ရုတ်ရုတ်သဲသဲ ဖြစ်ပြီး Chanyeolတို့ကို ရပ်ကြည့်နေကြသည်
"နားထောင် Mr. Ling. ...မိန်းမတွေကို ကုတင်ပေါ်က ကိစ္စလောက်ဘဲ တွေးပြီး ထိပါးနှောင့်ယှက်နေတဲ့ ခင်ဗျားလိုလူက ကမ္ဘာကြီးအတွက် အမှိုက်လိုဘဲ..... တန်ဖိုးမရှိဘူးဗျာ ခင်ဗျားကို ထိုးရတာတောင် ကျုပ် လက်သနတယ် "
"မင်း...ငါ ပြောမှာ "
"ဘာလည်း ကျုပ်အဖေကို သွားတိုင်မလို့လား သွားတိုင်လိုက်....."
Chanyeol ပြောပြီးကြောက်နေတဲ့ Aeriကို ကြည့်လိုက်သည်
"Aeri လက်မှတ်ထိုးခိုင်းဖို့ လာတာ မဟုတ်လား အဲ့စာရွက်ပေး "
Chanyeolမှာ Aeriလက်ထဲက အလုပ်ထွက်စာရွက်ကို ယူပြီး လက်မှတ်ထိုးပေးလိုက်သည်
"Aeri. ..အခုကစပြီး မင်းက ဒီ companyနဲ့ ဘာမှမသက်ဆိုင်တော့ဘူး မင်းထွက်သွားလို့ရပြီ..."
Chanyeolပြောတော့ Aeriမှာ ခေါင်းညိတ်ပြီး သူမ အခန်းဘက်သွားမလိုလုပ်တော့ Aeriလက်ကို Chanyeol လှမ်းဆွဲသည်
"ဘယ်သွားမလို့လည်း.... "
"Chaw ပစ္စည်းတွေ သွားသိမ်းမလို့ "
Chanyeol သက်ပြင်းချပြီး Aeri လက်ကိုဆောင့်ဆွဲကာ အရေးပေါ်လှေကားကနေ ကားပါကင်ကို ဆင်းသွားသည်
"Chawကို လွှတ်ပါ Sir. ..."
Chanyeol ဘာမှမပြောဘဲ Aeriကို သူ့ကားထဲ ထည့်လိုက်သည်
"Park Chanyeol "
"မင်း ဒီ companyမှာ ဆက်နေရင် အန္တရာယ်ရှိလာလိမ့်မယ် Aeri. ...Mr. Lingက အခု ငါ့အဖေကို သွားတိုင်နေတာသိတယ်မလား အေး မကြာခင် သူ့လူတွေနဲ့ ငါ့အဖေ မင်းရှိတဲ့အခန်းကို လာလိမ့်မယ် ဒါကြောင့်မို့ မင်းကို ငါဆွဲခေါ်လာတာ "
Chanyeolပြောပြီး company ကနေ မောင်းထွက်လာခဲ့သည်
ထို့နောက် ဟန်မြစ်ဘေးနားတွင် Chanyeol ကားရပ်လိုက်သည်
Chanyeol ရော Aeriရော တိတ်ဆိတ်နေပေမယ့် Chanyeol ဖုန်းကတော့ သူ့အဖေဆီက ဖုန်းဆိုမှုတွေ အများကြီးဝင်လာသည်
Chanyeol phဆက်ကို ပိတ်ပြီး နောက်ခုံဘက်သို့ ပစ်လိုက်သည်
Aeriကတော့ အသက်မရှိတော့တဲ့သူလို မြစ်ပြင်ကျယ်ကြီးကို ငေးကြည့်နေသည်
"Aeri. ..ကိုယ် တောင်းပန်ပါတယ်...."
