Final
#unicode
"ဘယ်နှလတောင် ရှိသွားပြီလည်း......"
ကောင်မလေး တစ်ယောက် အုတ်ဂူရှေ့တွင် ပန်းခြင်းနဲ့ရပ်ပြီး စကားပြောနေခြင်း ဖြစ်သည်
"ဟူး....."
ထိုကောင်မလေးမှာ သက်ပြင်းချပြီး အုတ်ဂူဘေးက မြက်ခင်းပေါ်တွင် ထိုင်ချလိုက်သည်
"နင်... ငါ့ကို... ငါတို့ကို ထားသွားတာ လေးလတောင် ရှိသွားပြီ အချိန်ကုန်တာ မြန်လိုက်တာ ငါ ဒီလောက်ထိကြာသွားလိမ့်မယ်လို့တောင် ထင်မထားဘူး ....နင်ထွက်သွားပြီဆိုတာလည်း ငါအခုထိ မယုံနိုင်သေးဘူး နင်က ငါ့စိတ် ငါ့နှလုံးသားထဲမှာတော့ အမြဲရှင်သန်နေပါတယ် သိလား "
ကောင်မလေး ပြောရင်း သူ့ပါးပေါ် စီးကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်သည်
"တောင်းပန်ပါတယ် ငါ မငိုတော့ဘူးလို့ နင့်ကို ကတိပေးထားပေမယ့် အဲ့ကတိကို မတည်နိုင်ခဲ့ဘူး "
ကောင်မလေး ပြောရင်း အုတ်ဂူပေါ်က သစ်ရွက်ခြောက်တွေကို ဖယ်ပြီး အုတ်ဂူမှာထွင်းထားတဲ့ Kimဆိုတဲ့ စကားလုံးပေါ်က ဖုန်တွေကို ပါးစပ်က လေနဲ့မှုတ်ထုတ်လိုက်သည်
"Christmas တောင် ရောက်လာတော့မယ်သိလား နင်မရှိတော့ ပျင်းစရာကောင်းနေတော့မှာဘဲ...အဟက် အားလုံးကလည်း ခုထိ နင်သေသွားပြီဆိုတာ မယုံနိုင်သေးဘူး သူတို့ နင့်အကြောင်းကို ခုထိပြောနေကြတုံးဘဲ....ငါလည်းဘဲ မယုံနိုင်သေးဘူး သိလား "
သန့်ရှင်းသွားတဲ့ အုတ်ဂူလေးကို ကြည့်ရင်း
"ငါ ငါ့ကိုယ်ငါ အပြစ်တင်မိတယ် နင့်ကိုသာ ငါကယ်နိုင်ခဲ့ရင်...."
ကောင်မလေးမှာ မငိုမိအောင် နှုတ်ခမ်းကို ဖိကိုက်ထားမိသည်
"ဒါပေမယ့် အခုတော့ ရက်စက်တဲ့ ဒီကမ္ဘာကြီးထက် ပိုကောင်းတဲ့နေရာ ရောက်သွားမယ်လို့ ငါယုံကြည်ပါတယ် "
ကောင်မလေးမှာ ဒူးနှစ်ချောင်းပေါ် မျက်နှာအပ်ပြီး ကလေးတစ်ယောက်လို ငိုနေမိသည်
"နင့်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့မိရင် တောင်းပန်ပါတယ် အဲ့ဒီတုံးက ငါတို့အတွက် နောက်ဆုံး တွေ့ခွင့်လေးဆိုတာသာ သိခဲ့ရင် ငါနင့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားမိမှာ နင် ငါ့ကို မုန်းနေမလား စိတ်ဆိုးနေမလား ငါ့ကြောင့် နင်အခုလို သေရတာလေ ဒီအခြေအနေထဲ ငါဆွဲခေါ်ခဲ့မိလို့.... ငါ ဒီမှာ အကြာကြီးနေပြီး နင့်ကို အထီးမကျန်အောင် အဖော်ပြုချင်ပါတယ် ဒါပေမယ့် ငါသွားရတော့မယ် ......ငါ နောက်တစ်ခါ ပြန်လာခဲ့မယ်နော် buddy. ...မကြာခင်မှာ ပြန်ဆုံကြတာပေါ့...."
