Truyen3h.Co

CEO Kim

Part 48

KimFany059

#zawgyi

"Joohyun.... "

"အမေလး လန့္တာ အခန္းထဲဝင္မယ္ဆို တံခါးေခါက္ေလ "

Jisoo အိမ္ကိုလာမယ္ေျပာလို႔ Joohyun ေရမခ်ိဳးခင္ Jisoo အလြယ္တကူ ဝင္လာလို႔ရေအာင္ အိမ္တံခါးေသာ့မခတ္ထားဘဲ ေရခ်ိဳးေနခဲ့သည္

Jisoo မလာေလာက္ေသးဘူး ေတြးၿပီး တဘတ္ကို ခြၽတ္ခ်ကာ အဝတ္ဝတ္ေနစဥ္ ႐ုတ္တရက္အခန္းထဲ ဝင္လာတဲ့ Jisooေၾကာင့္ Joohyun တုန္တက္သြားသည္

"ေတာ္ေသးတယ္ ငါအဝတ္ေတြဝတ္ၿပီးသြားလို႔ "

Joohyun ေဘာင္းဘီဝတ္ရင္းေျပာေပမယ့္ Jisooကေတာ့ Joohyun ဘာလုပ္ေနတယ္ဆိုတာ စိတ္မဝင္စားေပ

"ငါ Jennieကို ရွာေတြ႕ၿပီ "

"ဘာ ဘယ္မွာလည္း သူ အဆင္ေျပရဲ႕လား အခု နင့္အိမ္မွာလား "

Jisooရဲ႕ စကားေၾကာင့္ Joohyun ဝမ္းသာသြားၿပီး Jisooရဲ႕ ပခုံးကို ကိုင္ရင္း ေမးလိုက္သည္

Joohyunက ဝမ္းသာအားရ ေမးေပမယ့္ Jisooကေတာ့ သက္ျပင္းခ်ၿပီး ေခါင္းခါျပသည္

"သူက ငါ့အိမ္မွာ မဟုတ္ဘူး သူ႕အေဖဆီမွာ အဲ့ေခြးမသားက သူ႕ကို နယူးဇီလန္ကို ျပန္ေခၚသြားဖို႔ စီစဥ္ေနတာ "

"ဘာ...."

Jisoo သူ႕နဖူးေပၚက ေခြၽးေတြကို သုတ္လိုက္သည္

ထို႔ေနာက္ ေခ်ာင္းဟန့္ၿပီး Joohyun စားပြဲေပၚက ေရဘူးကို ယူကာ ဖန္ခြက္ထဲ ေရထည့္ေသာက္လိုက္သည္

ျဖဴဖတ္ၿပီး အားမရွိတဲ့ ပုံစံျဖစ္ေနတဲ့ Jisooကို Joohyunၾကည့္ရင္း သက္ျပင္းခ်မိသည္

"Jisoo နင္ တစ္ေန႕ကမွ ေဆး႐ုံက ဆင္းလာ..."

"ငါသိတယ္ ငါ ဘာမွမျဖစ္ပါဘူး..."

"နင့္က်န္းမာေရးက တေလာကမွျပန္ေကာင္းလာတဲ့အျပင္ နင္ အတိတ္ကအေၾကာင္းေတြလည္း သတိရထားေတာ့ "

"ငါေျပာမယ္ ငါ Jennieကလြဲလို႔ က်န္တာကို ဂ႐ုမစိုက္နိုင္ဘူး Joohyun

"ေအး ဂ႐ုမစိုက္ဘူးဆိုေပမယ့္ နင္ မေကာင္းတာတစ္ခုခုျဖစ္သြားရင္ သူ႕ကို ဘယ္လိုကယ္မလည္း "

"အဲ့တာေၾကာင့္ နင့္ကို ငါ အကူအညီလာေတာင္းတာ Joohyun. ...ငါ့ေခါင္းထဲမွာ planေတြရွိတယ္ဒါေပမယ့္ ငါတစ္ေယာက္တည္းလုပ္လို႔မျဖစ္ဘူး နင့္အကူအညီလိုတယ္.... "

"ေကာင္းၿပီ ေျပာ ဘာလည္း "

"ဒီလို "

Jisoo ထိုင္ခုံေပၚထိုင္လိုက္ၿပီး သူမေတြးထားတဲ့ အစီအစဥ္ကို Joohyunအား ေျပာျပလိုက္သည္

"ေခါင္းမာတဲ့ အက်ိဳးေက်းဇူးေပါ့ Jennie Kim "

ျဖန္း!

