Truyen3h.Co

Business Proposal

Part 26

KimFany059


"ဟားးး "

Chaelisa နှစ်ယောက် ပြီးမြောက်သွားတဲ့အခါမှာတော့ ကုတင်ပေါ်တွင် ပစ်လှဲနေကြသည်

"ငါတော့ နင့်ကို အရမ်းစွဲလန်းနေပြီ Chaeyoung....."

"မနက်ဖြန် ခွဲစိတ်စရာသာ မရှိရင် ငါတို့နောက်တစ်ချီ စလို့ရတယ် "

"Hey ငါတို့တွေ အိပ်ဖို့လိုတယ်လေ အချစ်လေးရဲ့ မနက်ဖြန်ညကျ နင်မပင်ပန်းဘူးဆိုရင် ငါတို့လုပ်လို့ရတာဘဲ "

Lisaမှာ Chaeyoungကို ဆွဲဖက်ပြီး ပြောလိုက်သည်

"အင်းနော် နင်ပြောတာလည်း ဟုတ်တာဘဲ "

Chaeyoungလည်း ပြန်ပြောပြီး Lisaရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်သည်

Chaeyoung အိပ်ဖို့ ကြိုးစားပေမယ့် မရ...တကယ်တော့ Emilyနဲ့Lisa တစ်နေရာတည်းမှာ အတူရှိပြီး နေ့တိုင်းမြင်တွေ့စကားပြောနေခွင့်ရတာကို Chaeyoung မကြိုက်ဘူးလေ

Lisaရှေ့မှာသာ သဝန်မတိုသလို ဟန်ဆောင်နေရတာ

****

Chaeyoung မှာ Lisaက နည်းနည်းနောက်ကျမယ်ဆိုလို့ Jennieတို့နဲ့အတူ ညစာစားနေတယ်လေ

"Chaeyoung relax... Lisaက နင့်ကိုဘဲ စိတ်ထဲရှိတာပါဟ "

"ငါသိပါတယ် Lisaကလည်း CEOနေရာ တည်မြဲဖို့အတွက် ကြိုးစားနေတာလည်း သိတယ် ဒါပေမယ့် Emilyက မယုံရဘူး ငါ သူ့ကို ယုံကိုမယုံတာပါ "

Chaeyoung ပြောရင်း သူ့ခေါက်ဆွဲကို စားဖို့လုပ်ပေမယ့် စားချင်စိတ်ကရှိမနေပေ

"ကဲ Lisaက နင်မှနင် နင့်ကိုဘဲ ရူးရူးသွပ်သွပ် စွဲစွဲလမ်းလမ်းဖြစ်နေသူပါဟယ် ရူးကြောင်ကြောင် အူတူတူ ငူငိုင်ငိုင်ဖြစ်နေတာတွေ တော်ပါတော့ "

"အေးလေဟယ် ငူငိုင်မနေနဲ့ ဒီကအပြန်ကျရုပ်ရှင်ကြည့်ကြမယ် ဟုတ်ပြီလား "

သူငယ်ချင်းနှစ်ယောက်မှာ ဇွန်ဘီလိုဖြစ်နေတဲ့ Park Chaeyoungကို အားပေးလိုက်သည်

ထိုစဥ် Jinwooက Chaeyoung ဆီ ဖုန်းဆက်လာသည်

Yoosunနဲ့emily က ရှယ်ယာအများဆုံးပိုင်တော့မယ်ဖြစ်ကြောင်း Chaeyoungကို လှမ်းအသိပေးခြင်းဖြစ်သည်

Chaeyoungက ရှယ်ယာတွေနဲ့ပတ်သက်ပြီး update newတွေ သူ့ဆီ တင်ပြဖို့ Jinwooကို အကူအညီတောင်းထားတာလေ

ညစာစားပြီး စားသောက်ဆိုင်က ပြန်မယ်လုပ်တော့ Somiက သန့်စင်ခန်းသွားချင်လို့ဆိုပြီး ခဏထွက်သွားသည်

Jennieနဲ့ Chaeyoungမှာ Somiကို ရပ်စောင့်နေကြသည်

"Park Chaeyoung.... Jennie Kim ဒီနေရာမှာ တွေ့ရတာ တိုက်ဆိုင်လိုက်တာ "

