Part 17
#Unicode
Chaeyoung မှာ Aeriနဲ့ ဟင်းအတူချက်နေစဥ် Minoကတော့ သူ့ညီမနဲ့အတူ အသီးအနှံတွေ သွားဝယ်နေသည်
Manobanကတော့ သူ့အခန်းထဲတွင် နယူးဇီလန်က သူ့သူငယ်ချင်း Liamတို့ကို ဆက်သွယ်ဖို့ ကြိုးစားနေသည်
"ဒါဆို အမတို့ နှစ်ယောက်က ဘယ်လိုတွေ့ကြတာလည်း "
Chaeyoung မှာ ခရမ်းချဥ်သီး လှီးရင်း Aeriကို မေးလိုက်သည်
"အမက သူ့ရဲ့ လက်အောက်ကလေ သူက အမကို အလုပ်နဲ့ပတ်သက်တာတွေ တော်တော် ကူညီပေးရှာတယ်.....အဲ့လို လက်အောက်ငယ်သားတွေကို ဂရုစိုက်ပေးလို့ အလုပ်မှာဆို သူ့ကိုလေးစားပြီး ချစ်တဲ့သူတွေ အများကြီးဘဲ "
"အင်းပါ... အခုရော အမ ဘာတွေ လုပ်ဖို့ စိတ်ကူးထားလည်း "
"အင်း အခြေအနေတွေ တည်ငြိမ်သွားရင်တော့ အမ မွေးရပ်မြေကို ပြန်သွားပြီး အေးဆေးနေချင်တယ်"
"တည်ငြိမ်သွားတော့မှာပါ အမ....Chae ကတိပေးတယ် "
"Chaeရဲ့ အကိုက Chae အကြောင်းတွေ အမကိုပြောပြထားတယ် Chaeက တကယ် သတ္တိရှိတယ်နော် "
"အာ အဲ့လိုမဟုတ်ပါဘူး Chae က လုပ်သင့်တဲ့အရာလုပ်တာပါ အမအတွက်ရော Chae အတွက်ရော တစ်ခြားအမျိုးသမီးတွေ အတွက်ရော....အမျိူးသမီးတွေဆိုတာ အားနည်းတယ်ဆိုပြီး သူတို့ကစားချင်တိုင်း ကစားလို့မရဘူးဆိုတာ ပြချင်တာ "
Aeriမှာ Chaeyoung က သူမထက် ပိုရင့်ကျက်နေလို့ အံ့သြနေမိသည်
ထိုစဥ် မီးဖိုခန်းထဲ Manoban ဝင်လာသည်
"Manoban... မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လို့လည်း "
Chaeyoungမှာ သူ့ချစ်သူ မျက်နှာမကောင်းနေတာကို သတိထားမိပြီး မေးလိုက်သည်
"အခုထိ သူတို့ကို ဆက်သွယ်လို့မရဘူး "
Manoban သက်ပြင်းချပြီး ရေခဲသေတ္တာထဲက ရေဘူးထုတ်ယူလိုက်သည်
"ဘယ်သူတွေကို ဆက်သွယ်လို့မရတာလည်း "
"နယူးဇီလန်က သူ့သူငယ်ချင်းတွေပါ Aeri. ...Manoban စိတ်မပူပါနဲ့ Oppaကို ဆက်သွယ်ခိုင်းကြည့်မယ်လေ "
ထိုစဥ် Bellသံကြားသောကြောင့် Aeriမှာ Minoတို့ ပြန်လာပြီထင်ပြီး တံခါးသွားဖွင့်ပေးလေသည်
သို့သော်လည်း တံခါးဖွင့်လိုက်တော့ Minoတို့ မဟုတ်ဘဲ မျက်နှာဖုံးတွေတပ်ထားတဲ့ လူအုပ်စုကို မြင်တော့ Aeri အော်ဖို့ ကြိုးစားလေသည်
သို့သော် မျက်နှာဖုံးအနီနဲ့ တစ်ယောက်က Aeriကို ဖြတ်ရိုက်လိုက်သည်
Manoban အခြေအနေကိုသိပြီး ချက်ချင်း သူမ ခါးကြားထဲ ထည့်ထားတဲ့ သေနတ်ကို အမြန်ထုတ်လိုက်သည်
Manoban အိမ်ထဲ ဝင်လာတဲ့သူတွေကို သေနတ်နဲ့ချိန်ထားပေမယ့် အင်အားချင်းက မမျှပေ
"လက်နက်ချလိုက်ပါ...... "
