Truyen3h.Co

Born Again

Part 15

KimFany059

#Unicode

Chaeyoung သတိရလာတော့ သူမ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်... အရာအားလုံးကလည်း မှောင်မဲနေလို့ သူမ မျက်လုံးစည်းခံထားရမှန်း သိသွားသည်

ထို့အပြင် သူမ လက်တွေခြေထောက်တွေရော ကြိုးတုပ်ခံနေရသည်

Chaeyoung ရုန်းသော်လည်း ရုန်းမရပေ

သူမလည်ပင်းတွေ ခြောက်ကပ်ပြီး ရေဆာနေသောကြောင့် သူမကို ဖမ်းထားတဲ့ သူတွေ သတိထားမိအောင် ချောင်းဟန့်လိုက်သည်

"I'm thirsty ....Give me some water "

Chaeyoung စကားကြောင့် ကားထဲက တစ်ချို့လည်း ရေဘူး ဖွင့်ပေးပြီး ပိုက်နဲ့ရေတိုက်လိုက်သည်

Chaeyoung အမြင်အာရုံကို အသုံးချမရတော့ အကြားအာရုံကို အသုံးချနေသည်

နားထောင်ကြည့်ရသလောက် မော်တော်ယာဥ်အသံတွေ ကုန်တင်ယာဥ်သံတွေကြောင့် မြို့ပြင်ဘက်ရောက်နေတယ်ဆိုတာ Chaeyoung သိသွားတယ်

ထို့နောက် လမ်းဘေးတစ်နေရာကို ကားခဏရပ်ပြီး Chaeyoungကို မေ့ဆေးထိုးပြီး လုပ်လေသည် Chaeyoung အော်ဖို့ကြိုးစားပေမယ့် သူမပါးစပ်ကို နောက်တစ်ယောက်က ပိတ်ထားသောကြောင့် အော်မရဘဲ ....မေ့ဆေးအရှိန်နဲ့ မေ့သွားလေသည်

လေဆိပ်ကိုရောက်တော့ Mr. Lingတို့ တပည့် ငါးယောက်ဟာ Chaeyoungကို လူနာတင်လှည်းပေါ်တင်ပြီး လူနာဟန်ဆောင်ပြီး သူတို့ကတော့ ဆရာဝန်ယောင်ဆောင်ကာ လေယာဥ်ပေါ်တင်ဖို့ ကြိုးစားသည် လေဆိပ်က ဝန်ထမ်းတစ်ချို့ကလည်း Mr. Lingဆီက ပေးကမ်းမှု ယူထားတော့ မသိချင်ယောင်ဆောင်နေကြသည်

ထိုမြင်ကွင်းကို မလှမ်းမကမ်းက ကြည့်နေကြသူကား Minoနဲ့ Manobanပင်.....

Manoban မနေ့ညက လေဆိပ်အချိန်တွေ စုံစမ်းပြီး လေဆိပ်မှာ အစောကြီးရောက်နေခြင်း ဖြစ်သည်

"Thanks god ဘုရားသခင်က ငါတို့ဘက်ရှိနေသေးလို့ တော်သေးတယ် "

"Manoban မင်း ငါနဲ့အတူ Koreaကို ပြန်လိုက်မယ်ဆိုတာ ...သေချာလား "

"ရော် Minoရယ် မနေ့ညကတည်းက ငါပြောပြီးပြီဘဲ လိုက်မှာသေချာလို့ လက်မှတ်တောင် ဝယ်ထားတာကို ....ငါ့ စိတ်မပြောင်းပါဘူးဟ "

Manobanတို့ လေဆိပ်တွင် Check In ဝင်ပြီး လေယာဥ်ပေါ်သို့ တက်လိုက်ကြသည်

New Brighton ကနေ Seoulကို ပျံသန်းချိန် ၁၂နာရီကျော် ကြာသော်လည်း Manobanတို့မှာ လေယာဥ်ပေါ်တွင် အနားမယူနိုင်..... Chaeyoungကို ဘယ်လိုကယ်ထုတ်ရမလည်းဆိုပြီး ချောင်းမြောင်းနေကြသည်