"ရပါတယ်.....Mr. Lingက ကယ်ပေးလို့ဘဲ ကျေးဇူးတင်ပါတယ်.... ခုန အော်မိလို့ တောင်းပန်ပါတယ် "
"မဟုတ်တာ....ဟိုလေ....မင်း အိမ်ပြန်လို့မဖြစ်သေးဘူးထင်တယ် မင်း infoတွေက companyမှာ ရှိတော့ မင်းအိမ်မှာ အဖေ့လူတွေရှိနိုင်တယ် ဒီတော့ ကိုယ့်သူငယ်ချင်းရဲ့ ညီမ တက်နေတဲ့ ဆေးရုံမှာ ခဏနေလိုက်ပါလား အဲ့ဒီမှာဆို အန္တရာယ် ကင်းတယ် ပြီးကျ လူနာစောင့်အနေနဲ့ မင်းကို လစာပေးမယ်လေ ဘယ်လိုလည်း "
"ကျေးဇူးတင်ပါတယ် "
"ကျေးဇူးတင်စရာမလိုပါဘူး.... မင်းသိလား Aeri. ..ကိုယ်သာ သာမန်လူတစ်ယောက်ဆိုရင်....မင်းကို ကိုယ့်အပိုင်ဖြစ်အောင် ကြိုးစားမိမှာ ....ဒါပေမယ့်.....ဆေးရုံကို လိုက်ပို့ပေးမယ်နော် "
Chanyeol စကားကိုဆက်မပြောဘဲ သက်ပြင်းချကာ ကားစက်နှိုးလိုက်သည်
At New Brighton
"Song Mino shiiက Chae အကိုနဲ့ ဘယ်လိုသိတာလည်း "
Chaeyoungမေးတော့ Mino ကားမောင်းရင်း ဖြေလိုက်သည်
"ကျောင်းနေဖက်သူငယ်ချင်းတွေလေ "
Manoban မှာတော့ နောက်ခုံမှာ ထိုင်ရသည့်အပြင် Chaeyoungက Minoကိုဘဲ Attention ပေးနေလို့ စိတ်ထဲ ကြိတ်ဒေါသထွက်နေသည်
နှစ်ယောက်သား စကားတွေပြောနေကြတာများ Manoban တည်ရှိမှုကို မေ့နေကြသလားမသိ
"ဟုတ်လား ဒါပေမယ့် Oppaက Mino အကြောင်း မပြောဖူးဘူးရော် "
"အရမ်း မရင်းနှီးလို့ပါ "
"အရမ်းမရင်းနှီးတာကို ဘာလို့များ ဒီကို လွှတ်ရတာလည်း "
Manoban သံသယဝင်တဲ့မေးခွန်း မေးလိုက်တော့ Chaeyoungမှာ Minoကို အားနာပြီး Manobanကို မျက်နှာရိပ်ကဲ လှမ်းပြသည်
"အင်း သူက ငါ့ကို ပိုက်ဆံပေးတဲ့အပြင် သွေးကင်ဆာ ဖြစ်နေတဲ့ ငါ့ညီမကို ဆေးရုံတင်ပေးထားလို့လေ "
"Oppa ရော အဆင်ပြေတဲ့ပုံပေါ်လား "
"အင်း ပေါ်သလိုပါဘဲ "
"ဒါနဲ့ ရှင်က ဒီမှာ ဘယ်လောက်ကြာအောင်နေမှာလည်း "
Manobanရဲ့ မေးခွန်းတွေက Chaeyoung အတွက် ရိုင်းနေသလို ဖြစ်နေသည်
Manobanကို Chaeyoung မျက်မှောင်ကြုတ်ကာ ကြည့်နေပေမယ့် Manobanမှာ Chaeyoungကို ပခုံးသာတွန့်ပြလိုက်သည်
"စိတ်မပူပါနဲ့.... ငါက စည်းမကျော်ပါဘူး....Park Chaeyoungက ငါ့သူဌေးလိုပါဘဲ "
Manoban အူတိုနေတာကို Minoသိလို့ ရယ်ပြီးပြောလိုက်သည်
Chaeyoung ကတော့ Manoban အူတိုနေတာမသိပေ
"ဘာပြောတာလည်းဟင် Mino Shii "
"ကားနောက်ခန်းထဲက ကောင်မလေးက လောင်နေလို့လေ ...."
