Part 11
#unicode
Chaeyoung အခန်းထဲက ထွက်လာတော့ Manoban မျက်နှာပျက်နေတာကို သတိထားမိသွားသည်
"Manoban. . ဘာဖြစ်လို့လည်း "
Manobanလည်း Chanyeol ပြောပြသမျှ အားလုံးကို Chaeyoung အား ပြောပြလိုက်သည်
ထို့နောက် Manobanတို့ ပစ္စည်းတွေအားလုံးသိမ်းကာ ရွာလူကြီးကို ကျေးဇူးတင်ကြောင်း စာလေးရေးထားခဲ့ပြီး မနက်စောစော ရွာထဲကနေ ထွက်လာခဲ့ကြသည်
"Manoban. ..ငါ ငါကြောက်တယ် "
Chaeyoung ကားကိုမိုင်ကုန်မောင်းနေတဲ့ Manobanဘက် လှည့်ပြီး ပြောလိုက်သည်
Manobanလည်း ကားမောင်းရင်း Chaeyoungရဲ့ လက်တစ်ဖက်ကိုကိုင်ပြီး
"မင်းမှာ ငါရှိနေတာဘဲ ဘာမှမကြောက်ပါနဲ့.... "
Manobanက အားပေးစကား ပြောပေမယ့် Chaeyoung ကြောက်စိတ်က မပျောက်သွားပေ
Manoban သူ့အိမ်ကို ပြန်သွားဖို့လည်း မတွေးထားပေ ဘာလို့ဆို သူတို့က သေချာပေါက် Manoban အကြောင်း စုံစမ်းထားမှာ သိနေလို့ပင်
ဆေးရုံကို လှမ်းပြီး သူ့အကြောင်း ဖုံးထားပေးဖို့ ဖုန်းဆက်ပြောတုံးက လူတစ်ချို့ ရောက်လာပြီး စုံစမ်းသွားသေးတယ်လို့ Avaက ပြောသေးသည်
ဒါကြောင့်မို့ Manoban တစ်ခြားမြို့ဘက် ထွက်ပြေးဖို့ စဉ်းစားထားသည်
"Aww ဒါနဲ့ မင်း အကိုက မင်းကို ကာကွယ်ဖို့ လူလွှတ်ထားတယ်တဲ့ New Brightonမှာ သူ့ကို သွားကြိုရမယ်...ဒါကြောင့် ငါတို့အခု New Brighton ဘက် သွားနေတာ "
"ဘယ်သူများလည်း "
"ဒီမှာ gmailကနေ သူ့အကြောင်းပို့ထားတယ် ဖတ်ကြည့် "
Manoban သူ့ဖုန်းထုတ်ပြီး Chaeyoungကို ပေးလိုက်သည်
"Song Mino? "
Chaeyoung ဆေးသောက်ဖို့အတွက် မနက်စာ မစားရသေးပေ.....
Manobanလည်း အဝေးပြေးလမ်းမမှာ ရှိတဲ့ မုန့်ဆိုင်မှာ ကားရပ်လိုက်သည်
Manobanက အအေးတစ်ချို့နဲ့ ရေဘူးတွေ ယူနေစဉ် Chaeyoungက ပေါင်မုန့်နဲ့ မုန့်တစ်ချို့ ယူနေသည်
မုန့်ဆိုင်ထဲ သူတို့နှစ်ယောက်တည်း ရှိနေစဉ် တံခါးဖွင့်ဝင်လာလျှင် မြည်တတ်တဲ့ bellသံကြောင့် လူတစ်ယောက် မုန့်ဆိုင်ထဲ ဝင်လာမှန်း Manobanတို့ သိပြီး မျက်နှာမမြင်အောင် ဦးထုပ်ကိုပိုပြီး အောက်ချဆောင်းလိုက်သည်
Chaeyoung ကလည်း ကြောက်ပြီး Manoban လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်
