Final
#unicode
"Annyeonghasayo Aunty Jessica "
"အော် Winter ရောက်လာပြီလား "
"ဟုတ် Aunty Jessica "
"ထမင်းရော စားခဲ့လား မျက်နှာလည်းမကောင်းဘူး နေမကောင်းဘူးလား သမီးလေး "
Jessicaမှာ သူ့သမီးကြောင့် Winter တစ်ယောက် ခုလိုဖြစ်နေတာမသိဘဲ Winterကို စိတ်ပူနေသည်
"ဟုတ် စားခဲ့ပါတယ် Aunty Jessica. ...နေကောင်းပါတယ် နည်းနည်းပင်ပန်းနေလို့ပါ "
"Aww ဒါဆိုလည်း ဒီနေ့ Jiminလေးကို ပြောပြီး အိမ်ကို စောစောပြန်လိုက်လေနော် "
"ဟုတ် Aunty Jessica ကျေးဇူးတင်ပါတယ် "
"Jiminရေ Winter ရောက်လာပြီနော် "
Jessica အသံကြောင့် အခန်းထဲ လမ်းပတ်လျှောက်နေတဲ့ Karinaမှာ ဒူးတွေတုန်လာသည်
ထမင်းစားပြီးကတည်းက ကုတင်ပေါ် ငုတ်တုတ်ထိုင်ပြီး Winter လာမယ့်အချိန်ကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေရင်း Winter လည်း ရောက်လာပြီး သူမအမေနဲ့ စကားပြောနေတာကို Karina သိတော့ ရင်တွေခုန်ပြီး ဘယ်ကနေ စကားစပြော ဘယ်လိုရင်ဆိုင်မလည်း တွေးနေရင်း တစ်ခန်းလုံးကို နေရာအနှံ့ လမ်းလျှောက်နေမိသည်
Knock knock
တံခါးခေါက်သံကြောင့် Winter အခန်းရှေ့ရောက်နေပြီဆိုတာ သိလို့ Karina ရေသောက်ပြီး ထိုင်ခုံတွင် အမြန်ထိုင်ကာ နေရာယူလိုက်သည်
"အဟမ်း ဝင်လာပါ "
Winterမှာ Karina အခန်းထဲ ဝင်လာပေမယ့် Karinaကို တစ်ချက်လေးတောင် မကြည့်ဘဲ သူမထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်
"ဘာလည်းဟ ငါ့ကိုဖွင့်ပြောတုံးက ဖွင့်ပြောပြီး ခုကျ မသိချင်ယောင်ဆောင်နေတယ်..."
Winter ကို ကြည့်ပြီး Karina စိတ်ထဲကနေ တွေးလိုက်သည်
Winter ကတော့ Karinaကို တစ်ချက်မကြည့်ဘဲ စာအုပ်ထုတ်ကာ စာဖတ်နေသည်
"ထမင်းစားခဲ့လား ချာတိတ် "
"ဟုတ်..."
"ဘာ စာဖတ်နေတာလည်း "
"အပင်အကြောင်း "
"Aww. ..."
Winterက ခပ်ပြတ်ပြတ်စကား ပြန်ပြောသောကြောင့် Karina မှာ ဘာဆက်ပြောရမှန်းမသိတော့ပေ
"Math တွက်တဲ့အခါ မသိတာရှိရင် မေးနော် ချာတိတ် "
"ဟုတ် "
"ဟုတ်ဘဲ ပြောနေတော့မှာလား "
"ဟုတ်.."