Mino စကားကြောင့် Manobanမှာ Minoကို မျက်စောင်းထိုးလိုက်သည်
Chaeyoungကတော့ နားမလည်ဘဲ အူကြောင်ကြောင် ဖြစ်နေသည်
New Brighton ကို ရောက်တော့ Minoက လက်နက်အရောင်းဆိုင်တွင် Chanyeol ပေးတဲ့ လိုင်စင်ကို ပြပြီး သေနတ်တွေ ဝယ်နေသည်
Manobanကတော့ ကားထဲတွင် အိမ်ငှားဖို့ အင်တာနက်ပေါ်တွင် ရှာကြည့်နေသည်
ထို့နောက် စျေးတန်ပြီး ချောင်ကျတဲ့နေရာဘက်တွင် ရှိသော အိမ်လေးကို တွေ့တော့ Manobanတို့ ထိုအိမ်ဘက်သွားကာ ငှားဖို့ စာချုပ်ချူပ်ကြသည်
အိမ်ငှားပြီးနောက် Chaeyoungက သူမအခန်းထဲတွင် ပစ္စည်းတွေထားနေစဥ် Manobanက ဟင်းချက်နေသည်
Minoကတော့ သေနတ်တွေကိို တစ်စစီဖြုတ်ကြည့်ပြီး သေချာပြန်တပ်နေသည်
ညစာစားချိန်ရောက်တော့ Minoတို့ Manoban ချက်ပေးတဲ့ ညစာကို အတူစားလေသည်
"Mino. ..Chaeတို့နောက် လိုက်နေတဲ့သူတွေကို သိလားဟင် "
"အင်း သိတယ် တရုတ်နိုင်ငံက ဆေးဘုရင် Mr. Ling လေ "
Mino ဟင်းရည်သောက်ရင်း ဖြေလိုက်သည်
"သူတို့က ဘာလို့ Chae နောက်လိုက်နေရတာလည်း သိလား "
Manoban သိချင်လို့ မေးလိုက်သည်
"Mr. Ling က Chaeyoungကို လက်ထပ်ချင်လို့ဆိုပြီး သတင်းကြားတာဘဲ "
Mino စကားကြောင့် Manoban ထမင်းတွေ သီးကုန်သည်
Chaeyoungမှာ ရေအမြန်ယူပေးပြီး Manobanကို ပေးလေသည်
"Clam down Doctor... ဒါကြောင့် ငါ ဒီကို ရောက်လာတာပေါ့ မင်းကကြိုမမေးဘဲ တစ်ယောက်တည်း ကြိတ်အူတိုနေတာ မဟုတ်လား "
"ဟင် Manoban နင်က ငါ့ကို သဝန်တိုနေတာလား ထင်တောင်မထားဘူး နင်သဝန်တိုတတ်တယ်ပေါ့ "
Mino စကားကြောင့် Chaeyoung ရယ်တော့ Chaeyoung ကို Manoban မျက်စောင်းထိုးလိုက်သည်
"ဘာရယ်တာလည်း မရယ်နဲ့ "
Chaeyoungကို Manoban ရန်လုပ်လိုက်ပြီး ထမင်းဆက်စားနေသည်
"ဒါဆို ငါ ကိုရီးယားကို ပြန်သွားလို့မရသေးဘူးပေါ့...ဟိုလူတွေ မတွေ့အောင်တောင် ပုန်းနေရအုံးမယ်..."