ဝင်လာတဲ့ လူကို ကြည့်ရတာ Manobanတို့ကို လိုက်ရှာနေပုံပေါ်သည် ထို့ကြောင့် Manoban သူတို့ ဘက္ကို ရောက်မလာခင် Chaeyoungကို ကောင်တာဘက် အမြန်သွားခိုင်းပြီး ငွေရှင်းခိုင်းလေသည်
Manobanကေတာ့ ထိုလူ သူမ ဘက် ရောက်လာစဉ် ပါးစပ်ကို လက်နဲ့ပိတ်ပြီး လည်ပင်းကို လက်နဲ့ခုတ်ချသည်
အကြောကို ထိသွားသောကြောင့် ထိုလူမှာ မေ့လဲသွားလေသည်
ငွေရှင်းပြီးတဲ့ Chaeyoung လက်ကို Manoban ဆွဲပြီး စတိုးဆိုင်ကနေ ပြေးထွက်လာသည်
သို့သော် သူမတို့ ကားဘေးနားတွင် လူလေးယောက်ရပ်နေကြသည်
သေချာသည်....ခုန စတိုးဆိုင်ထဲ သူမတို့ကို လာရှာတဲ့သူနဲ့ တစ်ဖွဲ့တည်းဆိုတာ Manobanသိသည်
"ငါတို့ ကားရှေ့က ဖယ်ပေးပါအုံး "
"မင်းဘေးနားက ကောင်မလေးကို ငါတို့ လက်ထဲ ထည့်ပေးရင် ဖယ်ပေးမယ် ကောင်မလေး "
လူလေးယောက်ထဲက တစ်ယောက်က Manoban ကို ပြောလိုက်သည်
Chaeyoung ကြောက်ပြီး Manoban နောက်ကို ဝင်ပုန်းလိုက်သည်
"သူ့ကို အသာတကြည် ငါတို့လက်ထဲ ထည့်ပေးလိုက်ပါ မဟုတ်ရင်....မင်း အသက်ရှင်ရက် အိမ်ပြန်ရမယ်မထင်ဘူး "
"ကြောက်မယ်ထင်လား '
"မိန်းကလေးမို့ အလျော့ပေးတဲ့ အနေနဲ့ by oneချကြတာပေါ့ "
လူလေးယောက်ထဲက ကတုံးနဲ့ တစ်ယောက်ကပြောပြီး Manobanကို ထိုးလေသည်
သို့သော် Manobanက ရှောင်ပြီး ကတုံးရဲ့ ဗိုက်ကို ဒူးနဲ့ တိုက်ကာ ခေါင်းကို တံတောင်နဲ့ တွက်လိုက်သည်
Chaeyoungမှာ Manobanရဲ့ တိုက်ခိုက်မှုကြောင့် အံ့သြနေသည်....လူ့အသက်ကယ်တဲ့ ဆရာဝန်က အခုလိုလည်း ချတတ်သေးတာလား...Manoban ထိုလူတွေနဲ့ ချနေပုံက ကျွမ်းကျင်တဲ့ agent တစ်ယောက်လိုပင်
လူသုံးယောက်နဲ့ Manoban ချနေစဉ် နောက်တစ်ယောက်က Chaeyoung လက်ကို လာဆွဲသည်
တိုက်ကွန်ဒိုသင်ဖူးတဲ့ Chaeyoung တစ်ယောက် သူ့လက်ကို လာဆွဲတဲ့ သူရဲ့လက်ကို လိမ်ချိုပြီး မျက်နှာကို ရိုက်လွှတ်သည်
"ကောင်မတော့....နာချင်နေ...."
ထိုလူစကားမဆုံးသေး Manoban အနောက်ကနေ ကျင်စက်နဲ့တို့လိုက်သောကြောင့် ထိုလူမှာ ရှော့ရပြီး မေ့လဲသွားလေသည်
Chaeyoung ကြည့်လိုက်တော့ Manobanနဲ့ချနေတဲ့ သုံးယောက်က မြေကြီးပေါ် မေ့လဲနေကြသည်
"တခြားသူတွေ ရောက်မလာခင် သွားကြစို့ "
Manoban ကားမောင်းနေစဥ်
"သူတို့က ငါတို့ကို ရှာတွေ့တာလည်း မြန်လိုက်တာ ဒါနဲ့ ဒီကျင်စက်က ဘယ်ကဝယ်လာတာလည်း "
"မင်းကို ကာကွယ်ရမယ်လို့ သိတဲ့နေ့ကတည်းက ငါ ရှာဝယ်ထားတာ......"
