Truyen3h.Co

CEO Kim

Intro

KimFany059

#Unicode

"CEO Kimရဲ့ အတွင်းရေးမှူး နေရာအတွက် အလုပ်လျှောက်ချင်လို့ပါ....."

Suit ဝတ်စုံအပြည့်ဝတ်ထားတဲ့ အမျိုးသားမှာ ကောင်မလေးကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သက်ပြင်းချလိုက်သည်

ဒါနဲ့ဆို အတွင်းရေးမှူးနေရာ လာလျှောက်တဲ့သူ ဆယ့်ငါးယောက်တောင် ရှိပြီလေ

ပထမ ဆယ့်လေးယောက်လုံး ယခု ကောင်မလေးလိုဘဲ ယုံကြည်ချက်ရှိရှိ အလုပ်လာလျှောက်ပြီး အင်တာဗျူးအားလုံးအောင်သွားပေမယ့် နောက်ဆုံး CEOနဲ့ ထိပ်တိုက် အင်တာဗျူးရတဲ့အခါမှတော့ သူတို့ အားလုံး အိမ်ကို ပြန်ရလေသည်

ဘာလို့လည်းဆို CEO Kimက နတ်ဘုရားမလို လှပေမယ့် အတော်လေး ရက်စက်ပြီး ကြမ်းတမ်းတဲ့အမျိုးသမီးဖြစ်နေလို့ပင်...

"သေချာရဲ့လား.... ကျွန်တော်တို့ CEO က အရမ်း စည်းကမ်းကြီးတာနော် အထူးသဖြင့် မိန်းကလေးတွေဆို သူပို စည်းကမ်းတင်းကြပ်တယ် "

Suitနဲ့ အမျိုးသားကပြောတော့ ကောင်မလေးက ပြက်လုံးဟာသတစ်ခုကို ကြားရသလို ရယ်လိုက်သည်

Sutiနဲ့ အမျိုးသားပြောတဲ့ စကားတွေက အမှန်ပင် ....ဆယ့်လေးယောက်မြောက် ကောင်မလေးကို CEO Kim အင်တာဗျူးတုံးကဆို CEO Kimက ထိုကောင်မလေးကို လုံခြုံရေး ခေါ်ပြီး Company က ဆွဲထုတ်ခိုင်းသည်.....

"အတွင်းရေးမှူးလိုချင်တာ မိန်းမပျက်လိုချင်တာ မဟုတ်ဘူး.........အလုပ်လာလျှောက်တဲ့သူတွေကို ဘယ်လိုလက်ခံနေတာလည်း....အလုပ်က မလုပ်ရသေးဘူး ဒင်းက ငါ့လာမြူဆွယ်နေတာ  "

အလုပ်လျှောက်လွှာလက်ခံမိတဲ့ HRမှာ CEO Kimဆီကနေ အဆူခံလိုက်ရသေးသည်

"စည်းကမ်းကြီးလည်း ဘာမှမဖြစ်ပါဘူး ကျွန်မ လုပ်နိုင်ပါတယ် ....ကျွန်မ တကယ် ကြိုးစားမှာပါ "

HR အမျိုးသားမှာ သက်ပြင်းချပြီး ကောင်မလေးကို ကြည့်လိုက်သည်

ကောင်မလေးမှာ CEO Kimကို တွေ့ရမှ ဖြစ်မည်...ဘာလို့လည်းဆို CEO Kimအတွက် Koreaကို ပြန်လာခဲ့ခြင်း ဖြစ်သည်

သူမကတော့ CEO Kimကို ချစ်နေသေးပေမယ့် CEO Kimကတော့ သူမကို မုန်းနေလောက်မည်

CEO Kimနဲ့တွေ့ပြီး သူမလုပ်ရပ်တွေအတွက် တောင်းပန်ချင်သေးသည်

"ကောင်းပြီလေ မင်းနာမည်က "

"Jennie. ..Jennie Kim "

"Hello CEO Kim လား ခင်ဗျာ့... အတွင်းရေးမှူးနေရာအတွက် ကောင်မလေးတစ်ယောက် အလုပ်လာလျှောက်ပါတယ်ဗျာ့...ကောင်မလေး ပုံစံကတော့ ယုံကြည်မှုရှိပြီး ထက်မြက်တဲ့ပုံပါဘဲ "

"နာမည်က...."