ကောင်မလေးပြောပြီး ထရပ်ကာ ဘောင်းဘီက ဖုန်တွေကိုခါပြီး ထွက်သွားလေသည်
တိုက်ခတ်လာတဲ့ လေပြေညှင်းတဲ့အတူ သစ်ရွက်ခြောက်လေးတွေဟာ Kim Joohyun ဆိုတဲ့ နာမည်ပေါ် ကြွေကျသွားခဲ့သည်
Flashback
"Hey bitches "
Mr. Kimက သူမတို့ကို သေနတ်နဲ့ချိန်တာကိုတွေ့ပြီး Jensooတို့ ရုတ်တရက်ကြောင်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်နေစဥ် Joohyunမှာ Jisoo ရှေ့အမြန် ဝင်ရပ်လိုက်သည်
Bang!
Mr. Kim ပစ်လိုက်တဲ့ ကျည်ဆံဟာ Joohyunရဲ့ နှလုံးတည့်တည့်ကို မှန်သွားသည်
No!!
Jennieမှာ ဒူးထောက်ရက်သား လဲကျသွားစဥ် Jisooမှာ Joohyun လဲမကျသွားအောင်လှမ်းဖမ်းလိုက်သည်
ပါးစပ်ကစီးကျနေတဲ့ သွေးတွေကို Joohyun ထွေးထုတ်ပြီး သေနတ်မောင်းတင်ပြီး Mr. Kimရဲ့ ဦးခေါင်းတည့်တည့်ကို ပစ်ချလိုက်သည်
Bang!
"Joohyun.... ငြိမ်ငြိမ်လေးနေ နော် မလှုပ်နဲ့ Jen....ဆေးရုံကားအမြန်ခေါ်ပေး "
Joohyun ရင်ဘတ်က စီးကျလာတဲ့ သွေးတွေကို Jisooလက်နဲ့ဖိထားရင်း ဒူးထောက်လဲကျနေတဲ့ Jennie ကို ပြောလိုက်သည်
"Joohyun အမ တောင့်ခံထားနော် ဆေးရုံကားလာတော့မှာရယ် တောင့်ခံထားလို့ မျက်စိမမှိတ်လိုက်နဲ့ ရားးးးးးး"
သူ့အမကို ပွေ့ချီထားပြီး Jisooတစ်ယောက် အရူးတစ်ယောက်လို အော်ဟစ်နေမိသည်
"Jisoo.... Jennieကို ထပ်ပြီး စိတ်မဆိုးပါနဲ့တော့...နင်တို့ နှစ်ယောက်လုံးကို ငါချစ်တယ်နော်...... "
Joohyun သွေးတွေကြားကနေ ပြုံးပြီး Jisooကို ပြောကာ........မျက်လုံးမှိတ်သွားလေသည်
"မဟုတ်ဘူး နင်မသေရဘူး Joohyun Joohyunnie "
Joohyunရဲ့ အသက်မဲ့သွားတဲ့ ခန္ဓာကိုယ်ကို လှုပ်ရမ်းပြီး Jisoo အော်ငိုမိသည်
Jennieကတော့ ကြိုးပြတ်သွားတဲ့ ရုပ်သေးရုပ်လို Jisooဘေး အသက်မဲ့စွာ ငုတ်တုတ်ထိုင်ချလိုက်မိသည်
End of Flashback
"ဘယ်သွားပြီး ပြန်လာတာလည်း "
အိမ်ထဲ ဝင်လာတဲ့ Jisooကို Jennie လှမ်းမေးတော့ Jisooက ခေါင်းခါပြသည်
"Joohyun ဆီသွားလည်တာလား "
Jennieမေးတော့ Jisoo အံ့သြတဲ့ မျက်လုံးလေးတွေနဲ့ Jennieကို ကြည့်လိုက်သည်
"အံ့သြမနေနဲ့ နင့်မျက်လုံးတွေက ငိုထားမှန်းသိသာတယ် "
Jisoo ပြုံးလိုက်ပြီး Jennieကို သူမရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်
"ငါ တောင်းပန်ပါတယ်..."
"ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့တော့ Jisooရယ်....ဒါက နင့်အမှားမှ မဟုတ်တာ "
"ဒါပေမယ့်... အယ် Jen ဘာလို့ ငိုနေတာလည်း "
Jisoo သူမ အင်ကျီက စိုစွတ်သလို ခံစားရတော့ Jennie ငိုမှန်း သတိထားမိသွားသည်
"Joohyunကို သတိရလို့ပါ...."
"သူအခု ကောင်းရာမွန်ရာကို ရောက်နေမှာပါ "
"ဒါပေါ့ သူက လူကောင်းတစ်ယောက်ကို "
Jennie သူမ မျက်ရည်တွေကို သုတ်ပြီး Jisoo ပြောတာကို ထောက်ခံလိုက်သည်
"ဒါနဲ့ Jen ဘာလုပ်နေတာလည်း "
"ဟင်းချက်နေတာလေ ဒါနဲ့ Jiက အလုပ်မသွားဘူးလား "
"ကိုယ့်အတွင်းရေးမှူးက အလုပ်မသွားမှတော့ ကိုယ်က အလုပ်တက်စရာလိုလို့လား "
Jennie ရဲ့ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ပြီး Jisoo ပြောလိုက်သည်
"ဒီနေ့တစ်ရက်လေး မတက်တာကို "
ဟုတ်ပါတယ်....ကိစ္စအားလုံး ဖြစ်ပျက်ပြီးနောက်ပိုင်း Jennieကို သူမအတွင်းရေးမှူးအဖြစ် Jisoo ပြန်ခန့်ပြီးနောက် Jennie ကို သူမ အိမ်မှာ ခေါ်ထားသည်
"ဝါး Chaeyoung သတို့သမီး ဝတ်စုံလေးနဲ့ လှလိုက်တာ "
Jennieတို့ Chaelisaတို့ရဲ့ မဂ်လာပွဲကို ရောက်နေခြင်းဖြစ်သည်
Jisooကတော့ Lisaရဲ့ အလှပြင်ခန်းကို သွားပြီး Jennieကတော့ Chaeyoungရဲ့ အလှပြင်ခန်းထဲ ရောက်နေသည်
"Unnie ကတိပေးထားတယ်နော် "
"ဟင် ဘာကတိလည်း "
"Chaeတို့ မဂ်လာပွဲပြီးရင် Unnieတို့ အလှည့်ဆိုတာ "
Chaeyoung မိတ်ကပ်လိမ်းခံရင်း ပြောတော့ Jennie ရယ်လိုက်သည်
"ကြည့်ရတာ Jisoo Unnieက လက်ထပ်ခွင့်မတောင်းသေးဘူးလား "
Chaeyoungကမေးတော့ Jennie ခေါင်းခါပြသည်
"ကြည့်ရတာ သူ Unnieကို မချစ်တော့ဘူးထင်တယ် ..."
Chaeyoung က စလိုက်ပေမယ့် Jennie စိတ်ထဲစိုးရိမ်မှုတွေ ဝင်လာသည်
Weddingတွင် Jisoo တစ်ယောက် လက်ချင်းတွဲပြီး ကတိသစ္စာဆိုနေတဲ့ Chaelisaကို ကြည့်ပြီး လက်ခုပ်တီးကာ ပျော်နေပေမယ့် Jennieကတော့ အတွေးလွန်နေသည်
"Jisoo. .."
"အင်း.... "
"ဘယ်တော့လည်း...."
Jennie ပြောချင်တာကို Jisoo နားမလည်သောကြောင့် ပြန်ပြီးထပ်မေးလိုက်သည်
"ဟင် ဘာကိုလည်း "
"ဘာမှမဟုတ်တော့ဘူး.... "
Jennie ပြောပြီး သက်ပြင်းချလိုက်သည်
Chaeyoung ပန်းစည်းကို ဧည့်သည်တွေဘက် လှမ်းပစ်တော့ Jisooတစ်ယောက် ပန်းစည်းကို ဖမ်းမိသွားတယ်
Jisoo ချက်ချင်းဘဲ သူမ ဘောင်းဘီအိတ်ထဲက လက်စွပ်ဘူးကို ထုတ်ပြီး ပန်းစည်းနဲ့တူတူ Jennieကို လက်ထပ်ခွင့်တောင်းလေသည်
"Jen ငါ့ကို လက်ထပ်နိုင်မလား "
Jennie မှာ မမျှော်လင့်ဘဲ Jisooဆီက လက်ထပ်ခွင့်တောင်းခံရလို့ အရမ်းပျော်ပြီး မျက်ရည်တွေကျလာသည်
"လက်ထပ်လိုက်ပါ လက်ထပ်လိုက်ပါ "
Lisaနဲ့ Chaeyoungမှာ လက်ခုပ်တီးပြီးပြောတော့ Jennieတစ်ယောက် ခေါင်းညိတ်ပြပြီး လက်ကမ်းပေးလေသည်
Jennieရဲ့ လက်မှာ လက်စွပ်လေး Jisooစွပ်ပေးပြီးနောက် Jennieကို Jisoo ဆွဲဖက်လိုက်သည်
"အရမ်းချစ်တယ် Jendeuk "
"ငါရောဘဲ....."
