Truyen3h.Co

Born Again

Part 18

KimFany059

#Unicode

ဒဏ်ရာတွေကြောင့် Manoban တစ်ညလုံး သတိလစ်နေပြီး နောက်တစ်နေ့ နေ့လည်မှ သတိရလာသည်

ကျောတစ်ပြင်လုံး အရိုက်ခံထားရတဲ့ ဒဏ်တွေကြောင့် Manoban  ပက်လက်မအိပ်နိုင်ဘဲ မှောက်အိပ်နေရသည်

ပြီးကျ သူ့ဘေးနားထိုင်နေတဲ့ Minoကို Manoban ကြည့်လိုက်တော့ Mino မျက်နှာမှာ စိတ်ရှူပ်နေတဲ့ ပုံစံပေါ်နေသည်

"မင်းက ဘယ်သူလည်း Manoban. ..."

"ငါ ရှင်းပြပါမယ် Mino "

Mino သူ့ခါးကြားထဲက သေနတ်ကို ထုတ်ပြီး Manobanကို ချိန်လိုက်သည်

"ပြောရရင်တော့ အရှည်ကြီးဘဲ ဒါပေမယ့် ငါပြောတာတွေကို မင်း ယုံမှ ဖြစ်မယ် Mino "

Minoကတော့ သေနတ်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည် သူ ဒီအမျိုးသမီးကို အရင်က အရမ်းယုံကြည်ခဲ့တာလေ.......အခုတော့ Manoban အဖမ်းခံရတုံးက သူ သွားကယ်တဲ့ချိန်က Jung Minပြောတဲ့ shipခိုးတယ်ဆိုတဲ့ စကားကြားပြီးကတည်းက Manobanကို Mino မယုံတော့ပေ

Manobanမှာ Minoရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး

"ငါက နင် ထင်သလို သာမန်မဟုတ်ဘူး Mino"

Mino တွေးထားပြီးသားမို့ Manobanပြောတာကို မအံ့သြတော့ပေ

"လွန်ခဲ့တဲ့ သုံးနှစ်တုံးက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် Mr. Parkရဲ့ သမီးက သူ့အဆောက်အဦးကနေ ခုန်ချပြီး သတ်သေခဲ့တယ်လေ ငါတို့ စုံထောက်ရဲတွေက မသက်ာစရာအနံ့တွေရခဲ့ပေမယ့် Mr. Parkက ငွေနဲ့ဖုံးခဲ့တယ်လေ "

"ငါတို့ စုံထောက်ရဲတွေဆိုတော့ မင်း မင်းက...."

"ဟုတ်တယ် ငါက မှုခင်းဆရာဝန်လည်း ဖြစ်သလို စုံထောက်လည်းဟုတ်တယ်..... အစိုးရရဲ့
လျို့ဝှက် အဖွဲ့အစည်းကြောင့် ငါ့ IDကို Backgroundတွေနဲ့ ဖုံးကွယ်နိုင်တာ "

Minoမှ Manonanက မှုခင်းစုံထောက်ဖြစ်သောကြောင့် လက်ထဲက သေနတ်ကို ချလိုက်သည်

"ဒါနဲ့ မင်းက စုံထောက်ဆိုတာ ငါ ဘယ်လိုယုံရမှာလည်း "

Minoမေးတော့ Manoban သူ့ခြေအိတ်ကို ချွတ်ပြီး ခြေဖဝါးမှာ ကပ်ထားတဲ့ IDကဒ်ကို ပြလိုက်သည်

"လခွမ်း ID ကဒ်ဖွက်ပုံက အဆန်းကြီး "

"ဒါမှ သူတို့ရှာမတွေ့မှာလေ "

"ဆက်ပြောပါအုံး "

"ငါတို့ခိုးကြောင်ခိုးဝှက် စုံစမ်းပေမယ့် Chanyeol က Chaeyoung သေသွားပြီလို့ သတင်းထုတ်လိုက်တယ် ဒါပေမယ့် ဆေးရုံထဲက ငါတို့ လူယုံသတင်းပေးချက်အရ Chaeyoungက မသေဘဲ နယူးဇီလန်ကို ဆေးကုဖို့ ပြောင်းရွေ့မယ့်အကြောင်း သိခဲ့ရတယ် အဲ့ဒီမှာဘဲ ငါတို့အထက်လူကြီးက မှုခင်းဆရာဝန်လည်း ဖြစ်တဲ့ ငါ့ကို Chaeyoungနောက် လိုက် သွားဖို့ Background အသစ်တွေ ဖန်တီးပေးခဲ့တယ်လေ "