မျက်နှာဖုံးအနီနဲ့ တစ်ယောက်က အမိန့်ပေးပေမယ့် Manobanက လက်ထဲက သေနတ်ကိုမချသလို Chaeyoungကလည်း ခရမ်းချဥ်သီး လှီးနေတဲ့ ဓားကို မချဘဲ ချသင့်မချသင့် တွေးနေသည်
သို့သော် Chaeyoung နဖူးတွင် အနီရောင် spotကို မြင်တော့ Manoban ပြတင်းပေါက် အပြင်ကို ကြည့်တော့ အပြင်ဘက်တွင်လည်း သူမတို့ကို သေနတ်နဲ့ ချိန်ထားတဲ့သူတွေကို တွေ့ရသည်
Manobanလည်း ရွေးချယ်စရာမရှိတာနဲ့ လက်ထဲက သေနတ်ကို ချလိုက်သည်
Manoban တစ်ကိုယ်လုံး အနီရောင် spotတွေကို မြင်ရတော့ Chaeyoung လည်း လက်ထဲက ဓါးကို ချလိုက်သည်
Minoနဲ့ Inseo အသီးအနှံတွေ ဝယ်ပြီး အိမ်ပြန်လာတုံး သူတို့အိမ်ရှေ့တွင် ကားသုံးစီး ရပ်ထားတာ မြင်ပြီး Inseoကို သစ်ပင်နဲ့ကွယ်ကာ ပုန်းခိုင်းလိုက်သည်
သစ်ပင်အကွယ်ကနေ ကြည့်နေတုံး Aeriကို အမျိုးသား နှစ်ဦးက ကားတစ်စီးထဲ ထည့်ခေါ်သွားပြီး Manobanကိုလည်း ကားတစ်စီးထဲ ထည့်ပြီး မတူညီတဲ့ လမ်းဘက်ခေါ်သွားသည်
Chaeyoungကိုလည်း ထို့အတူပင်.....
Mino အံကြိတ်ပြီး
"Inseo. ...အခန်းထဲ လော့သေချာချပုန်းနေနော် "
"ဟုတ် "
Mino သူ့ကားပေါ်တက်ပြီး Manobanကို ခေါ်သွားတဲ့ ကားနောက်လိုက်သွားတယ်
Chanyeol အိပ်ရာက နိုးလာတော့ ခေါင်းတွေအသေကိုက်နေသည်
"အား ကျွတ် ကျွတ်.....ခေါင်းကိုက်လိုက်တာ"
Chanyeol ခေါင်းကိုက်ရခြင်း တရားခံက သူ့အဖေမှန်းသိသည် မနေ့က သူသောက်တဲ့ နွားနို့ထဲ တစ်ခုခုထည့်ထားမှန်း Chanyeol သဘောပေါက်သွားတယ်
"Good morning သားလေး "
Chanyeol မှာ မဲ့ပြုံးပြုံးပြီး သူ့အခန်းထဲ ဝင်လာတဲ့ Mr. Parkကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်
"နေလို့ထိုင်လို့ကောင်းရဲ့လား သားသားလေး "
"ခင်ဗျား ဘာလုပ်ထားပြန်ပြီလည်း "
Mr. Parkမှာ မကောင်းဆိုးဝါး တစ်ယောက်လို ရယ်ပြီး
"ငါ့သမီးလေးနဲ့ ငါ ပြန်တွေ့မယ့် အစီအစဉ်ကို မဖျက်စီးစေချင်လို့ပါ "
"ဘယ်လို "
"ငတုံးကောင်လေး ငါက မင်းနောက်ကို ငါ့လူတွေ လွှတ်ထားတယ်လေ ....ဟားဟားဟား "
Mr. Park စကားကြောင့် Chanyeol ကုတင်ပေါ်က ဆင်းပြီး Mr. Parkဆီ သွားပေမယ့် မသွားနိုင် ယိုင်တိုင်တိုင်နဲ့ ဖြစ်နေသည်
"ကျွတ် ကျွတ် ကျွတ်....ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်ပါအုံး Park Chanyeolရ ....Park Chaeyoungကသာ သူ့အကိုက ဆေးစွဲနေတဲ့ မကောင်းဆိုးဝါးဆိုတာ သိရင် ဘာဆက်ဖြစ်မလည်း "
"ခင်ဗျား.... ဘာဆေးတွေခပ်ခဲ့တာလည်း...."