Seoulကိုရောက်တော့ Manoban တို့ Mr. Lingရဲ့ လူတွေနောက်ကနေ မသိမသာလိုက်သွားကြတယ်

"ဟို ကျွန်တော် အိမ်သာ ခဏသွားချင်လို့ "

Mr. Ling ရဲ့ လူတစ်ယောက်က ပြောတော့ နောက်တစ်ယောက်ကလည်း အိမ်သာသွားချင်လို့ ဆိုပြီး  နှစ်ယောက်အတူ အိမ်သာသို့ သွားကြသည်

Manobanနဲ့ Minoလည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး အချက်ပြကာ သူတို့နှစ်ယောက် နောက်သို့ လိုက်သွားလေသည်

အမျိုးသားအိမ်သာလည်း Manoban ဂရုမစိုက်....ခပ်တည်တည် ဝင်သွားပြီး အပေါ့သွားနေတဲ့ တစ်ယောက်ကို ရိုက်ချပြီး ကျင်စက်နဲ့တို့လိုက်သည်

အော်သံကြောင့် အိမ်သာတက်နေတဲ့ တစ်ယောက်က ထွက်လာတော့ Minoက ထိုလူရဲ့ ဆံပင်ဆောင့်ဆွဲပြီး အားပြင်းပြင်းနဲ့ အိမ်သာနံရံသို့ တိုက်ပစ်လိုက်သည်

သတိမေ့နေတဲ့ လူနှစ်ယောက် အဝတ်အစားတွေ ချွတ်ပြီး Minoတို့ ဝတ်လိုက်ကြသည်

ထိုလူနှစ်ယောက်ကိုတော့ ကြိုးတုပ်ပြီး အိမ်သာအခန်းတစ်ခုထဲ ထည့်လိုက်သည်

"နှစ်ယောက်တော့ လစ်ပြီ ကျန်သုံးယောက်ကို ရှင်းရမယ် "

Manobanတို့ maskတပ်လိုက်ပြီး ခပ်တည်တည်နဲ့ Mr. Lingတို့ လူတွေဆီ သွားလိုက်သည်

Chaeyoungကို vanကားထဲ ထည့်နေတဲ့ နှစ်ယောက်ကို အနောက်ကနေ Mino ကျင်စက်နဲ့တို့လိုက်စဥ် Manoban ကတော့ ကားခေါင်းက ကားဒရိုင်ဘာကို ကားထဲက ဆွဲထုတ်လိုက်သည်

"Mino တက် "

Manoban ကားပေါ်တက်ပြီး ကားစက်နှိုးလိုက်တော့ Minoလည်း ကားထဲ အမြန်ဝင်လေသည်

ထို့နောက် Manoban လေဆိပ်ကနေ မောင်းပြေးလာသည်

Mr.Ling ရဲ့ တပည့်သုံးယောက်မှာလည်း တစ်ခြားကားကို ခိုးပြီး Manobanတို့နောက် လိုက်လေသည်

Manobanကတော့ သူ့ကားမောင်း skillကို ပြနေစဥ် Minoကတော့ Chaeyoung မျက်လုံးနဲ့ လက်ကို စည်းထားတာတွေ ဖြေပေးနေသည်

Chaeyoungမှာ မျက်လုံးဖွင့်ဖွင့်ချင်း Minoနဲ့ Manoban ကိုတွေ့တော့ ငိုလေသည်

"ရှူး မငိုနဲ့တော့နော် ငါတို့ မင်းကို ကယ်လာတာ "

"Manobanရဲ့ ငါတကယ် နင်နဲ့ဝေးရပြီထင်နေတာ.....ငါ တကယ်ကြောက်နေခဲ့တာသိလား "

