Intro
Lisa ထိုင်ခုံတွင် ထိုင်ချလိုက်ရင်း မယုံနိုင်ဖြစ်ပြီး ခေါင်းခါနေမိသည်
သူ့မိဘတွေက ဘာမှမပြောဘဲ ဒီလိုလုပ်ရက်တာလည်း
Lisa သူငယ်ငယ်ကတည်းက သူ့အဖေဆီမှာ companyအကြောင်း သင်ယူလေ့လာပြီး ကျောင်းပြီးတော့လည်း လူရောစိတ်ပါ နှလုံးသားတစ်ခုလုံး ပေးထားပြီး companyမှာ စိတ်နှစ်ထားခဲ့ပြီးမှ သစ္စာဖောက်ခံရသလို Lisa ခံစားနေရတယ်လေ
သူ့အဖေက သူ့ကို လူတွေအကြောင်း အလုပ်အကြောင်းတွေ သင်ကြားပေးသလို စည်းကမ်းရှိဖို့ ဦးနှောက်သုံးဖို့ အရာရာကို သေချာစဥ်းစားဖို့ အမြဲသင်ကြားပေးခဲ့တယ်
အဲ့ဒီသင်ကြားမှုတွေကြောင့်ဘဲ Lisaဟာ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့တာလေ
Lisa ဘွဲ့ရပြီး နှစ်လလောက်ကြာတော့ Lisaမိဘတွေဟာ အလုပ်ကိစ္စနဲ့ ခရီးသွားရင်း လေယာဥ်ပြတ်ကျပြီး သေဆုံးသွားခဲ့တယ်
နာရေးကိစ္စတွေ ပြီးသွားနောက်မှာ companyကို Lisa ဦးဆောင်ဖို့ သဘောတူမတူ ဆုံးဖြတ်ဖို့ ရှယ်ယာရှင်တွေ ရောက်လာခဲ့သည်
သို့သော်လည်း မထင်မှတ်ထားတဲ့ ကိစ္စကြောင့် Lisa အရမ်းစိတ်တိုသွားသည်
"ဘာ ရှင်ပြောချင်တာက ကျွန်မက လက်ထပ်ပြီးမှ ဒီရှယ်ယာတွေကို ကိုင်တွယ်လို့ ရမှာပေါ့ ဟုတ်လား "
Lisaက မေးတော့ သူ့အဖေလက်ထောက် Yoosunက ခေါင်းညိတ်ပြသည်
"ဆိုတော့ ကျွန်မက လက်မထပ်ဘူးဆိုရင် ဒီcompanyရဲ့ CEOက ရှယ်ယာဒုတိယအများဆုံး ဖြစ်တဲ့ ရှင်ဖြစ်မှာပေါ့ "
"အမှန်ဘဲ Lisa...ငါက မင်းမိဘတွေဖြစ်စေချင်သလို ဒီ companyကို ဦးဆောင်ရမှာ "
Yoosunကပြောပြီး ထရပ်ကာ ရှယ်ယာရှင် ဆယ့်နှစ်ယောက်ကို ကြည့်လိုက်သည်
"ဒီတော့ Lisa လက်မထပ်ခင်အထိ ကျွန်တော်က ဒီ companyကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ကိုင်ပါမယ် "
အစည်းအဝေးပြီးတော့ Lisa စိတ်တိုပြီး သူ့ရဲ့ ရှေ့နေကို ဖုန်းဆက်လိုက်သည်
"Jinwoo ကျွန်မတို့ စကားပြောရအောင် "
Jinwooလည်း Lisaဆီကိုရောက်လာရော Lisa စိတ်တိုနေတာကို ဖွင့်ချလိုက်သည်
"ဘာတွေဖြစ်ကုန်တာလည်း Jinwoo ရှင် ဒါမျိုးဖြစ်လာမယ်ဆိုတာ မသိဘူးလား အခု ရှယ်ယာရှင်တွေရှေ့မှာ ကျွန်မ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားတယ်ဆိုတာ သိရဲ့လား "
