Truyen3h.Co

Business Proposal

Final

KimFany059


Lisa အလုပ်က ပြန်ရောက်လာတော့ ဧည့်ခန်းထဲတွင် သူ့ကို အမြဲစောင့်ကာ ရုပ်ရှင်ကြည့်နေတဲ့ Chaeyoungကို မတွေ့ရပေ

အခန်းထဲကို သွားကြည့်ပေမယ့်လည်း Chaeyoungကို မတွေ့ရ... ရေကူးကန်ဘက်လိုက်ရှာသော်လည်း မတွေ့ရပေ

ဝုတ် ဝုတ်

Loveရဲ့ ဟောင်သံကြောင့် Lisaမှာ Loveကို ငုံ့ကြည့်ပြီး

"Love....Chaengieဘယ်မှာရှိလည်း သိလား "

"သူ ဒီမှာမရှိဘူး "

အသံကြားရာကို လှည့်ကြည့်တော့ သူ့ရဲ့အိမ်ဖော်တစ်ယောက်ဖြစ်တဲ့ အမရာကို တွေ့ရသည်

"ဟင် ဟုတ်လား သူ အိမ်ကထွက်သွားလို့မရဘူးလေ "

"ဟုတ်တယ် ဒါပေမယ့် Chaeyoungအကြောင်း သိသားနဲ့ bossရယ် သူက သူလုပ်ချင်တာဆို ရအောင်လုပ်တာဘဲကို....Emilyပြောသလို သူက ဘာမှမဟုတ်ပေမယ့် လက်နက်တစ်ခုလိုဘဲလို့ "

"Emily?...မင်းသူ့ကို..."

Lisaစကားမဆုံးသေး အမရာက အနောက်တွင်ဝှက်ထားတဲ့ ဓားနဲ့ Lisaကို ထိုးလေသည်

Lisaမှာ ဝမ်းဗိုက်ကို ဓားနဲ့ထိုးခံရသောကြောင့် လဲကျသွားသည်

"အမရာ မင်း....မင်းက ငါ့မိသားစုလိုဘဲ သတ်မှတ်ထားခဲ့တာ Yoosunဘက်ကနေ ငါ့ကို သစ္စာဖောက်တာလား...."

"အင်း ငါက အစကတည်းက Yoosunရဲ့လူဘဲလေ ငါနဲ့ Emilyက နင့်ကို ဖျက်စီးဖို့ Yoosunငှားထားတဲ့သူ ဒါပေမယ့် Emilyကတော့ ပြောင်းလဲသွားတယ် ...."

"အမရာ နင်မလုပ်နဲ့ မှားမယ်နော် Yoosunက ဘယ်သူ့မှ ဂရုစိုက်တာ မဟုတ်ဘူး သူ့အတွက်ဘဲ သူကြည့်တာ "

"ငါ ဂရုမစိုက်ဘူး ငါချစ်ရတဲ့သူကလည်း သေသွားပြီ ဒီတော့ ငါလည်း "

အမရာပြောပြီး သူ့ခါးကြားထဲက သေနတ်ကို ဆွဲထုတ်လိုက်သည်

"နင့်အခင်ဆုံး သူငယ်ချင်း ဖြစ်ခဲ့တဲ့ နင့်မိန်းမကို င့ါလိုနာကျင်ခံစားရအောင် လုပ်ပြမယ် တစ်သက်လုံး နင်ချစ်ရတဲ့သူ ဝမ်းနည်းပူဆွေး ကြေကွဲအောင် လုပ်ပြမယ် တစ်သက်လုံး ငါဘာလို့ ငါ့ခံစားချက်တွေကို ထုတ်မပြဘဲ နေခဲ့မိတာလည်း ဘာလို့ သတ္တိမရှိရတာလည်းဆိုတဲ့ အပြစ်တင်စိတ်နဲ့အတူ Yoosunက Manoban companyကို ပိုင်သွားတာ ကြည့်ရအောင်လုပ်မယ် "

အမရာပြောပြီး သေနတ်နဲ့ Lisaကို ချိန်လိုက်သည်

ဓားဒဏ်ရာကြောင့် သွေးအိုင်ထဲ  လဲကျနေတဲ့ Lisaမှာ မျက်လုံးကို မှိတ်ထားပြီး အသက်ဝဝရှူလိုက်သည် 

သူ့ရဲ့နောက်ဆုံးထွက်သက်အချိန်ထိ Chaeyoungကိုဘဲမြင်ယောင်နေမိသည်

Chaeyoung ငါနင့်ကို အရမ်းချစ်တယ်

Bang....

