Part 21
"နင့်အပိုင် ဖြစ်ပေးမလားလို့ ငါ့ကိုမေးခဲ့တယ် မဟုတ်လား ဒါက ငါ့အဖြေဘဲ Lisa "
"နင် ငါ့ကိုအဖြေပေးလိုက်တာလား Chaeng "
"ဟုတ်တယ် အဖြေက Yesတဲ့ "
Chaeyoung စကားကြောင့် သူ နောက်ဆုံးထွက်သက်ချိန်ထိ မြင်သွားချင်မိတဲ့ Lisaအပြုံးလေး မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်
"ငါ တောင်းပန်ပါတယ် Lisa...နှစ်တွေအကြာကြီး ငါ့ရှေ့မှာ ရှိနေတဲ့နင့်ကို မမြင်နိုင်ခဲ့လို့ တောင်းပန်ပါတယ်...တကယ် နင့်ကိုချစ်မိနေတာကို ငါမသိခဲ့ဘူး Lisa လျှောက်ပြောတာ မဟုတ်ပါဘူး ကျိန်ဆိုကျိန်ရဲတယ် "
Chaeyoungရဲ့ လက်မောင်းကို Lisaဆုပ်ကိုင်လိုက်ပြီး
"နှစ်တွေအတော်ကြာကြီး နင်နဲ့အခင်ဆုံးသူငယ်ချင်း အဖြစ် ဖြတ်သန်းခဲ့လို့ ငါနောင်တမရဘူး Chae...ဘာလို့လည်းဆိုတော့ အကောင်းဆုံး အပျော်ဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့ရလို့လေ ငါ ကောလိပ်မှာကတည်းက နင့်ကိုစိတ်ဝင်စားခဲ့တာ ငါတို့သူငယ်ချင်း ဆက်ဆံရေးပြတ်သွားမှာဆိုးလို့ ငါ မပြောဘဲ မျိုသိပ်ခဲ့တာ ...အခုတော့ မမျိုသိပ်နိုင်ခဲ့တော့ဘူး "
Chaeyoungပြောပြီး ကုတင်ပေါ်တွင် တက်အိပ်လိုက်သည် ထို့နောက် Lisaရဲ့ လက်မောင်းပေါ်တွင် ခေါင်းအုံးလိုက်သည်
"ငါလည်း နင်နဲ့အတူရှိတိုင်း ရင်တွေအရမ်းခုန်ပြီး ပျော်မိနေကတည်းက အချစ်ဆိုတာမှန်း သိခဲ့ရမှာတုံးအလိုက်တာ"
"Chaeng....ငါနဲ့အတူ Board memberတွေမပါဘဲ သတင်းထောက်မီဒီယာတွေမပါဘဲ ချိန်းတွေ့နိုင်မလား ငါတို့နှစ်ယောက်တည်းလေ... "
"ချိန်းတွေ့မှာပေါ့ နင်နဲဲ့ ဒိတ်လုပ်ရတာ ပျော်စရာအကောင်းဆုံးဘဲ "
Chaeyoungရဲ့ စကားကြောင့် Lisaရယ်လိုက်ပြီး Chaeyoungရဲ့ နဖူးလေးကို နမ်းလိုက်သည် နဖူးကနေတစ်ဆင့်ပြီးတစ်ဆင့်နမ်းရင် နှုတ်ခမ်းလေးကို ညင်ညင်သာသာနဲ့နမ်းလိုက်သည်
ဆေးရုံက ဆင်းလာပြီးနောက် Lisa အစားပုံမှန်စား ရေတွေလည်းပုံမှန်သောက်ပြီး ကျန်းမာရေးကို ပြန်ဂရုစိုက်နေပြီလေ
ပြီးတော့ Chaeyoungနဲ့ ချိန်းတွေ့မယ့်နေရာကိုလည်း Lisa စဥ်းစားလို့မရဖြစ်နေတယ်
ဒါကြောင့်မို့လို့ ဆရာမကြီး Jisooဆီ Lisa messageပို့ကာမေးလိုက်သည်
From Lisa Manoban - Jisoo....Chaeyoungကို ချိန်းတွေ့ဖို့ ဘယ်နေရာခေါ်သွားရမလည်း ငါတကယ် စဥ်းစားလို့မရတော့လို့