"မင်းက မှုခင်းရဲဆိုတာ Chaeyoung မသိသေးဘူးပေါ့ "

Minoမေးတော့ Manoban ခေါင်းခါပြသည်

Chaeyoungကို ပြောပြချင်ပေမယ့် ပြောပြဖို့ အခွင့်အရေးမရခဲ့ဘူးလေ

"နောက်ကျ Mr. Parkက နယူးဇီလန်က ဂိုဏ်းတစ်ခုနဲ့ ပူးပေါင်းဖို့ မူးယစ်ဆေးတွေ shipနဲ့ခိုးသယ်တယ်လေ အဲ့မှာ ငါ သတင်းရပြီး  တစ်စီးခိုးလိုက်တာ....Mr. Park တို့ အပေးအယူပျက်သွားခဲ့တယ်လေ ...ကဲ အခု ငါက လူလိမ်တစ်ယောက်က လွဲလို့ လူဆိုးမဟုတ်ဘူးဆိုတာ သိပြီ မဟုတ်လား Mino "

"လူလိမ်ကလည်း မကောင်းတဲ့သူဘဲလေ Manoban "

"Humm "

"မင်းရဲ့ အထက်လူကြီးကို မဆက်သွယ်ဘူးလား Manoban "

"အင်း ဆက်သွယ်ပြီးပြီ တကယ့်ပွဲက နောက်တစ်ပတ်မှ စမှာ...Mr.Parkတို့ အားလုံးကိုပွဲသိမ်း ဖမ်းဖို့ အစီအစဉ် ချပြီးသား "

"Aww "

"ဒါနဲ့ ငါ့ကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် Mino နင်သာ ငါ့ကိုမကယ်ခဲ့ဘူးဆိုရင် ငါ့ကြောင့် project failသွားခဲ့မှာ...တကယ် ကျေးဇူးတင်တယ် "

"ကျေးဇူးတင်စရာ မလိုပါဘူး ငါကတောင် နိုင်ငံအတွက် အကျိုးပြုသူကို ကယ်နိုင်ခဲ့လို့ ဂုဏ်ယူရမှာ ...."

"အေးပါကွာ ဒါနဲ့ အခု ငါတို့က ဘယ်မှာလည်း "

"လုံခြုံတဲ့ နေရာတစ်ခုမှာပေါ့..."

"Inseoရော...."

"သူ့ဆရာမအိမ်မှာ ခဏထားထားတယ်....."

"Aww အင်း အင်း "

Chaeyoung တစ်ယောက် မှန်ရှေ့မှာ ထိုင်ရင်း မှန်ထဲက သူမပုံရိပ်ကို သူမ ပြန်ကြည့်နေသည်

"မမလေး သခင်ကြီးက ထွက်ခဲ့ပါတဲ့ "

အိမ်အကူတစ်ယောက် အသံကြောင့် Chaeyoung သက်ပြင်းချပြီး အခန်းထဲက ထွက်လာသည်

အခန်းထဲက ထွက်လာလာချင်း သူမအဖေနောက်က သူမအကိုကို မြင်တော့ Chaeyoung အရမ်းပျော်သွားတယ်

"Oppa "

Chaeyoungက ပြေးဖက်ပေမယ့် Chanyeolက သူမကို တွန်းလိုက်သောကြောင့် Chaeyoung အံ့သြသွားသည်

"O. ..Oppa "

Chanyeolမှာ အသက်မပါတဲ့ လူတစ်ယောက်လို Chaeyoungကို ကြည့်နေသည်

"မင်းရဲ့ အကိုက မအားသေးဘူး မင်းနဲ့ မဆော့နိုင်သေးဘူး Park Chaeyoung. ..ကလေးတစ်ယောက်လို ပြုမူမနေနဲ့....Chanyeol. .လွတ်သွားတဲ့ ...မင်းရဲ့ သူငယ်ချင်း နှစ်ယောက်ကို သွားရှာပြီး ပြုစုပေးလိုက်အုံး "

"ဟုတ် "

Chanyeolမှာ သူ့အဖေကို ဦးညွှတ်နှုတ်ဆက်ပြီး စက်ရုပ်တစ်ရုပ်လို ထွက်သွားတာကို ကြည့်ရင်း Chaeyoung ပိုလို့ စိတ်ပူလာတယ်

"သူငယ်ချင်း နှစ်ယောက်ဆိုတော့....Manobanနဲ့ Minoလား...."

