Part 22
Chaelisaတို့ ရုပ်ရှင်ကြည့်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်လာကြသည်
Chaeyoungက သွားတိုက်အဝတ်လဲနေစဥ် Lisaကတော့ ကုတင်ပေါ်တွင် ထိုင်ရင်း စိတ်လှုပ်ရှားနေတယ်
အရမ်းလှုပ်ရှားနေတဲ့ သူ့စိတ်ကို ထိန်းဖို့ စားပွဲခုံပေါ်က စာအုပ်ကို ယူပြီး Lisa ဖတ်လိုက်သည်
မိနစ်အနည်ငယ်ကြာတော့ ညအိပ်ဝတ်စုံလေး ဝတ်ထားတဲ့ Chaeyoung Lisaဆီကို ရောက်လာပြီလေ
"Hey...."
Lisaရဲ့ ပေါင်ပေါ်တက်ထိုင်လိုက်ပြီး Chaeyoung နမ်းလိုက်သည်
"Hey..."
Lisa ပြောပြီး ဖတ်လက်စ စာရွက်ကြား bookmarkညှပ်ပြီး စာအုပ်ကို စားပွဲခုံပေါ် ပြန်တင်လိုက်သည်
"ဒီတော့?"
"ဒီတော့?"
Lisaမှာ Chaeyoungပြောသလို လိုက်ပြောလေသည်
"ချစ်တယ် "
"ငါလည်း နင့်ကို အရမ်းချစ်တယ် Chaeyoung "
Lisa ပြောပြီး သူ့ကိုတက်ခွထားတဲ့ Chaeyoungကို ဖက်လိုက်သည်
"နင် ခြေထောက်အမွှေးရိတ်ထားတာလား "
"ဟုတ်တယ် ဒီလိုအကောင်းဆုံးဒိတ်လေးဖြစ်အောင် ဖန်တီးပေးတဲ့ နင့်ကို လက်ဆောင်ပေးခြင်လို့ အမွှေးရိတ်ထားတာ "
"နင့်ရဲ့ခြေသလုံးမွှေးရှည်ရှည်လေးတွေကိုလည်း ငါသဘောကျနေပါပြီဟာ အရင်ကဆို နင် သုံးလနေမှတစ်ခါ အမွှေးရိတ်တာ မဟုတ်လား "
Lisaရဲ့စကားကြောင့် Chaeyoungရယ်ပြီး Lisaရဲ့ပခုံးလေးကို ခပ်ဖွဖွထုလိုက်သည်
"Ouch!"
"ဒီညတော့ ဘာမှမရဘူး မှတ်လိုက်တော့ Manoban..."
"အယ် ငါကစတာပါဟ "
Lisa နှုတ်ခမ်းလေးထော်ပြီး ပြောတော့ Lisaရဲ့နှုတ်ခမ်းကို Chaeyoung နမ်းလိုက်သည်
Lisaကလည်း Chaeyoungကို ဖက်ပြီး အနမ်းတွေကိုပြန်တုံ့ပြန်သည်
နှစ်ယောက်သား အနမ်းတွေက ရှည်ကြာလာပြီး Chaeyoungရဲ့ လက်တွေက Lisaရဲ့ နောက်ကျောလေးကို ပွတ်သပ်နေသည်
Lisaကလည်း Chaeyoungရဲ့ တင်ပါးလေးကိုပွတ်သပ်ဆွဲညှစ်ရင်း နှစ်ယောက်သား အနမ်းတွေဟာ ကြမ်းတမ်းလာသည်
Chaeyoungရဲ့ လည်ပင်းကို ပွတ်သပ်စုပ်နမ်းပြီး ရင်သားလေးကိုတော့ Lisa ဆော့ကစားနေသည်
"oh god Chaeyoung "
ရုတ်တရက် ထအော်တဲ့ Lisaကြောင့် Chaeyoung လန့်သွားတယ်