သူမကို ဘုကလန့်လုပ် ဖြေနေတဲ့ Winterကြောင့် Karina အူတွေယားလာသည်
အသက်ကို ဝဝရှူထုတ်ပြီး စာအုပ်နဲ့ ယပ်ခတ်လိုက်သည်
ထိုစဥ် Karinaဆီ ဖုန်းဝင်လာသောကြောင့် Winter မျက်ခုံးပင့်ပြီး လှမ်းစပ်စုလိုက်တော့
မိန်းမဆိုတဲ့ နာမည်တွေ့ရပြန်လို့ Winter မျက်မှောင်ကြုတ်သွားတယ်
"ဟင် Yuu Chanနဲ့ ပြတ်သွားတာ မကြာသေးဘူး အခု မိန်းမဆိုတဲ့ တစ်ယောက်က ဘယ်သူလည်း Karina Unnieက ရည်းစား အသစ် တစ်ယောက် ရနေတာလား "
Winter တွေးရင်း စိတ်မကောင်းဖြစ်သွားတယ်
"Hello. .. "
Karina ဖုန်းကိုင်လိုက်တဲ့အခါ Winter တစ်ယောက် Karina ဖုန်းပြောတာကို နှောင့်ယှက်ဖို့ တွေးလေသည်
"အေး မိန်းမပြော.....ဘာလည်း....ဟုတ်ပါပြီ စောစောလာခဲ့မယ်လေ "
Winter တစ်ယောက် နှောင့်ယှက်ဖို့ တွေးပြီးနောက် စာကို အကျယ်ကြီး အော်ဖတ်လေသည်
"ရှူး....."
Karina မှာ Winterကို တိုးတိုးနေဖို့ လက်ညိုးနဲ့ ပါးစပ်ပိတ်ထားဖို့ Sign ပြပေမယ့် Winterမှာ မသိချင်ယောင်ဆောင်ပြီး အော်ဖတ်နေပြန်သည်
"Yah Kim Winter ဘာလို့ အသံကျယ်ကြီးနဲ့ ဖတ်နေတာလည်း တိုးတိုးဖတ်ပါဆို.....ဒီမှာ ဖုန်းပြောနေတယ်လေ "
Karina ပြောလေ Winterက ပိုအော်ဖတ်လေ ဖြစ်နေတော့ Karina တစ်ယောက် သက်ပြင်းချပြီး ဖုန်းကိုယူကာ ရေချိုးခန်းထဲဝင်သွားသည်
ခဏကြာတော့ Karina တစ်ယောက် ပြန်ထွက်လာတော့ Winter တစ်ယောက် မျက်နှာစူပုတ်ပြီး စာဖတ်နေသည်
Karina သက်ပြင်းချပြီး ဖုန်းကို စားပွဲခုံပေါ် တင်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်
"ချာတိတ်...."
". .."
"ချာတိတ် တို့ကို စိတ်ဆိုးနေတာလား....."
Karina မေးသော်လည်း Winterမှာ မဖြေဘဲ စာကိုသာ အာရုံစိုက် ဖတ်နေဟန်ဆောင်သည်
"ချာတိတ်....စိတ်မဆိုးပါနဲ့နော် "
Winterရဲ့ လက်ကို Karina လှမ်းကိုင်လိုက်တော့ winter မှာ လက်ကို အမြန်ရုတ်ပြီး သူ့ပေါင်ပေါ်ကို တင်လိုက်သည်
"ချာတိတ် "
Knock knock
"ဟုတ် ဝင်ခဲ့ပါ "
ကျွီ......