"မကောင်းဆိုးဝါး အဖြစ် အာ စိတ်က ကြမ်းတမ်းတဲ့ မကောင်းဆိုးဝါး အဖြစ် ပြောင်းသွားနိုင်အောင် ငါက တခြားဆေးတွေပါ ပေါင်းထည့်လိုက်တာ.... အခု မင်း မကောင်းဆိုးဝါး ဖြစ်ပြီး ငါ ဖျက်စီးခိုင်းတဲ့အရာအားလုံးကို မင်း ဖျက်စီးပေးရတော့မယ် "
"မလုပ်နိုင်ဘူး အဲ့အစား ကျုပ်ကိုသာ သတ်လိုက်ပါ..."
"အို မသတ်ရက်ပါဘူး မင်းနဲ့ Park Chaeyoung တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်တာလေး မြင်ချင်တာကို ဘာလို့ သတ်ရမှာလည်း ......ကဲ ညီမဖြစ်သူကို သတ်ဖို့အတွက် အားမွေးထားအုံးနော် "
Mr.Park ပြောပြီး Chanyeol အခန်းထဲက ထွက်သွားတယ်
Chanyeol မှန်ကို ကြည့်တော့ ဆေးအရှိန်ကြောင့် သူတစ်ကိုယ်လုံးအကြောတွေက ထောင်နေပြီး မကောင်းဆိုးဝါး တစ်ကောင်လို ဖြစ်လာတာကို တွေ့ရသည်
Chaeyoung သတိရလာတော့ သူမ ရင်းနှီးတဲ့ အခန်းထဲ ရောက်နေတာကို သတိထားမိသည်
သူမ အိမ်ကို ပြန်ရောက်နေတာဘဲ မဟုတ်သေးဘူး ငရဲကို ပြန်ရောက်နေတာဘဲ
Chaeyoung ထွက်ပြေးဖို့ တံခါးဖွင့်ပေမယ့် အပြင်က သော့ခတ်ထားသောကြောင့် ဖွင့်မရပေ
"တံခါးဖွင့်ပေးပါ...."
Chaeyoung အော်ပြီး တံခါးကို ထုလိုက်သည်
"နေအုံး Manoban ရော...Manoban ဘယ်မှာလည်း "
သူမနဲ့အတူ ဖမ်းခံရတဲ့ Manoban ကို အခန်းထဲ မတွေ့သောကြောင့် Chaeyoung ပိုပြီး စိတ်ပူသွားတယ်
ခဏကြာတော့ တံခါးပွင့်လာပြီး သူမရဲ့ အဖေဖြစ်သူက သူမကို အပြုံးတုလေးနဲ့ နှုတ်ဆက်သည်
"ငါ့သမီးလေး Park Chaeyoung. ....Welcome backပါကွယ် "
Mr. Parkမှာ သူ့သမီးကို ဖက်ဖို့လာပေမယ့် Chaeyoung ကတော့ သူ့အဖေကို တွန်းလွှတ်ပြီး ထွက်ပြေးဖို့ ကြိုးစားတယ်
သို့သော် တံခါးပေါက်ရှေ့ ရပ်စောင့်နေတဲ့ Mr. Park တပည့်တွေက Chaeyoung ကို ဝိုင်းချုပ်ထားသည်
"ကျစ်.... အဖေဖြစ်သူက နှုတ်ဆက်ရင် တလေးတစား ပြန်နှုတ်ဆက်လေ Park Chaeyoung "
"ဆုတောင်းလေ "
Chaeyoung အော်လိုက်တော့ Mr. Parkက Chaeyoung ကို ပါးရိုက်လိုက်သည်
"အဖေ ဖြစ်သူကို မရိုင်းနဲ့ ကောင်မ ..အဲ့ကောင်မကို အခန်းထဲသော့ပိတ်ထားလိုက် "
