Truyen3h.Co

Born Again

Part 14

KimFany059

#Unicode

After Two Weeks

Chaeyoung တစ်ယောက် ကိုလာသောက်ချင်တယ်ဆိုပြီး ဂျီကျနေသည်.....

Manobanနဲ့ Minoမှာ အိမ်မှာ ဝယ်ထားတဲ့ နွားနို့ဘဲ သောက်ဖို့ပြောကြပေမယ့် Chaeyoung က ငြင်းဆန်နေသည်.....

တကယ်တော့ Chaeyoung အိမ်ထဲမှာ နေရတာ ပျင်းလာပြီး အပြင်ခဏထွက်ချင်လို့ ဥာဏ်ဆင်နေခြင်း ဖြစ်သည်....

"လုပ်ပါ မုန့်ဆိုင်က လမ်းထိပ်မှာဘဲကို ဒီနားလေးတင် ဘာမှမဖြစ်ပါဘူး..... စိုးရိမ်စိတ်ပူမလွန်ကြစမ်းပါနဲ့ "

"Manoban လိုက်သွားလိုက်.... "

Manobanမှာ Menstruation ဖြစ်နေသောကြောင့် နေထိုင်မကောင်းဖြစ်နေသည် ထို့ကြောင့် Minoကိုဘဲ လိုက်သွားခိုင်းသည်

"ငါ နေမကောင်းလို့ Mino လိုက်သွားပေးပါလား "

"ကောင်းပြီလေ...ဒါဆို သွားကြမယ် Chaeyoung "

Minoတို့ ပိုက်ဆံယူပြီး အိမ်ထဲကနေ ထွက်သွားကြသည်

Manoban ကတော့ ခါးနာလို့ အခန်းထဲတွင် လှဲနေသည်

ထိုစဥ် ဖုန်းလာသောကြောင့် Lisa ကိုင်လိုက်သည်

"Hello "

"ကျွန်တော်ပါ Chanyeol "

"ဟုတ် Chanyeol shii ဘာကိစ္စရှိလို့လည်း "

"အခု New Brighton ကို လိုက်လာနေကြပြီမို့ Manobanတို့ အဲ့ကနေ အမြန်ထွက်ပြေးကြပါ အခု......"

"Ok ok "

Manobanဖုန်းချပြီး သူမ အဝတ်အစားတွေ ထည့်နေစဥ် သူမတို့ အိမ်ရှေ့တွင် ကားတစ်စီး လာရပ်လေသည်

"Oh shit "

ကားစက်သံကြောင့် Manobanမှာ အမြန်ဖုန်းကို ကောက်ယူပြီး Chaeyoung ဆီ emergency message ပို့လေသည်

ထို့နောက် အမြန်တံခါးဘက်သို့သွားပြီး တံခါးကို လော့ချလိုက်သည်

ပြီးနောက် သူမ အခန်းထဲ ပြန်ဝင်လာပီး ခေါင်းအုံးအောက်က Minoပေးထားတဲ့ သေနတ်ကို ယူလိုက်သည်

တံခါးခေါက်သံတွေက ကျယ်သထက်ကျယ်လာတော့ Manoban သူမ အခန်းပြတင်းပေါက်ကို ဖွင့်ကာ ပြတင်းပေါက်ကနေ အပြင်ကို ခုန်ထွက်လိုက်သည်

Manoban အပြင်ရောက်ပြီး သစ်ပင်အကွယ်ကနေ ချောင်းကြည့်တော့ ဝတ်စုံအမဲနဲ့ လူငါးယောက်မှာ Manoban အခန်းထဲဝင်လာပြီး မွှေနှောက်ရှာနေကြသည်

ရှာပြီးပြီးချင်း အိမ်ထဲက ပြန်ထွက်သွားကြလို့ Manoban အပြင်ရောက်နေတဲ့ Chaeyoungတို့ကို စိတ်ပူသွားသည်

Manoban ချက်ချင်းဘဲ Chaeyoungတို့ သွားနေတဲ့ စတိုးဆိုင်သို့ အမြန်ပြေးသွားသည်

တစ်ဖက်က Minoကလည်း Chaeyoungအတွက်
Protective ဖြစ်လွန်းသော အကိုတစ်ယောက် ဖြစ်နေသည်

"ဟိုမှာ အာတာပူစီ "

"ဘာတာပူစီမှ မရဘူး ကိုလာဝယ်မယ်ဆို လာ "

