Bonus
"Chae... ဘာတွေတွေးနေတာလည်း "
Lisaရဲ့စကားကြောင့် ကုတင်ပေါ်တွင် အိပ်နေတဲ့ Chaeyoung သတိပြန်ဝင်လာတယ်
"အင်း နောက်တစ်ပတ်ကျ နင်ခရီးထပ်ထွက်ရမယ့် အကြောင်းတွေးနေတာ အလုပ်ကိစ္စကို ရက်ရွေ့လိုက်လို့မရဘူးလား ငါတို့က ဂျယ်ဂျူကိုသွားမှာလေ "
Chaeyoungရဲ့ စကားကြောင့် Lisa သက်ပြင်းချပြီး Chaeyoungဘေးနားကို ဝင်အိပ်သည် ပြီးတော့ Chaeyoungရဲ့ နဖူးလေးကို နမ်းလိုက်သည်
"ရက်ရွေ့လို့ရရင် သိပ်ကောင်းမှာပေါ့ Chaeရယ် ဒါပေမယ့် နင်သိတဲ့အတိုင်း Yoosunကြောင့် ရှယ်ယာတွေထိုးကျကုန်တာ ရှိတယ်လေ အဲ့တာ..."
"ငါ သိပါတယ် ဒါပေမယ့် နင်က အဝေးကြီးရောက်သွားသလိုဘဲ ...ငါတို့ရဲ့ romantic ဆန်မယ့် ခရီးစဥ်လေးက နင်မပါတော့ ငါတစ်ယောက်တည်း အထီးကျန်နေရတော့မယ် "
"နင်ငါ့ကို လွမ်းနေမယ်မဟုတ်လား "
"ငါလွမ်းနေမယ်ဆိုတာ နင်သိပါတယ် "
Chaeyoungပြောပြီး Lisaရဲ့လည်ပင်းကို နမ်းလိုက်သည်
woof woof....
"ဟောကြည့်ရတာ Loveလည်း နင့်ကိုလွမ်းနေမယ်လို့ ပြောနေတာထင်တယ် "
Chaeyoungရဲ့ စကားကြောင့် Lisa ရယ်လိုက်သည်
ပြီးတော့ Chaeyoungရဲ့လက်ကို ကိုင်လိုက်ရင်း သူပေးထားတဲ့ လက်စွပ်လေးစွပ်ထားတာ မြင်ပြီး Lisa ထပ်ပြီး ပြုံးမိပြန်သည်
"ဒီလက်စွပ်လေးက နင်နဲ့အရမ်းလိုက်တာဘဲ သိလား Chae "
"နင့်အမေကတော့ အခု သူ့သမီးလေးက အရာအားလုံးကို တာဝန်ယူနိုင်တဲ့ အမျိုးသမီး ဖြစ်လာနေပြီဆိုတာ သိရင် ပျော်နေမှာဘဲ "
Chaeyoungပြောပြီး Lisaရဲ့ ပါးကို ဆွဲညှစ်ကာ နမ်းလိုက်သည်
"နင်က အတော်ဆုံးမိန်းမဘဲ သိလား Lisa...နင့်အပိုင်ဖြစ်ခွင့်ရတာ ငါကံအရမ်းကောင်းတာဘဲ "
"ဟဟ ငါကပိုပြီး ကံကောင်းတာပါနော် ညစ်ပတ်ဆုံးသူငယ်ချင်းကို လက်ထပ်ခွင့်ရထားလို့ ဟေး ခြေအိတ်ရော လျှော်ထားရဲ့လား "
"ထပ်ပြောကြည့် တစ်ဖန်ပြန်ပြောရဲရင်ပြောကြည့်စမ်း Lisa...ငါ့ရဲ့ မှော်အစွမ်းလို အရမ်းမိုက်တဲ့ လျှာလေး နင့်ထဲဘယ်တော့မှ မရောက်စေရဘူးမှတ် "
"အယ် ငါက စတာကို အဲ့လိုကြီးမပြောပါနဲ့ Chaeကလည်း "
Chaeyoungရဲ့ နှုတ်ခမ်းလေးကို နမ်းပြီး ချော့လိုက်မှ Chaeyoung စိတ်ကောက်ပြန်ပြေသွားတယ်
"ဂျယ်ဂျူမှာ နင်ပျော်နေမယ်ဆိုတာ ငါကတိပေးပါတယ် ငါတို့သူငယ်ချင်းတွေကလည်း နင့်ကို အဖော်လုပ်ပေးမှာဘဲလေ "
"နင်မရှိတော့ မတူဘူးလေ Lisaရယ် Jisooနဲ့Jennieက တစ်ချိန်လုံး အသက်ရှူတိုင်း fuckနေကြမှာကို သူတို့က ငါနဲ့အပြင်ထွက်လည်ပေးမယ်လို့ ထင်နေတာလား "
"Somiလည်း ရှိနေတာဘဲကို အချစ်ရယ် ဟိုနှစ်ယောက်အခန်းထဲက မထွက်ရင် သူနဲ့လည်ပေါ့ "
"ဟင်း "
"ငါ အလုပ်ကိစ္စနဲ့ခရီးထွက်နေတဲ့ရက်ပိုင်း ငါ့ကို မမေ့အောင် အမှတ်တရလေးလုပ်ရအုံးမယ်ထင်တယ် "
