Part 25
Knock Knock
"ဝင်ခဲ့ပါ "
Lisa စာရိုက်ရင်း ပြောလိုက်သည်
"Hello Lisa..."
အထဲကိုဝင်လာသူကား တစ်ခြားမဟုတ် Emilyပင်
"အင်း Emily ဘာကိစ္စလည်း "
Lisaရဲ့ အသံက စိတ်မရှည်ဘဲ ရိုင်းစိုင်းနေတဲ့ပုံပေါ်သည်
Emilyက Lisaဆီ လျှောက်လာပြီး ဖိုင်တစ်ခုကို ပေးသည်
"ဒီဖိုင်က Triku brandနဲ့ပတ်သက်တဲ့ နောက်ဆုံး updateပါ...."
Lisaမှာ ဖိုင်ကို ယူပြီး သူ့ဘေးတွင်ထားလိုက်သည်
"အင်း နောက်ကျဖတ်လိုက်မယ် "
Emilyက ခေါင်းညိတ်ပြီး လှည့်ထွက်သွားဖို့ လုပ်ပေမယ့် Lisaကတော့ တစ်ခုခုကိုတွေးမိသွားတယ်
Chaeyoungကလည်း သူ့ကိုယုံသလို companyကဝန်ထမ်းတွေကလည်း သူ့အပေါ်မှီခိုနေတာ
ဒါကို သူ့နှလုံးသားက ခံစားချက်ကို လိုက်ပြီး ကလေးဆန်နေလို့မရဘူးလို့ တွေးမိကာ Emilyကို လှမ်းခေါ်လိုက်သည်
"Emily နေအုံး "
Lisaမှာ သူ့အသည်းကိုခွဲသွားတဲ့ အမျိုးသမီးနဲ့စကားပြောဖို့ ထရပ်လိုက်သည်
"ငါ နင့်ကို ဒီလိုမဆက်ဆံသင့်ဘူး နင်က ငါ့companyရဲ့ ဝန်ထမ်းဘဲလေ professional ဖြစ်အောင်နေရမှာကို.....နင်အဆင်ပြေတဲ့အချိန်ကျ ငါတို့စကားပြောလို့ရလား "
Emilyမှာ Lisaရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ပြီး
"ရတာပေါ့ "
"အင်း ဒါဆို နင့်ရဲ့ Schedule တွေကို တစ်ချက်ကြည့်လိုက် အားတဲ့အချိန် ငါ့ကိုအသိပေးပါ "
"ဟုတ်ကဲ့ ဒါဆို အချိန်ဇယားတစ်ချက်ကြည့်လိုက်အုံးမယ်နော် "
Emily မှာ Lisaကို ရိုရိုသေသေပြောပြီး ပြုံးပြကာ ရုံးခန်းကထွက်သွားသည်
Emily ထွက်သွားတဲ့အခါ Lisaမှာ သူ့စိတ်ကိုသူထိန်းပြီး စားပွဲခုံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်
Emilyမှာ Lisaကို စားသောက်ဆိုင်တွင် တွေ့ဖို့ ချိန်းသည် Lisaကလည်း Emilyနဲ့ စားသောက်ဆိုင်မှာ တွေ့ပြီး စကားပြောမယ့်အကြောင်း Chaeyoungကို အမှန်တိုင်းပြောပြသည်
Chaeyoungကလည်း ရည်းစားဟောင်းနဲ့တွေ့မယ့် Lisaကို ပြဿနာမရှာဘဲ တစ်ခါတည်း ပြောစရာရှိတာတွေပြောပစ်ခဲ့ဆိုပြီး အားပေးနေသေးသည်
ထို့နောက် Lisaလည်း Emilyနဲ့တွေ့မယ့် စားသောက်ဆိုင်သို့ရောက်လာသည်
စားသောက်ဆိုင်က romantic မဆန် business သမားတွေ အများဆုံးလာလေ့ရှိတဲ့ စားသောက်ဆိုင်တစ်ခုပင်ဖြစ်သည်
"တော်တော်တောင် ကြာသွားပြီနော် ...."