Chaeyoungကို ဂုတ်ကနေ ဆွဲပြီး စတိုးဆိုင်ဘက် Minoခေါ်သွားသည်

ကိုလာနဲ့မုန့်တွေ ဝယ်ပြီးနောက် Minoတို့ အိမ်ပြန်လာစဥ် လမ်းတွင် ကားအနက်တစ်စီးက Minoတို့ရှေ့ ရပ်ပြီး ကားပေါ်က အနက်ရောင်ဝတ်စုံနဲ့ လူငါးယောက် ဆင်းလာသည်

"သေစမ်း Chaeyoung သေနတ်ပါလား "

"ဟင့်အင်း မေ့ပြီး မယူခဲ့ရဘူး ..."

"သေရော...Chae အနောက်လှည့်ပြေး....."

လူငါးယောက်လုံးက Minoတို့ဆီ လျှောက်လာလို့ Chaeyoungကို အနောက်ပြန်ပြေးခိုင်းပေမယ့် အနောက်မှာလည်း ကားတစ်စီးက ရောက်လာပိတ်ထားသည်

"အသားနာခံမနေနဲ့ ကောင်မလေးကို ငါတို့လက်ထဲ ထည့်ပေး "

"အသေ သာ သတ်သွား မပေးနိုင်ဘူး "

Minoပြောပြီး ထိုလူတွေနဲ့ ထိုးကြိတ်လေသည်

ထိုလူထဲက တစ်ယောက်က ဓားထုတ်ပြီး Minoကို ထိုးလိုက်တော့ Mino လဲကျသွားသည်

တစ်ဖက်က Chaeyoungမှာ လည်း အနောက် လူတွေနဲ့ ချရင်း သူမ နှာခေါင်းပေါ်သို့ ပုဝါတစ်ခုရောက်လာသောအခါ...မေ့လဲကျသွားသည်

"Chae. ..Chaeyoung..... "

Mino မြေကြီးပေါ်တွင် လဲကျပြီးဗိုက်က ဒဏ်ရာကို လက်နဲ့ဖိရင်း Chaeyoungကို လှမ်းခေါ်နေသည်

သို့သော် Chaeyoungကတော့ Vanကားထဲ ပါသွားလေသည်

Minoလည်း အမြင်အာရုံတွေ ဝေဝါးပြီး လဲကျ သွားလေသည်

**********

Mino သတိရလာတော့ အဖြူရောင် မျက်နှာကြတ်ကို မြင်ရသည်

ချက်ချင်းဘဲ Chaeyoung ကို သတိရပြီး အိပ်နေရာက ချက်ချင်း ကောက်ထိုင်လိုက်သည်

"သတိရလာပြီလား "

Manoban အခန်းထဲဝင်လာတော့ Mino ခေါင်းညိတ်ပြသည်

ပြီးကျ စိတ်မကောင်းတဲ့မျက်နှာနဲ့ Manobanကို တောင်းပန်လိုက်သည်

"ငါ တောင်းပန်ပါတယ် "

"မဟုတ်တာ....နင်အကောင်းဆုံး Chaeyoungကို ကာကွယ်ပေးခဲ့တာဘဲလေ..ဓားဒဏ်ရာကို ချုပ်ပေးပြီး ဆေးထည့်ပေးထားတယ်... "

"ငါတို့ ဘာဆက်လုပ်မလည်း Manoban "

Mino မေးခွန်းကို Manoban စဥ်းစားနေသည်.....

သူမ အိမ်ကနေ စတိုးဆိုင်ဘက် ပြေးသွားစဥ် သွေးအိုင်ထဲ လဲနေတဲ့ Mino တစ်ယောက်တည်းကို မြင်ပြီးကတည်းက Chaeyoung က ဟိုလူတွေနောက် ပါသွားပြီဆိုတာ သိလိုက်ရပြီး
Manoban brain cell တွေ သေသွားသလို ခံစားရသည်....

"ဒီနေ့ည seoulကို ပျံမယ့် လေယာဥ်မရှိဘူး...ငါ နင်သတိမေ့နေတုံးက စုံစမ်းထားတာ....."