Lisaပြောပြီး Chaeyoungအပေါ်တက်ခွကာ နမ်းလိုက်သည်
ဂျယ်ဂျူမှာ နေသာတဲ့နေ့လေးတစ်နေ့ပါဘဲ
ဂျယ်ဂျူဟာ လူတွေလာရောက်လည်ပတ်ဆုံး နာမည်ကြီးနေရာလေးဖြစ်နေတော့ ကမ်းခြေမှာလည်း လူတွေစည်ကားနေသည်
လူတွေတော်တော်များများက သူတို့သူငယ်ချင်းတွေ မိသားစုတွေနဲ့အတူ ကမ်းခြေမှာ လမ်းလျှောက်နေကြတယ်
ကလေးတွေကလည်း ပြေးလွှားဆော့ကစားနေကြသည်
သူတို့တွေကိုကြည့်ရင်း Chaeyoung ကြည်နူးမိပေမယ့် သူ့အမျိုးသမီးကိုတော့ လွမ်းမိသည်
ဂျယ်ဂျူကို ခရီးထွက်မယ့်အကြောင်း အစီအစဥ်ချပြီးမှ Lisaက ဘာလို့ ရုတ်တရက်ခရီးထွက်စရာပေါ်လာမှန်း Chaeyoung သိပ်မကျေနပ်
အလုပ်ကိစ္စက အချိန်မရွေးပေါ်လာတတ်တာတော့သိပေမယ့် အချစ်နဲ့ပတ်သက်ရင် Chaeyoung ကလေးဆန်ကြည့်ချင်မိတယ်
"Come on Chae...ငါတို့နှစ်ယောက်တည်း ရေသွားဆော့ရအောင် "
"ဟိုနှစ်ယောက်ကရော "
"ဟိုမှာလေ တစ်ယောက်နဲ့တစ်ယောက် မျိုနေကြတယ် "
Somi ညွှန်းပြရာကိုကြည့်တော့ လူလည်ခေါင်မှာ Somiပြောသလို တစ်ယောက်ကိုတစ်ယောက် မျိုချလုမတတ် နမ်းနေကြတဲ့ Jensooတို့ကို တွေ့ရသည်
သူတို့နှစ်ယောက် တွဲတာ ငါးလရှိသေးတယ် လူမြင်ကွင်းမှာ နမ်းရဲတဲ့ သတ္တိကို Chaeyoung လေးစားသည်
Chaeyoungနဲ့Somiတို့ ရေသွားဆော့ပြီးနောက် jensooတို့နဲ့အတူ Lisa ဝယ်ထားတဲ့ အိမ်ကိုပြန်လာကြသည်
"ကဲ Netflixကြည့်ရအောင်ဟေ့ "
"popcorn သွားယူပေးပါ့လား Ji "
"Okပါ အသည်းလေး "
Jennieရဲ့နဖူးကို နမ်းပြီး Jisoo ပြောလိုက်သည်
"အမလေး အမြင်ကတ်စရာ အတွဲတွေများ မျက်စိနောက်တာ "
"မကျေနပ်ရင် နင်လည်း ရည်းစားရှာလေ "
"Giselleက အဖြေပြန်ပေးရင် နင်တို့တွေ တွေ့မယ်မှတ် "
Somiရဲ့ စကားကြောင့် Jensooတို့ရယ်လိုက်ကြသည် Somiလည်း Giselleဆိုတဲ့ ဂျပန်မလေးကို လိုက်နေတာပါ ဟိုကတော့ အဖြေပြန်မပေးသေးဘဲ မူနေလေရဲ့
"ဘီယာသောက်အုံးမလား Chae '
"ဟင့်အင်း လိမ္မော်ဖျော်ရည်ဘဲ သောက်ချင်တယ် "
Jisooက ဘီယာပုလင်းလာပေးတော့ Chaeyoung ငြင်းလိုက်သည်
ထိုစဥ် ရုတ်တရက် တံခါးခေါက်သံကြားလို့ Chaeyoung အပြေးအလွှားထပြီး တံခါးဖွင့်ပေးလိုက်သည်
သို့သော်လည်း သူမျှော်လင့်ထားသလို Lisa မဟုတ်ဘဲ သူ့မိဘတွေ ဖြစ်နေလို့ Chaeyoung သိပ်မပျော်ပေ
"Hey Sweetie.... "
Chaeyoungရဲ့ မိဘတွေမှာ Chaeyoungကို ဖက်ပြီးနှုတ်ဆက်ကာ အိမ်ထဲဝင်လာကြသည်
ထို့နောက် Jensoo somiတို့ကိုလည်း Mr.Parkတို့ နှုတ်ဆက်လိုက်ကြသည်
"အဖေတို့က ဒီကိုဘာလာလုပ်တာလည်း ဟို မလာစေချင်လို့ မေးတာ မဟုတ်ဘူးနော် ရုတ်တရက်ရောက်လာတော့ အံ့သြလို့ "
"Aww ဒီလိုလေ အဖေတို့သမီးတစ်ယောက်က အဖေတို့ကို လိုအပ်တယ်ပြောလို့ "
"အယ် သမီးတော့မဟုတ်ဘူးနော် "
"ငါလိုအပ်တာပါ အချစ်ရဲ့ "
