Truyen3h.Co

Char Tate

Part 10

KimFany059

#unicode

Karina မှာ ကားပေါ်ကနေဆင်းလာပြီး Yuu Chanဆီကို လျှောက်သွားသည်

အရင်က Yuu Chanကို တွေ့ရင် ရင်ခုန်တတ်တဲ့ Karinaမှာ ယခုတော့ ဘာရင်ခုန်မှုကိုမှ မခံစားရေပ

"ငယ်...."

သူမကို ဝမ်းသာအားရ ခေါ်နေတဲ့ Yuu Chanကို Karina အေးစက်စွာကြည့်လိုက်သည်

"Yuu Chan ကားရှေ့ကနေ ဖယ်ပေးပါ "

"ခဏပါ ငယ်ရယ်...ခဏလောက် စကားပြောခွင့်ပေးပါ "

"Yuu Chanနဲ့ ကျွန်မကြား ဘာပြောစရာစကားမှ မရှိတော့ဘူးထင်ပါတယ်...ဒါကြောင့်မို့ ရှေ့ကနေ ဖယ်ပေးပါ ကျွန်မ အတန်းတက်စရာရှိသေးတယ်ရှင့် "

Karinaပြောပြီး လှည့်ထွက်မယ်လုပ်တော့ Yuu Chanမှာ Karinaရဲ့ လက်ကို လှမ်းဆွဲလိုက်သည်

"အမ တောင်းပန်ပါတယ်....အမ စိတ်ခဏလွတ်သွားပြီး ...ငယ့်အပေါ် ဖောက်ပြန်မိသွားတာပါ.... အမ ရှင်းပြတာလေး "

"နားမထောင်နိုင်ဘူး ကျွန်မလက်ကို လွှတ်ပါ "

Karina ရုန်းပေမယ့် Yuu Chanမှာ Karinaရဲ့ လက်ကို မလွှတ်ဘဲ ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်

ကားပေါ်ကနေ အခြေအနေကို စောင့်ကြည့်နေတဲ့ Winterမှာ Karina သူမကို အချက်ပြမယ့်အချိန်ကို မစောင့်နိုင်တော့ပေ

Yuu Chan တစ်ယောက် Karinaရဲ့ လက်ကို ဆွဲတာ မြင်ပြီး စိတ်တိုလာလို့ ကားပေါ်ကနေ ဆင်းလာသည်

"မမ အတန်းနောက်ကျတော့မယ် လာ...."

Karinaရဲ့ နောက်လက်တစ်ဖက်ကို Winter လှမ်းကိုင်လိုက်သည်

"သူက ဘယ်သူလည်း ငယ် ငယ့်သူငယ်ချင်းလား..."

Yuu Chanမှာ Karinaရဲ့ လက်ကို လာကိုင်တဲ့ Winterကို ကြည့်ပြီး အကဲခတ်လိုက်သည်

"မဟုတ်ဘူး သူ့ချစ်သူ သူ့ကောင်မလေး "

Winterရဲ့ ဘုဆက်ဆက်ပြောတဲ့ စကားကြောင့် Yuu Chanအပြင် Karinaပါ အံ့သြသွားရသည်

"အယ်..."

"ရှင်းပြီလား ရှင်းပြီဆို သူ့လက်ကိုလွှတ်လိုက်ပါ....လာ မမ အတန်းနောက်ကျလိမ့်မယ် သွားကြစို့ "

Winterမှာ Karina ရဲ့ လက်ကို ဆောင့်ဆွဲခေါ်လာပြီး ကားပေါ်ကို တက်ခိုင်းလိုက်သည်

Winter ကားပေါ်ရောက်တော့ Karinaကို ခါးပတ်ပတ်ပေးရင်း Yuu Chanက သူမတို့ကို ကြည့်နေမှန်း သိလို့ Karinaရဲ့ ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်သည်

Karinaမှာ Winterဆီက အနမ်းခံရသောကြောင့် ရှက်ပြီး မျက်နှာလေး နီရဲလာသည်

"မ...ကားစက်နှိုးတော့လေ တကယ် အတန်းနောက်ကျတော့မှာဘဲ "

Winterရဲ့ စကားကြောင့် Karina အသိစိတ်ဝင်လာပြီး ကားစက်နှိုးလိုက်သည်...