Winterကို ချော့နေစဥ် တံခါးခေါက်သံကြားလို့ Karina ဝင်လာခိုင်းလိုက်သည်
ဘယ်သူလည်းဆိုတာ သိချင်လို့ ကြည့်လိုက်တော့ သစ်သီးပန်းကန်တွေ ကိုင်ပြီး အခန်းထဲ ဝင်လာတဲ့ သူမ အမေ Jessicaကို တွေ့ရလေသည်
"Winterလေးက ပင်ပန်းနေတယ်ပြောလို့ Aunty အသီးတွေ ခွဲလာတယ် စာလုပ်ရင်း စားနော် ဟင် သမီး Winter မျက်နှာလည်း မကောင်းဘူး ငိုထားတာလား ဘာဖြစ်လို့လည်း "
Winter မျက်ရည်တွေ ဝဲနေတာကို Jessica မြင်တော့ စိတ်ပူပြီး မေးလေသည်
"Karina Unnieက သူဖုန်းပြောနေတုံး chawအသံကို ကျယ်လို့ဆိုပြီး အော်တာ "
ကလေးတစ်ယောက်လို သူမအမေကို ပြန်တိုင်နေတဲ့ Winter ကို ကြည့်ပြီး Karina တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်
"ဟင် ဟုတ်လား Jiminကလည်း ကလေးက စာဖတ်နေတာကို ဘာလို့ အော်ရတာလည်း ညည်း ဖုန်းပြောချင်ရင် အပြင်ထွက်ပြောလေ သူများစာဖတ်နေတာကို အနှောင့်အယှက် ဖြစ်အောင် ဘာလို့ အခန်းထဲ ဖုန်းပြောရတာလည်း '
"ဟို Omma. ..."
Karina မှာ သူမကို ဆူနေတဲ့ သူမအမေ Jessicaကို ကြည့်ပြီး ဖြေရှင်းချက်ပေးဖို့ ကြိုးစားပေမယ့် Jessicက လက်မခံပေ
"ဘာ ဆင်ခြေမှ ပေးမယ်မကြံနဲ့ ကလေးကို နောက် အော်ရဲအော်ကြည့် ငါနဲ့တွေ့မယ်....Winter လေး ဝမ်းနည်းမနေနဲ့တော့နော် Auntyက သူ့ကိုဆူလိုက်ပြီမို့ စာအေးဆေးကျက်နော် "
Winterရဲ့ ခေါင်းကို Jessica ပွတ်ပေးတော့ Winter မှာ ခွေးပေါက်လေး တစ်ကောင်လို ခေါင်းညိတ်ပြသည်
Jessicaလည်း ထွက်သွားရော Karinaမှာ သက်ပြင်းချပြီး အသီးတစ်ခုကို ယူစားလိုက်သည်
Winter ကတော့ Karinaကို မကြည့်ဘဲ စာဆက်ဖတ်နေသည်
Karinaကလည်း ဘာမှဆက်မပြောသောကြောင့်
Winter နဲ့ Karinaကြား တိတ်ဆိတ်မှုက ကြီးထွားလာသည်
Winter စာဖတ်ပြီးလို့ နာရီကို ကြည့်တော့ ကိုးနာရီခွဲနေပြီ
အိမ်ပြန်ဖို့ စာအုပ်တွေကို ကျောပိုးအိတ်ထဲထည့်ပြီး အခန်းထဲက ထွက်မယ်လုပ်တော့ Karinaမှာ Winter လက်ကို ဆောင့်ဆွဲပြီး အခန်းတံခါးကို လော့ချလိုက်သည်
"ဒါ ဘာလုပ်တာလည်း လွှတ်....အိမ်ပြန်မလို့ပါဆို "
" ချာတိတ် တို့ကို ရည်းစား စကားပြောပြီး မဖြေလည်း မတောင်းသေးဘူး "
"မမမှာ မိန်းမရှိမှန်းသိလို့ chaw ဘာမှဆက်ပြောချင်စိတ် မရှိတော့တာ "
Winterရဲ့ စကားကြောင့် Karina မျက်လုံးပြူးသွားသည်
"ဘုရားရေ တို့မိန်းမက ဘယ်သူလည်း "
"မမဘဲ သိမှာပေါ့ ဘာလို့ chawကို လာမေးနေတာလည်း "