Lisaရဲ့အသံကြားလို့ Chaeyoung ပျော်သွားပြီး အသံကြားရာကြည့်တော့ တံခါးရှေ့တွင် ရပ်နေတဲ့ Lisaကို တွေ့ရသည်
Lisaမှာ Chaeyoungဆီ လျှောက်လာပြီး Chaeyoungရဲ့ အနားကိုလည်း ရောက်ရော ဒူးတစ်ဖက်ထောက်ချလိုက်သည်
"Chaeyoung လွန်ခဲ့တဲ့ သုံးနှစ်နဲ့လေးလတုံးက Manoban company ကိုကယ်တင်ဖို့ နင်ငါ့ကို လက်ထပ်ခွင့်တောင်းခဲ့တယ် အဲ့ဒီတုံးကတော့ companyကို ကယ်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ငါတို့လက်ထပ်ခဲ့ကြတာနော် ငါတို့တကယ်လည်း အလုပ်ကြိုးစားကြပြီး companyကို ကယ်တင်နိုင်ခဲ့ကြပြီ "
Chaeyoungမှာ ဘေးနားမှာရှိနေတဲ့ မိဘ သူငယ်ချင်းတွေတောင် သတိမရတော့ပေ
သူ အာရုံစိုက်နိုင်တဲ့အရာတစ်ခုကတော့ သူ့ရှေ့မှာ ဒူးထောက်ပြီး ကြင်နာတဲ့စကားတွေပြောနေတဲ့ သူ့အမျိုးသမီးကိုပင်
"ဒီနေ့ သူငယ်ချင်းတွေနဲ့မိသားစုရှေ့မှာ ငါ နင့်ကိုထပ်ပြီး လက်ထပ်ခွင့်တောင်းချင်တယ် ဒီတစ်ခါ လက်ထပ်ခွင့်ကတော့ ငါ့companyကို ကယ်တင်ဖို့ မဟုတ်ဘဲ နင့်ဘဝတစ်လျှောက်လုံးကို ငါနဲ့ဖြတ်သန်းပေးပါလား Park Chaeyoung ငါ့ကိုထပ်ပြီး လက်ထပ်ပေးနိုင်မလား "
Lisaပြောပြီး လက်စွပ်ဗူးလေးကို ဖွင့်လိုက်သည်
"Lisa Manoban ငါနင့်ကို ဘဝဆက်တိုင်း ထပ်ပြီး လက်ထပ်ပါမယ် "
"YEAH "
Lisaမှာ အော်ပြီး Chaeyoungကို လက်စွပ်စွပ်ပေးကာ ဖက်လိုက်သည်
"စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ် Chae တကယ်တော့ ဘယ်အလုပ်ကိစ္စခရီးမှ မသွားရပါဘူး နင့်ကို suprise ဖြစ်စေချင်လို့ ဖန်တီးလိုက်တာ "
"လူဆိုးမ....... "
Chaeyoungက နှုတ်ခမ်းစူပြီး ရန်တွေ့တော့ Lisaမှာ Chaeyoungရဲ့နှုတ်ခမ်းကို နမ်းလိုက်သည်
"ကဲ ဒါဆို ငါတို့တွေ ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်ဖောက်သောက်ကြစို့ဟေ့ "
"အယ် ဝိုင်သောက်လို့မရတော့ဘူး "
Chaeyoung ရဲ့စကားကြောင့် အားလုံးမှာ အံ့သြ သွားကြတယ်
"ဘာလို့လည်း"
"Chaeမှာ ကိုယ်ဝန်ရှိနေပြီ......Lisa ငါတို့အမေဖြစ်ပြီဟ"
Chaeyoung ရဲ့စကားကြောင့် Jennieတို့မှာ ပျော်ပြီး ထအော်သည်
Lisaကဆို ပျော်လွန်းလို့ ထိုင်ငိုနေလေရဲ့
"Chae....နင် နင်က ငါ့ကို ကမ္ဘာပေါ်မှာ အပျော်ဆုံး လူသားဖြစ်အောင် လုပ်ပေးတာဘဲ နင့်ကိုရော ငါတို့ ကလေးကိုပါ အမြဲချစ်ပြီး ကာကွယ်ပေးပါမယ်လို့ ကတိပေးပါတယ် "
နောက်ဆုံးတော့ companyကို ကယ်တင်မယ့် stupid ideaဟာ Chaelisaတို့ ဘဝအတွက် အကောင်းဆုံး idea ဖြစ်သွားလေရဲ့
#theend
#zawgyi
woof woof....
"ဟင်း "
"ဟိုနှစ်ယောက်ကရော "
"Okပါ အသည်းလေး "
"Hey Sweetie.... "
"YEAH "
"လူဆိုးမ....... "
"ဘာလို့လည်း"
#theend
Bạn đang đọc truyện trên: Truyen3h.Co