Lisaပြောပြီး နမ်းရာက ရပ်လိုက်သည်
"ဘာဖြစ်လို့လည်း Lisa...နင်ငါ့ကို ကိုယ်ဝန်နဲ့ထားသွားမှာကို မကြောက်ပါဘူးဟာ "
Chaeyoung မှာ ဟာသလုပ်ပြီး သူ့ချစ်သူ မျက်နှာပေါ်က စိုးရိမ်မှုတွေ ပျောက်သွားအောင်လုပ်နေသည်
"နည်းနည်း လန့်လို့ပါ ငါပြောချင်တာက... အာ...ပထမဆုံး Dateမှာဘဲ နင်နဲ့ sexမလုပ်ချင်ဘူး...ငါ ဖျက်ဆီးမိသွားမှာကြောက်တယ် "
"နင်ဘာမှ မဖျက်ဆီးနိုင်ပါဘူး အချစ်ရယ် ငါနင့်ကို ဟိုးအရင်ကတည်းက ချစ်ခဲ့တာလေ ငါဘာမှမဖြစ်ပါဘူး "
Emilyကြောင့် ရခဲ့တဲ့ စ်ိတ်ဒဏ်ရာက Lisa စိုးရိမ်စေမှန်း Chaeyoung သိတယ်လေ
"ငါတို့ တစ်ယောက်ကိုတစ်ယောက် ယုံယုံကြည်ကြည်နဲ့ ချစ်နေကြတာ မဟုတ်လား ငါနင့်ကို နက်နက်ရှိုင်းရှိုင်းချစ်ချင်တယ် ငါ့ကို ထပ်ပြီး စိတ်ပျက်သွားတာမျိုး မဖြစ်စေချင်ဘူး "
Chaeyoungမှာ Lisaရဲ့ ပါးနှစ်ဖက်ကို ကိုင်လိုက်ပြီး နှုတ်ခမ်းလေးကို နမ်းလိုက်သည်
"နင် ငါ့ကို စိတ်မပျက်စေပါဘူး Lisaရယ် နင်လုပ်သမျှအကုန် ငါသဘောကျတယ် နင့်ကြောင့် ငါပျော်ရတယ် နင့်ကြောင့် ငါအသက်တစ်ရက်ဆက်ရှင်ဖို့ အင်အားတွေရခဲ့တယ် ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက်သိခွင့်ရပြီး နင်နဲ့အတူ အရာအားလုံးမျှဝေခွင့်ရတာကို ငါအရမ်း ကျေနပ်သဘောကျမိတယ် ငါတို့ အတူရှိနေတာ sexတစ်ခုတည်းကြောင့်မှ မဟုတ်တာ ငါကတော့လေ ငါ့ခန္ဓာကိုယ်တစ်ခုလုံးကို နင့်ကိုအပိုင်ပေးပြီး ရူးမိုက်ချင်နေပြီ ဒါပေမယ့် ငါနင့်ကို စောင့်နိုင်ပါတယ် "
"ငါ ငါ့ဘက်က နင့်ကို တပ်မက်မှုမပါဘဲ စချင်တယ် အဲ တပ်မက်မှုမပါတဲ့ထဲ နမ်းတာတော့ မပါဘူးနော် ...'
"ဟုတ်ပါပြီရှင် Baby Stepလေးနဲ့ စချင်တဲ့ ကလေးရေ ကျွန်မကိုတော့ စိတ်ကြိုက် အဝနမ်းလို့ရပါတယ် "
"ငါ ဒီလိုဖြစ်နေလို့ နင်စိတ်မဆိုးဘူးလား "
"စိတ်ဆိုးစရာမရှိပါဘူး ငါနားလည်ပါတယ်"
"ဒါဆို ညနက်နေပြီမို့လို့ ငါတို့ အိပ်ကြရအောင် "
Chaeyoungတို့ ကုတင်ပေါ်တွင် လှဲအိပ်လိုက်ကြသည်
"Chae..."