General Jisoo- Dude...Chaeyoungအကြောင်းကို နင်ကအသိဆုံးလေ ဒီတိုင်း သူသက်တောင့်သက်သာ လှဲအိပ်နေရတဲ့နေရာမျိုးရော
Jisooရဲ့ Messageကိုဖတ်ပြီး Lisa ရှက်လာလို့ နားရွက်တွေနီရဲလာတယ်
တော်ပါသေးတယ် Chaeyoung အခန်းထဲရှိမနေလို့
Lisa Manoban - Jesus နင့်ခေါင်းထဲ sexအကြောင်းတွေဘဲ ရှိနေတာလား နေပါစေ ငါအဲ့လိုကြီးတွေ မလုပ်ချင်ဘူး Chaeyoungနဲ့ girlfriend thingsတွေ လုပ်ကြည့်ချင်တယ်
General Jisoo - ဒါဆို ဆွဲဆောင်မှုရှိတဲ့ ဖယောင်းတိုင်လေးတွေ ထွန်းထားတဲ့ ညစာ Dinner dateဆိုရင်ရော
Jisoo ပေးတဲ့ Ideaကိုတော့ Lisa သဘောကျသည် ဒါပေမယ့် စားသောက်ဆိုင်မှာ တစ်ခြားသူတွေရော ရှိနေတော့ မလွတ်လပ်သလို ခံစားရသည်
သူတို့ရဲ့ ချစ်သူဖြစ်ပြီး ပထမဆုံးသော ဒိတ်ကို လူတွေနဲ့ဆူညံသံတွေ နှောင့်ယှက်မှာကို မကြိုက်ပေ
Lisa Manoban - နင်ပေးတဲ့ အကြံကကောင်းပေမယ့် Chaeyoungက romantic ဆန်တဲ့သူ မဟုတ်ဘူးဟ ပြီးတော့ ဂါဝန်တွေ ဒေါက်ဖိနပ်တွေစီးရတာ မကြိုက်တော့ အဲ့လို romantic dinner dateတွေက အဆင်ပြေမယ်မထင်ဘူး
General Jisoo - တွေ့လား နင်က ငါတို့ထက် Chaeyoungကိုပိုသိပါတယ်ဆို ...အိမ်ထဲက အိမ်ပြင်မထွက်ချင်ရင် Netflix ဝယ်လိုက်
Lisa သက်ပြင်းချလိုက်တယ် အိမ်ထဲကအိမ်ပြင်မထွက်ဘဲ Netflix ကြည့် ဒိတ်မယ်ဆိုတဲ့အကြံ Chaeyoungက ကြိုက်ပါ့မလားမသိ...
Lisa Manoban - အကြံပေးကူညီလို့ ကျေးဇူးပါ Chu
General Jisoo - ရပါတယ် နင့်ကောင်မလေးကို မျက်လုံးထဲဲ ကြယ်တွေလတွေ မြင်သွားတဲ့အထိ ကြမ်းပစ်
Jisoo စာကြောင့် Lisa ရင်တောင်တုန်သွားသည်
တကယ် Kim Jisooက ပေါက်ကရပြောရမယ်ဆို ထိပ်ဆုံးက
Lisa သူ့လက်ထောက်ကို ခေါ်ပြီး သူ့အိမ်ထဲတွင် တိတ်ဆိတ်ငြိမ်သက်ပြီး viewအလှဆုံးနေရာကို ရွေးခိုင်းထားသည်
ပြီးတော့ အိမ်အကူတွေကိုလည်း အစားအစာတွေ သေချာချက်ပေးဖို့မှာကြားနေသည်
အားလုံးပြင်ဆင်ပြီးတဲ့နောက်တွင် Lisa သူ့အိမ်အကူတွေကို အိမ်ပြန်သွားခိုင်းသည်
သူက ရေချိုးပြီးအဝတ်အစားလဲကာ မှန်ကိုကြည့်ရင်း ကိုယ့်ကိုကိုယ်အားပေးနေသည်
ထို့နောက် အခန်းထဲက ထွက်လာပြီး သူ ဘာတွေကျန်ခဲ့သေးလည်းဆိုတာ သေချာစစ်ဆေးနေသည်
"ညစာလည်း အသင့်ဖြစ်ပြီဆိုတော့ သီချင်းဖွင့်ထားရမယ် "
Bark Bark..
