Part 1
#Unicode
Jennie အလွန်ကြီးကျယ်ခမ်းနားတဲ့ Companyကို ရပ်ကြည့်နေသည်
Kim Jisoo. ...
Kim Jisooက ဒီ company ကို ဝင်လုပ်ရခြင်းရဲ့ အကြောင်းပြချက်ပင်....ပိုက်ဆံကြောင့် ဒီ companyကို ဝင်လုပ်ခြင်းမဟုတ် Jisooနဲ့ တွေ့ချင်လို့သာ Companyကို ဝင်ခဲ့ခြင်း ဖြစ်သည်
Jisooကို ဘာမှမပြောဘဲ ထားသွားခဲ့တဲ့အတွက် Jennie တောင်းပန်ပြီး သူမကို ယခုထိ ချစ်နေသေးကြောင်းလည်း ပြောချင်သေးသည်
မနေ့က HRက Jennieကို မနက်ရှစ်နာရီတိတိ အလုပ်လာဖို့ပြောထားတော့ Jennieမှာ Jisooက သူမကို အတွင်းရေးမှူးအဖြစ် လက်ခံလိုက်တယ်ဆိုပြီး ပျော်နေသည်
တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားသလို ရင်လည်းခုန်နေသည် ....မနေ့ညကဆို Jennie မှာ Jisooကို တွေ့ရမှာမို့ စိတ်လှုပ်ရှားလွန်းလို့ အိပ်မပျော်ပေ
Jennie သက်ပြင်းချလိုက်သည် ...ဒီနေ့အတွက် အင်တာဗျူး အောင်မြင်အောင် ဝတ်စားပုံကအစ Jennie ပြင်ဆင်လာသည်
သူမက အရင်ကထက် ပိုပြီးတော်တဲ့သူ ဖြစ်လာနေပြီဆိုတာ Jisoo သိအောင် Jennie ပြချင်သည်
သို့သော်လည်း Jisooကတော့ သူမကို ထပ်ပြီးမမြင်ချင်လောက်အောင်ထိ မုန်းနေမယ်ဆိုတာ Jennie သိနေသည် ....ဒါကြောင့်လည်း Jennie ဒီကို ရောက်နေတာပေါ့ သူလုပ်ခဲ့တဲ့အမှားတွေ ပြန်ပြင်ဆင်ပြီး Jisooကို တောင်းပန်ချင်သည်
Jennie နာရီကို ငုံ့ကြည့်တော့ 7:48 ရှိပြီ
Jennie သူမကိုယ်သူမ အားပေးပြီး Companyထဲသို့ ဝင်လိုက်သည်
ထို့နောက် Reception သို့ သွားပြီး Jennieနဲ့အင်တာဗျူးမယ့်အကြောင်း သွားပြောသည်
"ဒီနေ့ အင်တာဗျူးခေါ်ထားလို့ ရောက်လာတာပါ "
"Miss နာမည်လေးသိခွင့်ရမလား "
ကောင်တာထဲက အမျိုးသမီးမှာ စာအုပ်လှန်ရင်းမေးလိုက်သည်
"Jennie Kim ပါ "
"Oh ဟုတ် CEO Kimနဲ့ ရှစ်နာရီကျရင် တွေ့ဖို့ ချိန်းထားတာမလား ကျွန်မနောက် လိုက်ခဲ့ပါ လိုက်ပြပါမယ်....Soohee တို့ သူ့ကို CEOအခန်း လိုက်ပို့လိုက်အုံးမယ် "
Jennieလည်း ကောင်မလေးခေါ်ရာနောက် လိုက်သွားသည်
ဓာတ်လှေကားထဲတွင် Jennieမှာ Jisooက ဘယ်လိုပုံစံဖြစ်နေလည်းဆိုတာ သိချင်နေလို့ စကားရှာလိုက်သည်
"ဒီမှာ အလုပ်လုပ်နေတာ ကြာပြီလား "
"ဟုတ် တစ်နှစ်တော့ကျော်ပြီ...."
"နာမည်က.... "
"Yeriပါ... "
"Aww နာမည်လေးက လှသားဘဲ ဒါနဲ့ Ji. ..အာ CEO Kimက ဘယ်လိုပုံစံလေးလည်းဟင် "
"သူက စည်းကမ်းကြီးတယ် စကားပြောတာ ကြမ်းတယ်....တစ်ခါတစ်ခါ သူက တစ်ဖက်လူကို မကြည့်ဘဲ သူပြောချင်တာပြောတာ.....ကျွန်မဆို ဒီကို စအလုပ်ဝင်တုံးက CEOကြောင့် ခဏခဏငိုရသေးတယ် "
Yeri စကားကြောင့် Jennie တော်တော်အံ့သြသွားတယ် သူသိတဲ့ Jisooက လူတစ်ဖက်သားကို နာကျင်အောင်လုပ်ဖို့မပြောနဲ့..... တစ်ဖက်လူက ငိုနေရင်တောင် ပြုံးအောင် အမြဲလုပ်တတ်တဲ့ မိန်းကလေးမျိုးပါ
"ဒါပေမယ့် ဒီ company မှာ လုပ်သက်ရင့်တဲ့သူတွေ ပြောတာတော့ CEO က အရင်က အခုလို မရိုင်းဘူးတဲ့ .....သူ ချစ်ရတဲ့ သူက သူ့ကိုထားသွားပြီးနောက် အခုလိုပြောင်းလဲသွားတယ်ဆိုလားဘဲ "
Yeri စကားကြောင့် Jennie စိတ်မကောင်းဖြစ်သွားတယ်....သူမက နူးညံ့တဲ့ Jisooကို အခုလိုကြမ်းတမ်းသွားအောင် ပြောင်းလဲမိခဲ့တာဘဲ....