Yuu Chanကို ကျော်ပြီး collageဆီသို့ Karina မောင်းသွားလေသည်

တစ်လမ်းလုံး Winterရော Karinaပါ အတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေကြသည်

"ဟိုလေ မမ.....ခုန ကိစ္စလေ..."

"ရပါတယ် ချာတိတ်... "

"Chaw ပြောမယ့်စကားကို ဆုံးအောင် နားထောင်ပေးပါအုံး ...Chaw....မမကို ချစ်တယ် ....စတွေ့ကတည်းက မမအပေါ် ခံစားချက်ရှိနေတာ...ရည်းစား ရှိတယ်ဆိုလို့ Chaw ငြိမ်နေခဲ့တာ ခုတော့ ဖွင့်ပြောလို့ရတယ် မဟုတ်လား..."

"ချာတိတ်..."

"အဖြေချက်ချင်းမပေးနိုင်သေးလည်း ရပါတယ် Chaw စောင့်ပါမယ် အခုတော့ မကို ချစ်တယ်ဆိုတာ မ သိပြီဆိုတော့ ကျေနပ်တယ်... collageထဲလည်း ရောက်ပြီဆိုတော့ အတန်းသွားတက်တော့မယ်နော်......"

Winterမှာ Karina ပြောတာကို မစောင့်တော့ဘဲ ကားပေါ်ကနေ ဆင်းပြေးသွားတယ်

Karina ကတော့ ကားပေါ်တွင် စဥ်းစားရင်း ကျန်ခဲ့လေသည်

"ဟဲ့ ဘယ်လိုဖြစ်တာလည်း အလောတကြီးပြေးလာပြီး လူကိုဝင်တိုက် "

အတန်းရှေ့တွင် Winterကို စောင့်နေတဲ့ Ningning တစ်ယောက်မှာ Winterက သူမကို ဝင်တိုက်သောကြောင့် မျက်မှောင်ကြုတ်ကာ Winterကို ငေါက်လိုက်သည်

"ရင်ခုန်ပြီး သေတော့မှာဘဲ Ningning ရ "

"ဘာဖြစ်လို့လည်း "

"ငါ... မမ Karinaကို ဖွင့်ပြောလိုက်ပြီ "

"ဘာ ဘယ်လို "

"ဟုတ်တယ် ခုနလေးတင် သူ့ကိုဖွင့်ပြောလိုက်တာ "

"သူက ဘာပြန်ပြောလည်း "

"ဘာမှမပြောခင် ငါ ကားပေါ်ကဆင်းပြေးလာတာ "

"ဖြစ်ရမယ် Winterရယ်...."

"ခုတော့ ရင်ခုန်လွန်းပြီးသေတော့မယ် လာပါ အတန်းထဲဝင်ကြစို့ "

Karinaမှာ ကားပေါ်ကဆင်းလာပြီး Giselleနဲ့ ချိန်းထားတဲ့ နေရာကို သွားလေသည်

"မိန်းမ ရှင် နောက်ကျနေ ဘယ်လိုဖြစ်တာလည်း ငါ့မှာ စိတ်ပူလို့ ဖုန်းဆက်တာကိုလည်း နင်က ဖုန််းမကိုင်ဘူး ပိုလို့ စိတ်ပူရသေးတယ် "

Giselleမှာ သူမဆီကို လျှောက်လာတဲ့ Karina ကို ရန်လုပ်လိုက်သည်

"အာ....ဒီလိုဟ လာ အကြောင်းစုံကို ရှင်းမပြခင် ဒီတစ်ချိန်တော့ အတန်းလစ်ရအောင် ကန်တင်းမှာ အေးဆေးရှင်းပြမယ်လေ "

ကန်တင်းကို ရောက်တော့ Karinaမှာ Yuu Chan နဲ့တွေ့တဲ့အကြောင်းတွေရယ် Winter က သူမကို ဖွင့်ပြောခဲ့တဲ့ အကြောင်းတွေကို Giselleကို ​အကြောင်းစုံ ရှင်းပြလေသည်

"ငါပြောပါတယ် သူက နင့်ကို သဘောကျနေတာပါဆို....နင်က ယုံမှမယုံတာ...."

