Truyen3h.Co

Char Tate

Part 1

KimFany059

#unicode

"Kim Minjeongရေ  အိပ်ရာက မထသေးဘူးလား ငါ နင့်အခန်းထဲထိ လာနှိုးရမလား အခုချက်ချင်း အိပ်ရာကထမှာလား "

အမေဖြစ်သူ Tiffanyရဲ့ အော်သံကြောင့် Minjeong တစ်ယောက် အိပ်ရာကနေ လူးလှိမ့်ထရပြီလေ သူ့အမေရဲ့ လက်သံကို သူအသိဆုံး ကြောက်ရသည်

"Fanyရာ ကလေးကို ..."

"ရှင် ဘာမှဝင်မပြောနဲ့ Kim Taeyeon. ..ပထမဆုံး ကောလိပ်တက်မယ့်နေ့ကို စောစောထသင့်တယ် မဟုတ်ဘူးလား ကျွန်မတို့တုန်းကဆို ကောလိပ်တက်ဖို့ တက်ကြွလို့ အဲ့တာ ရှင် ကလေးကို အလိုလိုက်ထားလို့ သူက အဲ့လိုဆိုးနေတာ "

"ကိုယ် ဘာမှမပြောရသေးပါဘူး Fanyရယ် "

"ရှင် ကလေးဘက်က ဝင်ပြောဖို့ ချောင်းနေတာ မဟုတ်လား ...ရှင် အငယ်ဆုံးဆိုပြီး ကလေးကို အလိုလိုက်ထားတာ အခု ကလေးက သူ့အမတွေလို ဖြစ်သင့်သလောက်မဖြစ်လာဘူး...Seohyunဆို နိုင်ငံခြားမှာ ဆရာဝန် Joohyunဆို ရှေ့နေ ...ရှင့် အငယ်ဆုံးသမီးမှာတော့ ကောလိပ်ရောက်အောင် ကျွန်မမယ် ဂုတ်ဆွဲတင်ခဲ့ရတာလေ အဲ့တာ ရှင့်အပြစ်တွေ.."

"အမလေး Kim Minjeongရဲ့ ထပါတော့ .....မဟုတ်ရင် နင့်အမေ ပါးစပ် စက်သေနတ်ကြောင့် ငါသေတော့မယ် "

Minjeongလည်း မျက်နှာသစ် ရေချိုးအဝတ်အစားလဲပြီး အောက်ကိုဆင်းလာသည်

"Good Morning Mommy... Good morning Daddy. ...Morning kiss  "

ငလည်မလေး Minjeongက သူ့Mommyက သူ့ကို ဆူမယ်ဆိုတာ သိနေလို့ ကြိုတင်ပြီး ဖားတဲ့အနေနဲ့  Morning kissပေးလေသည်

"ဟင်းဟင်းဟင်း Kim Minjeongကတော့ သူ့Daddyအတိုင်းဘဲ...."

Fany ခါးထောက်ပြီး သူ့သမီးကို ပြောလိုက်သည်

"လာ မနက်စာစားရအောင် ပြီးရင် Daddyက ကောလိပ်ကို လိုက်ပို့ပေးမယ် ဟုတ်ပြီလား "

"ဟုတ် ဒါနဲ့ Daddy....NingNing ကိုပါ ဝင်ခေါ်ရအောင်လေနော် သူကို ဝင်ခေါ်မယ်လို့ မနေ့ညက Chaw ပြောထားလို့ "

"ဟုတ်ပါပြီ အရင်အိမ်ဘဲ မဟုတ်လား '

"ဟုတ်တယ်....Daddy "

"ဟုတ်ပြီ စားပြီးတာနဲ့ သွားကြစို့ "

မနက်စာစားပြီးနောက် Taeyeon သူ့သမီးငယ်လေးကို ခေါ်ပြီး ထွက်လာခဲ့သည်

"ကဲ ငါ့သမီးလေးက ပထမနှစ် ကောလိပ်ကျောင်းသူ ဖြစ်သွားပြီဆိုတော့ အရင်ကထက် ပိုရင့်ကျင့်သင့်ပြီနော် Minjeong. .."

"Nae Daddy. ..."