"Manobanရော ဘယ်မှာလည်း ရှင် သူ့ကို ဘာလုပ်လိုက်လည်း "
"မင်းသာ ငါ့စကားသေချာနားထောင်ရင် Manoban အသက်ရှင်နိုင်တယ် Park Chaeyoung "
Mr. Parkရဲ့ ကုန်လှောင်ရုံတွင်.....ကြာပွတ်နဲ့ ရိုက်သံတွေဟာ ဆူညံနေသည်
Manoban လက်နှစ်ဖက်ကို သံကြိုးနဲ
တိုင်မှာ ချည်ထားပြီး Mr.Park တပည့်တွေက ကြာပွတ်နဲ့ ရိုက်နေခြင်းဖြစ်သည်
Manoban အဝတ်အစားတွေမှာ စုတ်ပြတ်ပြီး သွေးတွေက စိုရွှဲနေသေးသည်
"Lalisa Manoban.... Lalisa Manoban.... ဘယ်အချိန်မှ မင်း အရှုံးပေးပြီး ဝန်ခံမလည်း ....ဘာလို့ ငါတို့ ship တစ်စီးကို ခိုးရတာလည်း....ခပ်ပြင်းပြင်း ရိုက်စမ်း"
Mr. Parkရဲ့ လူယုံတော် Jung Minက သူ့တပည့်တွေကို ကြာပွတ်နဲ့ ရိုက်ဖို့ အမိန့်ပေးလိုက်သည်
"သေရင်တောင် ဝန်မခံဘူး....စောက်ရူး "
Manoban ပြောတော့ Jung Min စိတ်တိုပြီး သူ့တပည့်လက်ထဲက ကြာပွတ်ကို ယူကာ Manobanကို ရိုက်လိုက်သည်
Jung Min မှာ ရိုက်လို့ အားရတော့ သူ့တပည့်ကို ကြာပွတ်ပြန်ပေးလိုက်သည်
"သူ့ ID အစစ်အမှန်ကို ဝန်မခံမချင်း ရိုက်နေ "
Jung Minတို့မှာ သူတို့ကို မလှမ်းမကမ်းကနေ လူတစ်ယောက်က ချောင်းကြည့်နေတာကို မသိဘဲ Manobanကိုသာ နှိပ်စက်နေသည်
Jung Min နှိပ်စက်လို့ အားရတော့ Manobanကို သူ့တပည့်လေးယောက်နဲ့ ထားခဲ့ပြီး ထွက်သွားသည်
ထိုအခါ မလှမ်းမကမ်းက ကြည့်နေတဲ့ Minoမှာ ကုန်လှောင်ရုံရှေ့က အစောင့်လေးယောက်ကို အလစ်ဝင်တိုက်ပြီး သတိမေ့နေတဲ့ Manoban ကို ကြိုးဖြေပေးပြီး ပွေ့ချီကာ ကယ်သွားလေသည်
#TBC
#Zawgyi
Chaeyoung မွာ Aeriနဲ႕ ဟင္းအတူခ်က္ေနစဥ္ Minoကေတာ့ သူ႕ညီမနဲ႕အတူ အသီးအႏွံေတြ သြားဝယ္ေနသည္
Manobanကေတာ့ သူ႕အခန္းထဲတြင္ နယူးဇီလန္က သူ႕သူငယ္ခ်င္း Liamတို႔ကို ဆက္သြယ္ဖို႔ ႀကိဳးစားေနသည္
"ဒါဆို အမတို႔ ႏွစ္ေယာက္က ဘယ္လိုေတြ႕ၾကတာလည္း "
Chaeyoung မွာ ခရမ္းခ်ဥ္သီး လွီးရင္း Aeriကို ေမးလိုက္သည္
"အမက သူ႕ရဲ႕ လက္ေအာက္ကေလ သူက အမကို အလုပ္နဲ႕ပတ္သက္တာေတြ ေတာ္ေတာ္ ကူညီေပးရွာတယ္.....အဲ့လို လက္ေအာက္ငယ္သားေတြကို ဂ႐ုစိုက္ေပးလို႔ အလုပ္မွာဆို သူ႕ကိုေလးစားၿပီး ခ်စ္တဲ့သူေတြ အမ်ားႀကီးဘဲ "
