Part 1
Lisaဆီက ဖုန်းရပြီးနောက် Chaeyoung ချက်ချင်းဘဲ မုန့်ဆိုင်ကနေ ထွက်လာခဲ့သည် Lisaအသံက ဝမ်းနည်းနေတဲ့ပုံပေါ်နေလို့ Chaeyoung အနားမှာရှိပေးပြီး နှစ်သိမ့်ပေးရမယ် မဟုတ်လား
အိမ်ကိုရောက်လာပြီးနောက် ရေခဲသေတ္တာထဲက ဘီယာဗူးနဲ့ မုန့်ဘီဒိုထဲက မုန့်ထုပ်တွေကို Chaeyoung ယူပြီး စားပွဲခုံပေါ်တင်ထားလိုက်သည်
အပြင်က ရောက်လာမယ့် Lisa နွေးထွေးသွားအောင်လည်း အပူပေးစက်ကို Chaeyoung ဖွင့်လိုက်သည်
Lisaနဲ့ Chaeyoungက ဆယ်ကျော်သက်အရွယ်မှာ သူတို့မိသားစုတွေ ခရီးအတူထွက်ကြရင်း ခင်မင်ရင်းနှီးသွားခဲ့ခြင်း ဖြစ်သည်
မိသားစုခရီးထွက်ရတာ ပျင်းစရာကောင်းတယ်လို့ ထင်ခဲ့ပေမယ့် Lisaကြောင့် ပျော်ခဲ့ရချိန်များကို Chaeyoung မှတ်မိသေးသည်
သူငယ်ချင်းဖြစ်လာပြီးနောက် သူတို့နှစ်ယောက် ဆယ်ကျော်သက်အရွယ်က crushတွေအကြောင်း အကြိုက်ဆုံး ဘာသာရပ်တွေအကြောင်း အရာအားလုံးကိုပြောပြကြသလို Chaeyoungကိုဆိုရင် Lisaက အရမ်းစနောက်တတ်သေးသည်
Chaeyoungရဲ့ အိမ်ကို Lisa စနေနေ့ညတိုင်း လာအိပ်ပြီး ရုပ်ရှင်အတူကြည့်ကာ Chaeyoung အဝတ်အစားတွေကို ယူဝတ်တဲ့အထိ ခင်မင်ရင်းနှီးကြသည်
Chaeyoung ဘီဒိုပေါ်က Lisaနဲ့ သူ့ပုံတွေကို တစ်ချက်ကြည့်လိုက်သည် Chaeyoungမှာ jennie,somi,wendy သူငယ်ချင်းတွေရှိသော်လည်း Lisaလောက် ဆက်ဆံရေးမနက်နဲခဲ့ပေ
Chaeyoungရဲ့ရည်းစားဟောင်း Suzyက သူ့အပေါ် သစ္စာဖောက်တုန်းက Lisaကဘဲ ဘေးနားရှိခဲ့ပြီး နှစ်သိမ့်ပေးခဲ့သည်
Chaeyoung မိဘတွေ ကွာရှင်းကြတုန်းကလည်း Lisaကဘဲ Chaeyoungကို အထီးမကျန်အောင် ဘေးနားမှာ ရှိနေပေးခဲ့သည်
Lisaက အမြဲတမ်းဘေးနားရှိနေပေးခဲ့တာပါ
Lisa သူ့ရည်းစားဆီက သစ္စာဖောက်ခံရတုန်းကလည်း Chaeyoungကဘဲ ဝမ်းမနည်းအောင် ရှိနေးပေးခဲ့သည်
သူတို့နှစ်ယောက်ဟာ တစ်ယောက်လျို့ဝှက်ချက်တစ်ယောက်သိကြပြီး တစ်ယောက်အတွက်တစ်ယောက် အမြဲရှိနေပေးသည်မှာ ယနေ့ထိတိုင်ပင်
Knock Knock
တံခါးခေါက်သံကြောင့် Chaeyoung တွေးနေရာက ရပ်ပြီး တံခါးအမြန်ဖွင့်ပေးတော့ Lisaက သူ့အပေါ်လဲကျလာသည်
လဲကျလာတဲ့ Lisaကို Chaeyoungဖမ်းပြီး ဖက်ထားလိုက်သည်
"I got you....လာ Lisa အိမ်ထဲဝင်ရအောင် "
Lisaကို တွဲပြီး Chaeyoungအထဲကို ခေါ်လာသည်
ထို့နောက် ဆိုဖာပေါ် Lisaကို ချလိုက်ပြီး Chaeyoungက ရေတစ်ခွက်သွားယူသည်
Chaeyoungရဲ့ ဆိုဖာပေါ်ထိုင်နေရင်း Lisaက သူရဲ့ငွေရောင်ဂျာကင်ကို ချွတ်လိုက်သည်
"Lisaရော့ ဒါလေးသောက်လိုက် "
ရေသောက်နေတဲ့ Lisaဘေးနား Chaeyoung ထိုင်လိုက်ပြီး Lisaဘက်က ရင်ဖွင့်မယ့်အချိန်ကို စောင့်နေသည်
"ငါ့မိဘတွေလေ...."