"ကောလိပ်မှာ မဆိုးနဲ့ စာသေချာလုပ် "

"အဲ့တာဆို မုန့်ဖိုးပေး ...."

"ဟင်းဟင်း သိတယ် သိတယ် Mommy Fanyက မုန့်ဖိုးပေးတာကို မလောက်ဘူးလား "

"ဟီးဟီး..."

"ကဲ Ningning အိမ်ရှေ့ရောက်ပြီ "

"Daddy ခဏနော် Chaw ဆင်းခေါ်လိုက်အုံးမယ် "

Minjeong မှာ ကားပေါ်ကဆင်းပြီး bellတီးလေသည်

"Ningning ရေ ငါရောက်ပြီဟေ့ "

တံခါး bellသံကြောင့် အိမ်ထဲမှ အမျိုးသမီးတစ်ယောက် ထွက်လာသည်

"Minjeongလေးလား "

"ဟုတ်တယ် အန်တီ Jennie "

"ဘယ်သူလိုက်ပို့တာလည်း အထဲဝင်အုံးလေ Ningningကတော့ မနက်စာစားနေတုံး "

"Daddy လိုက်ပို့တာ အထဲဝင်စောင့်လိုက်မယ်နော်  "

"ဟုတ်ပြီ သမီးလေး "

Jennieမှာ သူမ ကျောင်းတုံးက စီနီယာကို နှုတ်ဆက်ဖို့ အိမ်ထဲက ထွက်လာလိုက်သည်

"Sunbae Annyeonghasayo "

Taeyeonမှာ ဖုန်းခဏကြည့်ရင်း Jennieက လာနှုတ်ဆက်လို့ ကားပေါ်ကဆင်းလိုက်သည်

"Jennie. .."

"ဟုတ် Sunbae အဆင်ပြေလား သတိရလို့ လာနှုတ်ဆက်တာ "

"ပြေပါ့ Jisooရော နေကောင်းလား...."

"ကောင်းပါတယ် Tiffany Sunbaeရော  "

"ကောင်းတာမှ ဒေါင်ဒေါင်ကို မြည်လို့ "

"Omma Chaw ကျောင်းသွားပြီနော် bye "

"အန်တီ Jennie တာ့တာ "

အိမ်ထဲကနေ ထွက်လာကြတဲ့ Minjeongတို့ကြောင့် Jennieတို့ စကားစ ပြတ်သွားသည်

"Ning သမီး မုန့်ဖိုး "

"Appaက ပေးထားတယ် မယူတော့ဘူး "

"ဟုတ်ပြီ ဟုတ်ပြီ တာ့တာ နော် Sunbae ကားကိုသေချာမောင်းနော် "

"Ok Jennie see u "

"Nae "

Jennieမှာ သူ့သမီးတို့ကို လက်ပြနှုတ်ဆက်ပြီး အိမ်ထဲ ဝင်သွားလိုက်သည်

"Mommyကကွာ Chaw က ကောလိပ် final ရောက်နေပြီကို ခုထိ Daddyကို ကားနဲ့လိုက်ပို့ခိုင်းတုံး...ကလေးကျနေတာဘဲ "

သူ့သမီးရဲ့ စကားကြောင့် Lisa ကားမောင်းရင်း ရယ်လိုက်သည်

"သမီး Mommyက သမီးကို စိတ်မချလို့ပါ Giselleရ "

"ဟွန့် Daddyကလည်း သမီးဘက်က ကူပြောပေးမယ်မရှိဘူး Mommy စကားဘဲ နားထောင်နေ "

Giselle မှာ Lisaကို မျက်စောင်းထိုးပြီး ပြောတော့ Lisaကတော့ ခေါင်းခါရင်း ရယ်လိုက်သည်

"တကယ်ပါဘဲ Giselleက သူ့အမေ Chaeyoung အတိုင်းဘဲ အေးသလိုလိုနဲ့စွာ လိုက်တာဆိုတာ "

Lisa ကားမောင်းရင်း ရေရွတ်လိုက်သည်

Giselleကတော့ နှုတ်ခမ်းစူပြီး Lisa ကားပေါ် ပါလာစဥ် ပြိုင်ကားအပြာရောင်လေးကို မောင်းပြီး ကောလိပ်ထဲ ဝင်လာသူကား Kwon Jiminခေါ် Karina. ....