"အင္းပါ... အခုေရာ အမ ဘာေတြ လုပ္ဖို႔ စိတ္ကူးထားလည္း "
"အင္း အေျခအေနေတြ တည္ၿငိမ္သြားရင္ေတာ့ အမ ေမြးရပ္ေျမကို ျပန္သြားၿပီး ေအးေဆးေနခ်င္တယ္"
"တည္ၿငိမ္သြားေတာ့မွာပါ အမ....Chae ကတိေပးတယ္ "
"Chaeရဲ႕ အကိုက Chae အေၾကာင္းေတြ အမကိုေျပာျပထားတယ္ Chaeက တကယ္ သတၱိရွိတယ္ေနာ္ "
"အာ အဲ့လိုမဟုတ္ပါဘူး Chae က လုပ္သင့္တဲ့အရာလုပ္တာပါ အမအတြက္ေရာ Chae အတြက္ေရာ တစ္ျခားအမ်ိဳးသမီးေတြ အတြက္ေရာ....အမ်ိဴးသမီးေတြဆိုတာ အားနည္းတယ္ဆိုၿပီး သူတို႔ကစားခ်င္တိုင္း ကစားလို႔မရဘူးဆိုတာ ျပခ်င္တာ "
Aeriမွာ Chaeyoung က သူမထက္ ပိုရင့္က်က္ေနလို႔ အံ့ၾသေနမိသည္
ထိုစဥ္ မီးဖိုခန္းထဲ Manoban ဝင္လာသည္
"Manoban... မ်က္ႏွာလည္း မေကာင္းပါလား ဘာျဖစ္လို႔လည္း "
Chaeyoungမွာ သူ႕ခ်စ္သူ မ်က္ႏွာမေကာင္းေနတာကို သတိထားမိၿပီး ေမးလိုက္သည္
"အခုထိ သူတို႔ကို ဆက္သြယ္လို႔မရဘူး "
Manoban သက္ျပင္းခ်ၿပီး ေရခဲေသတၱာထဲက ေရဘူးထုတ္ယူလိုက္သည္
"ဘယ္သူေတြကို ဆက္သြယ္လို႔မရတာလည္း "
"နယူးဇီလန္က သူ႕သူငယ္ခ်င္းေတြပါ Aeri. ...Manoban စိတ္မပူပါနဲ႕ Oppaကို ဆက္သြယ္ခိုင္းၾကည့္မယ္ေလ "
ထိုစဥ္ Bellသံၾကားေသာေၾကာင့္ Aeriမွာ Minoတို႔ ျပန္လာၿပီထင္ၿပီး တံခါးသြားဖြင့္ေပးေလသည္
သို႔ေသာ္လည္း တံခါးဖြင့္လိုက္ေတာ့ Minoတို႔ မဟုတ္ဘဲ မ်က္ႏွာဖုံးေတြတပ္ထားတဲ့ လူအုပ္စုကို ျမင္ေတာ့ Aeri ေအာ္ဖို႔ ႀကိဳးစားေလသည္
သို႔ေသာ္ မ်က္ႏွာဖုံးအနီနဲ႕ တစ္ေယာက္က Aeriကို ျဖတ္ရိုက္လိုက္သည္
Manoban အေျခအေနကိုသိၿပီး ခ်က္ခ်င္း သူမ ခါးၾကားထဲ ထည့္ထားတဲ့ ေသနတ္ကို အျမန္ထုတ္လိုက္သည္
Manoban အိမ္ထဲ ဝင္လာတဲ့သူေတြကို ေသနတ္နဲ႕ခ်ိန္ထားေပမယ့္ အင္အားခ်င္းက မမွ်ေပ
"လက္နက္ခ်လိဳက္ပါ...... "
မ်က္ႏွာဖုံးအနီနဲ႕ တစ္ေယာက္က အမိန့္ေပးေပမယ့္ Manobanက လက္ထဲက ေသနတ္ကိုမခ်သလို Chaeyoungကလည္း ခရမ္းခ်ဥ္သီး လွီးေနတဲ့ ဓားကို မခ်ဘဲ ခ်သင့္မခ်သင့္ ေတြးေနသည္
သို႔ေသာ္ Chaeyoung နဖူးတြင္ အနီေရာင္ spotကို ျမင္ေတာ့ Manoban ျပတင္းေပါက္ အျပင္ကို ၾကည့္ေတာ့ အျပင္ဘက္တြင္လည္း သူမတို႔ကို ေသနတ္နဲ႕ ခ်ိန္ထားတဲ့သူေတြကို ေတြ႕ရသည္