တိတ်ဆိတ်မှုကို Emilyကပင် စပြီး ဖြိုခွဲလိုက်သည်
"အင်း ဟုတ်တယ် တော်တော်ကြာပြီ. ...ငါတို့က ရှေ့လျှောက် အလုပ်အတူလုပ်တော့မှာဆိုတော့ ငါတို့ကြားမှာဖြစ်ခဲ့တဲ့ သွေးဆိုးတွေကို ရှင်းလင်းချင်လို့ပါ "
Emilyမှာ ဝိုင်တစ်ငုံသောက်ပြီး သူ့နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်သည်
"အင်း ငါသဘောတူတယ် ဒါကြောင့်လည်း နင့်ကို တောင်းပန်ဖို့ လိုအပ်တာ နင့်ဆီက ခွင့်လွှတ်မှုကို တောင်းခံသင့်တာ ကြာပါပြီ ဒါပေမယ့် ငါမလုပ်ခဲ့တဲ့အတွက် ငါတကယ် စိတ်ရင်းနဲ့တောင်းပန်ပါတယ် Lisa ငါလုပ်ခဲ့တဲ့အရာတွေအတွက်လည်း ငါ့ကိုယ်ငါ စိတ်တိုပြီး ဒေါသထွက်တယ် ပြီးတော့ နောင်တရတယ် ပြီးတော့ ငါနားမလည်တာ တစ်ခုရှိသေးတယ် နင်ဘာလို့ ငါ့ကိုလူကြားထဲချမပြတာလည်းဆိုတာ "
"ဒီတော့ နင်ပြောချင်တာက ငါ့ကြောင့် နင်က ခြံခုန်မိတာပေါ့ ဟုတ်လား"
Emilyရဲ့စကားကြောင့် Lisa ဒေါသထွက်သွားချိန် စားပွဲထိုးက ရောက်လာပြီး ဟင်းတွေချပေးသည်
ထို့ကြောင့်ပြောမယ့်စကားတွေ ဆက်မပြောဖြစ်တော့ပေ
Lisaမှာ အစားနည်းနည်းစားပြီးနောက်
"ငါ နင့်ကိုချစ်ခဲ့တယ် Emily ငါ တကယ်ချစ်ခဲ့တာ နင်နဲ့အတူရှိခဲ့တဲ့နှစ်နှစ်က ငါ့အတွက် အရမ်းအဓိပ္ပါယ်ရှိခဲ့တယ် ဟုတ်တယ် ငါနင့်ကိုpublic ချမပြခဲ့ဘူး ဘာလို့လည်းဆိုတော့ မီဒီယာတွေကြောင့် ပါပါရာဇီတွေကြောင့် နင်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်ခဲ့လို့ ဒါပေမယ့် နင်ကတော့ "
"ငါ တောင်းပန်ပါတယ် Lisa "
Emilyက Lisa လက်ကို ကိုင်ဖို့လုပ်ပေမယ့် Lisaက ရှောင်လိုက်သည်
"အဲ့တာတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ နင်နဲ့ပတ်သက်တဲ့ခံစားချက်တွေလည်း အတိတ်မှာဘဲရှိတော့မယ် အခု ငါပျော်နေတယ် ငါ့soulmateနဲ့ အရမ်းချစ်နေကြတယ် အခု နင့်ကိုငါ ခေါ်တွေ့တာကလည်း ငါ့ဝန်ထမ်းတစ်ယောက်လို သဘောထားလို့ ဝန်ထမ်းဆိုတဲ့ နေရာတစ်ခု နင့်ကိုပေးလိုက်ပြီ သူငယ်ချင်းကတော့ ငါတို့မဖြစ်နိုင်တော့ဘူး "
"နင် Chaeyoungကို လက်ထပ်လိုက်တာ ငါမဂ္ဂဇင်းတွေမှာ တွေ့ပါတယ် Lisa နင် သူနဲ့လက်မထပ်ခင် publicတွေမှာ တွေ့နေတာကို ငါအံ့သြနေမိတာ ငါနဲ့ဆို နင်အဲ့လိုမလုပ်ဘူးလေ ဘာလို့သူနဲ့ကျမှ ...ကြည့်ရတာ နင်တို့ ကင်မရာရှေ့ သရုပ်ဆောင်နေတာလား ဒါမှမဟုတ် ငါထင်တာများ မှားနေမလား "
"သရုပ်ဆောင်စရာအကြောင်း မရှိပါဘူး Publicကို ချပြချင်လို့ကို Chaeyoungကို ချပြခဲ့တာ "
"Chaeyoungက နင့်ကိုအစောပိုင်းကတည်းက ခံစားချက်ရှိနေတာနော် ငါနဲ့နင်အတူရှိနေရင် သူမကြိုက်ဘူး Chaeyoungက နင့်ရဲ့အခင်ဆုံးသူငယ်ချင်းဘဲ နင့်အတွက်ဆို သူအမြဲတမ်း အသင့်ရှိနေပေးခဲ့တာ ငါသိပြီ သူက နင်နဲ့လက်ထပ်မယ်ဆိုပြီး ကူညီပေးတာ မဟုတ်လား ငါသိပြီ Lisa "