Loveက Lisaကို ကြည့်ပြီး ဟောင်နေသည်
"ရှူးးးး Love ငါဒီမှာ ရှိတယ်လေ ဘာလို့ဟောင်နေတာလည်း "
Loveရဲ့ ခေါင်းလေးကို ပွတ်ပေးပြီး Lisa ပြောလိုက်သည်
"အာ ဖယောင်းတိုင် ဟုတ်သား "
Lisa ဖယောင်းတိုင်တွေ ပြေးယူပြန်သည်
Bark Bark
"Love ဘယ်လိုဖြစ်လို့ တစ်ချိန်လုံးဟောင်နေတာလည်း Chaeyoungရှေ့မှာ တည်တည်တံ့တံ့နေစမ်းပါ "
Lisaက ဟောက်တော့ Loveက ထွက်ပြေးသွားသည်
ခဏကြာတော့ နှင်းဆီပန်းတစ်ပွင့်ကို ကိုက်ကာ Lisaဆီ ပြန်ပြေးလာသည်
"အာ ဟုတ်သား ပန်း...Chaengကို ပန်းပေးရမှာ မေ့နေတာ မင်း အတော်ဆုံးဘဲ Love "
Loveကိုချီးကျူးပြီး Lisa သူ့အိမ်နောက်က ခြံထဲသို့ ထွက်သွားသည်
ပန်းတွေကို ခူးပြီး ဖဲကြိုးနဲ့သေချာချည်ပြီးနောက် Lisa လက်ဆေးသန့်စင်ပြီး Chaeyoungကို စောင့်နေသည်
Chaeyoungရဲ့ ကားသံလည်း ကြားရော Lisa စိတ်လှုပ်ရှားလွန်းလို့ ရင်တွေခုန်လာသည်
"ပြန်ရောက်ပါပြီ အယ် တစ်ခြားသူတွေရော ဘယ်ရောက်သွားလည်း Lisa "
"နင်နဲ့နှစ်ယောက်တည်း အတူရှိချင်လို့ သူတို့ကိုပြန်ခိုင်းလိုက်တာ "
"အိမ်မှာချိန်းတွေ့မယ်ပေါ့ "
"ဒါပေါ့ "
Lisaရဲ့ စကားကြောင့် Chaeyoungရယ်ပြီး Lisa နှုတ်ခမ်းလေးကို နမ်းလိုက်သည်
Lisaကလည်း Chaeyoung ခါးကိုဖက်ပြီး အနမ်းတွေ တုံ့ပြန်နေစဥ် Loveက Chaeyoungရဲ့ ဘောင်းဘီစကို ဆွဲနေသည်
"Aigoo Loveလေးကလည်း အာရုံစိုက်ခံချင်တာလား ဟုတ်လား "
"Love ဝေးဝေးသွားနေစမ်းပါ နှောင့်ယှက်ရင် အစာမကျွေးဘဲနေမှာနော် "
"come on Mrs.Park Lisa ခွေးကိုတော့ မနာလိုဖြစ်မနေစမ်းပါနဲ့ "
Lisaရဲ့ ပါးနှစ်ဖက်ကို ဆွဲညှစ်ပြီး Chaeyoungပြောလိုက်သည်
Lisaလည်း စားပွဲခုံပေါ်က တင်ထားတဲ့ သူကိုယ်တိုင်လုပ်ထားတဲ့ ပန်းစည်းလေးကို ယူကာ Chaeyoungကို ပေးလိုက်သည်
"Wowww ဒီပန်းတွေက နင့်အမေ ပန်းခြံထဲက မဟုတ်လား "
"ဟုတ်တယ် အမေက အဲ့ပန်းတွေကို အရမ်းဂရုစိုက်ပြီး ပြုစုခဲ့လို့ ငါမခူးရက်ခဲ့တာ ငါချစ်တဲ့သူကိုကျမှ ခူးပေးမယ်လို့ တွေးခဲ့တာ ဒီပန်းစည်းလေးက နင့်အတွက် "
"Lisa...."