Manoban ကားအမြန်မောင်းရင်း Chaeyoungကို လှည့်ကြည့်ကာ

"မငိုပါနဲ့ Chaeရ....မင်း ဘယ်ကိုရောက်ရောက် ကိုယ် မြေလှန်ရှာမှာမို့ ဘယ်တော့မှ မဝေးစေရဘူး သိလား "

"Manoban နောက်မှ အလွမ်းသယ် ကားကိုသေချာဂရုစိုက်မောင်း အနောက်က ကားက မှီလာပြီ ...ဘယ်ဘက်ကွေ့လိုက်...စျေးရှိတယ် လူရှုပ်တော့ သူတို့ လိုက်နိုင်မယ်မထင်ဘူး.... "

Mino ပြောတဲ့အတိုင်း ဘယ်ဘက်ကို ကွေ့တော့ လူရှုပ်နေတဲ့ စျေးဘက်ရောက်သွားတယ်..."

စျေးဆိုင်တွေကြားထဲ Manoban ပြိုင်ကားမောင်းသလိုမောင်းပြီး ပစ္စည်းတစ်ချို့ကိုလည်း ဝင်တိုက်သွားသည်

Manoboan skillကြောင့် အနောက်က ကားမှာ ပစ္စည်းတွေနဲ့ ပိတ်သွားပြီး သူတို့နောက်ကို မလိုက်နိုင်တော့ပေ

"ဟူး လွတ်လာပြီ ဘယ်ဆက်မောင်းရမလည်း "

Manoban သက်ပြင်းချပြီး Minoကို မေးလိုက်သည်

"ငါ့အိမ်ကို သွားလိုက်..... Inseo လေးလည်း ဆေးရုံကဆင်းလာပြီလို့ သတင်းကြားတယ် အိမ်ကိုသာမောင်းလိုက်..."

Mino လိပ်စာပေးတော့ Manoban ခေါင်းညိတ်ပြီး ဆက်မောင်းလိုက်သည်

"နယူးဇီလန်မှာ အနေကြာတဲ့ ဆရာဝန်က korea ကားလမ်းတွေကို မှတ်မိနေတော့ မင်း တော်တော်ဥာဏ်ကောင်းတာဘဲ Manoban... "

"အာ....အင်း ဟုတ်တယ် အရင်က ငါ Korea မှာ ဆေးကျောင်းတက်ဖူးတယ်လေ ဒီလမ်းတွေ ငါသွားနေကြဆိုတော့ မှတ်မိနေတာ "

Manoban ပြောတော့ Mino ခေါင်းညိတ်လိုက်သည်

Knock knock

ရုတ်တရက် အိမ်တံခါးခေါက်သံကြောင့် Aeri လန့်သွားတယ်......Chaenyeolဆို အိမ်တံခါးမခေါက်ဘဲ သူ့ဆီမှာရှိတဲ့ သော့အပိုနဲ့ အမြဲ ဖွင့်ဝင်လာခဲ့တာလေ အခုတံခါးခေါက်တော့ Inseoကို သူမအခန်းထဲ ပုန်းနေဖို့ အချက်ပြလိုက်တယ်

Inseoလည်း Tv ပိတ်ပြီး သူမ အခန်းထဲ ဝင်ပုန်းလိုက်သည်

Mino တံခါးဖွင့်လာတော့ သူ့ညီမ ထင်ပြီး ဖက်ဖို့လုပ်ပေမယ့် တစ်ခြားမိန်းကလေးကို မြင်ရတော့ ချက်ချင်း Aeriရဲ့လည်ပင်းကို ညှစ်လိုက်သည်

"မင်း ဘယ်သူလည်း Inseo ဘယ်မှာလည်း "

Inseoလည်း အခန်းထဲက ချောင်းကြည့်နေရင်း သူ့အကိုအသံကြောင့် အခန်းထဲက ပြေးထွက်လာသည်

"Oppa. .."

"Inseoလေး..."