Lisa စကားစပြီး အသက်ဝဝရှူလိုက်သည်
"Boardအဖွဲ့အစည်းက ရှယ်ယာရှင်တွေက ငါ့ကို CEOအဖြစ်ကနေ ရပ်ဆိုင်းလိုက်တယ် "
"ဘာ အဲ့တာ တရားဝင်လို့လား"
"တရားဝင်တယ် စောက်ရမ်းတရားဝင်တာ Chaeyoungရာ....သူတို့ကပြောတယ် ငါ...ငါက CEOအဖြစ်.... CEOနေရာက မဖယ်ပေးချင်ရင်.... လက်ထပ်ရမယ်လို့ ပြောတယ် "
Lisaရဲ့ စကားကြောင့် Chaeyoung ပါးစပ်အဟောင်းသားဖြစ်သွားသည်
"နေပါအုံး ဘယ်လို နင်တကယ်ပြောနေတာလား "
"ဟုတ်တယ် လက်ထပ်ပြီးရင် မကွာရှင်းရဘူးတဲ့ ရှေ့နေ Jinwooကလည်း ဟန်ဆောင်တာလား တကယ်လက်ထပ်တာလားဆိုတာ လတိုင်းခဏခဏလာစစ်ဆေးမယ်တဲ့ ငါပြောချင်တာက ဒါတွေက ငါ့အတွက် အမေတို့က စီစဥ်ထားတာဆိုတာ နင်ယုံလား အမေက ငါ အလုပ်ထဲမှာဘဲဲ မြုပ်နေမှာကို စိတ်ပူတာလို့ Jinwooကပြောတယ် "
"နင့်အမေပြောတာ မှန်တယ် Lisa...နင် အလုပ်ထဲမှာ စိတ်မြုပ်ထားလွန်းလို့ ငါတို့ သူငယ်ချင်း တွေ့ဆုံပွဲတွေတောင် နင်မလာခဲ့ဘူး Jisooတို့ကဆို နင့်ကို အရမ်းသတိရနေတာ "
Chaeyoungရဲ့စကားကြောင့် သူ့သူငယ်ချင်းတွေအပေါ် Lisa အားနာသွားတယ်
"Sorry Chaeyoung အဲ့လိုဖြစ်လို့ ငါမရည်ရွယ်ပါဘူး ငါ...ငါက"
Lisaရဲ့ပါးနှစ်ဖက်ကို Chaeyoung ဆုပ်ကိုင်လိုက်သည်
"မဟုတ်တာ နင်အလုပ်များနေတယ်ဆိုတာ ငါတို့သိပါတယ် နားလည်ပါတယ်ဟ"
"အလုပ်က အခုလည်း များနေတုန်းဘဲ Chaeyoung...Yoonsunက companyနဲ့ပတ်သက်ပြီး သိပ်စိတ်ဝင်စားတာမဟုတ်ဘူး သူ့ကိုလွှဲထားရင် ဗရမ်းဗတာ ဖြစ်ကုန်မှာ.....သူတို့ပြောတာက ငါလက်ထပ်ပြီး အဲ့မိန်းမဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ နှစ်နှစ်ကျော်ထိအတူနေမှတဲ့ "
"Lisa...Please ဘယ်သူမှ နင့်ကိုလက်မထပ်ချင်တဲ့ပုံစံကြီးနဲ့ ပြောမနေစမ်းပါနဲ့ "
"Nabiက...သူ ငါ့ကို "
"Hey သူက နင့်ကို သစ္စာဖောက်သွားတာကို မမှတ်မိဘူးလား come on Lisa နင့်ရှေ့တစ်ခြားတစ်ယောက်နဲ့ Sexလုပ်နေတာကို မြင်ခဲ့ရတာ ဘာလို့ ခုထိအမှတ်မရှိသေးတာလည်း "
"ah ဆိုးရွားလိုက်တာ "
စိတ်ရှုပ်နေတဲ့ သူ့အသက်၁၂နှစ်အရွယ်ကတည်းက ခင်လာတဲ့ သူငယ်ချင်းဖြစ်သူ Lisaကို Chaeyoung စိုက်ကြည့်နေမိသည်
Lisaက သူအမှားလုပ်ရင်တောင် အပြစ်တင်ပြောဆိုခြင်း ဝေဖန်ခြင်းမရှိဘဲ သူ့ဘေးနားမှာ နေပေးလာခဲ့တာ ကြာပြီမဟုတ်လား