တစ်ဖက်က CEO Kimမှာ မေးခွန်းခပ်တိုတိုသာ မေးလိုက်သည်

"Jennie Kim ပါဗျာ့"

HRရဲ့ စကားကြောင့် CEO Kimမှာ အေးခဲသွားသလို ခံစားရသည်

"Pardon. .."

"Jennie Kim ပါ...."

CEO Kimမှာ မဲ့ပြုံးပြုံးပြီး

"ကောင်းပြီ မနက်ဖြန် မနက် ရှစ်နာရီတိတိ companyကို လာခဲ့ဖို့ ပြောလိုက်ပါ "

CEO Kimမှာ ဖုန်းချလိုက်ပြီးနောက်  အတိတ်ကအကြောင်းတွေဟာ သူမခေါင်းထဲသို့ ပြန်ဝင်လာသည်

CEO Kimမှာ Jennieကို တွေ့ရဖို့ မစောင့်နိုင်တော့ပေ..ဘာလို့လည်းဆို သူမနာကျင်ခဲ့သလို Jennie ကို နာကျင်အောင် ပြန်လုပ်ရမယ့် အချိန်ရောက်လာခဲ့ပြီလေ

#TBC

#Zawgyi

"CEO Kimရဲ႕ အတြင္းေရးမႉး ေနရာအတြက္ အလုပ္ေလွ်ာက္ခ်င္လို႔ပါ....."

Suit ဝတ္စုံအျပည့္ဝတ္ထားတဲ့ အမ်ိဳးသားမွာ ေကာင္မေလးကို ေျခဆုံးေခါင္းဆုံးၾကည့္ၿပီး သက္ျပင္းခ်လိဳက္သည္

ဒါနဲ႕ဆို အတြင္းေရးမႉးေနရာ လာေလွ်ာက္တဲ့သူ ဆယ့္ငါးေယာက္ေတာင္ ရွိၿပီေလ

ပထမ ဆယ့္ေလးေယာက္လုံး ယခု ေကာင္မေလးလိုဘဲ ယုံၾကည္ခ်က္ရွိရွိ အလုပ္လာေလွ်ာက္ၿပီး အင္တာဗ်ဴးအားလုံးေအာင္သြားေပမယ့္ ေနာက္ဆုံး CEOနဲ႕ ထိပ္တိုက္ အင္တာဗ်ဴးရတဲ့အခါမွေတာ့ သူတို႔ အားလုံး အိမ္ကို ျပန္ရေလသည္

ဘာလို႔လည္းဆို CEO Kimက နတ္ဘုရားမလို လွေပမယ့္ အေတာ္ေလး ရက္စက္ၿပီး ၾကမ္းတမ္းတဲ့အမ်ိဳးသမီးျဖစ္ေနလို႔ပင္...

"ေသခ်ာရဲ႕လား.... ကြၽန္ေတာ္တို႔ CEO က အရမ္း စည္းကမ္းႀကီးတာေနာ္ အထူးသျဖင့္ မိန္းကေလးေတြဆို သူပို စည္းကမ္းတင္းၾကပ္တယ္ "

Suitနဲ႕ အမ်ိဳးသားကေျပာေတာ့ ေကာင္မေလးက ျပက္လုံးဟာသတစ္ခုကို ၾကားရသလို ရယ္လိုက္သည္

Sutiနဲ႕ အမ်ိဳးသားေျပာတဲ့ စကားေတြက အမွန္ပင္ ....ဆယ့္ေလးေယာက္ေျမာက္ ေကာင္မေလးကို CEO Kim အင္တာဗ်ဴးတုံးကဆို CEO Kimက ထိုေကာင္မေလးကို လုံၿခဳံေရး ေခၚၿပီး Company က ဆြဲထုတ္ခိုင္းသည္.....