Lalisaကတော့ Park Chaeyoungကို ခြွေနေပါပြီ
"ညစာစားကြစို့ အေးတော့မယ် "
"ငါလည်း ဆာနေပြီ "
ဖယောင်းတိုင်လှလှလေးတွေ ထွန်းထားတဲ့စားပွဲခုံကိုကြည့်ပြီး Chaeyoung အရမ်းသဘောကျနေတယ်
"Lisa နင်အရမ်း Roဆန်တတ်တာဘဲ "
"နောက်ဆို ဒီထက်ပို Roဆန်အုံးမှာ "
Chaelisaတို့ ညစာစားပြီးနောက် သစ်သီးစားရင်း ရုပ်ရှင်ကြည့်နေကြသည်
"Cheayoung.. "
"အင်း "
Chaeyoungရဲ့ မျက်လုံးလေးကို Lisa စိုက်ကြည့်နေသည် သူ တစ်သက်လုံး စီးမြောချင်တဲ့ မျက်ဝန်းအပြာလေး အချစ်တွေယုံကြည်မှုတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းလှလှလေး....
"ကျေးဇူးတင်ပါတယ် "
"ဘာလို့လည်း...ငါကသာ ကျေးဇူးတင်ရမှာလေ အကောင်းဆုံး ဒိတ်ကိုရထားလို့"
Lisaရဲ့ ပခုံးပေါ်မှီအိပ်ပြီး Chaeyoung မေးလိုက်သည်
"ငါနဲ့ သူငယ်ချင်းဖြစ်ချင်ခဲ့လို့ ကျေးဇူးတင်ပါတယ် Mount Kumgangမှာ ငါတို့တွေ့ပြီးနောက် နင်ခဏခဏငါ့ကို လာရှာခဲ့တာလေ ငါက နင့်ကို တွန်းထုတ်ခဲ့တာတောင် နင်က ငါ့ဆီရောက်လာတုန်းဘဲလေ "
Chaeyoungမှာ ပြုံးပြီး Lisaရဲ့ လည်ပင်းကို နမ်းလိုက်တယ်
"နင်က တစ်ယောက်တည်း ဖြစ်နေလို့လေ နင့်ကြည့်ရတာ အထီးကျန်ပြီး ဝမ်းနည်းနေတဲ့ပုံအမြဲပေါ်နေတာ ဒါကြောင့် ငါက နင်အားကိုးမှီခိုလို့ ရတဲ့သူတစ်ယောက်ဆိုတာ ပြချင်ခဲ့တာ "
Chaeyoung ပြောပြီး Lisaရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည် Lisaလည်း ရုပ်ရှင်မကြည့်တော့ဘဲ Chaeyoungရဲ့ အနမ်းတွေကို ပြန်လည်တုံ့ပြန်လိုက်သည်
#tbc
#zawgyi
"နင့္အပိုင္ ျဖစ္ေပးမလားလို႔ ငါ့ကိုေမးခဲ့တယ္ မဟုတ္လား ဒါက ငါ့အေျဖဘဲ Lisa "
"နင္ ငါ့ကိုအေျဖေပးလိုက္တာလား Chaeng "
"ဟုတ္တယ္ အေျဖက Yesတဲ့ "
Chaeyoung စကားေၾကာင့္ သူ ေနာက္ဆုံးထြက္သက္ခ်ိန္ထိ ျမင္သြားခ်င္မိတဲ့ Lisaအၿပဳံးေလး မ်က္ႏွာေပၚတြင္ ထြက္ေပၚလာသည္