Chaeyoung နှုတ်ခမ်းလေးစူပြီး ပြောတော့ Manoban မှာ Chaeyoung ခေါင်းလေးကိုပွတ်ပြီး
"စိတ်မပူပါနဲ့ Chae အခုဆို Minoပါ ရှိလာပြီလေ ငါတို့နှစ်ယောက်လုံး မင်းကို ကာကွယ်ပေးမှာပါ စားပြီးပြီမလား ပန်းကန်ကို ငါဆေးလိုက်မယ် မင်းက ဆေးသောက်ပြီး အခန်းထဲနားနေလိုက်အုံး တစ်နေကုန်ကားစီးလာရတာ ပင်ပန်းမှာပေါ့ "
Chaeyoung လည်း ခေါင်းညိတ်ပြပြီး သူမအခန်းထဲ ဝင်သွားသည်
Chaeyoungလည်း အခန်းထဲ ဝင်သွားရောManobanမှာ Minoကို တောင်းပန်လိုက်သည်
"ငါ့ရဲ့ ရိုင်းပြတဲ့ အပြုအမူတွေကြောင့် တောင်းပန်ပါတယ် "
"လေဆိပ်မှာ Chaeyoungနဲ့ လက်ဆွဲနှုတ်ဆက်ကတည်းက မင်းမျက်စောင်းတွေကို ငါသတိထားမိပါတယ် Doctorရ "
"Chanyeolကို သွားမပြောပါနဲ့နော်...မိန်းကလေးချင်းဆိုတော့ သူ သဘောမတူဘဲ ငါတို့ကိုခွဲမှာ ဆိုးလို့ပါ "
"စိတ်ချပါ ငါမပြောပါဘူး မင်းလည်း နားလိုက်အုံးလေ ငါ ပန်းကန်ဆေးလိုက်ပါမယ် သွား..."
Manobanလည်း Minoကို ကျေးဇူးတင်စကား ပြောပြီး သူ့အခန်းထဲ ဝင်သွားသည်
#TBC
#zawgyi
Mino တစ္ေယာက္ Chaeyoungတို႔ဆီ ေရာက္သြားေၾကာင္း သိရလို႔ Chanyeol နည္းနည္းစိတ္ေအးသြားတယ္ေလ
Minoကို ကတိေပးထားသလိုဘဲ ေသြးကင္ဆာျဖစ္ေနတဲ့ Mino ညီမေလးကို Chaenyeol သူ ရွယ္ယာဝင္ထားတဲ့ ေဆး႐ုံတြင္ ကုသေပးထားသည့္အျပင္ သူနာျပဳဆရာမနဲ႕ လူနာေစာင့္ေတြပါ ငွားေပးထားသည္
Chanyeolမွာ သူ႕ညီမအေၾကာင္း စဥ္းစားရင္း Aeriကို သတိရသြားတယ္
Aeri ဒီေန႕ဘဲ အလုပ္ထြက္စာလာတင္မယ္ေျပာၿပီး အခုထိ အလုပ္ကိုမေရာက္လာေသး ......တစ္ခုခုမ်ား ျဖစ္ေနလားလို႔ Chanyeol စိတ္ပူမိသည္
ထိုစဥ္ Aeriမွာ ဓာတ္ေလွကားက အထြက္ လူတစ္ေယာက္နဲ႕ ဝင္တိုက္မိသည္
Aeriမွာ ထိုအမ်ိဳးသားကို ေတာင္းပန္စကားေျပာၿပီး Chanyeol ႐ုံးခန္းကို သြားမယ္လုပ္ေပမယ့္ အမ်ိဳးသားမွာ သူနဲ႕အတူ ဓာတ္ေလွကားထဲ လိုက္ခဲ့ဖို႔ ေခၚေလသည္
Aeriမွာ ျငင္းေသာ္လည္း မရ ဓာတ္ေလွကားထဲပါသြားသည္
"Park Companyမွာလည္း အလွေလးေတြရွိသားဘဲ...."
"ကြၽန္မကို လႊတ္ပါ "
Aeriမွာ ႐ုန္းၿပီး ဓာတ္ေလွကားခလုတ္ေတြကို ႏွိပ့ေလသည္
ထိုစဥ္ Aeriေၾကာင့္ ဓာတ္ေလွကားမွာ အထပ္တစ္ထပ္တြင္ ရပ္သြားေလသည္
Aeriမွာ ဓာတ္ေလွကား အျပင္ဘက္က လူကိုျမင္ၿပီး ရွက္လို႔ အေငြ႕ပ်ံခ်င္စိတ္မ်ား ျဖစ္လာသလို ထိုလူမွာလည္း Aeriကို ျမင္ၿပီး မ်က္လုံးျပဴးသြားသည္
"သူ႕လက္ကို လႊတ္လိုက္ပါ Mr. Ling. .."