"Emilyပါလား "

Jennieမှာ ပြောပြီး Chaeyoungနဲ့နီးနီးကပ်ကပ်ရပ်လိုက်သည်

"နင်တို့ကို တွေ့ရတာ ဝမ်းသာလိုက်တာ အယ် နင်တို့ကတော့ ငါ့ကိုတွေ့ရတာ မပျော်တဲ့ပုံဘဲ"

Chaeyoungက ဘာမှမပြောဘဲ ထွက်သွားပေမယ့် Emilyက Chaeyoungကို လှမ်းစသည်

"နင့်မိန်းမကို ရုံးခန်းထဲ ငါထားခဲ့လိုက်တယ်သိလား "

"ပါးစပ်ပိတ်ထား "

Chaeyoungမှာ အနောက်ကို ပြန်ဆုတ်ပြီး Emilyရှေ့ ရပ်လိုက်သည်

"ငါ့မိန်းမအကြောင်း ပြောပိုင်ခွင့်မရှိဘူးနော် "

"အို Lisaနဲ့ ငါတောင် တစ်ယောက်ကိုတစ်ယောက် နားလည်မှုယူပြီးတာကို နင်က ဘယ်လိုဖြစ်နေတာလည်း "

"Lisaမှာ နင်နဲ့ CEO ဝန်ထမ်းဆက်ဆံရေးကလွဲလို့ ဘာမှမရှိဘူး သူက ငါ့ကိုဘဲ ချစ်သလို ငါလည်း သူ့ဘဲချစ်တယ် နင်ဘာလို့ ထွက်သွားဖို့ မလုပ်နိုင်တာလည်း နင့်ကိုမလိုအပ်တာမို့လို့ ငါ့မိန်းမကို တစ်ယောက်တည်း ပေးနေစမ်းပါ "

Chaeyoung ဒေါသထွက်လာတာသိလို့ Emilyမှာ ပိုပြီး ဆွပေးဖို့ ထပ်ပြောသည်

"hey စိတ်တိုစရာမလိုပါဘူး Lisaက သစ္စာရှိတဲ့ မိန်းမဆိုတာ ငါသိပါတယ် သြော် ပြီးတော့ သူ လျှာသုံးတာကျွမ်းတယ်ဆိုတာလည်း မှတ်မိ​သေးတယ် "

Chaeyoungမှာ ဒေါသထွက်ပြီး Emilyကို ရိုက်ဖို့လုပ်ပေမယ့် Jennieဝင်ဆွဲသည်

"နင်ရိုက်တာ ခံရဖို့ထိ ဒီကောင်မက မထိုက်တန်ဘူး Chae "

"သူ ငါ့ကိုချစ်နေသေးတယ်ဆိုတာ သူ့မျက်လုံးကနေ မြင်ရသေးတယ် Chaeyoung သူနဲ့ငါအတူရှိတုံးက ဘယ်လောက်တောင်ပျော်စရာကောင်းလည်းဆိုတာ နင်အသိဆုံးမလား ငါသူ့ကို ပြန်လိုချင်တယ် "

"Emily နင် တော်လိုက်တော့..."

Jennieရဲ့ စကားလည်းဆုံးရော Chaeyoungမှာ Jennieကို ကျော်ပြီး Emilyရဲ့ ဆံပင်ကို ဆောင့်ဆွဲကာ ပါးရိုက်လိုက်သည်

"ငါ့မိန်းမကို ထိရဲထိကြည့် နင့်ကို အသေသတ်ပစ်မယ် ငါပြောတာ ကြားလား ကောင်မ Lalisaနဲ့ ပတ်သက်ရင် ငါလူသတ်ရဖို့လည်း ဝန်မလေးဘူးနော် မှတ်ထားလိုက် "

Emilyရဲ့ ဆံပင်ကို ဆောင့်ဆွဲပြီး Chaeyoungသတိပေးလိုက်သည်

သန့်စင်ခန်းထဲက ထွက်လာတဲ့ Somiမှာလည်း ဘာတွေဖြစ်နေမှန်းမသိပေမယ့် Jennieနဲ့အတူ Chaeyoungကို  စားသောက်ဆိုင်ကနေ ဆွဲခေါ်လာရသည်