"အာ...အဲ့တုံးက..."

"အခု နင် ဘယ်လိုလုပ်မယ် စိတ်ကူးထားလည်း "

"အမှန်တိုင်းပြောရရင်....."

Karina သူ့စိတ်ထဲမှာ ရှိနေတဲ့အကြောင်းတွေကို Giselleကို အမှန်တိုင်း ဖွင့်ပြောပြလေသည်

Giselle ကတော့ ခေါင်းတညိတ်ညိတ်နဲ့ Karina ပြောသမျှ နားထောင်နေလေသည်

အတန်းတွေပြီးလို့ အိမ်ပြန်ရချိန်တွင် Winterမှာ Karina ရဲ့ မျက်နှာအရိပ်အကဲကို ကြည့်ရင်း ရင်တထိတ်ထိတ် ဖြစ်နေသ​ည်

အိမ်ပြန်ရောက်တဲ့ထိ Karina ဘက်က ဘာစကားမှမပြောသောကြောင့် Karinaများ သူမကို စိတ်ဆိုးသွားပြီလားဆိုပြီး အတွေးပေါင်းစုံနဲ့ Winter ဝမ်းနည်းနေသည်

"ချာတိတ် ညကျမှ တွေ့မယ်နော် "

Winter ကို နှုတ်ဆက်ပြီး Karina ကားပေါ်ကဆင်းကာ သူမအ်ိမ်ထဲကို ဝင်သွားသည်

Winter မှာတော့ ဝမ်းနည်းနေတဲ့မျက်နှာနဲ့ သူမအိမ်ထဲကို ဝင်သွားသည်

အိမ်ထဲတွင် သူမကို အားပေးနေကျ အားပေးစကားပြောနေကျ အကြံပေးနေကျ သူမ Daddy ကို မတွေ့ရသောကြောင့် Winterတစ်ယောက် ပိုပြီး ဝမ်းနည်းစိတ်ဝင်လာကာ အခန်းထဲ ပြေးဝင်သွားပြီး ငိုလေသည်

Karinaကတော့ ရေချိုးရင်း သူမကို Winter ပြောခဲ့တဲ့ စကားတွေကို ပြန်စဥ်းစားနေသည်

#tbc

အားလုံးဘဲ အဆင်ပြေကြရဲ့လားဗျာ့ နိုင်ငံရေးအ​ခြေအနေတွေကြား စိတ်အပန်းပြေအောင် ရေးပေးလိုက်ပါတယ် Winrinaက ခုမှစရေးတာမို့ လိုအပ်ချက်တွေရှိရင် ပေါ့ပျက်ပျက် ဖြစ်နေရင် ဇာတ်လမ်းကရိုးနေရင် တောင်းပန်ပါတယ်ဗျာ😁 နောက် Ficအသစ်တွေကျ ဒီထက်ကောင်းအောင်ရေးပေးပါမယ် 🖤 အားလုံး အဆင်ပြေကြဖို့ မျှော်လင့်လျက်❤အားတင်းထားကြပါ မကြာခင်နိုင်တော့မှာပါ 💪

#zawgyi

Karina မွာ ကားေပၚကေနဆင္းလာၿပီး Yuu Chanဆီကို ေလွ်ာက္သြားသည္

အရင္က Yuu Chanကို ေတြ႕ရင္ ရင္ခုန္တတ္တဲ့ Karinaမွာ ယခုေတာ့ ဘာရင္ခုန္မႈကိုမွ မခံစားေရပ

"ငယ္...."