Chaeyoung တွေးမိပြီး Chanyeolကို တားဖို့လုပ်ပေမယ့် Mr.Park ရဲ့ တပည့်နှစ်ယောက်ဟာ Chaeyoungကို ဖမ်းချုပ်ပြီး Mr.Park ရဲ့ ကားထဲ ထည့်လိုက်သည်

"သူတို့ကို လွှတ်ပေးလိုက်ပါ Chae တောင်းပန်ပါတယ် "

"လွှတ်ပေးရမယ် ဟုတ်လား မင်း ကောင်မက ငါ့စီးပွားရေးတစ်ခုကို ဖျက်စီးသွားခဲ့တာ မီလီယံပေါင်းများစွာ ဆုံးရှုံးသွားတာသိလား....ပြီးကျ သူက ငါ့ကိုပါ ဖမ်းဖို့ ကြိုးစားနေတာကို ငါ ဘယ်လိုလုပ် ဒီတိုင်းလွှတ်ထားရမှာလည်း "

Mr.Park စကားကြောင့် Chaeyoungတွေဝေသွားတယ် သူ သတိရလာတဲ့ နောက်ပိုင်း Manobanက သူမဘေးနားမှာဘဲ ရှိနေခဲ့တာကို....သာမန် ဆရာဝန် တစ်ယောက်က ဘယ်လိုလုပ် သူမ အဖေ စီးပွားရေးကို တိုက်ခိုက်နိုင်ရတာလည်း...

Chaeyoung တွေးရင်း သူမအဖေနဲ့အတူ တစ်နေရာကို ပါသွားသည်

စားသောက်ဆိုင် တစ်ခုကိုရောက်တော့ သူမတို့ကို ဝမ်းသာအားရကြိုဆိုနေတဲ့ တရုတ်အဘိုးကြီးကို Chaeyoung တွေ့ရသည်

Mr. Parkကတော့ ထိုအဘိုးကြီးနဲ့ လက်ဆွဲနှုတ်ဆက်ပေမယ့် Chaeyoungက မသိချင်ယောင်ဆောင်နေသည် .

"Chaeyoung သူက Mr. Lingတဲ့ နောင်တစ်ချိန်ကျ သမီးလေးရဲ့ ခင်ပွန်းဖြစ်မယ့်သူ.....Appa က သမီးကို ဒီကိုခေါ်လာရတာက သူနဲ့လက်ထပ်မယ့်အကြောင်း ဆွေးနွေးဖို့....

Mr. Park စကားကြောင့် Chaeyoung လန့်သွားတယ်...သူမက ထပ်ပြီး စီးပွားရေးလုပ်ငန်းကြားမှာ ထိုးကျွေးခံရအုံးမှာတဲ့လား

#TBC

ဒီ ficလေး ဇာတ်သိမ်းဖို့ သုံးပိုင်းလောက်ဘဲ လိုတော့တာမို့ ဒါကိုဘဲ ဦးစားပေးရေးလိုက်ပါတယ်နော်  Sad Ending လား Happy Endingလားဆိုတာ..........စောင့်ဖတ်ပေးကြပါလို့😁

#ZAWGYI

ဒဏ္ရာေတြေၾကာင့္ Manoban တစ္ညလုံး သတိလစ္ေနၿပီး ေနာက္တစ္ေန႕ ေန႕လည္မွ သတိရလာသည္

ေက်ာတစ္ျပင္လုံး အရိုက္ခံထားရတဲ့ ဒဏ္ေတြေၾကာင့္ Manoban  ပက္လက္မအိပ္နိုင္ဘဲ ေမွာက္အိပ္ေနရသည္

ၿပီးက် သူ႕ေဘးနားထိုင္ေနတဲ့ Minoကို Manoban ၾကည့္လိုက္ေတာ့ Mino မ်က္ႏွာမွာ စိတ္ရႉပ္ေနတဲ့ ပုံစံေပၚေနသည္

"မင္းက ဘယ္သူလည္း Manoban. ..."