ပြီးတော့ Lisaက companyမှာ သူ့ဘဝတစ်ခုလုံး မြုပ်နှံပြီး ကြိုးစားခဲ့တာကို Yoosunက သူ့နေရာကိုလုတော့မယ် ....Chaeyoung ဒီအတိုင်းတော့ ထိုင်ကြည့်မနေနိုင်ဘူး
"Lisa ငါ့ကို ကြည့်....ငါ ပြောတာကို နားထောင် "
Lisaလည်း Chaeyoungကိုကြည့်ပြီး သူပြောမယ့်စကားကို စောင့်နားထောင်နေသည်
"နင်က ငါ့ရဲ့အကောင်းဆုံး သူငယ်ချင်းဘဲ Lisa နင်နဲ့ပတ်သက်ရင် ငါအားလုံးကို ဂရုစိုက်တယ် ငါ နင့်ကို ကူညီချင်တယ် "
"ငါ သိပါတယ် နင်ငါ့ကို အမြဲကူညီပေးခဲ့တာဘဲ "
Chaeyoungရဲ့ စကားကြောင့် Lisa ပြုံးပြီး ပြန်ပြောလိုက်သည်
"ဒီတစ်ခါလည်း နင့်ကို ကူညီချင်တယ်.... ငါ့ကို လက်ထပ်ပါ Lisa...."
Chaeyoung ရဲ့စကားကြောင့် Lisa အံ့သြပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်
#tbc
#zawgyi
Lisaဆီက ဖုန္းရၿပီးေနာက္ Chaeyoung ခ်က္ခ်င္းဘဲ မုန့္ဆိုင္ကေန ထြက္လာခဲ့သည္ Lisaအသံက ဝမ္းနည္းေနတဲ့ပုံေပၚေနလို႔ Chaeyoung အနားမွာရွိေပးၿပီး ႏွစ္သိမ့္ေပးရမယ္ မဟုတ္လား
အိမ္ကိုေရာက္လာၿပီးေနာက္ ေရခဲေသတၱာထဲက ဘီယာဗူးနဲ႕ မုန့္ဘီဒိုထဲက မုန့္ထုပ္ေတြကို Chaeyoung ယူၿပီး စားပြဲခုံေပၚတင္ထားလိုက္သည္
အျပင္က ေရာက္လာမယ့္ Lisa ႏြေးေထြးသြားေအာင္လည္း အပူေပးစက္ကို Chaeyoung ဖြင့္လိုက္သည္
Lisaနဲ႕ Chaeyoungက ဆယ္ေက်ာ္သက္အ႐ြယ္မွာ သူတို႔မိသားစုေတြ ခရီးအတူထြက္ၾကရင္း ခင္မင္ရင္းႏွီးသြားခဲ့ျခင္း ျဖစ္သည္
မိသားစုခရီးထြက္ရတာ ပ်င္းစရာေကာင္းတယ္လို႔ ထင္ခဲ့ေပမယ့္ Lisaေၾကာင့္ ေပ်ာ္ခဲ့ရခ်ိန္မ်ားကို Chaeyoung မွတ္မိေသးသည္
သူငယ္ခ်င္းျဖစ္လာၿပီးေနာက္ သူတို႔ႏွစ္ေယာက္ ဆယ္ေက်ာ္သက္အ႐ြယ္က crushေတြအေၾကာင္း အႀကိဳက္ဆုံး ဘာသာရပ္ေတြအေၾကာင္း အရာအားလုံးကိုေျပာျပၾကသလို Chaeyoungကိုဆိုရင္ Lisaက အရမ္းစေနာက္တတ္ေသးသည္
Chaeyoungရဲ႕ အိမ္ကို Lisa စေနေန႕ညတိုင္း လာအိပ္ၿပီး ႐ုပ္ရွင္အတူၾကည့္ကာ Chaeyoung အဝတ္အစားေတြကို ယူဝတ္တဲ့အထိ ခင္မင္ရင္းႏွီးၾကသည္
Chaeyoung ဘီဒိုေပၚက Lisaနဲ႕ သူ႕ပုံေတြကို တစ္ခ်က္ၾကည့္လိုက္သည္ Chaeyoungမွာ jennie,somi,wendy သူငယ္ခ်င္းေတြရွိေသာ္လည္း Lisaေလာက္ ဆက္ဆံေရးမနက္နဲခဲ့ေပ