သူမကို ဝမ္းသာအားရ ေခၚေနတဲ့ Yuu Chanကို Karina ေအးစက္စြာၾကည့္လိုက္သည္

"Yuu Chan ကားေရွ႕ကေန ဖယ္ေပးပါ "

"ခဏပါ ငယ္ရယ္...ခဏေလာက္ စကားေျပာခြင့္ေပးပါ "

"Yuu Chanနဲ႕ ကြၽန္မၾကား ဘာေျပာစရာစကားမွ မရွိေတာ့ဘူးထင္ပါတယ္...ဒါေၾကာင့္မို႔ ေရွ႕ကေန ဖယ္ေပးပါ ကြၽန္မ အတန္းတက္စရာရွိေသးတယ္ရွင့္ "

Karinaေျပာၿပီး လွည့္ထြက္မယ္လုပ္ေတာ့ Yuu Chanမွာ Karinaရဲ႕ လက္ကို လွမ္းဆြဲလိုက္သည္

"အမ ေတာင္းပန္ပါတယ္....အမ စိတ္ခဏလြတ္သြားၿပီး ...ငယ့္အေပၚ ေဖာက္ျပန္မိသြားတာပါ.... အမ ရွင္းျပတာေလး "

"နားမေထာင္နိုင္ဘူး ကြၽန္မလက္ကို လႊတ္ပါ "

Karina ႐ုန္းေပမယ့္ Yuu Chanမွာ Karinaရဲ႕ လက္ကို မလႊတ္ဘဲ ခပ္တင္းတင္း ဆုပ္ကိုင္ထားသည္

ကားေပၚကေန အေျခအေနကို ေစာင့္ၾကည့္ေနတဲ့ Winterမွာ Karina သူမကို အခ်က္ျပမယ့္အခ်ိန္ကို မေစာင့္နိုင္ေတာ့ေပ

Yuu Chan တစ္ေယာက္ Karinaရဲ႕ လက္ကို ဆြဲတာ ျမင္ၿပီး စိတ္တိုလာလို႔ ကားေပၚကေန ဆင္းလာသည္

"မမ အတန္းေနာက္က်ေတာ့မယ္ လာ...."

Karinaရဲ႕ ေနာက္လက္တစ္ဖက္ကို Winter လွမ္းကိုင္လိုက္သည္

"သူက ဘယ္သူလည္း ငယ္ ငယ့္သူငယ္ခ်င္းလား..."

Yuu Chanမွာ Karinaရဲ႕ လက္ကို လာကိုင္တဲ့ Winterကို ၾကည့္ၿပီး အကဲခတ္လိုက္သည္

"မဟုတ္ဘူး သူ႕ခ်စ္သူ သူ႕ေကာင္မေလး "

Winterရဲ႕ ဘုဆက္ဆက္ေျပာတဲ့ စကားေၾကာင့္ Yuu Chanအျပင္ Karinaပါ အံ့ၾသသြားရသည္

"အယ္..."

"ရွင္းၿပီလား ရွင္းၿပီဆို သူ႕လက္ကိုလႊတ္လိုက္ပါ....လာ မမ အတန္းေနာက္က်လိမ့္မယ္ သြားၾကစို႔ "

Winterမွာ Karina ရဲ႕ လက္ကို ေဆာင့္ဆြဲေခၚလာၿပီး ကားေပၚကို တက္ခိုင္းလိုက္သည္

Winter ကားေပၚေရာက္ေတာ့ Karinaကို ခါးပတ္ပတ္ေပးရင္း Yuu Chanက သူမတို႔ကို ၾကည့္ေနမွန္း သိလို႔ Karinaရဲ႕ ပါးေလးကို ႐ႊတ္ခနဲ နမ္းလိုက္သည္

Karinaမွာ Winterဆီက အနမ္းခံရေသာေၾကာင့္ ရွက္ၿပီး မ်က္ႏွာေလး နီရဲလာသည္

"မ...ကားစက္ႏွိုးေတာ့ေလ တကယ္ အတန္းေနာက္က်ေတာ့မွာဘဲ "

Winterရဲ႕ စကားေၾကာင့္ Karina အသိစိတ္ဝင္လာၿပီး ကားစက္ႏွိုးလိုက္သည္...