သူမ ပေထြးဆီက ၾကာပြတ္နဲ႕အရိုက္ခံရေပမယ့္ Jennie မေအာ္နိုင္ေပ ဘာလို႔ဆို သူမပါးစပ္ကို တိတ္နဲ႕ကပ္ပိတ္ၿပီး တစ္ကိုယ္လုံးကို ႀကိဳးခ်ည္ထားေသာေၾကာင့္ ျဖစ္သည္

"ငါ့ကို ေစာက္ေလသံမာမာနဲ႕ ျပန္ေျပာဖို႔ မႀကိဳးစားနဲ႕ ေကာင္မ....."

ျဖန္း!

Jennieမွာ နာက်င္လြန္းလို႔ မ်က္ရည္ေတြ စီးက်လာသည္

"ဒီေကာင္မကို ၾကည့္ထားၾက ၾကားလား "

"Yes boss "

Mr. Kimေျပာၿပီး အခန္းထဲက ထြက္သြားေတာ့ အေစာင့္ေတြလည္း အခန္းေရွ႕ကေန Jennieကို ေစာင့္ေနၾကသည္

Jennie တစ္ေယာက္ ၾကာပြတ္နဲ႕အရိုက္ခံရလြန္းလို႔ ေသြးေတြ႐ႊဲၿပီး သတိေမ့လုမတတ္ျဖစ္ေနသည္

"Ji. ...Jisoo "

သူမဆီ အေရာက္ျပန္လာခဲ့မယ္လို႔ ကတိေပးခဲ့တဲ့ Jisooရဲ႕ နာမည္ကို Jennie တမ္းတမိသည္

"Jen.... Jendeuk "

Jennie သူမကို လႈပ္ႏွိုးေနတဲ့ တစ္စုံတစ္ေယာက္ေၾကာင့္ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ မ်က္ႏွာနဲ႕အဝတ္အစားမွာ ေသြးေတြေပပြေနတဲ့ Jisooကို ေတြ႕ရေလသည္

"Ji. ..ေသြးေတြက ဘာျဖစ္တာလည္း "

"ဒီထဲခိုးဝင္ရင္း အေစာင့္ေတြကို ခ်ခဲ့တာေလ "

Jisoo ေျပာၿပီး သူ႕ခါးၾကားထဲက ဓားျမႇောင္ေလးကို ထုတ္ျပသည္

"လာ Jenကို ဒီကေနေခၚထုတ္သြားမယ္ "

Jisooေျပာၿပီး Jennieကို ခ်ည္ထားတဲ့ ႀကိဳးေတြကို ဓားနဲ႕ျဖတ္ၿပီး ပါးစပ္က တိတ္ကိုလည္း ဆြဲခြာလိုက္သည္

"လာ သြားၾကစို႔ "

"အေရွ႕မွာအေစာင့္ေတြ အမ်ားႀကီး "

"Joohyun နဲ႕ ငါရွင္းထားတယ္ ၿပီးေတာ့ Lisaက ရဲစခန္းကို သြားတိုင္ထားတယ္ ရဲေတြပါလာေနၿပီ "

"ငါ အရိုက္ခံထားရလို႔ လမ္းမေလွ်ာက္နိုင္ "

Jennie စကားမဆုံးေသး Jisooမွာ Jennie ကို ေပြ႕ခ်ီၿပီး အခန္းထဲက ေခၚထုတ္သြားသည္

"Oh လူေကာင္သာေသးတယ္ ဗလနဲ႕ပါလား "

Jisoo သူမေရွ႕ ေသနတ္ကိုင္ၿပီး ရပ္ေနတဲ့ Mr. Kim ေၾကာင့္ ေျခလွမ္းေတြရပ္သြားသည္

"မေသခ်င္ဘူးဆို ေရွ႕ကေနဖယ္ေပး "

"Haha ဒီေကာင္မေလး ေတာ္ေတာ္ေနာက္ပါလား....ညည္းက ငါ့ကိုဘယ္လိုသတ္မလို႔လည္း....ကဲပါ ညည္းဘဝမွာ အရာအားလုံး ျပည့္စုံေနတာကို Jennieကို ငါ့ေပးလိုက္တာ ပိုေကာင္းမယ္"

"ဆုေတာင္းေလ ဘိုးေတာ္ "

Mr. Kim ေသနတ္ေမာင္းခ်ိန္ၿပီး Jisoo ေခါင္းကိုခ်ိန္ေတာ့ Jennieမွာ Jisooေပၚကေန ႐ုန္းသည္

"Noooo"

Jisooကလည္း Jennie ကို ေအာက္ကိုခ်ၿပီး Jennieေရွ႕ ပိတ္ရပ္စဥ္

Bang!