"ငါ ရွင္းျပပါမယ္ Mino "

Mino သူ႕ခါးၾကားထဲက ေသနတ္ကို ထုတ္ၿပီး Manobanကို ခ်ိန္လိုက္သည္

"ေျပာရရင္ေတာ့ အရွည္ႀကီးဘဲ ဒါေပမယ့္ ငါေျပာတာေတြကို မင္း ယုံမွ ျဖစ္မယ္ Mino "

Minoကေတာ့ ေသနတ္ကို က်စ္က်စ္ပါေအာင္ ကိုင္ထားသည္ သူ ဒီအမ်ိဳးသမီးကို အရင္က အရမ္းယုံၾကည္ခဲ့တာေလ.......အခုေတာ့ Manoban အဖမ္းခံရတုံးက သူ သြားကယ္တဲ့ခ်ိန္က Jung Minေျပာတဲ့ shipခိုးတယ္ဆိုတဲ့ စကားၾကားၿပီးကတည္းက Manobanကို Mino မယုံေတာ့ေပ

Manobanမွာ Minoရဲ႕ မ်က္လုံးေတြကို စိုက္ၾကည့္ၿပီး

"ငါက နင္ ထင္သလို သာမန္မဟုတ္ဘူး Mino"

Mino ေတြးထားၿပီးသားမို႔ Manobanေျပာတာကို မအံ့ၾသေတာ့ေပ

"လြန္ခဲ့တဲ့ သုံးႏွစ္တုံးက နာမည္ႀကီး စီးပြားေရးလုပ္ငန္းရွင္ Mr. Parkရဲ႕ သမီးက သူ႕အေဆာက္အဦးကေန ခုန္ခ်ၿပီး သတ္ေသခဲ့တယ္ေလ ငါတို႔ စုံေထာက္ရဲေတြက မသက္ာစရာအနံ႕ေတြရခဲ့ေပမယ့္ Mr. Parkက ေငြနဲ႕ဖုံးခဲ့တယ္ေလ "

"ငါတို႔ စုံေထာက္ရဲေတြဆိုေတာ့ မင္း မင္းက...."

"ဟုတ္တယ္ ငါက မႈခင္းဆရာဝန္လည္း ျဖစ္သလို စုံေထာက္လည္းဟုတ္တယ္..... အစိုးရရဲ႕
လ်ိဳ႕ဝွက္ အဖြဲ႕အစည္းေၾကာင့္ ငါ့ IDကို Backgroundေတြနဲ႕ ဖုံးကြယ္နိုင္တာ "

Minoမွ Manonanက မႈခင္းစုံေထာက္ျဖစ္ေသာေၾကာင့္ လက္ထဲက ေသနတ္ကို ခ်လိဳက္သည္

"ဒါနဲ႕ မင္းက စုံေထာက္ဆိုတာ ငါ ဘယ္လိုယုံရမွာလည္း "

Minoေမးေတာ့ Manoban သူ႕ေျခအိတ္ကို ခြၽတ္ၿပီး ေျခဖဝါးမွာ ကပ္ထားတဲ့ IDကဒ္ကို ျပလိုက္သည္

"လခြမ္း ID ကဒ္ဖြက္ပုံက အဆန္းႀကီး "

"ဒါမွ သူတို႔ရွာမေတြ႕မွာေလ "

"ဆက္ေျပာပါအုံး "

"ငါတို႔ခိုးေၾကာင္ခိုးဝွက္ စုံစမ္းေပမယ့္ Chanyeol က Chaeyoung ေသသြားၿပီလို႔ သတင္းထုတ္လိုက္တယ္ ဒါေပမယ့္ ေဆး႐ုံထဲက ငါတို႔ လူယုံသတင္းေပးခ်က္အရ Chaeyoungက မေသဘဲ နယူးဇီလန္ကို ေဆးကုဖို႔ ေျပာင္းေ႐ြ႕မယ့္အေၾကာင္း သိခဲ့ရတယ္ အဲ့ဒီမွာဘဲ ငါတို႔အထက္လူႀကီးက မႈခင္းဆရာဝန္လည္း ျဖစ္တဲ့ ငါ့ကို Chaeyoungေနာက္ လိုက္ သြားဖို႔ Background အသစ္ေတြ ဖန္တီးေပးခဲ့တယ္ေလ "