Chanyeol သူ႕ေဒါသေတြကို ထိန္းၿပီး အံကိုႀကိတ္ကာ ေျပာလိုက္သည္
သို႔ေသာ္လည္း တ႐ုတ္အဘိုးႀကီးမွာ Chanyeol ကို ေဒါသထြက္ေအာင္ စရတာကို သေဘာက်ေနပုံရသည္ Aeriကို သူ႕ရင္ခြင္ထဲေတာင္ ဆြဲသြင္းလိုက္ေသးသည္
"Companyက ဝန္ထမ္းေတြကို Respect ထားေပးပါ Mr.Ling "
"Ha. ..Heroလာလုပ္ေနတာလား Park Chanyeol "
Aeriမွာ Chanyeolေျပာျပဖူးတဲ့ Mr. Lingဆိုတာ သိၿပီး ေၾကာက္လို႔ တုန္ေနသည္
"နားေထာင္ Park Chanyeol... မင္းအေဖက သူ႕သမီးအရင္းေတာင္ ဂ႐ုမစိုက္တာ companyက ဘာမဟုတ္တဲ့ ဝန္ထမ္းမေလးကို ဂ႐ုစိုက္မယ္ထင္ေနလား .....လႊတ္ထားလိုက္စမ္းပါ ငါ သူနဲ႕ အိပ္....."
Mr. Ling စကားမဆုံးေသး Chanyeol လက္သီးေတြက သူ႕မ်က္ႏွာေပၚ က်ေရာက္လာသည္
Chanyeol ရဲ႕ အားျပင္းတဲ့ လက္သီးေၾကာင့္ Mr. Ling လဲက်သြားသည္
ျဖတ္သြားျဖတ္လာ ဝန္ထမ္းေတြကလည္း ႐ုတ္႐ုတ္သဲသဲ ျဖစ္ၿပီး Chanyeolတို႔ကို ရပ္ၾကည့္ေနၾကသည္
"နားေထာင္ Mr. Ling. ...မိန္းမေတြကို ကုတင္ေပၚက ကိစၥေလာက္ဘဲ ေတြးၿပီး ထိပါးႏွောင့္ယွက္ေနတဲ့ ခင္ဗ်ားလိုလူက ကမၻာႀကီးအတြက္ အမွိုက္လိုဘဲ..... တန္ဖိုးမရွိဘူးဗ်ာ ခင္ဗ်ားကို ထိုးရတာေတာင္ က်ဳပ္ လက္သနတယ္ "
"မင္း...ငါ ေျပာမွာ "
"ဘာလည္း က်ဳပ္အေဖကို သြားတိုင္မလို႔လား သြားတိုင္လိုက္....."
Chanyeol ေျပာၿပီးေၾကာက္ေနတဲ့ Aeriကို ၾကည့္လိုက္သည္
"Aeri လက္မွတ္ထိုးခိုင္းဖို႔ လာတာ မဟုတ္လား အဲ့စာ႐ြက္ေပး "
Chanyeolမွာ Aeriလက္ထဲက အလုပ္ထြက္စာ႐ြက္ကို ယူၿပီး လက္မွတ္ထိုးေပးလိုက္သည္
"Aeri. ..အခုကစၿပီး မင္းက ဒီ companyနဲ႕ ဘာမွမသက္ဆိုင္ေတာ့ဘူး မင္းထြက္သြားလို႔ရၿပီ..."
Chanyeolေျပာေတာ့ Aeriမွာ ေခါင္းညိတ္ၿပီး သူမ အခန္းဘက္သြားမလိုလုပ္ေတာ့ Aeriလက္ကို Chanyeol လွမ္းဆြဲသည္
"ဘယ္သြားမလို႔လည္း.... "
"Chaw ပစၥည္းေတြ သြားသိမ္းမလို႔ "
Chanyeol သက္ျပင္းခ်ၿပီး Aeri လက္ကိုေဆာင့္ဆြဲကာ အေရးေပၚေလွကားကေန ကားပါကင္ကို ဆင္းသြားသည္
"Chawကို လႊတ္ပါ Sir. ..."