Yuu Chanကို ေက်ာ္ၿပီး collageဆီသို႔ Karina ေမာင္းသြားေလသည္

တစ္လမ္းလုံး Winterေရာ Karinaပါ အေတြးကိုယ္စီနဲ႕ တိတ္ဆိတ္ေနၾကသည္

"ဟိုေလ မမ.....ခုန ကိစၥေလ..."

"ရပါတယ္ ခ်ာတိတ္... "

"Chaw ေျပာမယ့္စကားကို ဆုံးေအာင္ နားေထာင္ေပးပါအုံး ...Chaw....မမကို ခ်စ္တယ္ ....စေတြ႕ကတည္းက မမအေပၚ ခံစားခ်က္ရွိေနတာ...ရည္းစား ရွိတယ္ဆိုလို႔ Chaw ၿငိမ္ေနခဲ့တာ ခုေတာ့ ဖြင့္ေျပာလို႔ရတယ္ မဟုတ္လား..."

"ခ်ာတိတ္..."

"အေျဖခ်က္ခ်င္းမေပးနိုင္ေသးလည္း ရပါတယ္ Chaw ေစာင့္ပါမယ္ အခုေတာ့ မကို ခ်စ္တယ္ဆိုတာ မ သိၿပီဆိုေတာ့ ေက်နပ္တယ္... collageထဲလည္း ေရာက္ၿပီဆိုေတာ့ အတန္းသြားတက္ေတာ့မယ္ေနာ္......"

Winterမွာ Karina ေျပာတာကို မေစာင့္ေတာ့ဘဲ ကားေပၚကေန ဆင္းေျပးသြားတယ္

Karina ကေတာ့ ကားေပၚတြင္ စဥ္းစားရင္း က်န္ခဲ့ေလသည္

"ဟဲ့ ဘယ္လိုျဖစ္တာလည္း အေလာတႀကီးေျပးလာၿပီး လူကိုဝင္တိုက္ "

အတန္းေရွ႕တြင္ Winterကို ေစာင့္ေနတဲ့ Ningning တစ္ေယာက္မွာ Winterက သူမကို ဝင္တိုက္ေသာေၾကာင့္ မ်က္ေမွာင္ၾကဳတ္ကာ Winterကို ေငါက္လိုက္သည္

"ရင္ခုန္ၿပီး ေသေတာ့မွာဘဲ Ningning ရ "

"ဘာျဖစ္လို႔လည္း "

"ငါ... မမ Karinaကို ဖြင့္ေျပာလိုက္ၿပီ "

"ဘာ ဘယ္လို "

"ဟုတ္တယ္ ခုနေလးတင္ သူ႕ကိုဖြင့္ေျပာလိုက္တာ "

"သူက ဘာျပန္ေျပာလည္း "

"ဘာမွမေျပာခင္ ငါ ကားေပၚကဆင္းေျပးလာတာ "

"ျဖစ္ရမယ္ Winterရယ္...."

"ခုေတာ့ ရင္ခုန္လြန္းၿပီးေသေတာ့မယ္ လာပါ အတန္းထဲဝင္ၾကစို႔ "

Karinaမွာ ကားေပၚကဆင္းလာၿပီး Giselleနဲ႕ ခ်ိန္းထားတဲ့ ေနရာကို သြားေလသည္

"မိန္းမ ရွင္ ေနာက္က်ေန ဘယ္လိုျဖစ္တာလည္း ငါ့မွာ စိတ္ပူလို႔ ဖုန္းဆက္တာကိုလည္း နင္က ဖုန္္းမကိုင္ဘူး ပိုလို႔ စိတ္ပူရေသးတယ္ "

Giselleမွာ သူမဆီကို ေလွ်ာက္လာတဲ့ Karina ကို ရန္လုပ္လိုက္သည္

"အာ....ဒီလိုဟ လာ အေၾကာင္းစုံကို ရွင္းမျပခင္ ဒီတစ္ခ်ိန္ေတာ့ အတန္းလစ္ရေအာင္ ကန္တင္းမွာ ေအးေဆးရွင္းျပမယ္ေလ "