"Miss Lisa... မင်းရဲ့မိဘတွေက မင်း အလုပ်ထဲမှာဘဲ စိတ်နှစ်ပြီး အိမ်ထောင်မပြုမှာကို စိတ်ပူနေတာ အသက်ဆယ့်ရှစ်နှစ်ကတည်းက ကျောင်းတက်ရင်း ဒီအလုပ်မှာလုပ်လာခဲ့တာ မဟုတ်လား "
"အဲ့တာ သူတို့ဖြစ်စေချင်တဲ့အတိုင်း ကျွန်မနေခဲ့တာလေ ကျွန်မနားမလည်တော့ဘူး ဘာတဲ့ လက်ထပ်မှ CEO ဖြစ်ခွင့်ရမှာတဲ့ ဟုတ်လား ကျွန်မ လက်မထပ်တဲ့အချိန်တွေမှာ Yoosunက ဦးစီးမှာဆို သူတို့က ကျွန်မကို မယုံတာလား "
Lisa စိတ်တိုပြီး ကလေးတစ်ယောက်လို အော်ဟစ်လိုက်သည်
"သူတို့ မင်းကို ယုံပါတယ် မင်းကိုလည်း ယုံသလို သူတို့က မင်းကို ပျော်စေချင်တာပါ အထူးသဖြင့် မင်းရဲ့အမေပေါ့ မင်း ရည်းစားဟောင်းကြောင့် အသည်းကွဲပြီး အလုပ်ကိုဘဲ ပိုအာရုံစိုက်ဖိလုပ်တော့ သူ တော်တော်လေး စိတ်ပူနေခဲ့တာ Lisa...မင်းမိဘတွေရဲ့ နောက်ဆုံးဆန္ဒက မင်းကိုပျော်အောင်လုပ်ပေးနိုင်တဲ့ အမျိုးသမီးကိုလက်ထပ်ပြီး မင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ နေစေချင်တာ companyကို ဦးစီးစေချင်တာ မဟုတ်ဘူး "
"ဒါပေမယ့် "
"မင်းမိဘတွေ ဖြစ်စေချင်တဲ့ ဘဝကို ရှာဖွေပြီး ရှင်သန်ပါ ပြီးတော့ မင်း ချစ်တဲ့သူကို ရှာတွေ့တဲ့အခါ ဒီcompanyကို ပြန်လာခဲ့ "
Lisa စိတ်ပျက်စွာနဲ့ companyက ထွက်လာခဲ့သည် သူ့မိဘတွေ ဘာဖြစ်စေချင်မှန်း Lisa တွေးမရတော့ပေ
စိတ်ညစ်ညစ်နဲ့ Jisooကို ဖုန်းဆက်ပြီး အရက်သောက်ဖို့ ချိန်းလိုက်သည်
Jisooနဲ့ အရက်သောက်နေပေမယ့် Lisa တစ်စုံတစ်ယောက်ကို လိုအပ်နေတယ် သူ့ကို နှစ်သိမ့်ပေးမယ့် သူ့ဒဏ်ရာတွေကို သက်သာစေမယ့် သူ့ရဲ့အတွင်းစိတ်ကို အေးချမ်းစေမယ့်လူကို လိုအပ်နေတယ်
ဒါကြောင့် Lisa ဖုန်းဖွင့်ပြီး ဖုန်းခေါ်လိုက်သည်
"Hello...Chaeyoung ငါ မင်းကို လိုအပ်တယ် "
#tbc
မိန်းကလေးတစ်ယောက် ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်မှ Manoban companyမှာ CEO လုပ်ခွင့်ရမယ်လို့ မိဘတွေက ပြောခဲ့သောအခါ
ငယ်စဥ်ကတည်းက စိတ်ရောလူပါ companyထဲ နှစ်ထားခဲ့တဲ့ Lisa တစ်ယောက် companyကို လက်မလွှတ်နိုင်တဲ့အခါ သူ့သူငယ်ချင်းဖြစ်သူကို ဟန်ဆောင်လက်ထပ်ဖို့ အကူအညီတောင်းခဲ့ပါတယ်
အဟောင်ဆောင် လက်ထပ်ကြရင်း တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားမလားဆိုတာ.....!