Lisaမှာ သေနတ်မှန်ပြီလို့ထင်ထားသော်လည်း ဘာမှမခံစားရသောကြောင့် ကြည့်လိုက်တော့ Loveက အမရာရဲ့လက်ကို ကိုက်ခဲထားတာ တွေ့ရသည်

"ခွေးစုတ် လွှတ်စမ်း "

အမရာမှာ Loveကို အာရုံရောက်နေစဥ် Lisaမှာ အမြန်ထပြီး အမရာရဲ့ လက်က သေနတ်ကို ဆွဲလုကာ လွှင့်ပစ်လိုက်သည်

အမရာမှာ Lisaရဲ့ ဓားဒဏ်ရာကို လက်နဲ့ဆွဲညှစ်တော့ Lisaမှာ နာလွန်းလို့ တစ်ကိုယ်လုံးတုန်ရီလာသည်

Lisaလည်း အမရာခေါင်းကို သူ့ခေါင်းနဲ့တိုက်ပြီး ဝမ်းဗိုက်ကို ဆောင့်ကန်သည်

Loveကလည်း အမရာရဲ့ ခြေသလုံးကို ကိုက်ခဲထားသည်

"သေလိုက်တော့ Lisa..."

အမရာမှာ ပြောပြီး Lisaကိုထိုးသည်

Lisaလည်းရှောင်ရင်း ပြန်ချနေသည်

ထိုစဥ် ရဲကားသံကြားရသောကြောင့် Lisa အားတက်သွားတယ်

"လက်လျော့လိုက်တော့ အမရာ... ရဲတွေလာနေပြီ "

"နင့်ကိုသေတဲ့ထိ သတ်ပစ်မယ်လို့ပြောထားတယ်လေ "

Chaeyoungတို့နဲ့လိုက်လာတဲ့ Joyမှာ သေနတ်ကိုင်ပြီး အထဲသို့ ဝင်လာသည်

အိမ်ထဲတွင် သွေးတွေနဲ့သတ်ပုတ်နေတဲ့ Lisaတို့ကိုကြည့်ပြီး Chaeyoung အရမ်းလန့်ပြီး စိုးရိမ်သွားသည်

"Lisa...."

"မလှုပ်နဲ့... လှုပ်ရင်ပစ်မှာနော် "

Joyက သေနတ်ကိုင်ပြီး သတိပေးပေမယ့် အမရာက ဂရုမစိုက် Lisa ဒဏ်ရာကို တရကြမ်း ထိုးနှက်နေသည်

"Lisa....."

Chaeyoungမှာ Lisaဆီသို့ ပြေးသွားပြီး အမရာကို တွန်းထုတ်သည်

အမရာက Chaeyoungကို ရိုက်မယ်လုပ်တော့ Joyမှာ အမရာ ပေါင်ကိုသေနတ်နဲ့ပစ်လိုက်သည်

ထို့နောက် Joyမှာ အမရာဆီ အမြန်ပြေးသွားပြီး လက်ထိပ်ခတ်လိုက်ကာ ထူလိုက်သည်

Jennieကတော့ 199ကို ဖုန်းဆက်နေပြီး Chaeyoungမှာ သွေးထွက်လွန်နေတဲ့ Lisaကို သတိမလစ်သွားအောင် ပွေ့ဖက်ထားပြီး အာရုံလွှဲပေးနေသည်

"Lisa ငါရှိတယ်နော် မျက်လုံးမမှိတ်ထားနဲ့အုံး မကြာခင် ဆေးရုံကားလာတော့မယ်... "

ဒါပေမယ့် Lisa တောင့်မခံနိုင် အမရာနဲ့ အပြန်အလှန်သတ်ပုတ်ထားရတော့ Lisa အရမ်းပင်ပန်းနေပြီလေ......

Lisa မျက်လုံးမမှိတ်မိအောင် ကြိုးစားပေမယ့် မရချေ.....

"Lisa...."