"မင္းက မႈခင္းရဲဆိုတာ Chaeyoung မသိေသးဘူးေပါ့ "

Minoေမးေတာ့ Manoban ေခါင္းခါျပသည္

Chaeyoungကို ေျပာျပခ်င္ေပမယ့္ ေျပာျပဖို႔ အခြင့္အေရးမရခဲ့ဘူးေလ

"ေနာက္က် Mr. Parkက နယူးဇီလန္က ဂိုဏ္းတစ္ခုနဲ႕ ပူးေပါင္းဖို႔ မူးယစ္ေဆးေတြ shipနဲ႕ခိုးသယ္တယ္ေလ အဲ့မွာ ငါ သတင္းရၿပီး  တစ္စီးခိုးလိုက္တာ....Mr. Park တို႔ အေပးအယူပ်က္သြားခဲ့တယ္ေလ ...ကဲ အခု ငါက လူလိမ္တစ္ေယာက္က လြဲလို႔ လူဆိုးမဟုတ္ဘူးဆိုတာ သိၿပီ မဟုတ္လား Mino "

"လူလိမ္ကလည္း မေကာင္းတဲ့သူဘဲေလ Manoban "

"Humm "

"မင္းရဲ႕ အထက္လူႀကီးကို မဆက္သြယ္ဘူးလား Manoban "

"အင္း ဆက္သြယ္ၿပီးၿပီ တကယ့္ပြဲက ေနာက္တစ္ပတ္မွ စမွာ...Mr.Parkတို႔ အားလုံးကိုပြဲသိမ္း ဖမ္းဖို႔ အစီအစဥ္ ခ်ၿပီးသား "

"Aww "

"ဒါနဲ႕ ငါ့ကို ကယ္ေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္ Mino နင္သာ ငါ့ကိုမကယ္ခဲ့ဘူးဆိုရင္ ငါ့ေၾကာင့္ project failသြားခဲ့မွာ...တကယ္ ေက်းဇူးတင္တယ္ "

"ေက်းဇူးတင္စရာ မလိုပါဘူး ငါကေတာင္ နိုင္ငံအတြက္ အက်ိဳးျပဳသူကို ကယ္နိုင္ခဲ့လို႔ ဂုဏ္ယူရမွာ ...."

"ေအးပါကြာ ဒါနဲ႕ အခု ငါတို႔က ဘယ္မွာလည္း "

"လုံၿခဳံတဲ့ ေနရာတစ္ခုမွာေပါ့..."

"Inseoေရာ...."

"သူ႕ဆရာမအိမ္မွာ ခဏထားထားတယ္....."

"Aww အင္း အင္း "

Chaeyoung တစ္ေယာက္ မွန္ေရွ႕မွာ ထိုင္ရင္း မွန္ထဲက သူမပုံရိပ္ကို သူမ ျပန္ၾကည့္ေနသည္

"မမေလး သခင္ႀကီးက ထြက္ခဲ့ပါတဲ့ "

အိမ္အကူတစ္ေယာက္ အသံေၾကာင့္ Chaeyoung သက္ျပင္းခ်ၿပီး အခန္းထဲက ထြက္လာသည္

အခန္းထဲက ထြက္လာလာခ်င္း သူမအေဖေနာက္က သူမအကိုကို ျမင္ေတာ့ Chaeyoung အရမ္းေပ်ာ္သြားတယ္

"Oppa "

Chaeyoungက ေျပးဖက္ေပမယ့္ Chanyeolက သူမကို တြန္းလိုက္ေသာေၾကာင့္ Chaeyoung အံ့ၾသသြားသည္

"O. ..Oppa "