"ဒါနဲ့ Manobanက ချတာလည်း ကျွမ်းတယ်ရော် ထင်တောင်မထားဘူး ဆရာဝန်ဆိုတော့လေ.......အဲ့လိုတွေမချတတ်ဘူးထင်နေတာ တကယ့် ဖိုက်တာတွေလိုဘဲ ချသွားတာ "
Chaeyoung စကားကြောင့် Manoban ပြုံးပြီး
"Aww ဒါလား ငါငယ်ငယ်က အဖေက ကိုယ်ခံပညာ သင်ပေးထားတာပါ "
"တော်လိုက်တာ ဆုပေးမယ်..... "
Chaeyoung ပြောပြီး ကားမောင်းနေတဲ့ Manoban ပါးလေးကို ဖြတ်ခနဲ နမ်းလိုက်သည်
"Excuse Me Park Chaeyoung. ...ငါ ကားမောင်းနေတာနော် စိတ်လာမဆွနဲ့ ဟင်းဟင်း.... "
Manobanရဲ့ ပီတီတီမျက်နှာကြောင့် Chaeyoung တဟားဟားရယ်လိုက်သည်
စတိုးဆိုင်နဲ့ အဝေးဆုံးနေရာရပ်တော့ Manoban ကားခဏရပ်ပြီး သူ့ကားနံပါတ်ကို ဖြုတ်ကာ တခြား နံပါတ်အတု တပ်လိုက်သည်
ဘာလို့ဆို ခုန လူတွေက Manoban ကားနံပါတ်ကို မှတ်မိနေကြမှာလေ
Manobanတို့ New Brighton က လေဆိပ်တွင် Korea လေယာဥ်ဆင်းမယ့်အချိန်ကို စောင့်နေကြသည်
Chaeyoungကတော့ maskတပ်ထားပြီး Manoban ပခုံးကို မှီကာ
"ငါတို့ ဘာလို့ Seoulကို ပြန်လို့မရတာလည်း Manoban"
"ငါလည်း သေချာမသိဘူး မင်းအကိုကတော့ ပြန်မလာခိုင်းဘဲ တစ်ခြားမြို့မှာ နေဖို့ ပြောနေတာ...ဒါကလည်း မင်း လုံခြုံရေးအတွက်ပါ ....မင်း ဘာမှမဖြစ်ဖို့က အရေးကြီးတယ်လေ "
Chaeyoung ရဲ့ ခေါင်းလေးကို ပွတ်ပေးပြီး Manoban ပြောလိုက်သည်
"နင်တို့ အားလုံး ငါ့ကို ကာကွယ်ပေးနေကြတော့ စိတ်ထဲ....တစ်မျိူးကြီးဘဲ အားနာပြီး အပြစ်ရှိသလို ခံစားရတယ်...."
"မခံစားပါနဲ့ Chaeရ ငါက မင်းကို ချစ်လို့ ဒီလမ်းကိုရွေးချယ်ပြီး မင်းကို ကာကွယ်ပေးနေတာပေါ့ "
"ငါနင့်ကို အဆုံးရှုံးမခံနိုင်ဘူး Manoban ရယ်......ငါ အားလုံးကို ဆုံးရှုံးခဲ့ပြီးပြီ ငါ့ကြောင့် နင် တစ်ခုခုဖြစ်မှာ ငါအရမ်းကြောက်တယ် "
"မကြောက်ပါနဲ့ တကယ်တော့ ကိုယ် အတိုက်အခိုက်ကျွမ်းတာ ဘာလို့လည်းသိလား "
"ဟင့်အင်း "
"ကိုယ် ပြောရင် မလန့်သွားရဘူးနော် Chae ကတိ "
"ကတိ...."
"တကယ်တော့ ကိုယ်ဟာ.........ပါဝါရိမ်းဂျား အနီကောင်ပါ "
Manoban ရဲ့ ရူးကြောင်ကြောင် စကားကြောင့် Chaeyoung မျက်မှောင်ကြုတ်ကာ ကြည့်နေသည်
Manobanကတော့ Chaeyoung ပုံစံလေးကြည့်ကာ သဘောကျပြီး ရယ်လေသည်
ကိုရီးယားက လေယာဥ်ဆိုက်လာတော့ Manobanတို့ ထွက်လာတဲ့လူတွေထဲကနေ Song Minoကို ရှာနေကြသည်
ထိုစဥ် long coat အနက်နဲ့ ကောင်လေးတစ်ယောက် Manobanတို့ရှေ့ရောက်လာသည်
"Manobanနဲ့ Park Chaeyoungလား ...."