The End
Finally အကြာကြီးရေးခဲ့ရတဲ့ Ficလေး ပြီးဆုံးသွားပါပြီ တစ်လျှောက်လုံး အစပ်ဒဏ်တွေ သည်းခံဖတ်လာပေးတဲ့ Reader အားလုံးကို ကျေးဇူးတင်ရှိပါတယ် ထပ်ပြီး ဒီထက်စပ်တဲ့ Ficတွေ ရေးသွားပါအုံးမယ်လို့ xD
#zawgyi
"ဘယ္ႏွလေတာင္ ရွိသြားၿပီလည္း......"
ေကာင္မေလး တစ္ေယာက္ အုတ္ဂူေရွ႕တြင္ ပန္းျခင္းနဲ႕ရပ္ၿပီး စကားေျပာေနျခင္း ျဖစ္သည္
"ဟူး....."
ထိုေကာင္မေလးမွာ သက္ျပင္းခ်ၿပီး အုတ္ဂူေဘးက ျမက္ခင္းေပၚတြင္ ထိုင္ခ်လိဳက္သည္
"နင္... ငါ့ကို... ငါတို႔ကို ထားသြားတာ ေလးလေတာင္ ရွိသြားၿပီ အခ်ိန္ကုန္တာ ျမန္လိုက္တာ ငါ ဒီေလာက္ထိၾကာသြားလိမ့္မယ္လို႔ေတာင္ ထင္မထားဘူး ....နင္ထြက္သြားၿပီဆိုတာလည္း ငါအခုထိ မယုံနိုင္ေသးဘူး နင္က ငါ့စိတ္ ငါ့ႏွလုံးသားထဲမွာေတာ့ အၿမဲရွင္သန္ေနပါတယ္ သိလား "
ေကာင္မေလး ေျပာရင္း သူ႕ပါးေပၚ စီးက်လာတဲ့ မ်က္ရည္ေတြကို သုတ္လိုက္သည္
"ေတာင္းပန္ပါတယ္ ငါ မငိုေတာ့ဘူးလို႔ နင့္ကို ကတိေပးထားေပမယ့္ အဲ့ကတိကို မတည္နိုင္ခဲ့ဘူး "
ေကာင္မေလး ေျပာရင္း အုတ္ဂူေပၚက သစ္႐ြက္ေျခာက္ေတြကို ဖယ္ၿပီး အုတ္ဂူမွာထြင္းထားတဲ့ Kimဆိုတဲ့ စကားလုံးေပၚက ဖုန္ေတြကို ပါးစပ္က ေလနဲ႕မႈတ္ထုတ္လိုက္သည္
"Christmas ေတာင္ ေရာက္လာေတာ့မယ္သိလား နင္မရွိေတာ့ ပ်င္းစရာေကာင္းေနေတာ့မွာဘဲ...အဟက္ အားလုံးကလည္း ခုထိ နင္ေသသြားၿပီဆိုတာ မယုံနိုင္ေသးဘူး သူတို႔ နင့္အေၾကာင္းကို ခုထိေျပာေနၾကတုံးဘဲ....ငါလည္းဘဲ မယုံနိုင္ေသးဘူး သိလား "
သန့္ရွင္းသြားတဲ့ အုတ္ဂူေလးကို ၾကည့္ရင္း
"ငါ ငါ့ကိုယ္ငါ အျပစ္တင္မိတယ္ နင့္ကိုသာ ငါကယ္နိုင္ခဲ့ရင္...."