"အာ ခုနက ဖုန်းဆက်တဲ့ တစ်ယောက်ကို ပြောတာလား "
Karina မှာ Winter ပြောတဲ့တစ်ယောက်ကို သတိရသွားပြီး လက်ဖျောက်တီးကာ မေးလိုက်သည်
"ဟုတ်တယ်လေ မမမှာ မိန်းမဘယ်နှယောက်တောင် ရှိလို့ မမှတ်မိနေတာလည်း "
"ချာတိတ်ကတော့ နောက်ပြီ.... သူက တခြားသူမဟုတ်ဘူး Giselleလေ....Giselle သူ လက်ကမြင်းပြီး တို့ဖုန်း contact ထဲက သူ့နာမည်ကို ပြောင်းသွားတာ "
"ဟင်... "
"ချာတိတ် မယုံရင် တို့ သူ့ဆီဖုန်းဆက်ပြမယ်နော် "
Karina ပြောပြီး ဖုန်းကို ယူကာ မိန်းမဆိုတဲ့ တစ်ယောက်ကို speakerဖွင့်ကာ ခေါ်လိုက်သည်
"အေး ပြော "
"Giselle ငါပါ နင် လက်ကမြင်းမှုကြောင့် ငါ့ချာတိတ်က ငါ့ကို အထင်လွဲနေလို့ လုပ်အုံး "
Karinaရဲ့ စကားကြောင့် တစ်ဖက်က Giselleမှာ ရယ်လေသည်
"Kim Winterရေ မိန်းမဆိုတာ တို့ပါ အထင်မလွဲပါနဲ့... ရှင့်မမက ရှင့်ကို ဘဲ ချစ်တာပါ "
"ကဲ နင် ဖြေရှင်းပေးပြီးပြီဆိုတော့ ငါဖုန်းချတော့မယ် "
Karina ဖုန်းချပြီး Winterကို ကြည့်လိုက်သည်
"ကဲ ရှင်းပြီ မဟုတ်လား '
"နောက်ဆုံး တစ်ခု သေချာမကြားလိုက်ရဘူး "
Winter puppy eyesလေးနဲ့ ပြောတော့ Karina ရယ်လိုက်သည်
"ငလည်လေး....တို့က မင်းကို ချစ်နေတာ....ကဲ ကြားရပြီလား "
Karinaက ရယ်ပြီးပြောတော့ Winter က ခေါင်းညိတ်ပြသည်
Puppy တစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ ချာတိတ်လေး Winterကို Karina တစ်ယောက် အူယားလို့ ပွေ့ဖက်ကာ နမ်းလိုက်လေသည်
The end ❤
Author ပထမဆုံး စရေးတဲ့ Winrina ficလေး နောက်ဆုံး ပြီးသွားပါပြီ ခုမှ debut ခါစ ကလေးတွေမို့ ဘယ်လိုဇာတ်ရုပ်နဲ့ ရေးရမလည်း တွေးရင်း နောက်ဆုံး ဒီ ficလေးကို ရေးမိသွားတာပါ လိုအပ်ချက်တွေရှိရင်လည်း ဒီကနေဘဲ စာဖတ်သူတွေကို တောင်းပန်ပါတယ် နောက်လည်းWinrina ficအသစ်တွေ ဆက်ရေးသွားမှာမို့ ကလေးတွေကို ချစ်ပေးကြပါအုံး❤🙆
#zawgyi
"Annyeonghasayo Aunty Jessica "
"ေအာ္ Winter ေရာက္လာၿပီလား "
"ဟုတ္ Aunty Jessica "
"ထမင္းေရာ စားခဲ့လား မ်က္ႏွာလည္းမေကာင္းဘူး ေနမေကာင္းဘူးလား သမီးေလး "
Jessicaမွာ သူ႕သမီးေၾကာင့္ Winter တစ္ေယာက္ ခုလိုျဖစ္ေနတာမသိဘဲ Winterကို စိတ္ပူေနသည္
"ဟုတ္ စားခဲ့ပါတယ္ Aunty Jessica. ...ေနေကာင္းပါတယ္ နည္းနည္းပင္ပန္းေနလို႔ပါ "
"Aww ဒါဆိုလည္း ဒီေန႕ Jiminေလးကို ေျပာၿပီး အိမ္ကို ေစာေစာျပန္လိုက္ေလေနာ္ "