"Humm "
"ဟိုလေ ငါ နင့်ရဲ့ဟို...ကိုင်အိပ်လို့ရလား "
'ရပါ့ရှင် နင်က ရင်ဘတ်ကြီးကြီးကောင်မလေးတွေကို ကြိုက်မှန်းသိကတည်းက သိပါတယ် "
"အယ် ငါက နင့်ရင်ဘတ်တစ်ခုတည်းကိုဘဲ သဘောကျတာပါ "
Lisaပြောတော့ Chaeyoung ရယ်ပြီး သူ့ရင်ဘတ်ပေါ် Lisaရဲ့လက်ကို ယူတင်လိုက်သည်
ဒီနေ့ဟာ Lisaနဲ့ Chaeyoung ချစ်သူဖြစ်တာ နှစ်လပြည့်တဲ့နေ့လေ
Chaeyoung ခွင့်တစ်ပတ်ယူပြီး Lisaနဲ့ခရီးထွက်ဖို့ ပြင်ဆင်နေတယ်
Jennieနဲ့ Somiကလည်း Chaeyoungကို အဝတ်အစားတွေ ကူထည့်ပေးနေသည်
"Chae နင်အဝတ်အစားတွေများလှချည်လား ဟိုမှာအပြီးနေတော့မလို့လား လျော့ပါအုံး "
Jennieကပြောတော့ Somiက ဝင်ထောက်ခံသည်
"အရေးမပါတာတွေ ထည့်မယ့်အစား နင်တို့ ၂လပြည့်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ငါတို့ဝယ်လာတဲ့ လက်ဆောင်လေး ထည့်သွားယူသွားပါ့လား "
"ဘာများလည်း "
"Sex toyလေ "
Jennieစကားကြောင့် Chaeyoung ရှက်သွားတယ်
"Oh come on ငါတို့ အဲ့တောင်ကို သွားမှာက အပန်းဖြေဖို့လေ "
"အေးလေ အပန်းဖြေရင်း sex toyနဲ့ဆော့ပေါ့ "
"bitch...တကယ်ဟယ် မနိုင်ဘူး နင်တို့ကို Lisaနဲ့ငါ အခုမှ ဖြည်းဖြည်းချင်း အစပြုနေကြတာကို အဲ့တာတွေမလိုသေးဘူး "
"Trust me နင်လိုလာမှာပါ "
"တော်...ပေါက်ကရတွေ မပြောနဲ့တော့ အဝတ်တွေထည့်ပြီးရင် ငါ့မိန်းမ company လစ်ပြီ သူ့ကိုတစ်ခါတည်း ဝင်ခေါ်ရမှာ "
"Okပါ အားလုံး ကားပေါ်တင်ထားပြီးပြီ အမှတ်ရစရာ ၂လပြည့်လေးဖြစ်အောင် ဖောင်းဒိုင်းခဲ့နော် "
Chaeyoung သူ့သူငယ်ချင်းတွေကို မနိုင်တော့ ဆက်မပြောတော့ဘဲ Lisaဆီကိုသွားဖို့ ကားပေါ်တက်လိုက်သည်
"Sex toysသုံးဖို့ မမေ့နဲ့နော် "
Jennieတို့ကလည်း ရှက်ပြီးထွက်ပြေးသွားတဲ့ Chaeyoung ကြားအောင် အော်ပြောလိုက်သေးသည်
#tbc
#zawgyi
"Hey...."
"Hey..."
"ဒီတော့?"
"ဒီတော့?"
"ချစ်တယ် "
"Ouch!"
"အယ် ငါကစတာပါဟ "
"oh god Chaeyoung "
Emilyကြောင့် ရခဲ့တဲ့ ဈိတျဒဏျရာက Lisa စိုးရိမ်စေမှန်း Chaeyoung သိတယ်လေ
"Chae..."
"Humm "
"ဘာများလည်း "
"Sex toyလေ "
#tbc
Bạn đang đọc truyện trên: Truyen3h.Co