ကန္တင္းကို ေရာက္ေတာ့ Karinaမွာ Yuu Chan နဲ႕ေတြ႕တဲ့အေၾကာင္းေတြရယ္ Winter က သူမကို ဖြင့္ေျပာခဲ့တဲ့ အေၾကာင္းေတြကို Giselleကို အေၾကာင္းစုံ ရွင္းျပေလသည္

"ငါေျပာပါတယ္ သူက နင့္ကို သေဘာက်ေနတာပါဆို....နင္က ယုံမွမယုံတာ...."

"အာ...အဲ့တုံးက..."

"အခု နင္ ဘယ္လိုလုပ္မယ္ စိတ္ကူးထားလည္း "

"အမွန္တိုင္းေျပာရရင္....."

Karina သူ႕စိတ္ထဲမွာ ရွိေနတဲ့အေၾကာင္းေတြကို Giselleကို အမွန္တိုင္း ဖြင့္ေျပာျပေလသည္

Giselle ကေတာ့ ေခါင္းတညိတ္ညိတ္နဲ႕ Karina ေျပာသမွ် နားေထာင္ေနေလသည္

အတန္းေတြၿပီးလို႔ အိမ္ျပန္ရခ်ိန္တြင္ Winterမွာ Karina ရဲ႕ မ်က္ႏွာအရိပ္အကဲကို ၾကည့္ရင္း ရင္တထိတ္ထိတ္ ျဖစ္ေနသည္

အိမ္ျပန္ေရာက္တဲ့ထိ Karina ဘက္က ဘာစကားမွမေျပာေသာေၾကာင့္ Karinaမ်ား သူမကို စိတ္ဆိုးသြားၿပီလားဆိုၿပီး အေတြးေပါင္းစုံနဲ႕ Winter ဝမ္းနည္းေနသည္

"ခ်ာတိတ္ ညက်မွ ေတြ႕မယ္ေနာ္ "

Winter ကို ႏႈတ္ဆက္ၿပီး Karina ကားေပၚကဆင္းကာ သူမအ်ိမ်ထဲကို ဝင္သြားသည္

Winter မွာေတာ့ ဝမ္းနည္းေနတဲ့မ်က္ႏွာနဲ႕ သူမအိမ္ထဲကို ဝင္သြားသည္

အိမ္ထဲတြင္ သူမကို အားေပးေနက် အားေပးစကားေျပာေနက် အႀကံေပးေနက် သူမ Daddy ကို မေတြ႕ရေသာေၾကာင့္ Winterတစ္ေယာက္ ပိုၿပီး ဝမ္းနည္းစိတ္ဝင္လာကာ အခန္းထဲ ေျပးဝင္သြားၿပီး ငိုေလသည္

Karinaကေတာ့ ေရခ်ိဳးရင္း သူမကို Winter ေျပာခဲ့တဲ့ စကားေတြကို ျပန္စဥ္းစားေနသည္

#tbc

အားလုံးဘဲ အဆင္ေျပၾကရဲ႕လားဗ်ာ့ နိုင္ငံေရးအေျခအေနေတြၾကား စိတ္အပန္းေျပေအာင္ ေရးေပးလိုက္ပါတယ္ Winrinaက ခုမွစေရးတာမို႔ လိုအပ္ခ်က္ေတြရွိရင္ ေပါ့ပ်က္ပ်က္ ျဖစ္ေနရင္ ဇာတ္လမ္းကရိုးေနရင္ ေတာင္းပန္ပါတယ္ဗ်ာ😁 ေနာက္ Ficအသစ္ေတြက် ဒီထက္ေကာင္းေအာင္ေရးေပးပါမယ္  အားလုံး အဆင္ေျပၾကဖို႔ ေမွ်ာ္လင့္လ်က္အားတင္းထားၾကပါ မၾကာခင္နိုင္ေတာ့မွာပါ 💪

Bạn đang đọc truyện trên: Truyen3h.Co