ေကာင္မေလးမွာ မငိုမိေအာင္ ႏႈတ္ခမ္းကို ဖိကိုက္ထားမိသည္
"ဒါေပမယ့္ အခုေတာ့ ရက္စက္တဲ့ ဒီကမၻာႀကီးထက္ ပိုေကာင္းတဲ့ေနရာ ေရာက္သြားမယ္လို႔ ငါယုံၾကည္ပါတယ္ "
ေကာင္မေလးမွာ ဒူးႏွစ္ေခ်ာင္းေပၚ မ်က္ႏွာအပ္ၿပီး ကေလးတစ္ေယာက္လို ငိုေနမိသည္
"နင့္ကို ရိုင္းရိုင္းစိုင္းစိုင္း ဆက္ဆံခဲ့မိရင္ ေတာင္းပန္ပါတယ္ အဲ့ဒီတုံးက ငါတို႔အတြက္ ေနာက္ဆုံး ေတြ႕ခြင့္ေလးဆိုတာသာ သိခဲ့ရင္ ငါနင့္ကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားမိမွာ နင္ ငါ့ကို မုန္းေနမလား စိတ္ဆိုးေနမလား ငါ့ေၾကာင့္ နင္အခုလို ေသရတာေလ ဒီအေျခအေနထဲ ငါဆြဲေခၚခဲ့မိလို႔.... ငါ ဒီမွာ အၾကာႀကီးေနၿပီး နင့္ကို အထီးမက်န္ေအာင္ အေဖာ္ျပဳခ်င္ပါတယ္ ဒါေပမယ့္ ငါသြားရေတာ့မယ္ ......ငါ ေနာက္တစ္ခါ ျပန္လာခဲ့မယ္ေနာ္ buddy. ...မၾကာခင္မွာ ျပန္ဆုံၾကတာေပါ့...."
ေကာင္မေလးေျပာၿပီး ထရပ္ကာ ေဘာင္းဘီက ဖုန္ေတြကိုခါၿပီး ထြက္သြားေလသည္
တိုက္ခတ္လာတဲ့ ေလေျပညွင္းတဲ့အတူ သစ္႐ြက္ေျခာက္ေလးေတြဟာ Kim Joohyun ဆိုတဲ့ နာမည္ေပၚ ေႂကြက်သြားခဲ့သည္
Flashback
"Hey bitches "
Mr. Kimက သူမတို႔ကို ေသနတ္နဲ႕ခ်ိန္တာကိုေတြ႕ၿပီး Jensooတို႔ ႐ုတ္တရက္ေၾကာင္သြားၿပီး ဘာလုပ္ရမွန္းမသိျဖစ္ေနစဥ္ Joohyunမွာ Jisoo ေရွ႕အျမန္ ဝင္ရပ္လိုက္သည္
Bang!
Mr. Kim ပစ္လိုက္တဲ့ က်ည္ဆံဟာ Joohyunရဲ႕ ႏွလုံးတည့္တည့္ကို မွန္သြားသည္
No!!
Jennieမွာ ဒူးေထာက္ရက္သား လဲက်သြားစဥ္ Jisooမွာ Joohyun လဲမက်သြားေအာင္လွမ္းဖမ္းလိုက္သည္
ပါးစပ္ကစီးက်ေနတဲ့ ေသြးေတြကို Joohyun ေထြးထုတ္ၿပီး ေသနတ္ေမာင္းတင္ၿပီး Mr. Kimရဲ႕ ဦးေခါင္းတည့္တည့္ကို ပစ္ခ်လိဳက္သည္
Bang!