Hello Chaelisa fic အသစ်လေး ထပ်လာပါပြီ ပြီးတော့ Jensoo ficအသစ်တစ်ပုဒ်လည်း ဒီရက်ပိုင်းအတွင်း တင်ပေးပါမယ်
#Zawgyi
Lisa ထိုင္ခုံတြင္ ထိုင္ခ်လိဳက္ရင္း မယုံနိုင္ျဖစ္ၿပီး ေခါင္းခါေနမိသည္
သူ႕မိဘေတြက ဘာမွမေျပာဘဲ ဒီလိုလုပ္ရက္တာလည္း
Lisa သူငယ္ငယ္ကတည္းက သူ႕အေဖဆီမွာ companyအေၾကာင္း သင္ယူေလ့လာၿပီး ေက်ာင္းၿပီးေတာ့လည္း လူေရာစိတ္ပါ ႏွလုံးသားတစ္ခုလုံး ေပးထားၿပီး companyမွာ စိတ္ႏွစ္ထားခဲ့ၿပီးမွ သစၥာေဖာက္ခံရသလို Lisa ခံစားေနရတယ္ေလ
သူ႕အေဖက သူ႕ကို လူေတြအေၾကာင္း အလုပ္အေၾကာင္းေတြ သင္ၾကားေပးသလို စည္းကမ္းရွိဖို႔ ဦးႏွောက္သုံးဖို႔ အရာရာကို ေသခ်ာစဥ္းစားဖို႔ အၿမဲသင္ၾကားေပးခဲ့တယ္
အဲ့ဒီသင္ၾကားမႈေတြေၾကာင့္ဘဲ Lisaဟာ ထက္ျမက္တဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္လာခဲ့တာေလ
Lisa ဘြဲ႕ရၿပီး ႏွစ္လေလာက္ၾကာေတာ့ Lisaမိဘေတြဟာ အလုပ္ကိစၥနဲ႕ ခရီးသြားရင္း ေလယာဥ္ျပတ္က်ၿပီး ေသဆုံးသြားခဲ့တယ္
နာေရးကိစၥေတြ ၿပီးသြားေနာက္မွာ companyကို Lisa ဦးေဆာင္ဖို႔ သေဘာတူမတူ ဆုံးျဖတ္ဖို႔ ရွယ္ယာရွင္ေတြ ေရာက္လာခဲ့သည္
သို႔ေသာ္လည္း မထင္မွတ္ထားတဲ့ ကိစၥေၾကာင့္ Lisa အရမ္းစိတ္တိုသြားသည္
"ဘာ ရွင္ေျပာခ်င္တာက ကြၽန္မက လက္ထပ္ၿပီးမွ ဒီရွယ္ယာေတြကို ကိုင္တြယ္လို႔ ရမွာေပါ့ ဟုတ္လား "
Lisaက ေမးေတာ့ သူ႕အေဖလက္ေထာက္ Yoosunက ေခါင္းညိတ္ျပသည္
"ဆိုေတာ့ ကြၽန္မက လက္မထပ္ဘူးဆိုရင္ ဒီcompanyရဲ႕ CEOက ရွယ္ယာဒုတိယအမ်ားဆုံး ျဖစ္တဲ့ ရွင္ျဖစ္မွာေပါ့ "
"အမွန္ဘဲ Lisa...ငါက မင္းမိဘေတြျဖစ္ေစခ်င္သလို ဒီ companyကို ဦးေဆာင္ရမွာ "
Yoosunကေျပာၿပီး ထရပ္ကာ ရွယ္ယာရွင္ ဆယ့္ႏွစ္ေယာက္ကို ၾကည့္လိုက္သည္
"ဒီေတာ့ Lisa လက္မထပ္ခင္အထိ ကြၽန္ေတာ္က ဒီ companyကို အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားလုပ္ကိုင္ပါမယ္ "
အစည္းအေဝးၿပီးေတာ့ Lisa စိတ္တိုၿပီး သူ႕ရဲ႕ ေရွ႕ေနကို ဖုန္းဆက္လိုက္သည္
"Jinwoo ကြၽန္မတို႔ စကားေျပာရေအာင္ "
Jinwooလည္း Lisaဆီကိုေရာက္လာေရာ Lisa စိတ္တိုေနတာကို ဖြင့္ခ်လိဳက္သည္
"ဘာေတြျဖစ္ကုန္တာလည္း Jinwoo ရွင္ ဒါမ်ိဳးျဖစ္လာမယ္ဆိုတာ မသိဘူးလား အခု ရွယ္ယာရွင္ေတြေရွ႕မွာ ကြၽန္မ ဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္သြားတယ္ဆိုတာ သိရဲ႕လား "