Lisa မျက်လုံးဖွင့်လိုက်တော့  ဆေးရုံပေါ်သို့ ရောက်နေတာကို သိလိုက်ရသည်

"သတိရလာပြီလား Lisa... တော်သေးတာပေါ့ အချစ်ရယ် "

Chaeyoungမှာ Lisaရဲ့ လက်ကို ကိုင်ပြီး ဝမ်းသာလွန်းလို့ပြောလိုက်သည်

"ငါ...ငါသတိမေ့နေတာ ဘယ်လောက်ကြာလည်း "

"နှစ်ပတ်လောက်ရှိရောပေါ့..... ဟုတ်တယ် နှစ်ပတ် ငါလည်း အလုပ်များနေတာနဲ့ ဒိတ်တွေမေ့ကုန်ပြီ ဝမ်းသာစရာပြောရအုံးမယ် အခု Yoosun အဖမ်းခံလိုက်ရပြီ "

"ဘယ်လို "

"Jennieနဲ့ငါက အမရာရယ် Emilyနဲ့ Yoosunက တစ်ဖွဲ့တည်းဆိုတဲ့သက်သေတွေ ရှာတွေ့သွားခဲ့တယ် ပြီးတော့ Emilyကို သတ်သွားတဲ့သူက အမရာဆိုတာ CCTV တွေက တစ်ဆင့်ရှာတွေ့လာတယ်....ဒါကြောင့်မို့လို့ ငါလည်း သံသယရှိစာရင်းကနေ ဖယ်ခံလိုက်ရပြီ Jisooနဲ့ Joyကလည်း ကူညီပေးကြတယ်"

"အမရာက ဘာလို့ Emilyကိုသတ်တာလည်း တစ်ဖွဲ့တည်းဆို..."

"အမရာက Emilyအပေါ် ခံစားချက်ရှိနေတာ ကြာပြီ မပြောဘဲ ဖုန်းကွယ်ထားတာလေ ငါတို့လိုပေါ့... Emilyက မိန်းကလေးချင်းမကြိုက်ဘူးလို့ အမရာ ထင်ခဲ့ပေမယ့် Emilyက နင့်ကို Yoosunနဲ့
ပေါင်းပြီး ကြံစည်ခဲ့တာ နင့်ကို အလုပ်ထဲအာရုံမရောက်အောင်ပေါ့လေ...တွဲချင်ယောင်ဆောင်..အဲ့တော့ နင်နဲ့Emilyကြိုက်ချင်ယောင်ဆောင်တာကိုတော့ အမရာလက်မခံနိုင်ဘူးလေ သဘောမကျဘူးဆိုတဲ့အကြောင်း စာလက်ရေးတွေနဲ့ Emilyကို ပို့ထားတာအများကြီး Emilyက သဘောမကျပေမယ့် အမရာက Emilyကို အရမ်းချစ်ရှာတာ ရူးမတတ်ဘဲ ဒါကြောင့်လည်း စိတ်ဖောက်ပြီးသတ်ပစ်တာထင်တယ် "

"ငါ့ကို စောင့်နေပေးလို့ ကျေးဇူးတင်တယ်သိလား "

"ငါ့ကို လက်ခံပေးလို့ ကျေးဇူးတင်တာပါ"

"ဆေးရုံက ဆင်းတဲ့အခါ ကလေးမွေးဖို့ တိုင်ပင်ကြမလား "

Lisaရဲ့စကားကြောင့် Chaeyoungရှက်သွားတယ်

"ဘာလို့လည်း....ငါနဲ့တူတဲ့ ကလေးလေးမွေးပေးမယ်ဆို "

"အခုမှ သတိရလာတဲသူက ပေါက်ကရပြောနိုင်တယ်လား "

"ငါ နင့်ကို ချစ်တယ်.....ငါ့ကို လက်ထပ်ပေးပြီး အဆိုးအကောင်းရင်ဆိုင်ပေးလို့ ကျေးဇူးတင်ပါတယ်

Lisa ပြောပြီး Chaeyoung ရဲ့ နဖူးကို နမ်းလိုက်သည်

အခုဆိုရင် နှောင့်ယှက်မယ့် Yoosun လည်း မရှိတော့ဘူးဆိုတော့ Lisaတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်သွားပြီလေ

The end

#Zawgyi

Lisa အလုပ္က ျပန္ေရာက္လာေတာ့ ဧည့္ခန္းထဲတြင္ သူ႕ကို အၿမဲေစာင့္ကာ ႐ုပ္ရွင္ၾကည့္ေနတဲ့ Chaeyoungကို မေတြ႕ရေပ

အခန္းထဲကို သြားၾကည့္ေပမယ့္လည္း Chaeyoungကို မေတြ႕ရ... ေရကူးကန္ဘက္လိုက္ရွာေသာ္လည္း မေတြ႕ရေပ