Manobanလည္း ေ႐ြးခ်ယ္စရာမရွိတာနဲ႕ လက္ထဲက ေသနတ္ကို ခ်လိဳက္သည္
Manoban တစ္ကိုယ္လုံး အနီေရာင္ spotေတြကို ျမင္ရေတာ့ Chaeyoung လည္း လက္ထဲက ဓါးကို ခ်လိဳက္သည္
Minoနဲ႕ Inseo အသီးအႏွံေတြ ဝယ္ၿပီး အိမ္ျပန္လာတုံး သူတို႔အိမ္ေရွ႕တြင္ ကားသုံးစီး ရပ္ထားတာ ျမင္ၿပီး Inseoကို သစ္ပင္နဲ႕ကြယ္ကာ ပုန္းခိုင္းလိုက္သည္
သစ္ပင္အကြယ္ကေန ၾကည့္ေနတုံး Aeriကို အမ်ိဳးသား ႏွစ္ဦးက ကားတစ္စီးထဲ ထည့္ေခၚသြားၿပီး Manobanကိုလည္း ကားတစ္စီးထဲ ထည့္ၿပီး မတူညီတဲ့ လမ္းဘက္ေခၚသြားသည္
Chaeyoungကိုလည္း ထို႔အတူပင္.....
Mino အံႀကိတ္ၿပီး
"Inseo. ...အခန္းထဲ ေလာ့ေသခ်ာခ်ပဳန္းေနေနာ္ "
"ဟုတ္ "
Mino သူ႕ကားေပၚတက္ၿပီး Manobanကို ေခၚသြားတဲ့ ကားေနာက္လိုက္သြားတယ္
Chanyeol အိပ္ရာက နိုးလာေတာ့ ေခါင္းေတြအေသကိုက္ေနသည္
"အား ကြၽတ္ ကြၽတ္.....ေခါင္းကိုက္လိုက္တာ"
Chanyeol ေခါင္းကိုက္ရျခင္း တရားခံက သူ႕အေဖမွန္းသိသည္ မေန႕က သူေသာက္တဲ့ ႏြားနို႔ထဲ တစ္ခုခုထည့္ထားမွန္း Chanyeol သေဘာေပါက္သြားတယ္
"Good morning သားေလး "
Chanyeol မွာ မဲ့ၿပဳံးၿပဳံးၿပီး သူ႕အခန္းထဲ ဝင္လာတဲ့ Mr. Parkကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနသည္
"ေနလို႔ထိုင္လို႔ေကာင္းရဲ႕လား သားသားေလး "
"ခင္ဗ်ား ဘာလုပ္ထားျပန္ၿပီလည္း "
Mr. Parkမွာ မေကာင္းဆိုးဝါး တစ္ေယာက္လို ရယ္ၿပီး
"ငါ့သမီးေလးနဲ႕ ငါ ျပန္ေတြ႕မယ့္ အစီအစဥ္ကို မဖ်က္စီးေစခ်င္လို႔ပါ "
"ဘယ္လို "
"ငတုံးေကာင္ေလး ငါက မင္းေနာက္ကို ငါ့လူေတြ လႊတ္ထားတယ္ေလ ....ဟားဟားဟား "
Mr. Park စကားေၾကာင့္ Chanyeol ကုတင္ေပၚက ဆင္းၿပီး Mr. Parkဆီ သြားေပမယ့္ မသြားနိုင္ ယိုင္တိုင္တိုင္နဲ႕ ျဖစ္ေနသည္
"ကြၽတ္ ကြၽတ္ ကြၽတ္....ကိုယ့္ကိုကိုယ္လည္း ျပန္ၾကည့္ပါအုံး Park Chanyeolရ ....Park Chaeyoungကသာ သူ႕အကိုက ေဆးစြဲေနတဲ့ မေကာင္းဆိုးဝါးဆိုတာ သိရင္ ဘာဆက္ျဖစ္မလည္း "
"ခင္ဗ်ား.... ဘာေဆးေတြခပ္ခဲ့တာလည္း...."