ေသနတ္သံေၾကာင့္ Jennie ေၾကာက္လို႔ မ်က္စိမွိတ္ၿပီး ေအာ္လိုက္သည္

အား!

"Jendeuk. ..အဆင္ေျပလား "

"Jen အဆင္ေျပလား "

Jisooေရာ Joohyun အသံေၾကာင့္ Jennie မ်က္လုံးဖြင့္ၾကည့္ေတာ့ ေသနတ္ကိုင္ထားတဲ့ Joohyun ရယ္ သူမကို စိတ္ပူတဲ့ မ်က္လုံးနဲ႕ၾကည့္ေနတဲ့ Jisooကို ေတြ႕ရသည္

"ေတာ္ေသးတယ္ ငါ သူ႕တပည့္တစ္ေယာက္ထဲက ေသနတ္ခိုးလာၿပီး အခ်ိန္မွီေရာက္လာလို႔ "

Joohyun ေသနတ္ကို ေထာင္ျပၿပီး ေျပာေတာ့ Jennie တစ္ေယာက္ Joohyunကို ၾကည့္ရင္း Joohyunေနာက္က ေသြးအိုင္ထဲလဲေနတဲ့ သူမအေဖ ေသနတ္ကိုင္ၿပီး Jisooကို ခ်ိန္ေနတာကို ေတြ႕လိုက္ရသည္

"Hey Bitches. .."

Mr. Kimအသံေၾကာင့္ Jisooတို႔ ေနာက္ကို လွည့္ၾကည့္လိုက္စဥ္

Bang!

"No. ..."

ေသနတ္သံနဲ႕အတူ Jennie တစ္ေယာက္ ဒူးေထာက္လဲက်သြားသည္

#tbc

အပိုင္းတိုသြားရင္ ေတာင္းပန္ပါတယ္ဗ်ာ့😁ေစာင့္ဖတ္ေနတဲ့သူေတြအတြက္ အျမန္ေရးေပးတာပါ xD ေနာက္တစ္ပိုင္း ဇာတ္သိမ္းပါၿပီေနာ္

#Unicode

"Joohyun.... "

"အမလေး လန့်တာ အခန်းထဲဝင်မယ်ဆို တံခါးခေါက်လေ "

Jisoo အိမ်ကိုလာမယ်ပြောလို့ Joohyun ရေမချိုးခင် Jisoo အလွယ်တကူ ဝင်လာလို့ရအောင် အိမ်တံခါးသော့မခတ်ထားဘဲ ရေချိုးနေခဲ့သည်

Jisoo မလာလောက်သေးဘူး တွေးပြီး တဘတ်ကို ချွတ်ချကာ အဝတ်ဝတ်နေစဥ် ရုတ်တရက်အခန်းထဲ ဝင်လာတဲ့ Jisooကြောင့် Joohyun တုန်တက်သွားသည်

"တော်သေးတယ် ငါအဝတ်တွေဝတ်ပြီးသွားလို့ "

Joohyun ဘောင်းဘီဝတ်ရင်းပြောပေမယ့် Jisooကတော့ Joohyun ဘာလုပ်နေတယ်ဆိုတာ စိတ်မဝင်စားပေ

"ငါ Jennieကို ရှာတွေ့ပြီ "

"ဘာ ဘယ်မှာလည်း သူ အဆင်ပြေရဲ့လား အခု နင့်အိမ်မှာလား "

Jisooရဲ့ စကားကြောင့် Joohyun ဝမ်းသာသွားပြီး Jisooရဲ့ ပခုံးကို ကိုင်ရင်း မေးလိုက်သည်

Joohyunက ဝမ်းသာအားရ မေးပေမယ့် Jisooကတော့ သက်ပြင်းချပြီး ခေါင်းခါပြသည်

"သူက ငါ့အိမ်မှာ မဟုတ်ဘူး သူ့အဖေဆီမှာ အဲ့ခွေးမသားက သူ့ကို နယူးဇီလန်ကို ပြန်ခေါ်သွားဖို့ စီစဥ်နေတာ "

"ဘာ...."