"ဘယ်သူလည်း မသိဘူး '
"ကျွန်တော် Song Minoပါ..."
Mino သူ့မျက်နှာမှာတပ်ထားတဲ့ Maskကိုချွတ်ပြလိုက်သည်
"ဟုတ်တယ် ဟုတ်တယ် သူဘဲ"
Chaeyoungမှာ ခုန ဖုန်းထဲမှာ Mino ပုံ ကြည့်ထားလို့ Mino မျက်နှာကို မှတ်မိပြီး ပြောလိုက်သည်
"တွေ့ရတာ ဝမ်းသာပါတယ် "
Minoမှာ သူမထက် Chaeyoung လက်ကို အရင် ဆွဲပြီး နှုတ်ဆက်သောကြောင့် Manoban တစ်ယောက် အူတိုနေပြီလေ....
"Manobanပါ....."
Manoban မှာ Mino လက်ကို ဆောင့်ဆွဲပြီး နှုတ်ဆက်လိုက်သည်
#TBC
#Zawgyi
Chaeyoung အခန္းထဲက ထြက္လာေတာ့ Manoban မ်က္ႏွာပ်က္ေနတာကို သတိထားမိသြားသည္
"Manoban. . ဘာျဖစ္လို႔လည္း "
Manobanလည္း Chanyeol ေျပာျပသမွ် အားလုံးကို Chaeyoung အား ေျပာျပလိုက္သည္
ထို႔ေနာက္ Manobanတို႔ ပစၥည္းေတြအားလုံးသိမ္းကာ ႐ြာလူႀကီးကို ေက်းဇူးတင္ေၾကာင္း စာေလးေရးထားခဲ့ၿပီး မနက္ေစာေစာ ႐ြာထဲကေန ထြက္လာခဲ့ၾကသည္
"Manoban. ..ငါ ငါေၾကာက္တယ္ "
Chaeyoung ကားကိုမိုင္ကုန္ေမာင္းေနတဲ့ Manobanဘက္ လွည့္ၿပီး ေျပာလိုက္သည္
Manobanလည္း ကားေမာင္းရင္း Chaeyoungရဲ႕ လက္တစ္ဖက္ကိုကိုင္ၿပီး
"မင္းမွာ ငါရွိေနတာဘဲ ဘာမွမေၾကာက္ပါနဲ႕.... "
Manobanက အားေပးစကား ေျပာေပမယ့္ Chaeyoung ေၾကာက္စိတ္က မေပ်ာက္သြားေပ
Manoban သူ႕အိမ္ကို ျပန္သြားဖို႔လည္း မေတြးထားေပ ဘာလို႔ဆို သူတို႔က ေသခ်ာေပါက္ Manoban အေၾကာင္း စုံစမ္းထားမွာ သိေနလို႔ပင္
ေဆး႐ုံကို လွမ္းၿပီး သူ႕အေၾကာင္း ဖုံးထားေပးဖို႔ ဖုန္းဆက္ေျပာတုံးက လူတစ္ခ်ိဳ႕ ေရာက္လာၿပီး စုံစမ္းသြားေသးတယ္လို႔ Avaက ေျပာေသးသည္
ဒါေၾကာင့္မို႔ Manoban တစ္ျခားၿမိဳ႕ဘက္ ထြက္ေျပးဖို႔ စဥ္းစားထားသည္
"Aww ဒါနဲ႕ မင္း အကိုက မင္းကို ကာကြယ္ဖို႔ လူလႊတ္ထားတယ္တဲ့ New Brightonမွာ သူ႕ကို သြားႀကိဳရမယ္...ဒါေၾကာင့္ ငါတို႔အခု New Brighton ဘက္ သြားေနတာ "
"ဘယ္သူမ်ားလည္း "
"ဒီမွာ gmailကေန သူ႕အေၾကာင္းပို႔ထားတယ္ ဖတ္ၾကည့္ "
Manoban သူ႕ဖုန္းထုတ္ၿပီး Chaeyoungကို ေပးလိုက္သည္
"Song Mino? "
Chaeyoung ေဆးေသာက္ဖို႔အတြက္ မနက္စာ မစားရေသးေပ.....