Minoမှာ Aeri လည်ပင်း ညှစ်ထားရာကလွှတ်ပြီး သူ့ဆီပြေးလာတဲ့ သူ့ညီမကို ဖက်လိုက်သည်

********

Aeriမှာ Inseoနဲ့အတူရှိရခြင်း အကြောင်းကို သေချာရှင်းပြပြီးနောက် Mino နားလည်သဘောပေါက်သွားပြီး သူရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို တောင်းပန်လိုက်သည်

"ခုန ကျွန်တော့် အပြုအမူကြောင့် လန့်သွားရင် တောင်းပန်ပါတယ် "

"ရပါတယ်.... "

"ဒါနဲ့ Chae အကိုရော နေ့တိုင်း ဒီကို လာလားဟင် "

"နေ့တိုင်းတော့ မလာဘူး...."

"Aeri. .."

သူမတို့ စကားဝိုင်းထဲ ရုတ်တရက်ရောက်လာတဲ့ အသံသြသြတစ်သံကြောင့် Chaeyoung တို့ စကားပြတ်သွားသည်

Suti ဝတ်စုံနဲ့ အမျိုးသားမှာ အိမ်ထဲ ဝင်ဝင်ချင်း shockရသွားတယ်

Chaeyoungမှာ မတ်တပ်ထရပ်ပြီး သူမ အကိုကို ကြည့်ရင်း မျက်ရည်တွေဝဲလာသည်

Chanyeolမှာလည်း သူ့ရှေ့မှာ ရပ်နေတဲ့ သုံးနှစ်လောက် မတွေ့ခဲ့ရတဲ့ ညီမလေးကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်

"Youngie. .."

Chanyeol မငိုမိအောင် နှုတ်ခမ်းကို ဖိကိုက်ထားသော်လည်း အသံတွေတုန်နေသည့်အပြင် မျက်ရည်က ကျလာသည်

"ဟုတ်ပါတယ် Chae ပါ...Park Chaeyoungပါ..."

Chanyeol သူ့ညီမဆီ လျှောက်လာပြီး ပွေ့ဖက်လိုက်သည်

"Youngie လေး "

"Oppa "

Chaeyoung သူမအကိုကို ဖက်ပြီး ငိုလိုက်သည်

Manobanနဲ့ Minoမှာ မောင်နှမနှစ်ယောက် ပြန်လည်တွေ့ဆုံရေးကို ကြည့်ပြီး သူတို့ပါ မျက်ရည်ဝဲနေသည်

#Tbc

Manoban ကို ဘယ်လိုထင်ကြလည်းဗျာ့ ....ကျွန်တော် အပိုင်းတိုင်းမှာ သူ့ပုံစံလေး ဖြည်းဖြည်းချင်း ဖော်ရေးထားပေမယ့် သတိထားမိကြလားမသိဘူး😁 သတိမထားမိရင်တော့ ကျွန်တော့်အရေးအသားလိုသွားလို့ ဖြစ်မယ် 😁 ထပ်ကြိုးစားပါမယ်ဗျာ့

#Tbc

#Zawgyi

Chaeyoung သတိရလာေတာ့ သူမ ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္ေနသည္... အရာအားလုံးကလည္း ေမွာင္မဲေနလို႔ သူမ မ်က္လုံးစည္းခံထားရမွန္း သိသြားသည္

ထို႔အျပင္ သူမ လက္ေတြေျခေထာက္ေတြေရာ ႀကိဳးတုပ္ခံေနရသည္

Chaeyoung ႐ုန္းေသာ္လည္း ႐ုန္းမရေပ

သူမလည္ပင္းေတြ ေျခာက္ကပ္ၿပီး ေရဆာေနေသာေၾကာင့္ သူမကို ဖမ္းထားတဲ့ သူေတြ သတိထားမိေအာင္ ေခ်ာင္းဟန့္လိုက္သည္

"I'm thirsty ....Give me some water "