Chaeyoungရဲ႕ရည္းစားေဟာင္း Suzyက သူ႕အေပၚ သစၥာေဖာက္တုန္းက Lisaကဘဲ ေဘးနားရွိခဲ့ၿပီး ႏွစ္သိမ့္ေပးခဲ့သည္
Chaeyoung မိဘေတြ ကြာရွင္းၾကတုန္းကလည္း Lisaကဘဲ Chaeyoungကို အထီးမက်န္ေအာင္ ေဘးနားမွာ ရွိေနေပးခဲ့သည္
Lisaက အၿမဲတမ္းေဘးနားရွိေနေပးခဲ့တာပါ
Lisa သူ႕ရည္းစားဆီက သစၥာေဖာက္ခံရတုန္းကလည္း Chaeyoungကဘဲ ဝမ္းမနည္းေအာင္ ရွိေနးေပးခဲ့သည္
သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္လ်ိဳ႕ဝွက္ခ်က္တစ္ေယာက္သိၾကၿပီး တစ္ေယာက္အတြက္တစ္ေယာက္ အၿမဲရွိေနေပးသည္မွာ ယေန႕ထိတိုင္ပင္
Knock Knock
တံခါးေခါက္သံေၾကာင့္ Chaeyoung ေတြးေနရာက ရပ္ၿပီး တံခါးအျမန္ဖြင့္ေပးေတာ့ Lisaက သူ႕အေပၚလဲက်လာသည္
လဲက်လာတဲ့ Lisaကို Chaeyoungဖမ္းၿပီး ဖက္ထားလိုက္သည္
"I got you....လာ Lisa အိမ္ထဲဝင္ရေအာင္ "
Lisaကို တြဲၿပီး Chaeyoungအထဲကို ေခၚလာသည္
ထို႔ေနာက္ ဆိုဖာေပၚ Lisaကို ခ်လိဳက္ၿပီး Chaeyoungက ေရတစ္ခြက္သြားယူသည္
Chaeyoungရဲ႕ ဆိုဖာေပၚထိုင္ေနရင္း Lisaက သူရဲ႕ေငြေရာင္ဂ်ာကင္ကို ခြၽတ္လိုက္သည္
"Lisaေရာ့ ဒါေလးေသာက္လိုက္ "
ေရေသာက္ေနတဲ့ Lisaေဘးနား Chaeyoung ထိုင္လိုက္ၿပီး Lisaဘက္က ရင္ဖြင့္မယ့္အခ်ိန္ကို ေစာင့္ေနသည္
"ငါ့မိဘေတြေလ...."
Lisa စကားစၿပီး အသက္ဝဝရႉလိုက္သည္
"Boardအဖြဲ႕အစည္းက ရွယ္ယာရွင္ေတြက ငါ့ကို CEOအျဖစ္ကေန ရပ္ဆိုင္းလိုက္တယ္ "
"ဘာ အဲ့တာ တရားဝင္လို႔လား"
"တရားဝင္တယ္ ေစာက္ရမ္းတရားဝင္တာ Chaeyoungရာ....သူတို႔ကေျပာတယ္ ငါ...ငါက CEOအျဖစ္.... CEOေနရာက မဖယ္ေပးခ်င္ရင္.... လက္ထပ္ရမယ္လို႔ ေျပာတယ္ "
Lisaရဲ႕ စကားေၾကာင့္ Chaeyoung ပါးစပ္အေဟာင္းသားျဖစ္သြားသည္
"ေနပါအုံး ဘယ္လို နင္တကယ္ေျပာေနတာလား "
"ဟုတ္တယ္ လက္ထပ္ၿပီးရင္ မကြာရွင္းရဘူးတဲ့ ေရွ႕ေန Jinwooကလည္း ဟန္ေဆာင္တာလား တကယ္လက္ထပ္တာလားဆိုတာ လတိုင္းခဏခဏလာစစ္ေဆးမယ္တဲ့ ငါေျပာခ်င္တာက ဒါေတြက ငါ့အတြက္ အေမတို႔က စီစဥ္ထားတာဆိုတာ နင္ယုံလား အေမက ငါ အလုပ္ထဲမွာဘဲဲ ျမဳပ္ေနမွာကို စိတ္ပူတာလို႔ Jinwooကေျပာတယ္ "