Jisoo သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်သည်

ထို့နောက် ချောင်းဟန့်ပြီး Joohyun စားပွဲပေါ်က ရေဘူးကို ယူကာ ဖန်ခွက်ထဲ ရေထည့်သောက်လိုက်သည်

ဖြူဖတ်ပြီး အားမရှိတဲ့ ပုံစံဖြစ်နေတဲ့ Jisooကို Joohyunကြည့်ရင်း သက်ပြင်းချမိသည်

"Jisoo နင် တစ်နေ့ကမှ ဆေးရုံက ဆင်းလာ..."

"ငါသိတယ် ငါ ဘာမှမဖြစ်ပါဘူး..."

"နင့်ကျန်းမာရေးက တလောကမှပြန်ကောင်းလာတဲ့အပြင် နင် အတိတ်ကအကြောင်းတွေလည်း သတိရထားတော့ "

"ငါပြောမယ် ငါ Jennieကလွဲလို့ ကျန်တာကို ဂရုမစိုက်နိုင်ဘူး Joohyun

"အေး ဂရုမစိုက်ဘူးဆိုပေမယ့် နင် မကောင်းတာတစ်ခုခုဖြစ်သွားရင် သူ့ကို ဘယ်လိုကယ်မလည်း "

"အဲ့တာကြောင့် နင့်ကို ငါ အကူအညီလာတောင်းတာ Joohyun. ...ငါ့ခေါင်းထဲမှာ planတွေရှိတယ်ဒါပေမယ့် ငါတစ်ယောက်တည်းလုပ်လို့မဖြစ်ဘူး နင့်အကူအညီလိုတယ်.... "

"ကောင်းပြီ ပြော ဘာလည်း "

"ဒီလို "

Jisoo ထိုင်ခုံပေါ်ထိုင်လိုက်ပြီး သူမတွေးထားတဲ့ အစီအစဥ်ကို Joohyunအား ပြောပြလိုက်သည်

"ခေါင်းမာတဲ့ အကျိုးကျေးဇူးပေါ့ Jennie Kim "

ဖြန်း!

သူမ ပထွေးဆီက ကြာပွတ်နဲ့အရိုက်ခံရပေမယ့် Jennie မအော်နိုင်ပေ ဘာလို့ဆို သူမပါးစပ်ကို တိတ်နဲ့ကပ်ပိတ်ပြီး တစ်ကိုယ်လုံးကို ကြိုးချည်ထားသောကြောင့် ဖြစ်သည်

"ငါ့ကို စောက်လေသံမာမာနဲ့ ပြန်ပြောဖို့ မကြိုးစားနဲ့ ကောင်မ....."

ဖြန်း!

Jennieမှာ နာကျင်လွန်းလို့ မျက်ရည်တွေ စီးကျလာသည်

"ဒီကောင်မကို ကြည့်ထားကြ ကြားလား "

"Yes boss "

Mr. Kimပြောပြီး အခန်းထဲက ထွက်သွားတော့ အစောင့်တွေလည်း အခန်းရှေ့ကနေ Jennieကို စောင့်နေကြသည်

Jennie တစ်ယောက် ကြာပွတ်နဲ့အရိုက်ခံရလွန်းလို့ သွေးတွေရွှဲပြီး သတိမေ့လုမတတ်ဖြစ်နေသည်

"Ji. ...Jisoo "

သူမဆီ အရောက်ပြန်လာခဲ့မယ်လို့ ကတိပေးခဲ့တဲ့ Jisooရဲ့ နာမည်ကို Jennie တမ်းတမိသည်

"Jen.... Jendeuk "

Jennie သူမကို လှုပ်နှိုးနေတဲ့ တစ်စုံတစ်ယောက်ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်နှာနဲ့အဝတ်အစားမှာ သွေးတွေပေပွနေတဲ့ Jisooကို တွေ့ရလေသည်

"Ji. ..သွေးတွေက ဘာဖြစ်တာလည်း "