"ငါ ေတာင္းပန္ပါတယ္ Lisa...ႏွစ္ေတြအၾကာႀကီး ငါ့ေရွ႕မွာ ရွိေနတဲ့နင့္ကို မျမင္နိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္...တကယ္ နင့္ကိုခ်စ္မိေနတာကို ငါမသိခဲ့ဘူး Lisa ေလွ်ာက္ေျပာတာ မဟုတ္ပါဘူး က်ိန္ဆိုက်ိန္ရဲတယ္ "
Chaeyoungရဲ႕ လက္ေမာင္းကို Lisaဆုပ္ကိုင္လိုက္ၿပီး
"ႏွစ္ေတြအေတာ္ၾကာႀကီး နင္နဲ႕အခင္ဆုံးသူငယ္ခ်င္း အျဖစ္ ျဖတ္သန္းခဲ့လို႔ ငါေနာင္တမရဘူး Chae...ဘာလို႔လည္းဆိုေတာ့ အေကာင္းဆုံး အေပ်ာ္ဆုံးအခ်ိန္ေတြကို ပိုင္ဆိုင္ခဲ့ရလို႔ေလ ငါ ေကာလိပ္မွာကတည္းက နင့္ကိုစိတ္ဝင္စားခဲ့တာ ငါတို႔သူငယ္ခ်င္း ဆက္ဆံေရးျပတ္သြားမွာဆိုးလို႔ ငါ မေျပာဘဲ မ်ိဳသိပ္ခဲ့တာ ...အခုေတာ့ မမ်ိဳသိပ္နိုင္ခဲ့ေတာ့ဘူး "
Chaeyoungေျပာၿပီး ကုတင္ေပၚတြင္ တက္အိပ္လိုက္သည္ ထို႔ေနာက္ Lisaရဲ႕ လက္ေမာင္းေပၚတြင္ ေခါင္းအုံးလိုက္သည္
"ငါလည္း နင္နဲ႕အတူရွိတိုင္း ရင္ေတြအရမ္းခုန္ၿပီး ေပ်ာ္မိေနကတည္းက အခ်စ္ဆိုတာမွန္း သိခဲ့ရမွာတုံးအလိုက္တာ"
"Chaeng....ငါနဲ႕အတူ Board memberေတြမပါဘဲ သတင္းေထာက္မီဒီယာေတြမပါဘဲ ခ်ိန္းေတြ႕နိုင္မလား ငါတို႔ႏွစ္ေယာက္တည္းေလ... "
"ခ်ိန္းေတြ႕မွာေပါ့ နင္နဲဲ့ ဒိတ္လုပ္ရတာ ေပ်ာ္စရာအေကာင္းဆုံးဘဲ "
Chaeyoungရဲ႕ စကားေၾကာင့္ Lisaရယ္လိုက္ၿပီး Chaeyoungရဲ႕ နဖူးေလးကို နမ္းလိုက္သည္ နဖူးကေနတစ္ဆင့္ၿပီးတစ္ဆင့္နမ္းရင္ ႏႈတ္ခမ္းေလးကို ညင္ညင္သာသာနဲ႕နမ္းလိုက္သည္
ေဆး႐ုံက ဆင္းလာၿပီးေနာက္ Lisa အစားပုံမွန္စား ေရေတြလည္းပုံမွန္ေသာက္ၿပီး က်န္းမာေရးကို ျပန္ဂ႐ုစိုက္ေနၿပီေလ
ၿပီးေတာ့ Chaeyoungနဲ႕ ခ်ိန္းေတြ႕မယ့္ေနရာကိုလည္း Lisa စဥ္းစားလို႔မရျဖစ္ေနတယ္
ဒါေၾကာင့္မို႔လို႔ ဆရာမႀကီး Jisooဆီ Lisa messageပို႔ကာေမးလိုက္သည္
From Lisa Manoban - Jisoo....Chaeyoungကို ခ်ိန္းေတြ႕ဖို႔ ဘယ္ေနရာေခၚသြားရမလည္း ငါတကယ္ စဥ္းစားလို႔မရေတာ့လို႔
General Jisoo- Dude...Chaeyoungအေၾကာင္းကို နင္ကအသိဆုံးေလ ဒီတိုင္း သူသက္ေတာင့္သက္သာ လွဲအိပ္ေနရတဲ့ေနရာမ်ိဳးေရာ
Jisooရဲ႕ Messageကိုဖတ္ၿပီး Lisa ရွက္လာလို႔ နား႐ြက္ေတြနီရဲလာတယ္