"Miss Lisa... မင္းရဲ႕မိဘေတြက မင္း အလုပ္ထဲမွာဘဲ စိတ္ႏွစ္ၿပီး အိမ္ေထာင္မျပဳမွာကို စိတ္ပူေနတာ အသက္ဆယ့္ရွစ္ႏွစ္ကတည္းက ေက်ာင္းတက္ရင္း ဒီအလုပ္မွာလုပ္လာခဲ့တာ မဟုတ္လား "
"အဲ့တာ သူတို႔ျဖစ္ေစခ်င္တဲ့အတိုင္း ကြၽန္မေနခဲ့တာေလ ကြၽန္မနားမလည္ေတာ့ဘူး ဘာတဲ့ လက္ထပ္မွ CEO ျဖစ္ခြင့္ရမွာတဲ့ ဟုတ္လား ကြၽန္မ လက္မထပ္တဲ့အခ်ိန္ေတြမွာ Yoosunက ဦးစီးမွာဆို သူတို႔က ကြၽန္မကို မယုံတာလား "
Lisa စိတ္တိုၿပီး ကေလးတစ္ေယာက္လို ေအာ္ဟစ္လိုက္သည္
"သူတို႔ မင္းကို ယုံပါတယ္ မင္းကိုလည္း ယုံသလို သူတို႔က မင္းကို ေပ်ာ္ေစခ်င္တာပါ အထူးသျဖင့္ မင္းရဲ႕အေမေပါ့ မင္း ရည္းစားေဟာင္းေၾကာင့္ အသည္းကြဲၿပီး အလုပ္ကိုဘဲ ပိုအာ႐ုံစိုက္ဖိလုပ္ေတာ့ သူ ေတာ္ေတာ္ေလး စိတ္ပူေနခဲ့တာ Lisa...မင္းမိဘေတြရဲ႕ ေနာက္ဆုံးဆႏၵက မင္းကိုေပ်ာ္ေအာင္လုပ္ေပးနိုင္တဲ့ အမ်ိဳးသမီးကိုလက္ထပ္ၿပီး မင္းကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ေနေစခ်င္တာ companyကို ဦးစီးေစခ်င္တာ မဟုတ္ဘူး "
"ဒါေပမယ့္ "
"မင္းမိဘေတြ ျဖစ္ေစခ်င္တဲ့ ဘဝကို ရွာေဖြၿပီး ရွင္သန္ပါ ၿပီးေတာ့ မင္း ခ်စ္တဲ့သူကို ရွာေတြ႕တဲ့အခါ ဒီcompanyကို ျပန္လာခဲ့ "
Lisa စိတ္ပ်က္စြာနဲ႕ companyက ထြက္လာခဲ့သည္ သူ႕မိဘေတြ ဘာျဖစ္ေစခ်င္မွန္း Lisa ေတြးမရေတာ့ေပ
စိတ္ညစ္ညစ္နဲ႕ Jisooကို ဖုန္းဆက္ၿပီး အရက္ေသာက္ဖို႔ ခ်ိန္းလိုက္သည္
Jisooနဲ႕ အရက္ေသာက္ေနေပမယ့္ Lisa တစ္စုံတစ္ေယာက္ကို လိုအပ္ေနတယ္ သူ႕ကို ႏွစ္သိမ့္ေပးမယ့္ သူ႕ဒဏ္ရာေတြကို သက္သာေစမယ့္ သူ႕ရဲ႕အတြင္းစိတ္ကို ေအးခ်မ္းေစမယ့္လူကို လိုအပ္ေနတယ္
ဒါေၾကာင့္ Lisa ဖုန္းဖြင့္ၿပီး ဖုန္းေခၚလိုက္သည္
"Hello...Chaeyoung ငါ မင္းကို လိုအပ္တယ္ "
#tbc
မိန္းကေလးတစ္ေယာက္ ဒါမွမဟုတ္ ကိုယ္ခ်စ္တဲ့သူနဲ႕လက္ထပ္မွ Manoban companyမွာ CEO လုပ္ခြင့္ရမယ္လို႔ မိဘေတြက ေျပာခဲ့ေသာအခါ
ငယ္စဥ္ကတည္းက စိတ္ေရာလူပါ companyထဲ ႏွစ္ထားခဲ့တဲ့ Lisa တစ္ေယာက္ companyကို လက္မလႊတ္နိုင္တဲ့အခါ သူ႕သူငယ္ခ်င္းျဖစ္သူကို ဟန္ေဆာင္လက္ထပ္ဖို႔ အကူအညီေတာင္းခဲ့ပါတယ္
အေဟာင္ေဆာင္ လက္ထပ္ၾကရင္း တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္မိသြားမလားဆိုတာ.....!
Hello Chaelisa fic အသစ္ေလး ထပ္လာပါၿပီ ၿပီးေတာ့ Jensoo ficအသစ္တစ္ပုဒ္လည္း ဒီရက္ပိုင္းအတြင္း တင္ေပးပါမယ္
Bạn đang đọc truyện trên: Truyen3h.Co