"ဟုတ္ Aunty Jessica ေက်းဇူးတင္ပါတယ္ "
"Jiminေရ Winter ေရာက္လာၿပီေနာ္ "
Jessica အသံေၾကာင့္ အခန္းထဲ လမ္းပတ္ေလွ်ာက္ေနတဲ့ Karinaမွာ ဒူးေတြတုန္လာသည္
ထမင္းစားၿပီးကတည္းက ကုတင္ေပၚ ငုတ္တုတ္ထိုင္ၿပီး Winter လာမယ့္အခ်ိန္ကို စိတ္လႈပ္ရွားစြာနဲ႕ ေစာင့္ေနရင္း Winter လည္း ေရာက္လာၿပီး သူမအေမနဲ႕ စကားေျပာေနတာကို Karina သိေတာ့ ရင္ေတြခုန္ၿပီး ဘယ္ကေန စကားစေျပာ ဘယ္လိုရင္ဆိုင္မလည္း ေတြးေနရင္း တစ္ခန္းလုံးကို ေနရာအႏွံ႕ လမ္းေလွ်ာက္ေနမိသည္
Knock knock
တံခါးေခါက္သံေၾကာင့္ Winter အခန္းေရွ႕ေရာက္ေနၿပီဆိုတာ သိလို႔ Karina ေရေသာက္ၿပီး ထိုင္ခုံတြင္ အျမန္ထိုင္ကာ ေနရာယူလိုက္သည္
"အဟမ္း ဝင္လာပါ "
Winterမွာ Karina အခန္းထဲ ဝင္လာေပမယ့္ Karinaကို တစ္ခ်က္ေလးေတာင္ မၾကည့္ဘဲ သူမထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္
"ဘာလည္းဟ ငါ့ကိုဖြင့္ေျပာတုံးက ဖြင့္ေျပာၿပီး ခုက် မသိခ်င္ေယာင္ေဆာင္ေနတယ္..."
Winter ကို ၾကည့္ၿပီး Karina စိတ္ထဲကေန ေတြးလိုက္သည္
Winter ကေတာ့ Karinaကို တစ္ခ်က္မၾကည့္ဘဲ စာအုပ္ထုတ္ကာ စာဖတ္ေနသည္
"ထမင္းစားခဲ့လား ခ်ာတိတ္ "
"ဟုတ္..."
"ဘာ စာဖတ္ေနတာလည္း "
"အပင္အေၾကာင္း "
"Aww. ..."
Winterက ခပ္ျပတ္ျပတ္စကား ျပန္ေျပာေသာေၾကာင့္ Karina မွာ ဘာဆက္ေျပာရမွန္းမသိေတာ့ေပ
"Math တြက္တဲ့အခါ မသိတာရွိရင္ ေမးေနာ္ ခ်ာတိတ္ "
"ဟုတ္ "
"ဟုတ္ဘဲ ေျပာေနေတာ့မွာလား "
"ဟုတ္.."
သူမကို ဘုကလန့္လုပ္ ေျဖေနတဲ့ Winterေၾကာင့္ Karina အူေတြယားလာသည္
အသက္ကို ဝဝရႉထုတ္ၿပီး စာအုပ္နဲ႕ ယပ္ခတ္လိုက္သည္
ထိုစဥ္ Karinaဆီ ဖုန္းဝင္လာေသာေၾကာင့္ Winter မ်က္ခုံးပင့္ၿပီး လွမ္းစပ္စုလိုက္ေတာ့
မိန္းမဆိုတဲ့ နာမည္ေတြ႕ရျပန္လို႔ Winter မ်က္ေမွာင္ၾကဳတ္သြားတယ္
"ဟင္ Yuu Chanနဲ႕ ျပတ္သြားတာ မၾကာေသးဘူး အခု မိန္းမဆိုတဲ့ တစ္ေယာက္က ဘယ္သူလည္း Karina Unnieက ရည္းစား အသစ္ တစ္ေယာက္ ရေနတာလား "
Winter ေတြးရင္း စိတ္မေကာင္းျဖစ္သြားတယ္
"Hello. .. "
Karina ဖုန္းကိုင္လိုက္တဲ့အခါ Winter တစ္ေယာက္ Karina ဖုန္းေျပာတာကို ႏွောင့္ယွက္ဖို႔ ေတြးေလသည္
"ေအး မိန္းမေျပာ.....ဘာလည္း....ဟုတ္ပါၿပီ ေစာေစာလာခဲ့မယ္ေလ "
Winter တစ္ေယာက္ ႏွောင့္ယွက္ဖို႔ ေတြးၿပီးေနာက္ စာကို အက်ယ္ႀကီး ေအာ္ဖတ္ေလသည္
"ရႉး....."