Manobanလည္း အေဝးေျပးလမ္းမမွာ ရွိတဲ့ မုန႔္ဆိုင္မွာ ကားရပ္လိုက္သည္
Manobanက အေအးတစ္ခ်ိဳ႕နဲ႕ ေရဘူးေတြ ယူေနစဥ္ Chaeyoungက ေပါင္မုန႔္နဲ႕ မုန႔္တစ္ခ်ိဳ႕ ယူေနသည္
မုန႔္ဆိုင္ထဲ သူတို႔ႏွစ္ေယာက္တည္း ရွိေနစဥ္ တံခါးဖြင့္ဝင္လာလွ်င္ ျမည္တတ္တဲ့ bellသံေၾကာင့္ လူတစ္ေယာက္ မုန႔္ဆိုင္ထဲ ဝင္လာမွန္း Manobanတို႔ သိၿပီး မ်က္ႏွာမျမင္ေအာင္ ဦးထုပ္ကိုပိုၿပီး ေအာက္ခ်ေဆာင္းလိုက္သည္
Chaeyoung ကလည္း ေၾကာက္ၿပီး Manoban လက္ေမာင္းကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားသည္
ဝင္လာတဲ့ လူကို ၾကည့္ရတာ Manobanတို႔ကို လိုက္ရွာေနပုံေပၚသည္ ထို႔ေၾကာင့္ Manoban သူတို႔ ဘကၠို ေရာက္မလာခင္ Chaeyoungကို ေကာင္တာဘက္ အျမန္သြားခိုင္းၿပီး ေငြရွင္းခိုင္းေလသည္
Manobanေကတာ့ ထိုလူ သူမ ဘက္ ေရာက္လာစဥ္ ပါးစပ္ကို လက္နဲ႕ပိတ္ၿပီး လည္ပင္းကို လက္နဲ႕ခုတ္ခ်သည္
အေၾကာကို ထိသြားေသာေၾကာင့္ ထိုလူမွာ ေမ့လဲသြားေလသည္
ေငြရွင္းၿပီးတဲ့ Chaeyoung လက္ကို Manoban ဆြဲၿပီး စတိုးဆိုင္ကေန ေျပးထြက္လာသည္
သို႔ေသာ္ သူမတို႔ ကားေဘးနားတြင္ လူေလးေယာက္ရပ္ေနၾကသည္
ေသခ်ာသည္....ခုန စတိုးဆိုင္ထဲ သူမတို႔ကို လာရွာတဲ့သူနဲ႕ တစ္ဖြဲ႕တည္းဆိုတာ Manobanသိသည္
"ငါတို႔ ကားေရွ႕က ဖယ္ေပးပါအုံး "
"မင္းေဘးနားက ေကာင္မေလးကို ငါတို႔ လက္ထဲ ထည့္ေပးရင္ ဖယ္ေပးမယ္ ေကာင္မေလး "
လူေလးေယာက္ထဲက တစ္ေယာက္က Manoban ကို ေျပာလိုက္သည္
Chaeyoung ေၾကာက္ၿပီး Manoban ေနာက္ကို ဝင္ပုန္းလိုက္သည္
"သူ႕ကို အသာတၾကည္ ငါတို႔လက္ထဲ ထည့္ေပးလိုက္ပါ မဟုတ္ရင္....မင္း အသက္ရွင္ရက္ အိမ္ျပန္ရမယ္မထင္ဘူး "
"ေၾကာက္မယ္ထင္လား '
"မိန္းကေလးမို႔ အေလ်ာ့ေပးတဲ့ အေနနဲ႕ by oneခ်ၾကတာေပါ့ "
လူေလးေယာက္ထဲက ကတုံးနဲ႕ တစ္ေယာက္ကေျပာၿပီး Manobanကို ထိုးေလသည္
သို႔ေသာ္ Manobanက ေရွာင္ၿပီး ကတုံးရဲ႕ ဗိုက္ကို ဒူးနဲ႕ တိုက္ကာ ေခါင္းကို တံေတာင္နဲ႕ တြက္လိုက္သည္
Chaeyoungမွာ Manobanရဲ႕ တိုက္ခိုက္မႈေၾကာင့္ အံ့ၾသေနသည္....လူ႕အသက္ကယ္တဲ့ ဆရာဝန္က အခုလိုလည္း ခ်တတ္ေသးတာလား...Manoban ထိုလူေတြနဲ႕ ခ်ေနပုံက ကြၽမ္းက်င္တဲ့ agent တစ္ေယာက္လိုပင္