Chaeyoung စကားေၾကာင့္ ကားထဲက တစ္ခ်ိဳ႕လည္း ေရဘူး ဖြင့္ေပးၿပီး ပိုက္နဲ႕ေရတိုက္လိုက္သည္

Chaeyoung အျမင္အာ႐ုံကို အသုံးခ်မရေတာ့ အၾကားအာ႐ုံကို အသုံးခ်ေနသည္

နားေထာင္ၾကည့္ရသေလာက္ ေမာ္ေတာ္ယာဥ္အသံေတြ ကုန္တင္ယာဥ္သံေတြေၾကာင့္ ၿမိဳ႕ျပင္ဘက္ေရာက္ေနတယ္ဆိုတာ Chaeyoung သိသြားတယ္

ထို႔ေနာက္ လမ္းေဘးတစ္ေနရာကို ကားခဏရပ္ၿပီး Chaeyoungကို ေမ့ေဆးထိုးၿပီး လုပ္ေလသည္ Chaeyoung ေအာ္ဖို႔ႀကိဳးစားေပမယ့္ သူမပါးစပ္ကို ေနာက္တစ္ေယာက္က ပိတ္ထားေသာေၾကာင့္ ေအာ္မရဘဲ ....ေမ့ေဆးအရွိန္နဲ႕ ေမ့သြားေလသည္

ေလဆိပ္ကိုေရာက္ေတာ့ Mr. Lingတို႔ တပည့္ ငါးေယာက္ဟာ Chaeyoungကို လူနာတင္လွည္းေပၚတင္ၿပီး လူနာဟန္ေဆာင္ၿပီး သူတို႔ကေတာ့ ဆရာဝန္ေယာင္ေဆာင္ကာ ေလယာဥ္ေပၚတင္ဖို႔ ႀကိဳးစားသည္ ေလဆိပ္က ဝန္ထမ္းတစ္ခ်ိဳ႕ကလည္း Mr. Lingဆီက ေပးကမ္းမႈ ယူထားေတာ့ မသိခ်င္ေယာင္ေဆာင္ေနၾကသည္

ထိုျမင္ကြင္းကို မလွမ္းမကမ္းက ၾကည့္ေနၾကသူကား Minoနဲ႕ Manobanပင္.....

Manoban မေန႕ညက ေလဆိပ္အခ်ိန္ေတြ စုံစမ္းၿပီး ေလဆိပ္မွာ အေစာႀကီးေရာက္ေနျခင္း ျဖစ္သည္

"Thanks god ဘုရားသခင္က ငါတို႔ဘက္ရွိေနေသးလို႔ ေတာ္ေသးတယ္ "

"Manoban မင္း ငါနဲ႕အတူ Koreaကို ျပန္လိုက္မယ္ဆိုတာ ...ေသခ်ာလား "

"ေရာ္ Minoရယ္ မေန႕ညကတည္းက ငါေျပာၿပီးၿပီဘဲ လိုက္မွာေသခ်ာလို႔ လက္မွတ္ေတာင္ ဝယ္ထားတာကို ....ငါ့ စိတ္မေျပာင္းပါဘူးဟ "

Manobanတို႔ ေလဆိပ္တြင္ Check In ဝင္ၿပီး ေလယာဥ္ေပၚသို႔ တက္လိုက္ၾကသည္

New Brighton ကေန Seoulကို ပ်ံသန္းခ်ိန္ ၁၂နာရီေက်ာ္ ၾကာေသာ္လည္း Manobanတို႔မွာ ေလယာဥ္ေပၚတြင္ အနားမယူနိုင္..... Chaeyoungကို ဘယ္လိုကယ္ထုတ္ရမလည္းဆိုၿပီး ေခ်ာင္းေျမာင္းေနၾကသည္

Seoulကိုေရာက္ေတာ့ Manoban တို႔ Mr. Lingရဲ႕ လူေတြေနာက္ကေန မသိမသာလိုက္သြားၾကတယ္

"ဟို ကြၽန္ေတာ္ အိမ္သာ ခဏသြားခ်င္လို႔ "