Chanyeol ဘာမွမေျပာဘဲ Aeriကို သူ႕ကားထဲ ထည့္လိုက္သည္
"Park Chanyeol "
"မင္း ဒီ companyမွာ ဆက္ေနရင္ အႏၱရာယ္ရွိလာလိမ့္မယ္ Aeri. ...Mr. Lingက အခု ငါ့အေဖကို သြားတိုင္ေနတာသိတယ္မလား ေအး မၾကာခင္ သူ႕လူေတြနဲ႕ ငါ့အေဖ မင္းရွိတဲ့အခန္းကို လာလိမ့္မယ္ ဒါေၾကာင့္မို႔ မင္းကို ငါဆြဲေခၚလာတာ "
Chanyeolေျပာၿပီး company ကေန ေမာင္းထြက္လာခဲ့သည္
ထို႔ေနာက္ ဟန္ျမစ္ေဘးနားတြင္ Chanyeol ကားရပ္လိုက္သည္
Chanyeol ေရာ Aeriေရာ တိတ္ဆိတ္ေနေပမယ့္ Chanyeol ဖုန္းကေတာ့ သူ႕အေဖဆီက ဖုန္းဆိုမႈေတြ အမ်ားႀကီးဝင္လာသည္
Chanyeol phဆက္ကို ပိတ္ၿပီး ေနာက္ခုံဘက္သို႔ ပစ္လိုက္သည္
Aeriကေတာ့ အသက္မရွိေတာ့တဲ့သူလို ျမစ္ျပင္က်ယ္ႀကီးကို ေငးၾကည့္ေနသည္
"Aeri. ..ကိုယ္ ေတာင္းပန္ပါတယ္...."
"ရပါတယ္.....Mr. Lingက ကယ္ေပးလို႔ဘဲ ေက်းဇူးတင္ပါတယ္.... ခုန ေအာ္မိလို႔ ေတာင္းပန္ပါတယ္ "
"မဟုတ္တာ....ဟိုေလ....မင္း အိမ္ျပန္လို႔မျဖစ္ေသးဘူးထင္တယ္ မင္း infoေတြက companyမွာ ရွိေတာ့ မင္းအိမ္မွာ အေဖ့လူေတြရွိနိုင္တယ္ ဒီေတာ့ ကိုယ့္သူငယ္ခ်င္းရဲ႕ ညီမ တက္ေနတဲ့ ေဆး႐ုံမွာ ခဏေနလိုက္ပါလား အဲ့ဒီမွာဆို အႏၱရာယ္ ကင္းတယ္ ၿပီးက် လူနာေစာင့္အေနနဲ႕ မင္းကို လစာေပးမယ္ေလ ဘယ္လိုလည္း "
"ေက်းဇူးတင္ပါတယ္ "
"ေက်းဇူးတင္စရာမလိုပါဘူး.... မင္းသိလား Aeri. ..ကိုယ္သာ သာမန္လူတစ္ေယာက္ဆိုရင္....မင္းကို ကိုယ့္အပိုင္ျဖစ္ေအာင္ ႀကိဳးစားမိမွာ ....ဒါေပမယ့္.....ေဆး႐ုံကို လိုက္ပို႔ေပးမယ္ေနာ္ "
Chanyeol စကားကိုဆက္မေျပာဘဲ သက္ျပင္းခ်ကာ ကားစက္ႏွိုးလိုက္သည္
At New Brighton
"Song Mino shiiက Chae အကိုနဲ႕ ဘယ္လိုသိတာလည္း "
Chaeyoungေမးေတာ့ Mino ကားေမာင္းရင္း ေျဖလိုက္သည္
"ေက်ာင္းေနဖက္သူငယ္ခ်င္းေတြေလ "
Manoban မွာေတာ့ ေနာက္ခုံမွာ ထိုင္ရသည့္အျပင္ Chaeyoungက Minoကိုဘဲ Attention ေပးေနလို႔ စိတ္ထဲ ႀကိတ္ေဒါသထြက္ေနသည္
ႏွစ္ေယာက္သား စကားေတြေျပာေနၾကတာမ်ား Manoban တည္ရွိမႈကို ေမ့ေနၾကသလားမသိ