"Joohyun.... ၿငိမ္ၿငိမ္ေလးေန ေနာ္ မလႈပ္နဲ႕ Jen....ေဆး႐ုံကားအျမန္ေခၚေပး "
Joohyun ရင္ဘတ္က စီးက်လာတဲ့ ေသြးေတြကို Jisooလက္နဲ႕ဖိထားရင္း ဒူးေထာက္လဲက်ေနတဲ့ Jennie ကို ေျပာလိုက္သည္
"Joohyun အမ ေတာင့္ခံထားေနာ္ ေဆး႐ုံကားလာေတာ့မွာရယ္ ေတာင့္ခံထားလို႔ မ်က္စိမမွိတ္လိုက္နဲ႕ ရားးးးးးး"
သူ႕အမကို ေပြ႕ခ်ီထားၿပီး Jisooတစ္ေယာက္ အ႐ူးတစ္ေယာက္လို ေအာ္ဟစ္ေနမိသည္
"Jisoo.... Jennieကို ထပ္ၿပီး စိတ္မဆိုးပါနဲ႕ေတာ့...နင္တို႔ ႏွစ္ေယာက္လုံးကို ငါခ်စ္တယ္ေနာ္...... "
Joohyun ေသြးေတြၾကားကေန ၿပဳံးၿပီး Jisooကို ေျပာကာ........မ်က္လုံးမွိတ္သြားေလသည္
"မဟုတ္ဘူး နင္မေသရဘူး Joohyun Joohyunnie "
Joohyunရဲ႕ အသက္မဲ့သြားတဲ့ ခႏၶာကိုယ္ကို လႈပ္ရမ္းၿပီး Jisoo ေအာ္ငိုမိသည္
Jennieကေတာ့ ႀကိဳးျပတ္သြားတဲ့ ႐ုပ္ေသး႐ုပ္လို Jisooေဘး အသက္မဲ့စြာ ငုတ္တုတ္ထိုင္ခ်လိဳက္မိသည္
End of Flashback
"ဘယ္သြားၿပီး ျပန္လာတာလည္း "
အိမ္ထဲ ဝင္လာတဲ့ Jisooကို Jennie လွမ္းေမးေတာ့ Jisooက ေခါင္းခါျပသည္
"Joohyun ဆီသြားလည္တာလား "
Jennieေမးေတာ့ Jisoo အံ့ၾသတဲ့ မ်က္လုံးေလးေတြနဲ႕ Jennieကို ၾကည့္လိုက္သည္
"အံ့ၾသမေနနဲ႕ နင့္မ်က္လုံးေတြက ငိုထားမွန္းသိသာတယ္ "
Jisoo ၿပဳံးလိုက္ၿပီး Jennieကို သူမရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္
"ငါ ေတာင္းပန္ပါတယ္..."
"ကိုယ့္ကိုကိုယ္ အျပစ္မတင္ပါနဲ႕ေတာ့ Jisooရယ္....ဒါက နင့္အမွားမွ မဟုတ္တာ "
"ဒါေပမယ့္... အယ္ Jen ဘာလို႔ ငိုေနတာလည္း "
Jisoo သူမ အင္က်ီက စိုစြတ္သလို ခံစားရေတာ့ Jennie ငိုမွန္း သတိထားမိသြားသည္
"Joohyunကို သတိရလို႔ပါ...."
"သူအခု ေကာင္းရာမြန္ရာကို ေရာက္ေနမွာပါ "
"ဒါေပါ့ သူက လူေကာင္းတစ္ေယာက္ကို "
Jennie သူမ မ်က္ရည္ေတြကို သုတ္ၿပီး Jisoo ေျပာတာကို ေထာက္ခံလိုက္သည္
"ဒါနဲ႕ Jen ဘာလုပ္ေနတာလည္း "
"ဟင္းခ်က္ေနတာေလ ဒါနဲ႕ Jiက အလုပ္မသြားဘူးလား "
"ကိုယ့္အတြင္းေရးမႉးက အလုပ္မသြားမွေတာ့ ကိုယ္က အလုပ္တက္စရာလိုလို႔လား "
Jennie ရဲ႕ ပါးေဖာင္းေဖာင္းေလးကို ဆြဲညွစ္ၿပီး Jisoo ေျပာလိုက္သည္
"ဒီေန႕တစ္ရက္ေလး မတက္တာကို "
ဟုတ္ပါတယ္....ကိစၥအားလုံး ျဖစ္ပ်က္ၿပီးေနာက္ပိုင္း Jennieကို သူမအတြင္းေရးမႉးအျဖစ္ Jisoo ျပန္ခန့္ၿပီးေနာက္ Jennie ကို သူမ အိမ္မွာ ေခၚထားသည္
"ဝါး Chaeyoung သတို႔သမီး ဝတ္စုံေလးနဲ႕ လွလိုက္တာ "
Jennieတို႔ Chaelisaတို႔ရဲ႕ မဂ္လာပြဲကို ေရာက္ေနျခင္းျဖစ္သည္
Jisooကေတာ့ Lisaရဲ႕ အလွျပင္ခန္းကို သြားၿပီး Jennieကေတာ့ Chaeyoungရဲ႕ အလွျပင္ခန္းထဲ ေရာက္ေနသည္
"Unnie ကတိေပးထားတယ္ေနာ္ "
"ဟင္ ဘာကတိလည္း "
"Chaeတို႔ မဂ္လာပြဲၿပီးရင္ Unnieတို႔ အလွည့္ဆိုတာ "
Chaeyoung မိတ္ကပ္လိမ္းခံရင္း ေျပာေတာ့ Jennie ရယ္လိုက္သည္
"ၾကည့္ရတာ Jisoo Unnieက လက္ထပ္ခြင့္မေတာင္းေသးဘူးလား "
Chaeyoungကေမးေတာ့ Jennie ေခါင္းခါျပသည္
"ၾကည့္ရတာ သူ Unnieကို မခ်စ္ေတာ့ဘူးထင္တယ္ ..."