"Chanyeol ကိုရော ပြောပြီးပြီလား "

Minoမေးတော့ Manoban ခေါင်းခါပြသည်

"Mino... Chaeyoungကို လိုချင်နေတဲ့သူတွေအကြောင်းနဲ့ ပတ်သက်ပြီး နင်သိသမျှ သေချာပြောပြပါလား "

"Chaeyoungတို့ အဖေက Companyကို ဟန်ပြဖွင့်ပြီး ဆေးတွေ ရောင်းဝယ်ရေး လုပ်တယ် လူကုန်ကူးတယ်ကွာ....အခု Chaeyoungကိုလည်း ဘိန်းဘုရင် တရုတ်အဘိုးကြီးနဲ့ ပေးစားဖို့ လိုက်ဖမ်းနေတာ ....'

"ဒါကြောင့် Chaeyoungက သူ့ကိုယ်သူ သတ်သေခဲ့တာကိုး...ဒါနဲ့ Chanyeolကရော အဲ့ကိစ္စတွေထဲ ပါလား Mino "

"မပါလောက်ဘူး သူသာပါရင် သူ့ညီမကို ဒီလောက်ထိ ကာကွယ်ပေးနေပါ့မလား "

Minoပြောရင်း Manoban မျက်နှာပျက်နေတာကို သတိထားမိသွားတယ်

"Manoban မင်း ကြောက်နေတာလား "

"အမှန်တိုင်းပြောရရင် ကြောက်တာပေါ့....ဒါပေမယ့်် ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလဲ "

"မနက်ဖြန် ငါဆိုးလ်ကို ပြန်မယ် Chaeyoungကို ရအောင် ရှာမယ်....."

"ငါလည်း လိုက်မယ် Mino "

"သေချာလို့လား..... "

Minoမေးတော့ Manoban ကတွေဝေခြင်း မရှိဘဲ ခေါင်းညိတ်ပြသည်

"Wow Respect bro ....မိန်းကလေးဖြစ်နေပေမယ့် အချစ်အတွက် အရာအားလုံး ရင်ဆိုင်တော့မယ်ပေါ့ "

"နားထောင် Mino. ..ငါတို့ chaeyoung ကို ဘယ်လိုကာကွယ်ကွယ် ဘယ်လောက်ကယ်နေနေ ..Mr.Park နဲ့ ဟိုတရုတ်ဘိုးတော်ဆီမှာ ပါဝါအာဏာ ရှိနေသ၍ ငါတို့ အေးအေးချမ်းချမ်း နေရမှာမဟုတ်ဘူး ဘယ်ကိုထွက်ပြေးပြေး ဘယ်လောက်ကာကွယ်နေနေ..... ဒီ ကစားပွဲကပြီးမှာ မဟုတ်ဘူး "

Minoမှာ Manoban ပြောချင်တဲ့ အဓိပ်ပါယျကို သဘောပေါက်သွားသည်

"ဒါဆို Mr. Parkတို့ကို တိုက်ခိုက်မလို့လား "

"ဟုတ်တယ် Chaeyoungတင်မကဘူး Korea ပြည်သူတွေအတွက်ပါ Mr. Parkကို တိုက်ခိုက်မှဖြစ်မယ် "

"မင်းနဲ့ အတူ ငါ ပါပါမယ် "

Minoတို့ လက်ချင်းရိုက်လိုက်ကြသည်

"ဒါဆို ခဏလှဲနေလိုက်အုံး ငါ မနက်ဖြန် seoulကို ပြန်ဖို့ လက်မှတ်ဝယ်လိုက်အုံးမယ်....  "

Manoban ပြောပြီး အခန်းထဲက ထွက်လာခဲ့သည်

"Chae... မင်းကို ကိုယ် တွေ့အောင်ရှာပြီး ရအောင်ကယ်မယ်...."

Manoban သူ့ဖုန်းwallpaperက Chaeyoung ပုံကို ကြည့်ပြီး ကြိမ်းဝါးလိုက်သည်

#Tbc

#zawgyi

After Two Weeks












"Hello "

"ကျွန်တော်ပါ Chanyeol "



"Ok ok "


"Oh shit "









"ဟိုမှာ အာတာပူစီ "













"Chae. ..Chaeyoung..... "




**********



"သတိရလာပြီလား "



"ငါ တောင်းပန်ပါတယ် "














"အမှန်တိုင်းပြောရရင် ကြောက်တာပေါ့....ဒါပေမယ့် ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလဲ "


"ငါလည်း လိုက်မယ် Mino "

"သေချာလို့လား..... "







"မင်းနဲ့ အတူ ငါ ပါပါမယ် "






Bạn đang đọc truyện trên: Truyen3h.Co