"CEO ရုံးခမ်းရောက်ပါပြီ....CEOကတော့ ခုထိမရောက်သေးလို့ အခန်းထဲ ခဏစောင့်ပေးပါနော် ကျွန်မ ရှင့်အတွက် သောက်စရာတစ်ခုခုသွားယူပေးမယ် ကော်ဖီလား Teaလား "
"Coffeeဘဲပေးပါ "
"ကောင်းပါပြီ ဒါဆို ရုံးခန်းထဲ ထိုင် စောင့်ပေးပါအုံး "
Yeri ရုံးခန်းတံခါးဖွင့်ပေးပြီး Jennieကို အထဲဝင်ထိုင်စောင့်ခိုင်းသည်
Jennieလည်း Jisoo ရုံးခန်းထဲ ဝင်သွားပြီး အခန်းကို လှည့်ပတ်ကြည့်နေစဥ် Jisoo စားပွဲခုံပေါ်မှာ တင်ထားတဲ့ ပုံလေးကို တွေ့တော့ Jennie နှလုံးခုန်မြန်သွားသည်
ထိုပုံလေးက Jisoo ကို Jennie ရိုက်ပေးထားတဲ့ ပုံလေးလေ ..... Jisooက အလုပ်ကိစ္စနဲ့ ဆိုင်တဲ့ စာရွက်တွေကို စိတ်ဝင်တစား ကြည့်နေချိန် Jennieက ကင်မရာနဲ့ ရိုက်ပေးထားခြင်း ဖြစ်သည်
Flashback
Jennieမှာ သူ့ကောင်မလေး ရုံးခန်းကို အလည်လာစဥ် Jisooကတော့ အလုပ်များနေသည်
Jennie ကင်မရာနဲ့ အခန်းကို ပုံတွေရိုက်နေရင်း အလုပ်ကို အာရုံစိုက်နေတဲ့ Jisooကို ပုံရိုက်လိုက်သည်
"Chuu ဒီကိုကြည့်....."
"ခဏ Baby... မ မအားသေးလို့ ဒီမှာ စာချူပ်တွေက ရှုပ်နေလို့ "
Jisoo ဇတ်ချိုးရင်းပြောတော့ Jennie ကင်မရာကို ချပြီး ထကာ Jisoo ပခုံးကို နှိပ်ပေးလေသည်
"Ahh ကောင်းလိုက်တာ အညောင်းကိုပြေသွားတာဘဲ "
"အလုပ်တွေတအား မလုပ်ပါနဲ့ နားနေပါအုံး stress များလာရင် ကျန်းမာရေး ထိခိုက်မှာ စိတ်ပူလို့ "
"အလုပ် ဘယ်လောက်များများ မ က နေမကောင်းဖြစ်မှာ မဟုတ်ဘူး ဘာလို့လည်း သိလား.....မရဲ့ babyလေးက မ အနား အမြဲ ရှိနေလို့လေ "
Jisoo ပြောပြီး Jennie ရဲ့ လက်ကလေးကို နမ်းလိုက်သည်
End of flashback
ဒီရုံးခန်းထဲမှာဘဲ သူတို့အချစ်တွေကို ပုံဖော်ခဲ့သလို ဒီရုံးခန်းထဲမှာဘဲ သူတို့ ရန်တွေဖြစ်ခဲ့ကြသည်....
Jennie သူမတို့ရဲ့ အတိတ်က အမှတ်တရတွေကို ပြန်တွေးမိပြီး ပြုံးနေသည်
သို့သော် တစ်စုံတစ်ခုကို သတိရသွားသည်
"နေအုံး အင်တာဗျူးခေါ်ထားတယ်ဆိုပြီး ဘာလို့ CEOရုံးခန်းထဲ ဝင်ခိုင်းရတာလည်း နေပါအုံး ငါ့ကိုအင်တာဗျူးမှာက...Chuuလား "
Jennie သူမအိတ်ထဲက ခေါင်းဘီးကို ထုတ်လိုက်သည်
ထိုစဥ် တံခါးဖွင့် သံကြားလို့ Yeri ထင်ပြီး လှည့်ကြည့်လိုက်ပေမယ့် သူမ လွမ်းနေခဲ့တဲ့ မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံသွားသည်
Jennie ငိုချင်လာလို့ မျက်ရည်တွေတောင် ဝဲလာသည် သူမ ချစ်ရတဲ့ Kim Jisooက သူမရှေ့ရောက်နေပြီး သူမကိုကြည့်နေတယ်လေ
"အဟမ်း "
Jisoo ချောင်းဟန့်ပြီး အခန်းတံခါးပိတ်ကာ Jennieဆီကို လျှောက်လာသည်
"ငါ့ရဲ့ Company ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် "
Jisooမှာ ကြောင်မျက်လုံးလေးနဲ့တူတဲ့ Jennie မျက်လုံးကို ကြည့်ပြီး ပြောလိုက်သည်
"Ji. ..."
Jennie ဆက်မပြောအောင် Jennie နားနားလေးသို့ Jisoo တိုးတိုးလေး ကပ်ပြောလိုက်သည်
ငရဲက ကြိုဆိုပါတယ် Jennie Kim. ...
#Tbc
#Zawgyi
Kim Jisoo. ...
"Jennie Kim ပါ "
"နာမည်က.... "
"Yeriပါ... "
"Coffeeဘဲပေးပါ "
Flashback
"Chuu ဒီကိုကြည့်....."
End of flashback
"အဟမ်း "
"Ji. ..."
#Tbc
Bạn đang đọc truyện trên: Truyen3h.Co