ဝုတ္ ဝုတ္

Loveရဲ႕ ေဟာင္သံေၾကာင့္ Lisaမွာ Loveကို ငုံ႕ၾကည့္ၿပီး

"Love....Chaengieဘယ္မွာရွိလည္း သိလား "

"သူ ဒီမွာမရွိဘူး "

အသံၾကားရာကို လွည့္ၾကည့္ေတာ့ သူ႕ရဲ႕အိမ္ေဖာ္တစ္ေယာက္ျဖစ္တဲ့ အမရာကို ေတြ႕ရသည္

"ဟင္ ဟုတ္လား သူ အိမ္ကထြက္သြားလို႔မရဘူးေလ "

"ဟုတ္တယ္ ဒါေပမယ့္ Chaeyoungအေၾကာင္း သိသားနဲ႕ bossရယ္ သူက သူလုပ္ခ်င္တာဆို ရေအာင္လုပ္တာဘဲကို....Emilyေျပာသလို သူက ဘာမွမဟုတ္ေပမယ့္ လက္နက္တစ္ခုလိုဘဲလို႔ "

"Emily?...မင္းသူ႕ကို..."

Lisaစကားမဆုံးေသး အမရာက အေနာက္တြင္ဝွက္ထားတဲ့ ဓားနဲ႕ Lisaကို ထိုးေလသည္

Lisaမွာ ဝမ္းဗိုက္ကို ဓားနဲ႕ထိုးခံရေသာေၾကာင့္ လဲက်သြားသည္

"အမရာ မင္း....မင္းက ငါ့မိသားစုလိုဘဲ သတ္မွတ္ထားခဲ့တာ Yoosunဘက္ကေန ငါ့ကို သစၥာေဖာက္တာလား...."

"အင္း ငါက အစကတည္းက Yoosunရဲ႕လူဘဲေလ ငါနဲ႕ Emilyက နင့္ကို ဖ်က္စီးဖို႔ Yoosunငွားထားတဲ့သူ ဒါေပမယ့္ Emilyကေတာ့ ေျပာင္းလဲသြားတယ္ ...."

"အမရာ နင္မလုပ္နဲ႕ မွားမယ္ေနာ္ Yoosunက ဘယ္သူ႕မွ ဂ႐ုစိုက္တာ မဟုတ္ဘူး သူ႕အတြက္ဘဲ သူၾကည့္တာ "

"ငါ ဂ႐ုမစိုက္ဘူး ငါခ်စ္ရတဲ့သူကလည္း ေသသြားၿပီ ဒီေတာ့ ငါလည္း "

အမရာေျပာၿပီး သူ႕ခါးၾကားထဲက ေသနတ္ကို ဆြဲထုတ္လိုက္သည္

"နင့္အခင္ဆုံး သူငယ္ခ်င္း ျဖစ္ခဲ့တဲ့ နင့္မိန္းမကို င့ါလိုနာက်င္ခံစားရေအာင္ လုပ္ျပမယ္ တစ္သက္လုံး နင္ခ်စ္ရတဲ့သူ ဝမ္းနည္းပူေဆြး ေၾကကြဲေအာင္ လုပ္ျပမယ္ တစ္သက္လုံး ငါဘာလို႔ ငါ့ခံစားခ်က္ေတြကို ထုတ္မျပဘဲ ေနခဲ့မိတာလည္း ဘာလို႔ သတၱိမရွိရတာလည္းဆိုတဲ့ အျပစ္တင္စိတ္နဲ႕အတူ Yoosunက Manoban companyကို ပိုင္သြားတာ ၾကည့္ရေအာင္လုပ္မယ္ "

အမရာေျပာၿပီး ေသနတ္နဲ႕ Lisaကို ခ်ိန္လိုက္သည္

ဓားဒဏ္ရာေၾကာင့္ ေသြးအိုင္ထဲ  လဲက်ေနတဲ့ Lisaမွာ မ်က္လုံးကို မွိတ္ထားၿပီး အသက္ဝဝရႉလိုက္သည္ 

သူ႕ရဲ႕ေနာက္ဆုံးထြက္သက္အခ်ိန္ထိ Chaeyoungကိုဘဲျမင္ေယာင္ေနမိသည္

Chaeyoung ငါနင့္ကို အရမ္းခ်စ္တယ္

Bang....