Chaeyoung က စလိုက္ေပမယ့္ Jennie စိတ္ထဲစိုးရိမ္မႈေတြ ဝင္လာသည္
Weddingတြင္ Jisoo တစ္ေယာက္ လက္ခ်င္းတြဲၿပီး ကတိသစၥာဆိုေနတဲ့ Chaelisaကို ၾကည့္ၿပီး လက္ခုပ္တီးကာ ေပ်ာ္ေနေပမယ့္ Jennieကေတာ့ အေတြးလြန္ေနသည္
"Jisoo. .."
"အင္း.... "
"ဘယ္ေတာ့လည္း...."
Jennie ေျပာခ်င္တာကို Jisoo နားမလည္ေသာေၾကာင့္ ျပန္ၿပီးထပ္ေမးလိုက္သည္
"ဟင္ ဘာကိုလည္း "
"ဘာမွမဟုတ္ေတာ့ဘူး.... "
Jennie ေျပာၿပီး သက္ျပင္းခ်လိဳက္သည္
Chaeyoung ပန္းစည္းကို ဧည့္သည္ေတြဘက္ လွမ္းပစ္ေတာ့ Jisooတစ္ေယာက္ ပန္းစည္းကို ဖမ္းမိသြားတယ္
Jisoo ခ်က္ခ်င္းဘဲ သူမ ေဘာင္းဘီအိတ္ထဲက လက္စြပ္ဘူးကို ထုတ္ၿပီး ပန္းစည္းနဲ႕တူတူ Jennieကို လက္ထပ္ခြင့္ေတာင္းေလသည္
"Jen ငါ့ကို လက္ထပ္နိုင္မလား "
Jennie မွာ မေမွ်ာ္လင့္ဘဲ Jisooဆီက လက္ထပ္ခြင့္ေတာင္းခံရလို႔ အရမ္းေပ်ာ္ၿပီး မ်က္ရည္ေတြက်လာသည္
"လက္ထပ္လိုက္ပါ လက္ထပ္လိုက္ပါ "
Lisaနဲ႕ Chaeyoungမွာ လက္ခုပ္တီးၿပီးေျပာေတာ့ Jennieတစ္ေယာက္ ေခါင္းညိတ္ျပၿပီး လက္ကမ္းေပးေလသည္
Jennieရဲ႕ လက္မွာ လက္စြပ္ေလး Jisooစြပ္ေပးၿပီးေနာက္ Jennieကို Jisoo ဆြဲဖက္လိုက္သည္
"အရမ္းခ်စ္တယ္ Jendeuk "
"ငါေရာဘဲ....."
The End
Finally အၾကာႀကီးေရးခဲ့ရတဲ့ Ficေလး ၿပီးဆုံးသြားပါၿပီ တစ္ေလွ်ာက္လုံး အစပ္ဒဏ္ေတြ သည္းခံဖတ္လာေပးတဲ့ Reader အားလုံးကို ေက်းဇူးတင္ရွိပါတယ္ ထပ္ၿပီး ဒီထက္စပ္တဲ့ Ficေတြ ေရးသြားပါအုံးမယ္လို႔ xD
Bạn đang đọc truyện trên: Truyen3h.Co