"Daddy မြင်လား ဟိုမှာ Karinaတောင် သူ့ဘာသာသူ ကားနဲ့ကျောင်းလာတာ....Chawဘဲ ကလေးကျလို့ အခုထိ မိဘက လိုက်ပို့နေတုံး "

Giselle တစ်ယောက် Lisaကို ရန်လုပ်ပြီး ကားပေါ်က ဆင်းလာသည် 

"Hey Karina. ..."

"Hey girl "

"ဒီတစ်ခါတော့ ပြိုင်ကား အပြာရောင်ပါလားဟေ့ "

"ဟုတ်တယ် ကျောင်းပြီးရင် Mommy က သူ့ B&E company မှာ ဝင်လုပ်မယ်ဆို ပြိုင်ကား ဝယ်ပေးမယ်ပြောလို့ ကတိပေးပြီး ပြိုင်ကားတောင်းလာတာ "

"ကောင်းပါ့ ငါကတော့ အခုထိ ငါ့ Daddyက လိုက်ပို့နေတုံး "

Karinaနဲ့ Giselleတို့ စကားပြောရင်း အတန်းဘက် သွားစဥ်

"ဟဲ့ ပိုက်ဆံတွေပါလား ဘယ်သူ ပြုတ်ကျခဲ့တာလည်း မသိဘူး "

Karina တစ်ယောက် ကော်ရစ်တာတွင် ပိုက်ဆံ အထပ်လိုက်လေးကို တွေ့လို့ ကောက်ယူလိုက်သည်

"Kim Winterတို့ကတော့ အမြဲရှပ်ပြာတော့...."

"ပါးစပ်ပိတ်ပြီး ကူရှာပေးစမ်းပါ Ningningရယ် ငါ့ Daddyဆီက တောင်းလာတဲ့  Pringles ဖိုးတွေဟ "

Winterမှာ သူမ ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ပိုက်ဆံတွေ ကျပျောက်သွားလို့ လိုက်ရှာနေသည်

"ဟဲ့ ဟိုက တစ်ယောက် ကိုင်ထားတာ နင့်ပိုက်ဆံတွေထင်တယ် "

Ningning ပြရာကို Winter ကြည့်လိုက်တော့ သူမ အထပ်လိုက်လုပ်ထားတဲ့ ပိုက်ဆံတွေကို တွေ့လိုက်ရသည်

"ဟုတ်တယ် ဟုတ်တယ် လာ သွားတောင်းကြမယ် "

Ningning ရဲ့ လက်ကို ဆွဲပြီး Winter မှာ ပိုက်ဆံကိုင်ထားတဲ့ ကောင်မလေးဆီ သွားလေသည်

"ဒီမှာရှင်...ပိုက်ဆံကောက်ရတာလားဟင် "

Karinaမှာ သူမကို လာမေးတဲ့ ကောင်မလေးကို ကြည့်လိုက်သည်

"တို့ အရင်ကောက်ရတာနော် "

Karinaရဲ့ စကားကြောင့် ကောင်မလေးမှာ မျက်မှောင်ကြုတ်သွားသည်

"မဟုတ်ဘူးလေ ပိုက်ဆံကောက်ရတယ်ဆိုရင် အဲ့တာ Chaw ပိုက်ဆံလို့ ပြောမလို့ "

"ဟင် ဒီကတစ်ယောက်ရဲ့ ပိုက်ဆံဆိုတာ သေချာလို့လား ဘယ်လို သက်သေပြမလည်း ....ဒီပိုက်ဆံနံပါတ်တွေ ပြောပြလေ "

Karinaရဲ့ စကားကြောင့် တစ်ဖက်က ကောင်မလေးမှာ မျက်နှာတွေ ရှုံ့မဲ့သွားကြသည်

"ကဲပါ Karinaရယ် ကလေးတွေကို စမနေပါနဲ့တော့ သူတို့ကျပျောက်သွားတဲ့ ပိုက်ဆံမို့ ခုလိုလာမေးတာနေမှာပါ ပေးလိုက်ပါဟယ် "