Lisaမွာ ေသနတ္မွန္ၿပီလို႔ထင္ထားေသာ္လည္း ဘာမွမခံစားရေသာေၾကာင့္ ၾကည့္လိုက္ေတာ့ Loveက အမရာရဲ႕လက္ကို ကိုက္ခဲထားတာ ေတြ႕ရသည္

"ေခြးစုတ္ လႊတ္စမ္း "

အမရာမွာ Loveကို အာ႐ုံေရာက္ေနစဥ္ Lisaမွာ အျမန္ထၿပီး အမရာရဲ႕ လက္က ေသနတ္ကို ဆြဲလုကာ လႊင့္ပစ္လိုက္သည္

အမရာမွာ Lisaရဲ႕ ဓားဒဏ္ရာကို လက္နဲ႕ဆြဲညွစ္ေတာ့ Lisaမွာ နာလြန္းလို႔ တစ္ကိုယ္လုံးတုန္ရီလာသည္

Lisaလည္း အမရာေခါင္းကို သူ႕ေခါင္းနဲ႕တိုက္ၿပီး ဝမ္းဗိုက္ကို ေဆာင့္ကန္သည္

Loveကလည္း အမရာရဲ႕ ေျခသလုံးကို ကိုက္ခဲထားသည္

"ေသလိုက္ေတာ့ Lisa..."

အမရာမွာ ေျပာၿပီး Lisaကိုထိုးသည္

Lisaလည္းေရွာင္ရင္း ျပန္ခ်ေနသည္

ထိုစဥ္ ရဲကားသံၾကားရေသာေၾကာင့္ Lisa အားတက္သြားတယ္

"လက္ေလ်ာ့လိုက္ေတာ့ အမရာ... ရဲေတြလာေနၿပီ "

"နင့္ကိုေသတဲ့ထိ သတ္ပစ္မယ္လို႔ေျပာထားတယ္ေလ "

Chaeyoungတို႔နဲ႕လိုက္လာတဲ့ Joyမွာ ေသနတ္ကိုင္ၿပီး အထဲသို႔ ဝင္လာသည္

အိမ္ထဲတြင္ ေသြးေတြနဲ႕သတ္ပုတ္ေနတဲ့ Lisaတို႔ကိုၾကည့္ၿပီး Chaeyoung အရမ္းလန့္ၿပီး စိုးရိမ္သြားသည္

"Lisa...."

"မလႈပ္နဲ႕... လႈပ္ရင္ပစ္မွာေနာ္ "

Joyက ေသနတ္ကိုင္ၿပီး သတိေပးေပမယ့္ အမရာက ဂ႐ုမစိုက္ Lisa ဒဏ္ရာကို တရၾကမ္း ထိုးႏွက္ေနသည္

"Lisa....."

Chaeyoungမွာ Lisaဆီသို႔ ေျပးသြားၿပီး အမရာကို တြန္းထုတ္သည္

အမရာက Chaeyoungကို ရိုက္မယ္လုပ္ေတာ့ Joyမွာ အမရာ ေပါင္ကိုေသနတ္နဲ႕ပစ္လိုက္သည္

ထို႔ေနာက္ Joyမွာ အမရာဆီ အျမန္ေျပးသြားၿပီး လက္ထိပ္ခတ္လိုက္ကာ ထူလိုက္သည္

Jennieကေတာ့ 199ကို ဖုန္းဆက္ေနၿပီး Chaeyoungမွာ ေသြးထြက္လြန္ေနတဲ့ Lisaကို သတိမလစ္သြားေအာင္ ေပြ႕ဖက္ထားၿပီး အာ႐ုံလႊဲေပးေနသည္

"Lisa ငါရွိတယ္ေနာ္ မ်က္လုံးမမွိတ္ထားနဲ႕အုံး မၾကာခင္ ေဆး႐ုံကားလာေတာ့မယ္... "

ဒါေပမယ့္ Lisa ေတာင့္မခံနိုင္ အမရာနဲ႕ အျပန္အလွန္သတ္ပုတ္ထားရေတာ့ Lisa အရမ္းပင္ပန္းေနၿပီေလ......

Lisa မ်က္လုံးမမွိတ္မိေအာင္ ႀကိဳးစားေပမယ့္ မရေခ်.....

"Lisa...."