Karina မွာ Winterကို တိုးတိုးေနဖို႔ လက္ညိုးနဲ႕ ပါးစပ္ပိတ္ထားဖို႔ Sign ျပေပမယ့္ Winterမွာ မသိခ်င္ေယာင္ေဆာင္ၿပီး ေအာ္ဖတ္ေနျပန္သည္
"Yah Kim Winter ဘာလို႔ အသံက်ယ္ႀကီးနဲ႕ ဖတ္ေနတာလည္း တိုးတိုးဖတ္ပါဆို.....ဒီမွာ ဖုန္းေျပာေနတယ္ေလ "
Karina ေျပာေလ Winterက ပိုေအာ္ဖတ္ေလ ျဖစ္ေနေတာ့ Karina တစ္ေယာက္ သက္ျပင္းခ်ၿပီး ဖုန္းကိုယူကာ ေရခ်ိဳးခန္းထဲဝင္သြားသည္
ခဏၾကာေတာ့ Karina တစ္ေယာက္ ျပန္ထြက္လာေတာ့ Winter တစ္ေယာက္ မ်က္ႏွာစူပုတ္ၿပီး စာဖတ္ေနသည္
Karina သက္ျပင္းခ်ၿပီး ဖုန္းကို စားပြဲခုံေပၚ တင္ၿပီး ထိုင္ခုံတြင္ ထိုင္လိုက္သည္
"ခ်ာတိတ္...."
". .."
"ခ်ာတိတ္ တို႔ကို စိတ္ဆိုးေနတာလား....."
Karina ေမးေသာ္လည္း Winterမွာ မေျဖဘဲ စာကိုသာ အာ႐ုံစိုက္ ဖတ္ေနဟန္ေဆာင္သည္
"ခ်ာတိတ္....စိတ္မဆိုးပါနဲ႕ေနာ္ "
Winterရဲ႕ လက္ကို Karina လွမ္းကိုင္လိုက္ေတာ့ winter မွာ လက္ကို အျမန္႐ုတ္ၿပီး သူ႕ေပါင္ေပၚကို တင္လိုက္သည္
"ခ်ာတိတ္ "
Knock knock
"ဟုတ္ ဝင္ခဲ့ပါ "
ကြၽီ......