Mr. Ling ရဲ႕ လူတစ္ေယာက္က ေျပာေတာ့ ေနာက္တစ္ေယာက္ကလည္း အိမ္သာသြားခ်င္လို႔ ဆိုၿပီး  ႏွစ္ေယာက္အတူ အိမ္သာသို႔ သြားၾကသည္

Manobanနဲ႕ Minoလည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ၿပီး အခ်က္ျပကာ သူတို႔ႏွစ္ေယာက္ ေနာက္သို႔ လိုက္သြားေလသည္

အမ်ိဳးသားအိမ္သာလည္း Manoban ဂ႐ုမစိုက္....ခပ္တည္တည္ ဝင္သြားၿပီး အေပါ့သြားေနတဲ့ တစ္ေယာက္ကို ရိုက္ခ်ၿပီး က်င္စက္နဲ႕တို႔လိုက္သည္

ေအာ္သံေၾကာင့္ အိမ္သာတက္ေနတဲ့ တစ္ေယာက္က ထြက္လာေတာ့ Minoက ထိုလူရဲ႕ ဆံပင္ေဆာင့္ဆြဲၿပီး အားျပင္းျပင္းနဲ႕ အိမ္သာနံရံသို႔ တိုက္ပစ္လိုက္သည္

သတိေမ့ေနတဲ့ လူႏွစ္ေယာက္ အဝတ္အစားေတြ ခြၽတ္ၿပီး Minoတို႔ ဝတ္လိုက္ၾကသည္

ထိုလူႏွစ္ေယာက္ကိုေတာ့ ႀကိဳးတုပ္ၿပီး အိမ္သာအခန္းတစ္ခုထဲ ထည့္လိုက္သည္

"ႏွစ္ေယာက္ေတာ့ လစ္ၿပီ က်န္သုံးေယာက္ကို ရွင္းရမယ္ "

Manobanတို႔ maskတပ္လိုက္ၿပီး ခပ္တည္တည္နဲ႕ Mr. Lingတို႔ လူေတြဆီ သြားလိုက္သည္

Chaeyoungကို vanကားထဲ ထည့္ေနတဲ့ ႏွစ္ေယာက္ကို အေနာက္ကေန Mino က်င္စက္နဲ႕တို႔လိုက္စဥ္ Manoban ကေတာ့ ကားေခါင္းက ကားဒရိုင္ဘာကို ကားထဲက ဆြဲထုတ္လိုက္သည္

"Mino တက္ "

Manoban ကားေပၚတက္ၿပီး ကားစက္ႏွိုးလိုက္ေတာ့ Minoလည္း ကားထဲ အျမန္ဝင္ေလသည္

ထို႔ေနာက္ Manoban ေလဆိပ္ကေန ေမာင္းေျပးလာသည္

Mr.Ling ရဲ႕ တပည့္သုံးေယာက္မွာလည္း တစ္ျခားကားကို ခိုးၿပီး Manobanတို႔ေနာက္ လိုက္ေလသည္

Manobanကေတာ့ သူ႕ကားေမာင္း skillကို ျပေနစဥ္ Minoကေတာ့ Chaeyoung မ်က္လုံးနဲ႕ လက္ကို စည္းထားတာေတြ ေျဖေပးေနသည္

Chaeyoungမွာ မ်က္လုံးဖြင့္ဖြင့္ခ်င္း Minoနဲ႕ Manoban ကိုေတြ႕ေတာ့ ငိုေလသည္

"ရႉး မငိုနဲ႕ေတာ့ေနာ္ ငါတို႔ မင္းကို ကယ္လာတာ "

"Manobanရဲ႕ ငါတကယ္ နင္နဲ႕ေဝးရၿပီထင္ေနတာ.....ငါ တကယ္ေၾကာက္ေနခဲ့တာသိလား "