"နင်ဟယ် အဲ့ခွေးမပြောစကားတွေ စိတ်ထဲထားနေစရာမလိုတာကို သူက နင့်ကို ဆိုက်ဝါးထည့်​​နေတာ သိရက်နဲ့ "

"ဘာဘဲဖြစ်ဖြစ် သူ့ကိုရိုက်လိုက်ရတာတန်တယ်လေ Jennie ဟားဟား "

ကားနောက်ခန်းကနေ Emilyကို ဆော်လိုက်ရလို့ Chaeyoung တော်တော်ကျေနပ်ပီတိဖြာနေတယ်လေ

သို့သော်လည်း Lisaရဲ့ အတွင်းရေးမှူးက Chaeyoungဆီသို့ ဖုန်းဆက်လာသည်

"Hello "

"Mrs.Maboban shii အခုဘဲ စားသောက်ဆိုင်မှာ Lisaရဲ့မိန်းမဖြစ်သူက Lisaရဲ့ exကို Lisaနဲ့ဝေးဝေးနေဖို့ ရိုက်နှက်သတိပေးတဲ့အပြင် သတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်ထားပါတယ်ဆိုတဲ့ သတင်းခေါင်းစဥ်နဲ့အတူ videoတစ်ပုဒ်တက်လာလို့ပါ "

"တောက် ဒါ Emilyလက်ချက်ဘဲ ငါ့ကို သက်သက် ချောက်တွန်းတာ"

"အခုတော့ သတင်းတွေအားလုံးဖြတ်ချပြီး ပထမဆုံး စတင်တဲ့သူကို တရားစွဲဖို့ ပြင်ဆင်နေပါတယ် ဒါကြောင့် နောက်ဆို အနေအထိုင် ဆင်ခြင်ပေးပါ "

Lisaရဲ့ အတွင်းရေးမှူးက သူပြောချင်တာပြောပြီး ဖုန်းချသွားတယ်

Chaeyoung အိမ်ကိုရောက်တော့ သူ့မိန်းမကို မစောင့်တော့ဘဲ ပင်ပန်းလာလို့ အိပ်လိုက်မိသည်

တစ်ဖက်က Yoosunမှာလည်း Lisaမှာ Checkပြောတဲ့ project ရှယ်ယာတွေ ရောင်းရပြီး အနည်းဆုံးဖြစ်မှာကို မျှော်နေသော်လည်း Jinwooစကားကြောင့် မျှော်လင့်ထားသလို ဖြစ်မလာပေ

Chaeyoungက Lisaလုပ်ထားတဲ့ projectမှာ ရှယ်ယာဝင်လိုက်သောကြောင့် Lisa ရှယ်ယာတွေထုတ်ရောင်းစရာမလိုကြောင်း Jinwooက ပြောလိုက်တော့ Yoosunနဲ့အတူ Lisaပါ အံ့သြရသည်

"ဘယ်...ဘယ်လိုဖြစ်တာလည်း ခုနလေးတင်ထိ.. "

"ဟုတ်ပါတယ် ခုနကမှ Chaeyoung shii​က ကျွန်တော်နဲ့တွေ့ပြီး ရှယ်ယာစာချုပ်ချုပ်လိုက်တာပါ Lisa "

Yoosunမှာ Lisaရှုံးဖို့မျှော်လင့်ထားတာကို မျှော်လင့်ထားသလိုဖြစ်မလာလို့ အံတကြိတ်ကြိတ်ဖြစ်နေသည်

Lisaကို ဖယ်ထုတ်ဖို့ Park Chaeyoungကို အရင်ရှင်းမှဖြစ်မယ် တွေ့ကြတာပေါ့ Park Chaeyoungရာ

#tbc

#zawgyi

"ဟားးး "










****














"Emilyပါလား "





"ပါးစပ်ပိတ်ထား "



















"Hello "












#tbc

Bạn đang đọc truyện trên: Truyen3h.Co