Lisa မ်က္လုံးဖြင့္လိုက္ေတာ့  ေဆး႐ုံေပၚသို႔ ေရာက္ေနတာကို သိလိုက္ရသည္

"သတိရလာၿပီလား Lisa... ေတာ္ေသးတာေပါ့ အခ်စ္ရယ္ "

Chaeyoungမွာ Lisaရဲ႕ လက္ကို ကိုင္ၿပီး ဝမ္းသာလြန္းလို႔ေျပာလိုက္သည္

"ငါ...ငါသတိေမ့ေနတာ ဘယ္ေလာက္ၾကာလည္း "

"ႏွစ္ပတ္ေလာက္ရွိေရာေပါ့..... ဟုတ္တယ္ ႏွစ္ပတ္ ငါလည္း အလုပ္မ်ားေနတာနဲ႕ ဒိတ္ေတြေမ့ကုန္ၿပီ ဝမ္းသာစရာေျပာရအုံးမယ္ အခု Yoosun အဖမ္းခံလိုက္ရၿပီ "

"ဘယ္လို "

"Jennieနဲ႕ငါက အမရာရယ္ Emilyနဲ႕ Yoosunက တစ္ဖြဲ႕တည္းဆိုတဲ့သက္ေသေတြ ရွာေတြ႕သြားခဲ့တယ္ ၿပီးေတာ့ Emilyကို သတ္သြားတဲ့သူက အမရာဆိုတာ CCTV ေတြက တစ္ဆင့္ရွာေတြ႕လာတယ္....ဒါေၾကာင့္မို႔လို႔ ငါလည္း သံသယရွိစာရင္းကေန ဖယ္ခံလိုက္ရၿပီ Jisooနဲ႕ Joyကလည္း ကူညီေပးၾကတယ္"

"အမရာက ဘာလို႔ Emilyကိုသတ္တာလည္း တစ္ဖြဲ႕တည္းဆို..."

"အမရာက Emilyအေပၚ ခံစားခ်က္ရွိေနတာ ၾကာၿပီ မေျပာဘဲ ဖုန္းကြယ္ထားတာေလ ငါတို႔လိုေပါ့... Emilyက မိန္းကေလးခ်င္းမႀကိဳက္ဘူးလို႔ အမရာ ထင္ခဲ့ေပမယ့္ Emilyက နင့္ကို Yoosunနဲ႕
ေပါင္းၿပီး ႀကံစည္ခဲ့တာ နင့္ကို အလုပ္ထဲအာ႐ုံမေရာက္ေအာင္ေပါ့ေလ...တြဲခ်င္ေယာင္ေဆာင္..အဲ့ေတာ့ နင္နဲ႕Emilyႀကိဳက္ခ်င္ေယာင္ေဆာင္တာကိုေတာ့ အမရာလက္မခံနိုင္ဘူးေလ သေဘာမက်ဘဴးဆိုတဲ့အေၾကာင္း စာလက္ေရးေတြနဲ႕ Emilyကို ပို႔ထားတာအမ်ားႀကီး Emilyက သေဘာမက်ေပမယ့္ အမရာက Emilyကို အရမ္းခ်စ္ရွာတာ ႐ူးမတတ္ဘဲ ဒါေၾကာင့္လည္း စိတ္ေဖာက္ၿပီးသတ္ပစ္တာထင္တယ္ "

"ငါ့ကို ေစာင့္ေနေပးလို႔ ေက်းဇူးတင္တယ္သိလား "

"ငါ့ကို လက္ခံေပးလို႔ ေက်းဇူးတင္တာပါ"

"ေဆး႐ုံက ဆင္းတဲ့အခါ ကေလးေမြးဖို႔ တိုင္ပင္ၾကမလား "

Lisaရဲ႕စကားေၾကာင့္ Chaeyoungရွက္သြားတယ္

"ဘာလို႔လည္း....ငါနဲ႕တူတဲ့ ကေလးေလးေမြးေပးမယ္ဆို "

"အခုမွ သတိရလာတဲသူက ေပါက္ကရေျပာနိုင္တယ္လား "

"ငါ နင့္ကို ခ်စ္တယ္.....ငါ့ကို လက္ထပ္ေပးၿပီး အဆိုးအေကာင္းရင္ဆိုင္ေပးလို႔ ေက်းဇူးတင္ပါတယ္

Lisa ေျပာၿပီး Chaeyoung ရဲ႕ နဖူးကို နမ္းလိုက္သည္

အခုဆိုရင္ ႏွောင့္ယွက္မယ့္ Yoosun လည္း မရွိေတာ့ဘူးဆိုေတာ့ Lisaတို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ေနနိုင္သြားၿပီေလ

The end

#Zawgyi

Bạn đang đọc truyện trên: Truyen3h.Co