"အတြင္းေရးမႉးလိုခ်င္တာ မိန္းမပ်က္လိုခ်င္တာ မဟုတ္ဘူး.........အလုပ္လာေလွ်ာက္တဲ့သူေတြကို ဘယ္လိုလက္ခံေနတာလည္း....အလုပ္က မလုပ္ရေသးဘူး ဒင္းက ငါ့လာျမဴဆြယ္ေနတာ  "

အလုပ္ေလွ်ာက္လႊာလက္ခံမိတဲ့ HRမွာ CEO Kimဆီကေန အဆူခံလိုက္ရေသးသည္

"စည္းကမ္းႀကီးလည္း ဘာမွမျဖစ္ပါဘူး ကြၽန္မ လုပ္နိုင္ပါတယ္ ....ကြၽန္မ တကယ္ ႀကိဳးစားမွာပါ "

HR အမ်ိဳးသားမွာ သက္ျပင္းခ်ၿပီး ေကာင္မေလးကို ၾကည့္လိုက္သည္

ေကာင္မေလးမွာ CEO Kimကို ေတြ႕ရမွ ျဖစ္မည္...ဘာလို႔လည္းဆို CEO Kimအတြက္ Koreaကို ျပန္လာခဲ့ျခင္း ျဖစ္သည္

သူမကေတာ့ CEO Kimကို ခ်စ္ေနေသးေပမယ့္ CEO Kimကေတာ့ သူမကို မုန္းေနေလာက္မည္

CEO Kimနဲ႕ေတြ႕ၿပီး သူမလုပ္ရပ္ေတြအတြက္ ေတာင္းပန္ခ်င္ေသးသည္

"ေကာင္းၿပီေလ မင္းနာမည္က "

"Jennie. ..Jennie Kim "

"Hello CEO Kim လား ခင္ဗ်ာ့... အတြင္းေရးမႉးေနရာအတြက္ ေကာင္မေလးတစ္ေယာက္ အလုပ္လာေလွ်ာက္ပါတယ္ဗ်ာ့...ေကာင္မေလး ပုံစံကေတာ့ ယုံၾကည္မႈရွိၿပီး ထက္ျမက္တဲ့ပုံပါဘဲ "

"နာမည္က...."

တစ္ဖက္က CEO Kimမွာ ေမးခြန္းခပ္တိုတိုသာ ေမးလိုက္သည္

"Jennie Kim ပါဗ်ာ့"

HRရဲ႕ စကားေၾကာင့္ CEO Kimမွာ ေအးခဲသြားသလို ခံစားရသည္

"Pardon. .."

"Jennie Kim ပါ...."

CEO Kimမွာ မဲ့ၿပဳံးၿပဳံးၿပီး

"ေကာင္းၿပီ မနက္ျဖန္ မနက္ ရွစ္နာရီတိတိ companyကို လာခဲ့ဖို႔ ေျပာလိုက္ပါ "

CEO Kimမွာ ဖုန္းခ်လိဳက္ၿပီးေနာက္  အတိတ္ကအေၾကာင္းေတြဟာ သူမေခါင္းထဲသို႔ ျပန္ဝင္လာသည္

CEO Kimမွာ Jennieကို ေတြ႕ရဖို႔ မေစာင့္နိုင္ေတာ့ေပ..ဘာလို႔လည္းဆို သူမနာက်င္ခဲ့သလို Jennie ကို နာက်င္ေအာင္ ျပန္လုပ္ရမယ့္ အခ်ိန္ေရာက္လာခဲ့ၿပီေလ

#TBC

Bạn đang đọc truyện trên: Truyen3h.Co