Manoban ကားအျမန္ေမာင္းရင္း Chaeyoungကို လွည့္ၾကည့္ကာ

"မငိုပါနဲ႕ Chaeရ....မင္း ဘယ္ကိုေရာက္ေရာက္ ကိုယ္ ေျမလွန္ရွာမွာမို႔ ဘယ္ေတာ့မွ မေဝးေစရဘူး သိလား "

"Manoban ေနာက္မွ အလြမ္းသယ္ ကားကိုေသခ်ာဂ႐ုစိုက္ေမာင္း အေနာက္က ကားက မွီလာၿပီ ...ဘယ္ဘက္ေကြ႕လိုက္...ေစ်းရွိတယ္ လူရႈပ္ေတာ့ သူတို႔ လိုက္နိုင္မယ္မထင္ဘူး.... "

Mino ေျပာတဲ့အတိုင္း ဘယ္ဘက္ကို ေကြ႕ေတာ့ လူရႈပ္ေနတဲ့ ေစ်းဘက္ေရာက္သြားတယ္..."

ေစ်းဆိုင္ေတြၾကားထဲ Manoban ၿပိဳင္ကားေမာင္းသလိုေမာင္းၿပီး ပစၥည္းတစ္ခ်ိဳ႕ကိုလည္း ဝင္တိုက္သြားသည္

Manoboan skillေၾကာင့္ အေနာက္က ကားမွာ ပစၥည္းေတြနဲ႕ ပိတ္သြားၿပီး သူတို႔ေနာက္ကို မလိုက္နိုင္ေတာ့ေပ

"ဟူး လြတ္လာၿပီ ဘယ္ဆက္ေမာင္းရမလည္း "

Manoban သက္ျပင္းခ်ၿပီး Minoကို ေမးလိုက္သည္

"ငါ့အိမ္ကို သြားလိုက္..... Inseo ေလးလည္း ေဆး႐ုံကဆင္းလာၿပီလို႔ သတင္းၾကားတယ္ အိမ္ကိုသာေမာင္းလိုက္..."

Mino လိပ္စာေပးေတာ့ Manoban ေခါင္းညိတ္ၿပီး ဆက္ေမာင္းလိုက္သည္

"နယူးဇီလန္မွာ အေနၾကာတဲ့ ဆရာဝန္က korea ကားလမ္းေတြကို မွတ္မိေနေတာ့ မင္း ေတာ္ေတာ္ဥာဏ္ေကာင္းတာဘဲ Manoban... "

"အာ....အင္း ဟုတ္တယ္ အရင္က ငါ Korea မွာ ေဆးေက်ာင္းတက္ဖူးတယ္ေလ ဒီလမ္းေတြ ငါသြားေနၾကဆိုေတာ့ မွတ္မိေနတာ "

Manoban ေျပာေတာ့ Mino ေခါင္းညိတ္လိုက္သည္

Knock knock

႐ုတ္တရက္ အိမ္တံခါးေခါက္သံေၾကာင့္ Aeri လန့္သြားတယ္......Chaenyeolဆို အိမ္တံခါးမေခါက္ဘဲ သူ႕ဆီမွာရွိတဲ့ ေသာ့အပိုနဲ႕ အၿမဲ ဖြင့္ဝင္လာခဲ့တာေလ အခုတံခါးေခါက္ေတာ့ Inseoကို သူမအခန္းထဲ ပုန္းေနဖို႔ အခ်က္ျပလိုက္တယ္

Inseoလည္း Tv ပိတ္ၿပီး သူမ အခန္းထဲ ဝင္ပုန္းလိုက္သည္

Mino တံခါးဖြင့္လာေတာ့ သူ႕ညီမ ထင္ၿပီး ဖက္ဖို႔လုပ္ေပမယ့္ တစ္ျခားမိန္းကေလးကို ျမင္ရေတာ့ ခ်က္ခ်င္း Aeriရဲ႕လည္ပင္းကို ညွစ္လိုက္သည္

"မင္း ဘယ္သူလည္း Inseo ဘယ္မွာလည္း "

Inseoလည္း အခန္းထဲက ေခ်ာင္းၾကည့္ေနရင္း သူ႕အကိုအသံေၾကာင့္ အခန္းထဲက ေျပးထြက္လာသည္

"Oppa. .."