"နင့္အေမေျပာတာ မွန္တယ္ Lisa...နင္ အလုပ္ထဲမွာ စိတ္ျမဳပ္ထားလြန္းလို႔ ငါတို႔ သူငယ္ခ်င္း ေတြ႕ဆုံပြဲေတြေတာင္ နင္မလာခဲ့ဘူး Jisooတို႔ကဆို နင့္ကို အရမ္းသတိရေနတာ "
Chaeyoungရဲ႕စကားေၾကာင့္ သူ႕သူငယ္ခ်င္းေတြအေပၚ Lisa အားနာသြားတယ္
"Sorry Chaeyoung အဲ့လိုျဖစ္လို႔ ငါမရည္႐ြယ္ပါဘူး ငါ...ငါက"
Lisaရဲ႕ပါးႏွစ္ဖက္ကို Chaeyoung ဆုပ္ကိုင္လိုက္သည္
"မဟုတ္တာ နင္အလုပ္မ်ားေနတယ္ဆိုတာ ငါတို႔သိပါတယ္ နားလည္ပါတယ္ဟ"
"အလုပ္က အခုလည္း မ်ားေနတုန္းဘဲ Chaeyoung...Yoonsunက companyနဲ႕ပတ္သက္ၿပီး သိပ္စိတ္ဝင္စားတာမဟုတ္ဘူး သူ႕ကိုလႊဲထားရင္ ဗရမ္းဗတာ ျဖစ္ကုန္မွာ.....သူတို႔ေျပာတာက ငါလက္ထပ္ၿပီး အဲ့မိန္းမျဖစ္ျဖစ္ တစ္ေယာက္ေယာက္နဲ႕ ႏွစ္ႏွစ္ေက်ာ္ထိအတူေနမွတဲ့ "
"Lisa...Please ဘယ္သူမွ နင့္ကိုလက္မထပ္ခ်င္တဲ့ပုံစံႀကီးနဲ႕ ေျပာမေနစမ္းပါနဲ႕ "
"Nabiက...သူ ငါ့ကို "
"Hey သူက နင့္ကို သစၥာေဖာက္သြားတာကို မမွတ္မိဘူးလား come on Lisa နင့္ေရွ႕တစ္ျခားတစ္ေယာက္နဲ႕ Sexလုပ္ေနတာကို ျမင္ခဲ့ရတာ ဘာလို႔ ခုထိအမွတ္မရွိေသးတာလည္း "
"ah ဆိုး႐ြားလိုက္တာ "
စိတ္ရႈပ္ေနတဲ့ သူ႕အသက္၁၂ႏွစ္အ႐ြယ္ကတည္းက ခင္လာတဲ့ သူငယ္ခ်င္းျဖစ္သူ Lisaကို Chaeyoung စိုက္ၾကည့္ေနမိသည္
Lisaက သူအမွားလုပ္ရင္ေတာင္ အျပစ္တင္ေျပာဆိုျခင္း ေဝဖန္ျခင္းမရွိဘဲ သူ႕ေဘးနားမွာ ေနေပးလာခဲ့တာ ၾကာၿပီမဟုတ္လား
ၿပီးေတာ့ Lisaက companyမွာ သူ႕ဘဝတစ္ခုလုံး ျမဳပ္ႏွံၿပီး ႀကိဳးစားခဲ့တာကို Yoosunက သူ႕ေနရာကိုလုေတာ့မယ္ ....Chaeyoung ဒီအတိုင္းေတာ့ ထိုင္ၾကည့္မေနနိုင္ဘူး
"Lisa ငါ့ကို ၾကည့္....ငါ ေျပာတာကို နားေထာင္ "
Lisaလည္း Chaeyoungကိုၾကည့္ၿပီး သူေျပာမယ့္စကားကို ေစာင့္နားေထာင္ေနသည္
"နင္က ငါ့ရဲ႕အေကာင္းဆုံး သူငယ္ခ်င္းဘဲ Lisa နင္နဲ႕ပတ္သက္ရင္ ငါအားလုံးကို ဂ႐ုစိုက္တယ္ ငါ နင့္ကို ကူညီခ်င္တယ္ "
"ငါ သိပါတယ္ နင္ငါ့ကို အၿမဲကူညီေပးခဲ့တာဘဲ "
Chaeyoungရဲ႕ စကားေၾကာင့္ Lisa ၿပဳံးၿပီး ျပန္ေျပာလိုက္သည္
"ဒီတစ္ခါလည္း နင့္ကို ကူညီခ်င္တယ္.... ငါ့ကို လက္ထပ္ပါ Lisa...."
Chaeyoung ရဲ႕စကားေၾကာင့္ Lisa အံ့ၾသၿပီး ပါးစပ္အေဟာင္းသား ျဖစ္သြားသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co