လူသုံးေယာက္နဲ႕ Manoban ခ်ေနစဥ္ ေနာက္တစ္ေယာက္က Chaeyoung လက္ကို လာဆြဲသည္
တိုက္ကြန္ဒိုသင္ဖူးတဲ့ Chaeyoung တစ္ေယာက္ သူ႕လက္ကို လာဆြဲတဲ့ သူရဲ႕လက္ကို လိမ္ခ်ိဳၿပီး မ်က္ႏွာကို ရိုက္လႊတ္သည္
"ေကာင္မေတာ့....နာခ်င္ေန...."
ထိုလူစကားမဆုံးေသး Manoban အေနာက္ကေန က်င္စက္နဲ႕တို႔လိုက္ေသာေၾကာင့္ ထိုလူမွာ ေရွာ့ရၿပီး ေမ့လဲသြားေလသည္
Chaeyoung ၾကည့္လိုက္ေတာ့ Manobanနဲ႕ခ်ေနတဲ့ သုံးေယာက္က ေျမႀကီးေပၚ ေမ့လဲေနၾကသည္
"တျခားသူေတြ ေရာက္မလာခင္ သြားၾကစို႔ "
Manoban ကားေမာင္းေနစဥ္
"သူတို႔က ငါတို႔ကို ရွာေတြ႕တာလည္း ျမန္လိုက္တာ ဒါနဲ႕ ဒီက်င္စက္က ဘယ္ကဝယ္လာတာလည္း "
"မင္းကို ကာကြယ္ရမယ္လို႔ သိတဲ့ေန႕ကတည္းက ငါ ရွာဝယ္ထားတာ......"
"ဒါနဲ႕ Manobanက ခ်တာလည္း ကြၽမ္းတယ္ေရာ္ ထင္ေတာင္မထားဘူး ဆရာဝန္ဆိုေတာ့ေလ.......အဲ့လိုေတြမခ်တတ္ဘူးထင္ေနတာ တကယ့္ ဖိုက္တာေတြလိုဘဲ ခ်သြားတာ "
Chaeyoung စကားေၾကာင့္ Manoban ၿပဳံးၿပီး
"Aww ဒါလား ငါငယ္ငယ္က အေဖက ကိုယ္ခံပညာ သင္ေပးထားတာပါ "
"ေတာ္လိုက္တာ ဆုေပးမယ္..... "
Chaeyoung ေျပာၿပီး ကားေမာင္းေနတဲ့ Manoban ပါးေလးကို ျဖတ္ခနဲ နမ္းလိုက္သည္
"Excuse Me Park Chaeyoung. ...ငါ ကားေမာင္းေနတာေနာ္ စိတ္လာမဆြနဲ႕ ဟင္းဟင္း.... "
Manobanရဲ႕ ပီတီတီမ်က္ႏွာေၾကာင့္ Chaeyoung တဟားဟားရယ္လိုက္သည္
စတိုးဆိုင္နဲ႕ အေဝးဆုံးေနရာရပ္ေတာ့ Manoban ကားခဏရပ္ၿပီး သူ႕ကားနံပါတ္ကို ျဖဳတ္ကာ တျခား နံပါတ္အတု တပ္လိုက္သည္
ဘာလို႔ဆို ခုန လူေတြက Manoban ကားနံပါတ္ကို မွတ္မိေနၾကမွာေလ
Manobanတို႔ New Brighton က ေလဆိပ္တြင္ Korea ေလယာဥ္ဆင္းမယ့္အခ်ိန္ကို ေစာင့္ေနၾကသည္
Chaeyoungကေတာ့ maskတပ္ထားၿပီး Manoban ပခုံးကို မွီကာ
"ငါတို႔ ဘာလို႔ Seoulကို ျပန္လို႔မရတာလည္း Manoban"
"ငါလည္း ေသခ်ာမသိဘူး မင္းအကိုကေတာ့ ျပန္မလာခိုင္းဘဲ တစ္ျခားၿမိဳ႕မွာ ေနဖို႔ ေျပာေနတာ...ဒါကလည္း မင္း လုံၿခဳံေရးအတြက္ပါ ....မင္း ဘာမွမျဖစ္ဖို႔က အေရးႀကီးတယ္ေလ "
Chaeyoung ရဲ႕ ေခါင္းေလးကို ပြတ္ေပးၿပီး Manoban ေျပာလိုက္သည္
"နင္တို႔ အားလုံး ငါ့ကို ကာကြယ္ေပးေနၾကေတာ့ စိတ္ထဲ....တစ္မ်ိဴးႀကီးဘဲ အားနာၿပီး အျပစ္ရွိသလို ခံစားရတယ္...."