"ဒီထဲခိုးဝင်ရင်း အစောင့်တွေကို ချခဲ့တာလေ "

Jisoo ပြောပြီး သူ့ခါးကြားထဲက ဓားမြှောင်လေးကို ထုတ်ပြသည်

"လာ Jenကို ဒီကနေခေါ်ထုတ်သွားမယ် "

Jisooပြောပြီး Jennieကို ချည်ထားတဲ့ ကြိုးတွေကို ဓားနဲ့ဖြတ်ပြီး ပါးစပ်က တိတ်ကိုလည်း ဆွဲခွာလိုက်သည်

"လာ သွားကြစို့ "

"အရှေ့မှာအစောင့်တွေ အများကြီး "

"Joohyun နဲ့ ငါရှင်းထားတယ် ပြီးတော့ Lisaက ရဲစခန်းကို သွားတိုင်ထားတယ် ရဲတွေပါလာနေပြီ "

"ငါ အရိုက်ခံထားရလို့ လမ်းမလျှောက်နိုင် "

Jennie စကားမဆုံးသေး Jisooမှာ Jennie ကို ပွေ့ချီပြီး အခန်းထဲက ခေါ်ထုတ်သွားသည်

"Oh လူကောင်သာသေးတယ် ဗလနဲ့ပါလား "

Jisoo သူမရှေ့ သေနတ်ကိုင်ပြီး ရပ်နေတဲ့ Mr. Kim ကြောင့် ခြေလှမ်းတွေရပ်သွားသည်

"မသေချင်ဘူးဆို ရှေ့ကနေဖယ်ပေး "

"Haha ဒီကောင်မလေး တော်တော်နောက်ပါလား....ညည်းက ငါ့ကိုဘယ်လိုသတ်မလို့လည်း....ကဲပါ ညည်းဘဝမှာ အရာအားလုံး ပြည့်စုံနေတာကို Jennieကို ငါ့ပေးလိုက်တာ ပိုကောင်းမယ်"

"ဆုတောင်းလေ ဘိုးတော် "

Mr. Kim သေနတ်မောင်းချိန်ပြီး Jisoo ခေါင်းကိုချိန်တော့ Jennieမှာ Jisooပေါ်ကနေ ရုန်းသည်

"Noooo"

Jisooကလည်း Jennie ကို အောက်ကိုချပြီး Jennieရှေ့ ပိတ်ရပ်စဥ်

Bang!

သေနတ်သံကြောင့် Jennie ကြောက်လို့ မျက်စိမှိတ်ပြီး အော်လိုက်သည်

အား!

"Jendeuk. ..အဆင်ပြေလား "

"Jen အဆင်ပြေလား "

Jisooရော Joohyun အသံကြောင့် Jennie မျက်လုံးဖွင့်ကြည့်တော့ သေနတ်ကိုင်ထားတဲ့ Joohyun ရယ် သူမကို စိတ်ပူတဲ့ မျက်လုံးနဲ့ကြည့်နေတဲ့ Jisooကို တွေ့ရသည်

"တော်သေးတယ် ငါ သူ့တပည့်တစ်ယောက်ထဲက သေနတ်ခိုးလာပြီး အချိန်မှီရောက်လာလို့ "

Joohyun သေနတ်ကို ထောင်ပြပြီး ပြောတော့ Jennie တစ်ယောက် Joohyunကို ကြည့်ရင်း Joohyunနောက်က သွေးအိုင်ထဲလဲနေတဲ့ သူမအဖေ သေနတ်ကိုင်ပြီး Jisooကို ချိန်နေတာကို တွေ့လိုက်ရသည်

"Hey Bitches. .."

Mr. Kimအသံကြောင့် Jisooတို့ နောက်ကို လှည့်ကြည့်လိုက်စဥ်

Bang!

"No. ..."

သေနတ်သံနဲ့အတူ Jennie တစ်ယောက် ဒူးထောက်လဲကျသွားသည်

#tbc

အပိုင်းတိုသွားရင် တောင်းပန်ပါတယ်ဗျာ့😁စောင့်ဖတ်နေတဲ့သူတွေအတွက် အမြန်ရေးပေးတာပါ xD နောက်တစ်ပိုင်း ဇာတ်သိမ်းပါပြီနော်

Bạn đang đọc truyện trên: Truyen3h.Co