ေတာ္ပါေသးတယ္ Chaeyoung အခန္းထဲရွိမေနလို႔
Lisa Manoban - Jesus နင့္ေခါင္းထဲ sexအေၾကာင္းေတြဘဲ ရွိေနတာလား ေနပါေစ ငါအဲ့လိုႀကီးေတြ မလုပ္ခ်င္ဘူး Chaeyoungနဲ႕ girlfriend thingsေတြ လုပ္ၾကည့္ခ်င္တယ္
General Jisoo - ဒါဆို ဆြဲေဆာင္မႈရွိတဲ့ ဖေယာင္းတိုင္ေလးေတြ ထြန္းထားတဲ့ ညစာ Dinner dateဆိုရင္ေရာ
Jisoo ေပးတဲ့ Ideaကိုေတာ့ Lisa သေဘာက်သည္ ဒါေပမယ့္ စားေသာက္ဆိုင္မွာ တစ္ျခားသူေတြေရာ ရွိေနေတာ့ မလြတ္လပ္သလို ခံစားရသည္
သူတို႔ရဲ႕ ခ်စ္သူျဖစ္ၿပီး ပထမဆုံးေသာ ဒိတ္ကို လူေတြနဲ႕ဆူညံသံေတြ ႏွောင့္ယွက္မွာကို မႀကိဳက္ေပ
Lisa Manoban - နင္ေပးတဲ့ အႀကံကေကာင္းေပမယ့္ Chaeyoungက romantic ဆန္တဲ့သူ မဟုတ္ဘူးဟ ၿပီးေတာ့ ဂါဝန္ေတြ ေဒါက္ဖိနပ္ေတြစီးရတာ မႀကိဳက္ေတာ့ အဲ့လို romantic dinner dateေတြက အဆင္ေျပမယ္မထင္ဘူး
General Jisoo - ေတြ႕လား နင္က ငါတို႔ထက္ Chaeyoungကိုပိုသိပါတယ္ဆို ...အိမ္ထဲက အိမ္ျပင္မထြက္ခ်င္ရင္ Netflix ဝယ္လိုက္
Lisa သက္ျပင္းခ်လိဳက္တယ္ အိမ္ထဲကအိမ္ျပင္မထြက္ဘဲ Netflix ၾကည့္ ဒိတ္မယ္ဆိုတဲ့အႀကံ Chaeyoungက ႀကိဳက္ပါ့မလားမသိ...
Lisa Manoban - အႀကံေပးကူညီလို႔ ေက်းဇူးပါ Chu
General Jisoo - ရပါတယ္ နင့္ေကာင္မေလးကို မ်က္လုံးထဲဲ ၾကယ္ေတြလေတြ ျမင္သြားတဲ့အထိ ၾကမ္းပစ္
Jisoo စာေၾကာင့္ Lisa ရင္ေတာင္တုန္သြားသည္
တကယ္ Kim Jisooက ေပါက္ကရေျပာရမယ္ဆို ထိပ္ဆုံးက
Lisa သူ႕လက္ေထာက္ကို ေခၚၿပီး သူ႕အိမ္ထဲတြင္ တိတ္ဆိတ္ၿငိမ္သက္ၿပီး viewအလွဆုံးေနရာကို ေ႐ြးခိုင္းထားသည္
ၿပီးေတာ့ အိမ္အကူေတြကိုလည္း အစားအစာေတြ ေသခ်ာခ်က္ေပးဖို႔မွာၾကားေနသည္
အားလုံးျပင္ဆင္ၿပီးတဲ့ေနာက္တြင္ Lisa သူ႕အိမ္အကူေတြကို အိမ္ျပန္သြားခိုင္းသည္
သူက ေရခ်ိဳးၿပီးအဝတ္အစားလဲကာ မွန္ကိုၾကည့္ရင္း ကိုယ့္ကိုကိုယ္အားေပးေနသည္
ထို႔ေနာက္ အခန္းထဲက ထြက္လာၿပီး သူ ဘာေတြက်န္ခဲ့ေသးလည္းဆိုတာ ေသခ်ာစစ္ေဆးေနသည္
"ညစာလည္း အသင့္ျဖစ္ၿပီဆိုေတာ့ သီခ်င္းဖြင့္ထားရမယ္ "
Bark Bark..