Winterကို ေခ်ာ့ေနစဥ္ တံခါးေခါက္သံၾကားလို႔ Karina ဝင္လာခိုင္းလိုက္သည္
ဘယ္သူလည္းဆိုတာ သိခ်င္လို႔ ၾကည့္လိုက္ေတာ့ သစ္သီးပန္းကန္ေတြ ကိုင္ၿပီး အခန္းထဲ ဝင္လာတဲ့ သူမ အေမ Jessicaကို ေတြ႕ရေလသည္
"Winterေလးက ပင္ပန္းေနတယ္ေျပာလို႔ Aunty အသီးေတြ ခြဲလာတယ္ စာလုပ္ရင္း စားေနာ္ ဟင္ သမီး Winter မ်က္ႏွာလည္း မေကာင္းဘူး ငိုထားတာလား ဘာျဖစ္လို႔လည္း "
Winter မ်က္ရည္ေတြ ဝဲေနတာကို Jessica ျမင္ေတာ့ စိတ္ပူၿပီး ေမးေလသည္
"Karina Unnieက သူဖုန္းေျပာေနတုံး chawအသံကို က်ယ္လို႔ဆိုၿပီး ေအာ္တာ "
ကေလးတစ္ေယာက္လို သူမအေမကို ျပန္တိုင္ေနတဲ့ Winter ကို ၾကည့္ၿပီး Karina တစ္ေယာက္ ပါးစပ္အေဟာင္းသား ျဖစ္သြားသည္
"ဟင္ ဟုတ္လား Jiminကလည္း ကေလးက စာဖတ္ေနတာကို ဘာလို႔ ေအာ္ရတာလည္း ညည္း ဖုန္းေျပာခ်င္ရင္ အျပင္ထြက္ေျပာေလ သူမ်ားစာဖတ္ေနတာကို အႏွောင့္အယွက္ ျဖစ္ေအာင္ ဘာလို႔ အခန္းထဲ ဖုန္းေျပာရတာလည္း '
"ဟို Omma. ..."
Karina မွာ သူမကို ဆူေနတဲ့ သူမအေမ Jessicaကို ၾကည့္ၿပီး ေျဖရွင္းခ်က္ေပးဖို႔ ႀကိဳးစားေပမယ့္ Jessicက လက္မခံေပ
"ဘာ ဆင္ေျခမွ ေပးမယ္မႀကံနဲ႕ ကေလးကို ေနာက္ ေအာ္ရဲေအာ္ၾကည့္ ငါနဲ႕ေတြ႕မယ္....Winter ေလး ဝမ္းနည္းမေနနဲ႕ေတာ့ေနာ္ Auntyက သူ႕ကိုဆူလိုက္ၿပီမို႔ စာေအးေဆးက်က္ေနာ္ "
Winterရဲ႕ ေခါင္းကို Jessica ပြတ္ေပးေတာ့ Winter မွာ ေခြးေပါက္ေလး တစ္ေကာင္လို ေခါင္းညိတ္ျပသည္
Jessicaလည္း ထြက္သြားေရာ Karinaမွာ သက္ျပင္းခ်ၿပီး အသီးတစ္ခုကို ယူစားလိုက္သည္
Winter ကေတာ့ Karinaကို မၾကည့္ဘဲ စာဆက္ဖတ္ေနသည္
Karinaကလည္း ဘာမွဆက္မေျပာေသာေၾကာင့္
Winter နဲ႕ Karinaၾကား တိတ္ဆိတ္မႈက ႀကီးထြားလာသည္
Winter စာဖတ္ၿပီးလို႔ နာရီကို ၾကည့္ေတာ့ ကိုးနာရီခြဲေနၿပီ
အိမ္ျပန္ဖို႔ စာအုပ္ေတြကို ေက်ာပိုးအိတ္ထဲထည့္ၿပီး အခန္းထဲက ထြက္မယ္လုပ္ေတာ့ Karinaမွာ Winter လက္ကို ေဆာင့္ဆြဲၿပီး အခန္းတံခါးကို ေလာ့ခ်လိဳက္သည္
"ဒါ ဘာလုပ္တာလည္း လႊတ္....အိမ္ျပန္မလို႔ပါဆို "
" ခ်ာတိတ္ တို႔ကို ရည္းစား စကားေျပာၿပီး မေျဖလည္း မေတာင္းေသးဘူး "