"ငါ Chaeyoungကို ချစ်တယ် Emily...နင့်ထက်ကို ပိုချစ်တာ သူနဲ့ငါလက်ထပ်တာကလည်း အလုပ်ကိစ္စကြောင့်မဟုတ်ဘူး အချစ်ကြောင့် လက်ထပ်ခဲ့တာ "
Emilyရဲ့ မျက်နှာကို တည့်တည့်ကြည့်ပြီး Lisa ပြောလိုက်သည်
Emilyလည်း မဲ့ပြုံးပြုံးပြီး
"ညစာစားလို့ကောင်းခဲ့ပါတယ် ငါရှင်းလိုက်မယ် "
"နေပါစေ ငါက CEOဘဲ ဝန်ထမ်းကို ရှင်းခိုင်းမယ့်အစား ငါရှင်းသင့်တယ်လေ "
"ကျေးဇူးပါ "
"မလိုပါဘူး "
Chaeyoung မှာ ဧည့်ခန်းထဲတွင် ထိုင်ပြီး သူ့ကောင်မလေးပြန်လာမယ့်အချိန် စောင့်နေသည်
သူ့မိန်းမကိုတော့ သူယုံသည် Emilyကိုတော့ မယုံ ကောင်မကအကျင့်ကောင်းတဲ့ကောင်မ မဟုတ်ဘူးလေ
ကားစက်သံကြားပြီး Loveကလည်း ဟောင်နေလို့ Lisa ပြန်ရောက်လာပြီဆိုတာ သိပြီး Chaeyoung စိတ်အေးသွားတယ်
"Lisa ပြန်ရောက်ပြီလား "
"ရောက်ပြီ ငါနင့်ကိုလွမ်းလိုက်တာ "
Lisaမှာ ပြောပြီး Chaeyoungကိုဖက်လေသည်
"ငါလည်း နင့်ကို လွမ်းနေတာ ညအိပ်ဝတ်စုံထုတ်ပေးထားတယ် သွားတိုက်ခြေဆေးလက်ဆေးပြီး လဲလိုက်အုံးနော် ငါစောင့်နေမယ် "
Lisaလည်း ခြေလက်ဆေးပြီးနောက် Chaeyoungရဲ့ပေါင်ကြားထဲတွင် ဝင်အိပ်နေသည်
"Chae....ငါ..ငါ့ relationshipကို လူကြားထဲ ချမပြခဲ့တာ ငါ့အမှားလား...Emilyနဲ့စကားပြောတုန်းက သူက ငါ့ကိုအဲ့လိုပြောခဲ့လို့ "
"မဟုတ်တာ နင်က private personဆိုတာ သူလည်းသိရက်နဲ့ သူက သက်သက် attention လိုချင်တာ နင့်ရည်းစားဆိုတာထက် Manoban companyကCEOရဲ့ သမီးရည်းစားဆိုတဲ့ ဂုဏ်ကိုလိုချင်နေတာရယ် "
"နင်က ငါ့အတွက် ဘယ်လောက်အရေးပါကြောင်း ကမ္ဘာကြီးကိုသိစေချင်ရင် ငါတွေဝေနေမှာမဟုတ်ဘူး အကုန်လုံးကြားအောင် လေယာဥ်ပေါ်ကနေ အော်ပြောပစ်မယ် "
Lisaရဲ့စကားကိုသဘောကျပြီး Chaeyoungရယ်ကာ သူ့ပေါင်ကြားက Lisaရဲ့ဆံပင်တွေကို လက်နဲ့ဖွလိုက်သည်
"အဲ့လိုလုပ်စရာမလိုပါဘူး နင်ငါ့ကို ချစ်မှန်း ငါလည်းသိနေတာဘဲ တစ်ကမ္ဘာလုံးသိစရာမလိုပါဘူး ဒါဆိုရင်တစ်ခြားမိန်းကလေးတွေကပါ နင့်ကိုလိုချင်လာလိမ့်မယ် မဖြစ်ဘူး ဟင့်အင်း....နင်သိလား Lisa ငါလေ ဆိုးတူကောင်းဖက်အဆိုးအကောင်းမှန်သမျှ ပြောပြခွင့်ရတဲ့ နားလည်ပေး သစ္စာရှိတဲ့နင့်ကို ပိုင်ဆိုင်ထားရတာ အရမ်းကံကောင်းတာဘဲ ကမ္ဘာပေါ်မှာ အပျော်ဆုံးနဲ့ ကံအကောင်းဆုံးသူက Lalisaချစ်တဲ့ Park Chaeyoungဘဲ သိလား '
"Chaeng နင်ကတော့ ခြွေနေပြန်ပြီ "
Lisaပြောပြီး Chaeyoungရဲ့ပေါင်ကြားထဲ မျက်နှာအပ်လိုက်သည်
"အယ် ဘာလုပ်တာလည်း"
"အတတ်ကလေးကို ဆုချမလို့လေ"
Lisa ပြောပြီး Chaeyoungရဲ့ ဘောင်းဘီလေးကို နမ်းလိုက်သည်
#tbc
#zawgyi
Knock Knock
"ဝင္ခဲ့ပါ "
"Hello Lisa..."
"Emily နေအုံး "
"ရတာပေါ့ "
"ကျေးဇူးပါ "
"မလိုပါဘူး "
"Lisa ပြန်ရောက်ပြီလား "
"အယ် ဘာလုပ်တာလည်း"
#tbc
Bạn đang đọc truyện trên: Truyen3h.Co