Loveက Lisaကို ၾကည့္ၿပီး ေဟာင္ေနသည္
"ရႉးးးး Love ငါဒီမွာ ရွိတယ္ေလ ဘာလို႔ေဟာင္ေနတာလည္း "
Loveရဲ႕ ေခါင္းေလးကို ပြတ္ေပးၿပီး Lisa ေျပာလိုက္သည္
"အာ ဖေယာင္းတိုင္ ဟုတ္သား "
Lisa ဖေယာင္းတိုင္ေတြ ေျပးယူျပန္သည္
Bark Bark
"Love ဘယ္လိုျဖစ္လို႔ တစ္ခ်ိန္လုံးေဟာင္ေနတာလည္း Chaeyoungေရွ႕မွာ တည္တည္တံ့တံ့ေနစမ္းပါ "
Lisaက ေဟာက္ေတာ့ Loveက ထြက္ေျပးသြားသည္
ခဏၾကာေတာ့ ႏွင္းဆီပန္းတစ္ပြင့္ကို ကိုက္ကာ Lisaဆီ ျပန္ေျပးလာသည္
"အာ ဟုတ္သား ပန္း...Chaengကို ပန္းေပးရမွာ ေမ့ေနတာ မင္း အေတာ္ဆုံးဘဲ Love "
Loveကိုခ်ီးက်ဴးၿပီး Lisa သူ႕အိမ္ေနာက္က ၿခံထဲသို႔ ထြက္သြားသည္
ပန္းေတြကို ခူးၿပီး ဖဲႀကိဳးနဲ႕ေသခ်ာခ်ည္ၿပီးေနာက္ Lisa လက္ေဆးသန့္စင္ၿပီး Chaeyoungကို ေစာင့္ေနသည္
Chaeyoungရဲ႕ ကားသံလည္း ၾကားေရာ Lisa စိတ္လႈပ္ရွားလြန္းလို႔ ရင္ေတြခုန္လာသည္
"ျပန္ေရာက္ပါၿပီ အယ္ တစ္ျခားသူေတြေရာ ဘယ္ေရာက္သြားလည္း Lisa "
"နင္နဲ႕ႏွစ္ေယာက္တည္း အတူရွိခ်င္လို႔ သူတို႔ကိုျပန္ခိုင္းလိုက္တာ "
"အိမ္မွာခ်ိန္းေတြ႕မယ္ေပါ့ "
"ဒါေပါ့ "
Lisaရဲ႕ စကားေၾကာင့္ Chaeyoungရယ္ၿပီး Lisa ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
Lisaကလည္း Chaeyoung ခါးကိုဖက္ၿပီး အနမ္းေတြ တုံ႕ျပန္ေနစဥ္ Loveက Chaeyoungရဲ႕ ေဘာင္းဘီစကို ဆြဲေနသည္
"Aigoo Loveေလးကလည္း အာ႐ုံစိုက္ခံခ်င္တာလား ဟုတ္လား "
"Love ေဝးေဝးသြားေနစမ္းပါ ႏွောင့္ယွက္ရင္ အစာမေကြၽးဘဲေနမွာေနာ္ "
"come on Mrs.Park Lisa ေခြးကိုေတာ့ မနာလိုျဖစ္မေနစမ္းပါနဲ႕ "
Lisaရဲ႕ ပါးႏွစ္ဖက္ကို ဆြဲညွစ္ၿပီး Chaeyoungေျပာလိုက္သည္
Lisaလည္း စားပြဲခုံေပၚက တင္ထားတဲ့ သူကိုယ္တိုင္လုပ္ထားတဲ့ ပန္းစည္းေလးကို ယူကာ Chaeyoungကို ေပးလိုက္သည္
"Wowww ဒီပန္းေတြက နင့္အေမ ပန္းၿခံထဲက မဟုတ္လား "
"ဟုတ္တယ္ အေမက အဲ့ပန္းေတြကို အရမ္းဂ႐ုစိုက္ၿပီး ျပဳစုခဲ့လို႔ ငါမခူးရက္ခဲ့တာ ငါခ်စ္တဲ့သူကိုက်မွ ခူးေပးမယ္လို႔ ေတြးခဲ့တာ ဒီပန္းစည္းေလးက နင့္အတြက္ "
"Lisa...."