ဘေးနားက Giselleမှာ မနေနိုင်တော့တာနဲ့ ဝင်ပြောလိုက်သည်

Karina လည်း ရယ်ပြီး ခေါင်းညိတ်လိုက်သည်

"ဟုတ်ပါပြီ မစတော့ပါဘူးဟယ် ရော့ ဒီမှာ... အမတို့ ကောက်တွေ့လိုက်တာ ကံကောင်းတယ်မှတ် တခြားသူသာ ကောက်ရရင် ပြန်ရမယ်မထင်ဘူး "

Karinaမှာ ကောင်မလေး လက်ထဲ ပိုက်ဆံထည့်ပေးပြီး ထွက်သွားမယ်လုပ်တော့ ကောင်မလေးမှာ Karinaရဲ့ လက်ကို လှမ်းဆွဲသည်

"Chaw ပိုက်ဆံကို ပြန်ပေးလို့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် Chawတို့က ကလေးမဟုတ်ပါဘူးနော် First year တက်ရမယ့် ကျောင်းသူပါ ဒီက Karina ဆိုလား တစ်ယောက်နဲ့တောင် တူတူလောက်နေမယ်...."

ကောင်မလေးရဲ့ စကားကြောင့် Karinaမှာ eyesmile လေးပေါ်အောင် ပြုံးပြီး

"ဒီကတစ်ယောက်နာမည်က... "

"Kim Winter "

"First Year တက်မယ့် Kim Winterဆိုတဲ့ ချာတိတ်လေးရေ.. အမက Final year တက်နေတဲ့ သူပါနော်.....သုံးနှစ်တောင် ငယ်တယ်ဆိုတော့ ကလေးဘဲ မဟုတ်လား... ကဲ အမတို့ အတန်းနောက်ကျမှာဆိုးလို့ သွားပြီ ပိုက်ဆံကို ကျမပျောက်အောင် သေချာသိမ်း Bye ချာတိတ်.... "

Winterရဲ့ ခေါင်းလေးကို ပုတ်ကာ ပြောပြီး Karinaမှာ Giselle နဲ့ ထွက်သွားပေမယ့် Winterမှာတော့ Karina ကျောပြင်လေးကို ငေးကြည့်ပြီး ကျန်ခဲ့သည်

#Tbc

Finally æspa အဖွဲ့က Winrina အတွဲ ficလေး ရေးပေးလိုက်ပါပြီ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားလို့ sorryပါဗျာ့ 🖤  Kim Minjeong ဆိုတာ Winterရဲ့ Korea နာမည်ပါ Yoo Jiminကတော့ Karinaရဲ့ Korea နာမည်ပါ မသိတဲ့သူတွေအတွက် ပြောပြတာပါ😁 authorကတော့ အကွက်တွေချပြလိုက်ပါပြီ😂 Jensooက တရုတ်မလေး Ningningမိဘ ဖြစ်ပြီး ထိုင်းနဲ့သြဇီသူ အတွဲက ဂျပန်မလေး Giselleရဲ့ မိဘပါတဲ့ရှင်😁 ကျောင်းသူ ficတွေ များတော့ ဇာတ်လမ်းထပ်မှာ စိတ်ပူလို့ မထပ်အောင် ကြိုးစားရေးဖို့ စိတ်ကူးရင်း... တင်ပေးလိုက်ပါပြီ

#Zawgyi



"Fanyရာ ကလေးကို ..."













"ဟုတ်တယ်....Daddy "




"Nae Daddy. ..."




"ဟီးဟီး..."






"Minjeongလေးလား "

"ဟုတ်တယ် အန်တီ Jennie "



"ဟုတ်ပြီ သမီးလေး "




"Jennie. .."






"အန်တီ Jennie တာ့တာ "


"Ning သမီး မုန့်ဖိုး "



"Ok Jennie see u "

"Nae "












"Hey Karina. ..."

"Hey girl "




























"ဒီကတစ်ယောက်နာမည်က... "

"Kim Winter "



#Tbc


Bạn đang đọc truyện trên: Truyen3h.Co