"ဟုတ္လား ဒါေပမယ့္ Oppaက Mino အေၾကာင္း မေျပာဖူးဘူးေရာ္ "
"အရမ္း မရင္းႏွီးလို႔ပါ "
"အရမ္းမရင္းႏွီးတာကို ဘာလို႔မ်ား ဒီကို လႊတ္ရတာလည္း "
Manoban သံသယဝင္တဲ့ေမးခြန္း ေမးလိုက္ေတာ့ Chaeyoungမွာ Minoကို အားနာၿပီး Manobanကို မ်က္ႏွာရိပ္ကဲ လွမ္းျပသည္
"အင္း သူက ငါ့ကို ပိုက္ဆံေပးတဲ့အျပင္ ေသြးကင္ဆာ ျဖစ္ေနတဲ့ ငါ့ညီမကို ေဆး႐ုံတင္ေပးထားလို႔ေလ "
"Oppa ေရာ အဆင္ေျပတဲ့ပုံေပၚလား "
"အင္း ေပၚသလိုပါဘဲ "
"ဒါနဲ႕ ရွင္က ဒီမွာ ဘယ္ေလာက္ၾကာေအာင္ေနမွာလည္း "
Manobanရဲ႕ ေမးခြန္းေတြက Chaeyoung အတြက္ ရိုင္းေနသလို ျဖစ္ေနသည္
Manobanကို Chaeyoung မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနေပမယ့္ Manobanမွာ Chaeyoungကို ပခုံးသာတြန့္ျပလိုက္သည္
"စိတ္မပူပါနဲ႕.... ငါက စည္းမေက်ာ္ပါဘူး....Park Chaeyoungက ငါ့သူေဌးလိုပါဘဲ "
Manoban အူတိုေနတာကို Minoသိလို႔ ရယ္ၿပီးေျပာလိုက္သည္
Chaeyoung ကေတာ့ Manoban အူတိုေနတာမသိေပ
"ဘာေျပာတာလည္းဟင္ Mino Shii "
"ကားေနာက္ခန္းထဲက ေကာင္မေလးက ေလာင္ေနလို႔ေလ ...."
Mino စကားေၾကာင့္ Manobanမွာ Minoကို မ်က္ေစာင္းထိုးလိုက္သည္
Chaeyoungကေတာ့ နားမလည္ဘဲ အူေၾကာင္ေၾကာင္ ျဖစ္ေနသည္
New Brighton ကို ေရာက္ေတာ့ Minoက လက္နက္အေရာင္းဆိုင္တြင္ Chanyeol ေပးတဲ့ လိုင္စင္ကို ျပၿပီး ေသနတ္ေတြ ဝယ္ေနသည္
Manobanကေတာ့ ကားထဲတြင္ အိမ္ငွားဖို႔ အင္တာနက္ေပၚတြင္ ရွာၾကည့္ေနသည္
ထို႔ေနာက္ ေစ်းတန္ၿပီး ေခ်ာင္က်တဲ့ေနရာဘက္တြင္ ရွိေသာ အိမ္ေလးကို ေတြ႕ေတာ့ Manobanတို႔ ထိုအိမ္ဘက္သြားကာ ငွားဖို႔ စာခ်ဳပ္ခ်ဴပ္ၾကသည္
အိမ္ငွားၿပီးေနာက္ Chaeyoungက သူမအခန္းထဲတြင္ ပစၥည္းေတြထားေနစဥ္ Manobanက ဟင္းခ်က္ေနသည္
Minoကေတာ့ ေသနတ္ေတြကိို တစ္စစီျဖဳတ္ၾကည့္ၿပီး ေသခ်ာျပန္တပ္ေနသည္
ညစာစားခ်ိန္ေရာက္ေတာ့ Minoတို႔ Manoban ခ်က္ေပးတဲ့ ညစာကို အတူစားေလသည္
"Mino. ..Chaeတို႔ေနာက္ လိုက္ေနတဲ့သူေတြကို သိလားဟင္ "
"အင္း သိတယ္ တ႐ုတ္နိုင္ငံက ေဆးဘုရင္ Mr. Ling ေလ "