Lalisaကေတာ့ Park Chaeyoungကို ေႁခြေနပါၿပီ
"ညစာစားၾကစို႔ ေအးေတာ့မယ္ "
"ငါလည္း ဆာေနၿပီ "
ဖေယာင္းတိုင္လွလွေလးေတြ ထြန္းထားတဲ့စားပြဲခုံကိုၾကည့္ၿပီး Chaeyoung အရမ္းသေဘာက်ေနတယ္
"Lisa နင္အရမ္း Roဆန္တတ္တာဘဲ "
"ေနာက္ဆို ဒီထက္ပို Roဆန္အုံးမွာ "
Chaelisaတို႔ ညစာစားၿပီးေနာက္ သစ္သီးစားရင္း ႐ုပ္ရွင္ၾကည့္ေနၾကသည္
"Cheayoung.. "
"အင္း "
Chaeyoungရဲ႕ မ်က္လုံးေလးကို Lisa စိုက္ၾကည့္ေနသည္ သူ တစ္သက္လုံး စီးေျမာခ်င္တဲ့ မ်က္ဝန္းအျပာေလး အခ်စ္ေတြယုံၾကည္မႈေတြ ျပည့္ႏွက္ေနတဲ့ မ်က္ဝန္းလွလွေလး....
"ေက်းဇူးတင္ပါတယ္ "
"ဘာလို႔လည္း...ငါကသာ ေက်းဇူးတင္ရမွာေလ အေကာင္းဆုံး ဒိတ္ကိုရထားလို႔"
Lisaရဲ႕ ပခုံးေပၚမွီအိပ္ၿပီး Chaeyoung ေမးလိုက္သည္
"ငါနဲ႕ သူငယ္ခ်င္းျဖစ္ခ်င္ခဲ့လို႔ ေက်းဇူးတင္ပါတယ္ Mount Kumgangမွာ ငါတို႔ေတြ႕ၿပီးေနာက္ နင္ခဏခဏငါ့ကို လာရွာခဲ့တာေလ ငါက နင့္ကို တြန္းထုတ္ခဲ့တာေတာင္ နင္က ငါ့ဆီေရာက္လာတုန္းဘဲေလ "
Chaeyoungမွာ ၿပဳံးၿပီး Lisaရဲ႕ လည္ပင္းကို နမ္းလိုက္တယ္
"နင္က တစ္ေယာက္တည္း ျဖစ္ေနလို႔ေလ နင့္ၾကည့္ရတာ အထီးက်န္ၿပီး ဝမ္းနည္းေနတဲ့ပုံအၿမဲေပၚေနတာ ဒါေၾကာင့္ ငါက နင္အားကိုးမွီခိုလို႔ ရတဲ့သူတစ္ေယာက္ဆိုတာ ျပခ်င္ခဲ့တာ "
Chaeyoung ေျပာၿပီး Lisaရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္ Lisaလည္း ႐ုပ္ရွင္မၾကည့္ေတာ့ဘဲ Chaeyoungရဲ႕ အနမ္းေတြကို ျပန္လည္တုံ႕ျပန္လိုက္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co