"Inseoေလး..."

Minoမွာ Aeri လည္ပင္း ညွစ္ထားရာကလႊတ္ၿပီး သူ႕ဆီေျပးလာတဲ့ သူ႕ညီမကို ဖက္လိုက္သည္

********

Aeriမွာ Inseoနဲ႕အတူရွိရျခင္း အေၾကာင္းကို ေသခ်ာရွင္းျပၿပီးေနာက္ Mino နားလည္သေဘာေပါက္သြားၿပီး သူရဲ႕ ရိုင္းစိုင္းတဲ့ အျပဳအမူကို ေတာင္းပန္လိုက္သည္

"ခုန ကြၽန္ေတာ့္ အျပဳအမူေၾကာင့္ လန့္သြားရင္ ေတာင္းပန္ပါတယ္ "

"ရပါတယ္.... "

"ဒါနဲ႕ Chae အကိုေရာ ေန႕တိုင္း ဒီကို လာလားဟင္ "

"ေန႕တိုင္းေတာ့ မလာဘူး...."

"Aeri. .."

သူမတို႔ စကားဝိုင္းထဲ ႐ုတ္တရက္ေရာက္လာတဲ့ အသံၾသၾသတစ္သံေၾကာင့္ Chaeyoung တို႔ စကားျပတ္သြားသည္

Suti ဝတ္စုံနဲ႕ အမ်ိဳးသားမွာ အိမ္ထဲ ဝင္ဝင္ခ်င္း shockရသြားတယ္

Chaeyoungမွာ မတ္တပ္ထရပ္ၿပီး သူမ အကိုကို ၾကည့္ရင္း မ်က္ရည္ေတြဝဲလာသည္

Chanyeolမွာလည္း သူ႕ေရွ႕မွာ ရပ္ေနတဲ့ သုံးႏွစ္ေလာက္ မေတြ႕ခဲ့ရတဲ့ ညီမေလးကို ၾကည့္ၿပီး ပါးစပ္အေဟာင္းသား ျဖစ္ေနသည္

"Youngie. .."

Chanyeol မငိုမိေအာင္ ႏႈတ္ခမ္းကို ဖိကိုက္ထားေသာ္လည္း အသံေတြတုန္ေနသည့္အျပင္ မ်က္ရည္က က်လာသည္

"ဟုတ္ပါတယ္ Chae ပါ...Park Chaeyoungပါ..."

Chanyeol သူ႕ညီမဆီ ေလွ်ာက္လာၿပီး ေပြ႕ဖက္လိုက္သည္

"Youngie ေလး "

"Oppa "

Chaeyoung သူမအကိုကို ဖက္ၿပီး ငိုလိုက္သည္

Manobanနဲ႕ Minoမွာ ေမာင္ႏွမႏွစ္ေယာက္ ျပန္လည္ေတြ႕ဆုံေရးကို ၾကည့္ၿပီး သူတို႔ပါ မ်က္ရည္ဝဲေနသည္

#Tbc

Manoban ကို ဘယ္လိုထင္ၾကလည္းဗ်ာ့ ....ကြၽန္ေတာ္ အပိုင္းတိုင္းမွာ သူ႕ပုံစံေလး ျဖည္းျဖည္းခ်င္း ေဖာ္ေရးထားေပမယ့္ သတိထားမိၾကလားမသိဘူး😁 သတိမထားမိရင္ေတာ့ ကြၽန္ေတာ့္အေရးအသားလိုသြားလို႔ ျဖစ္မယ္ 😁 ထပ္ႀကိဳးစားပါမယ္ဗ်ာ့

#tbc

Bạn đang đọc truyện trên: Truyen3h.Co