"မခံစားပါနဲ႕ Chaeရ ငါက မင္းကို ခ်စ္လို႔ ဒီလမ္းကိုေ႐ြးခ်ယ္ၿပီး မင္းကို ကာကြယ္ေပးေနတာေပါ့ "
"ငါနင့္ကို အဆုံးရႈံးမခံနိုင္ဘူး Manoban ရယ္......ငါ အားလုံးကို ဆုံးရႈံးခဲ့ၿပီးၿပီ ငါ့ေၾကာင့္ နင္ တစ္ခုခုျဖစ္မွာ ငါအရမ္းေၾကာက္တယ္ "
"မေၾကာက္ပါနဲ႕ တကယ္ေတာ့ ကိုယ္ အတိုက္အခိုက္ကြၽမ္းတာ ဘာလို႔လည္းသိလား "
"ဟင့္အင္း "
"ကိုယ္ ေျပာရင္ မလန့္သြားရဘူးေနာ္ Chae ကတိ "
"ကတိ...."
"တကယ္ေတာ့ ကိုယ္ဟာ.........ပါဝါရိမ္းဂ်ား အနီေကာင္ပါ "
Manoban ရဲ႕ ႐ူးေၾကာင္ေၾကာင္ စကားေၾကာင့္ Chaeyoung မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနသည္
Manobanကေတာ့ Chaeyoung ပုံစံေလးၾကည့္ကာ သေဘာက်ၿပီး ရယ္ေလသည္
ကိုရီးယားက ေလယာဥ္ဆိုက္လာေတာ့ Manobanတို႔ ထြက္လာတဲ့လူေတြထဲကေန Song Minoကို ရွာေနၾကသည္
ထိုစဥ္ long coat အနက္နဲ႕ ေကာင္ေလးတစ္ေယာက္ Manobanတို႔ေရွ႕ေရာက္လာသည္
"Manobanနဲ႕ Park Chaeyoungလား ...."
"ဘယ္သူလည္း မသိဘူး '
"ကြၽန္ေတာ္ Song Minoပါ..."
Mino သူ႕မ်က္ႏွာမွာတပ္ထားတဲ့ Maskကိုခြၽတ္ျပလိုက္သည္
"ဟုတ္တယ္ ဟုတ္တယ္ သူဘဲ"
Chaeyoungမွာ ခုန ဖုန္းထဲမွာ Mino ပုံ ၾကည့္ထားလို႔ Mino မ်က္ႏွာကို မွတ္မိၿပီး ေျပာလိုက္သည္
"ေတြ႕ရတာ ဝမ္းသာပါတယ္ "
Minoမွာ သူမထက္ Chaeyoung လက္ကို အရင္ ဆြဲၿပီး ႏႈတ္ဆက္ေသာေၾကာင့္ Manoban တစ္ေယာက္ အူတိုေနၿပီေလ....
"Manobanပါ....."
Manoban မွာ Mino လက္ကို ေဆာင့္ဆြဲၿပီး ႏႈတ္ဆက္လိုက္သည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co