"မမမွာ မိန္းမရွိမွန္းသိလို႔ chaw ဘာမွဆက္ေျပာခ်င္စိတ္ မရွိေတာ့တာ "
Winterရဲ႕ စကားေၾကာင့္ Karina မ်က္လုံးျပဴးသြားသည္
"ဘုရားေရ တို႔မိန္းမက ဘယ္သူလည္း "
"မမဘဲ သိမွာေပါ့ ဘာလို႔ chawကို လာေမးေနတာလည္း "
"အာ ခုနက ဖုန္းဆက္တဲ့ တစ္ေယာက္ကို ေျပာတာလား "
Karina မွာ Winter ေျပာတဲ့တစ္ေယာက္ကို သတိရသြားၿပီး လက္ေဖ်ာက္တီးကာ ေမးလိုက္သည္
"ဟုတ္တယ္ေလ မမမွာ မိန္းမဘယ္ႏွေယာက္ေတာင္ ရွိလို႔ မမွတ္မိေနတာလည္း "
"ခ်ာတိတ္ကေတာ့ ေနာက္ၿပီ.... သူက တျခားသူမဟုတ္ဘူး Giselleေလ....Giselle သူ လက္ကျမင္းၿပီး တို႔ဖုန္း contact ထဲက သူ႕နာမည္ကို ေျပာင္းသြားတာ "
"ဟင္... "
"ခ်ာတိတ္ မယုံရင္ တို႔ သူ႕ဆီဖုန္းဆက္ျပမယ္ေနာ္ "
Karina ေျပာၿပီး ဖုန္းကို ယူကာ မိန္းမဆိုတဲ့ တစ္ေယာက္ကို speakerဖြင့္ကာ ေခၚလိုက္သည္
"ေအး ေျပာ "
"Giselle ငါပါ နင္ လက္ကျမင္းမႈေၾကာင့္ ငါ့ခ်ာတိတ္က ငါ့ကို အထင္လြဲေနလို႔ လုပ္အုံး "
Karinaရဲ႕ စကားေၾကာင့္ တစ္ဖက္က Giselleမွာ ရယ္ေလသည္
"Kim Winterေရ မိန္းမဆိုတာ တို႔ပါ အထင္မလြဲပါနဲ႕... ရွင့္မမက ရွင့္ကို ဘဲ ခ်စ္တာပါ "
"ကဲ နင္ ေျဖရွင္းေပးၿပီးၿပီဆိုေတာ့ ငါဖုန္းခ်ေတာ့မယ္ "
Karina ဖုန္းခ်ၿပီး Winterကို ၾကည့္လိုက္သည္
"ကဲ ရွင္းၿပီ မဟုတ္လား '
"ေနာက္ဆုံး တစ္ခု ေသခ်ာမၾကားလိုက္ရဘူး "
Winter puppy eyesေလးနဲ႕ ေျပာေတာ့ Karina ရယ္လိုက္သည္
"ငလည္ေလး....တို႔က မင္းကို ခ်စ္ေနတာ....ကဲ ၾကားရၿပီလား "
Karinaက ရယ္ၿပီးေျပာေတာ့ Winter က ေခါင္းညိတ္ျပသည္
Puppy တစ္ေယာက္လို ခ်စ္ဖို႔ေကာင္းတဲ့ ခ်ာတိတ္ေလး Winterကို Karina တစ္ေယာက္ အူယားလို႔ ေပြ႕ဖက္ကာ နမ္းလိုက္ေလသည္
The end
Author ပထမဆုံး စေရးတဲ့ Winrina ficေလး ေနာက္ဆုံး ၿပီးသြားပါၿပီ ခုမွ debut ခါစ ကေလးေတြမို႔ ဘယ္လိုဇာတ္႐ုပ္နဲ႕ ေရးရမလည္း ေတြးရင္း ေနာက္ဆုံး ဒီ ficေလးကို ေရးမိသြားတာပါ လိုအပ္ခ်က္ေတြရွိရင္လည္း ဒီကေနဘဲ စာဖတ္သူေတြကို ေတာင္းပန္ပါတယ္ ေနာက္လည္းWinrina ficအသစ္ေတြ ဆက္ေရးသြားမွာမို႔ ကေလးေတြကို ခ်စ္ေပးၾကပါအုံး🙆❤
Bạn đang đọc truyện trên: Truyen3h.Co