"မေကာင္းဆိုးဝါး အျဖစ္ အာ စိတ္က ၾကမ္းတမ္းတဲ့ မေကာင္းဆိုးဝါး အျဖစ္ ေျပာင္းသြားနိုင္ေအာင္ ငါက တျခားေဆးေတြပါ ေပါင္းထည့္လိုက္တာ.... အခု မင္း မေကာင္းဆိုးဝါး ျဖစ္ၿပီး ငါ ဖ်က္စီးခိုင္းတဲ့အရာအားလုံးကို မင္း ဖ်က္စီးေပးရေတာ့မယ္ "
"မလုပ္နိုင္ဘူး အဲ့အစား က်ဳပ္ကိုသာ သတ္လိုက္ပါ..."
"အို မသတ္ရက္ပါဘူး မင္းနဲ႕ Park Chaeyoung တစ္ေယာက္ကို တစ္ေယာက္ တိုက္ခိုက္တာေလး ျမင္ခ်င္တာကို ဘာလို႔ သတ္ရမွာလည္း ......ကဲ ညီမျဖစ္သူကို သတ္ဖို႔အတြက္ အားေမြးထားအုံးေနာ္ "
Mr.Park ေျပာၿပီး Chanyeol အခန္းထဲက ထြက္သြားတယ္
Chanyeol မွန္ကို ၾကည့္ေတာ့ ေဆးအရွိန္ေၾကာင့္ သူတစ္ကိုယ္လုံးအေၾကာေတြက ေထာင္ေနၿပီး မေကာင္းဆိုးဝါး တစ္ေကာင္လို ျဖစ္လာတာကို ေတြ႕ရသည္
Chaeyoung သတိရလာေတာ့ သူမ ရင္းႏွီးတဲ့ အခန္းထဲ ေရာက္ေနတာကို သတိထားမိသည္
သူမ အိမ္ကို ျပန္ေရာက္ေနတာဘဲ မဟုတ္ေသးဘူး ငရဲကို ျပန္ေရာက္ေနတာဘဲ
Chaeyoung ထြက္ေျပးဖို႔ တံခါးဖြင့္ေပမယ့္ အျပင္က ေသာ့ခတ္ထားေသာေၾကာင့္ ဖြင့္မရေပ
"တံခါးဖြင့္ေပးပါ...."