Chanyeolမွာ အသက္မပါတဲ့ လူတစ္ေယာက္လို Chaeyoungကို ၾကည့္ေနသည္

"မင္းရဲ႕ အကိုက မအားေသးဘူး မင္းနဲ႕ မေဆာ့နိုင္ေသးဘူး Park Chaeyoung. ..ကေလးတစ္ေယာက္လို ျပဳမူမေနနဲ႕....Chanyeol. .လြတ္သြားတဲ့ ...မင္းရဲ႕ သူငယ္ခ်င္း ႏွစ္ေယာက္ကို သြားရွာၿပီး ျပဳစုေပးလိုက္အုံး "

"ဟုတ္ "

Chanyeolမွာ သူ႕အေဖကို ဦးၫႊတ္ႏႈတ္ဆက္ၿပီး စက္႐ုပ္တစ္႐ုပ္လို ထြက္သြားတာကို ၾကည့္ရင္း Chaeyoung ပိုလို႔ စိတ္ပူလာတယ္

"သူငယ္ခ်င္း ႏွစ္ေယာက္ဆိုေတာ့....Manobanနဲ႕ Minoလား...."

Chaeyoung ေတြးမိၿပီး Chanyeolကို တားဖို႔လုပ္ေပမယ့္ Mr.Park ရဲ႕ တပည့္ႏွစ္ေယာက္ဟာ Chaeyoungကို ဖမ္းခ်ဳပ္ၿပီး Mr.Park ရဲ႕ ကားထဲ ထည့္လိုက္သည္

"သူတို႔ကို လႊတ္ေပးလိုက္ပါ Chae ေတာင္းပန္ပါတယ္ "

"လႊတ္ေပးရမယ္ ဟုတ္လား မင္း ေကာင္မက ငါ့စီးပြားေရးတစ္ခုကို ဖ်က္စီးသြားခဲ့တာ မီလီယံေပါင္းမ်ားစြာ ဆုံးရႈံးသြားတာသိလား....ၿပီးက် သူက ငါ့ကိုပါ ဖမ္းဖို႔ ႀကိဳးစားေနတာကို ငါ ဘယ္လိုလုပ္ ဒီတိုင္းလႊတ္ထားရမွာလည္း "

Mr.Park စကားေၾကာင့္ Chaeyoungေတြေဝသြားတယ္ သူ သတိရလာတဲ့ ေနာက္ပိုင္း Manobanက သူမေဘးနားမွာဘဲ ရွိေနခဲ့တာကို....သာမန္ ဆရာဝန္ တစ္ေယာက္က ဘယ္လိုလုပ္ သူမ အေဖ စီးပြားေရးကို တိုက္ခိုက္နိုင္ရတာလည္း...

Chaeyoung ေတြးရင္း သူမအေဖနဲ႕အတူ တစ္ေနရာကို ပါသြားသည္

စားေသာက္ဆိုင္ တစ္ခုကိုေရာက္ေတာ့ သူမတို႔ကို ဝမ္းသာအားရႀကိဳဆိုေနတဲ့ တ႐ုတ္အဘိုးႀကီးကို Chaeyoung ေတြ႕ရသည္

Mr. Parkကေတာ့ ထိုအဘိုးႀကီးနဲ႕ လက္ဆြဲႏႈတ္ဆက္ေပမယ့္ Chaeyoungက မသိခ်င္ေယာင္ေဆာင္ေနသည္ .

"Chaeyoung သူက Mr. Lingတဲ့ ေနာင္တစ္ခ်ိန္က် သမီးေလးရဲ႕ ခင္ပြန္းျဖစ္မယ့္သူ.....Appa က သမီးကို ဒီကိုေခၚလာရတာက သူနဲ႕လက္ထပ္မယ့္အေၾကာင္း ေဆြးႏြေးဖို႔....

Mr. Park စကားေၾကာင့္ Chaeyoung လန့္သြားတယ္...သူမက ထပ္ၿပီး စီးပြားေရးလုပ္ငန္းၾကားမွာ ထိုးေကြၽးခံရအုံးမွာတဲ့လား

#TBC

ဒီ ficေလး ဇာတ္သိမ္းဖို႔ သုံးပိုင္းေလာက္ဘဲ လိုေတာ့တာမို႔ ဒါကိုဘဲ ဦးစားေပးေရးလိုက္ပါတယ္ေနာ္  Sad Ending လား Happy Endingလားဆိုတာ..........ေစာင့္ဖတ္ေပးၾကပါလို႔😁

Bạn đang đọc truyện trên: Truyen3h.Co