Mino ဟင္းရည္ေသာက္ရင္း ေျဖလိုက္သည္
"သူတို႔က ဘာလို႔ Chae ေနာက္လိုက္ေနရတာလည္း သိလား "
Manoban သိခ်င္လို႔ ေမးလိုက္သည္
"Mr. Ling က Chaeyoungကို လက္ထပ္ခ်င္လို႔ဆိုၿပီး သတင္းၾကားတာဘဲ "
Mino စကားေၾကာင့္ Manoban ထမင္းေတြ သီးကုန္သည္
Chaeyoungမွာ ေရအျမန္ယူေပးၿပီး Manobanကို ေပးေလသည္
"Clam down Doctor... ဒါေၾကာင့္ ငါ ဒီကို ေရာက္လာတာေပါ့ မင္းကႀကိဳမေမးဘဲ တစ္ေယာက္တည္း ႀကိတ္အူတိုေနတာ မဟုတ္လား "
"ဟင္ Manoban နင္က ငါ့ကို သဝန္တိုေနတာလား ထင္ေတာင္မထားဘူး နင္သဝန္တိုတတ္တယ္ေပါ့ "
Mino စကားေၾကာင့္ Chaeyoung ရယ္ေတာ့ Chaeyoung ကို Manoban မ်က္ေစာင္းထိုးလိုက္သည္
"ဘာရယ္တာလည္း မရယ္နဲ႕ "
Chaeyoungကို Manoban ရန္လုပ္လိုက္ၿပီး ထမင္းဆက္စားေနသည္
"ဒါဆို ငါ ကိုရီးယားကို ျပန္သြားလို႔မရေသးဘူးေပါ့...ဟိုလူေတြ မေတြ႕ေအာင္ေတာင္ ပုန္းေနရအုံးမယ္..."
Chaeyoung ႏႈတ္ခမ္းေလးစူၿပီး ေျပာေတာ့ Manoban မွာ Chaeyoung ေခါင္းေလးကိုပြတ္ၿပီး
"စိတ္မပူပါနဲ႕ Chae အခုဆို Minoပါ ရွိလာၿပီေလ ငါတို႔ႏွစ္ေယာက္လုံး မင္းကို ကာကြယ္ေပးမွာပါ စားၿပီးၿပီမလား ပန္းကန္ကို ငါေဆးလိုက္မယ္ မင္းက ေဆးေသာက္ၿပီး အခန္းထဲနားေနလိုက္အုံး တစ္ေနကုန္ကားစီးလာရတာ ပင္ပန္းမွာေပါ့ "
Chaeyoung လည္း ေခါင္းညိတ္ျပၿပီး သူမအခန္းထဲ ဝင္သြားသည္
Chaeyoungလည္း အခန္းထဲ ဝင္သြားေရာManobanမွာ Minoကို ေတာင္းပန္လိုက္သည္
"ငါ့ရဲ႕ ရိုင္းျပတဲ့ အျပဳအမူေတြေၾကာင့္ ေတာင္းပန္ပါတယ္ "
"ေလဆိပ္မွာ Chaeyoungနဲ႕ လက္ဆြဲႏႈတ္ဆက္ကတည္းက မင္းမ်က္ေစာင္းေတြကို ငါသတိထားမိပါတယ္ Doctorရ "
"Chanyeolကို သြားမေျပာပါနဲ႕ေနာ္...မိန္းကေလးခ်င္းဆိုေတာ့ သူ သေဘာမတူဘဲ ငါတို႔ကိုခြဲမွာ ဆိုးလို႔ပါ "
"စိတ္ခ်ပါ ငါမေျပာပါဘူး မင္းလည္း နားလိုက္အုံးေလ ငါ ပန္းကန္ေဆးလိုက္ပါမယ္ သြား..."
Manobanလည္း Minoကို ေက်းဇူးတင္စကား ေျပာၿပီး သူ႕အခန္းထဲ ဝင္သြားသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co