Chaeyoung ေအာ္ၿပီး တံခါးကို ထုလိုက္သည္
"ေနအုံး Manoban ေရာ...Manoban ဘယ္မွာလည္း "
သူမနဲ႕အတူ ဖမ္းခံရတဲ့ Manoban ကို အခန္းထဲ မေတြ႕ေသာေၾကာင့္ Chaeyoung ပိုၿပီး စိတ္ပူသြားတယ္
ခဏၾကာေတာ့ တံခါးပြင့္လာၿပီး သူမရဲ႕ အေဖျဖစ္သူက သူမကို အၿပဳံးတုေလးနဲ႕ ႏႈတ္ဆက္သည္
"ငါ့သမီးေလး Park Chaeyoung. ....Welcome backပါကြယ္ "
Mr. Parkမွာ သူ႕သမီးကို ဖက္ဖို႔လာေပမယ့္ Chaeyoung ကေတာ့ သူ႕အေဖကို တြန္းလႊတ္ၿပီး ထြက္ေျပးဖို႔ ႀကိဳးစားတယ္
သို႔ေသာ္ တံခါးေပါက္ေရွ႕ ရပ္ေစာင့္ေနတဲ့ Mr. Park တပည့္ေတြက Chaeyoung ကို ဝိုင္းခ်ဳပ္ထားသည္
"က်စ္.... အေဖျဖစ္သူက ႏႈတ္ဆက္ရင္ တေလးတစား ျပန္ႏႈတ္ဆက္ေလ Park Chaeyoung "
"ဆုေတာင္းေလ "
Chaeyoung ေအာ္လိုက္ေတာ့ Mr. Parkက Chaeyoung ကို ပါးရိုက္လိုက္သည္
"အေဖ ျဖစ္သူကို မရိုင္းနဲ႕ ေကာင္မ ..အဲ့ေကာင္မကို အခန္းထဲေသာ့ပိတ္ထားလိုက္ "
"Manobanေရာ ဘယ္မွာလည္း ရွင္ သူ႕ကို ဘာလုပ္လိုက္လည္း "
"မင္းသာ ငါ့စကားေသခ်ာနားေထာင္ရင္ Manoban အသက္ရွင္နိုင္တယ္ Park Chaeyoung "
Mr. Parkရဲ႕ ကုန္ေလွာင္႐ုံတြင္.....ၾကာပြတ္နဲ႕ ရိုက္သံေတြဟာ ဆူညံေနသည္
Manoban လက္ႏွစ္ဖက္ကို သံႀကိဳးနဲ
တိုင္မွာ ခ်ည္ထားၿပီး Mr.Park တပည့္ေတြက ၾကာပြတ္နဲ႕ ရိုက္ေနျခင္းျဖစ္သည္
Manoban အဝတ္အစားေတြမွာ စုတ္ျပတ္ၿပီး ေသြးေတြက စို႐ႊဲေနေသးသည္
"Lalisa Manoban.... Lalisa Manoban.... ဘယ္အခ်ိန္မွ မင္း အရႈံးေပးၿပီး ဝန္ခံမလည္း ....ဘာလို႔ ငါတို႔ ship တစ္စီးကို ခိုးရတာလည္း....ခပ္ျပင္းျပင္း ရိုက္စမ္း"
Mr. Parkရဲ႕ လူယုံေတာ္ Jung Minက သူ႕တပည့္ေတြကို ၾကာပြတ္နဲ႕ ရိုက္ဖို႔ အမိန့္ေပးလိုက္သည္
"ေသရင္ေတာင္ ဝန္မခံဘူး....ေစာက္႐ူး "
Manoban ေျပာေတာ့ Jung Min စိတ္တိုၿပီး သူ႕တပည့္လက္ထဲက ၾကာပြတ္ကို ယူကာ Manobanကို ရိုက္လိုက္သည္
Jung Min မွာ ရိုက္လို႔ အားရေတာ့ သူ႕တပည့္ကို ၾကာပြတ္ျပန္ေပးလိုက္သည္
"သူ႕ ID အစစ္အမွန္ကို ဝန္မခံမခ်င္း ရိုက္ေန "
Jung Minတို႔မွာ သူတို႔ကို မလွမ္းမကမ္းကေန လူတစ္ေယာက္က ေခ်ာင္းၾကည့္ေနတာကို မသိဘဲ Manobanကိုသာ ႏွိပ္စက္ေနသည္
Jung Min ႏွိပ္စက္လို႔ အားရေတာ့ Manobanကို သူ႕တပည့္ေလးေယာက္နဲ႕ ထားခဲ့ၿပီး ထြက္သြားသည္
ထိုအခါ မလွမ္းမကမ္းက ၾကည့္ေနတဲ့ Minoမွာ ကုန္ေလွာင္႐ုံေရွ႕က အေစာင့္ေလးေယာက္ကို အလစ္ဝင္တိုက္ၿပီး သတိေမ့ေနတဲ့ Manoban ကို ႀကိဳးေျဖေပးၿပီး ေပြ႕ခ်ီကာ ကယ္သြားေလသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co