Part 2
#unicode
"အမလေး လန့်တာ Minjeong ရယ်....."
Tiffanyမှာ မနက်စာချက်ပြီး အနောက်ကို လှည့်လိုက်သောအခါ ထမင်းစားပွဲဝိုင်းတွင် ထိုင်နေသော သူ့သမီးကို တွေ့ရလေသည်
"Good Morning Mommy "
Winterမှာ လန့်သွားတဲ့ သူမ အမေကို ပြုံးပြပြီး နှုတ်ဆက်လေသည်
"ငါ အိမ်မက်များမက်နေတာလား ဒါမှမဟုတ် ထင်ယောင်ထင်မှားမြင်နေမိတာလား အိပ်ရာက ထဖို့ မနည်းနှိုးယူရတဲ့ Minjeongက အစောကြီးနိုးလို့ "
"ဟီး Mommy ပြောသလို ကောလိပ်ကျောင်းသူဆိုတာ ကောလိပ်တက်ဖို့ တက်ကြွနေရမယ်လေ "
"အင်း အဖေ့သွေးအပြည့်ပါတဲ့ အငယ်ဆုံးလေး ကြည့်ရတာ ကောလိပ်မှာ ကောင်မလေး တွေ့လာလို့ ဒီလောက်တက်ကြွနေတာလား "
Tiffanyရဲ့ စကားကြောင့် Winter ရှက်သွားသည်
"အာ မဟုတ်တာ Daddy နိုးပြီလားဟင် သွားနှိုးလိုက်မယ်နော် "
Winter တစ်ယောက် ဘာဖြေရမှန်းမသိလို့ သူမ Mommy ဘေးကနေ ထွက်လာခဲ့သည်
"ငါ့သမီး ဒီနေ့ ကောလိပ်ကို အစောကြီး သွားရတာ တစ်ခုခုတော့ရှိရမယ် ...."
Taeyeon ကားမောင်းရင်း မေးတော့ Winter မှာ မကြားချင်ယောင်ဆောင်နေသည်
"ကောင်မလေး ရနေလို့လား "
"အာ မဟုတ်ပါဘူး ဘာလို့ Daddyနဲ့ Mommyက ကောင်မလေး ရနေပြီလားလို့ မေးနေရတာလည်း "
"ဘာလို့ဆို Daddyတို့က ငယ်ရာကနေ ကြီးလာတာလေ လူတစ်ယောက်ပုံစံနဲ့ အပြုအမူကြည့်ရင် အဲ့လူက ဘာဖြစ်နေတယ်ဆိုတာ Daddyတို့က သဘောပေါက်နေပြီ.....သမီးပုံစံက Daddy ငယ်ငယ်က ပုံစံနဲ့ တူနေတယ်...သမီး Mommyကို ဝိုက်ဖို့ ကျောင်းအစောကြီး သွားရတာလေ "
"အာ Ningningရဲ့ အိမ်ကိုတောင် ရောက်လာပြီ သွားခေါ်လိုက်အုံးမယ် Daddy "
Winter စကားလမ်းကြောင်းလွှဲပြီး ကားပေါ်က ဆင်းလာသည်
Ting Tong
"Good Morning Aunty Jisoo "
Winter မှာ အိမ်တံခါးလာဖွင့်ပေးတဲ့ Jisooကို နှုတ်ဆက်လိုက်သည်
"Good Morning သမီးရေ...ကျောင်းသွားဖို့....Ningningကို လာခေါ်တာလား "
"ဟုတ်တယ် Aunty Jisoo "
"သူ ရေချိုးပြီးလို့ အဝတ်အစားလဲနေတယ် သမီးလေး "
"ဟုတ် Chaw သူ့အခန်းထဲ သွားခေါ်လိုက်မယ်နော် "
"သဘောပါရှင် "
Jisooဆီက ခွင့်ပြုချက်ရလို့ Winterလည်း Ningningရဲ့ အခန်းဆီ သွားပြီး တံခါးခေါက်လိုက်သည်
"ဝင်ခဲ့ပါ "
Ningningဆီက ခွင့်ပြုချက်ရလို့ Winter အခန်းတံခါးဖွင့်ဝင်လိုက်တော့ မှန်ရှေ့ ခေါင်းဖီးနေတဲ့ Ningningကို တွေ့ရသည်
"လာ Ningning ကျောင်းသွားမယ် အချိန်မရှိဘူး "
Ningning ရဲ့ ကျောပိုးအိတ်ကို ကောက်လွယ်ပြီး Ningning လက်ကို ဆွဲကာ အခန်း အပြင်ဘက်သို့ Winter ဆွဲခေါ်လာသည်
"ဟဲ့ ဟဲ့နေပါအုံး "
Ningningမှာ အူကြောင်ကြောင်နဲ့ Winterနောက် ပါလာသည်
"Winter သမီးပါ မနက်စာစားသွားလေ "
Ningning တို့အတွက် မနက်စာပြင်နေတဲ့ Jennieမှာ မီးဖိုခန်းထဲက ထွက်လာပြီး Winterကို မနက်စာစားဖို့ခေါ်လိုက်သည်
"ဟုတ် မစားတော့ဘူး Aunty Jennie. ..Ningningလည်း မစားတော့ဘူးတဲ့ '
"ဟဲ့ ငါက ဘာလို့မစားရမှာလည်း စားမှာ "
"အသာနေစမ်းပါ ကျောင်းရောက်ရင် ငါဝယ်ကျွေးပါမယ်...."
Ningningကို Winter တစ်ယောက် မျက်မှောင်ကြုတ်ပြီး ဟောက်လိုက်သည်
"Ningningလည်း မစားတော့ဘူးမို့ chawတို့ ကျောင်းသွားပြီနော် Auntyတို့ bye. ..."
ကောလိပ်က ကော်ရစ်တာ တစ်ခုတွင် Ningningမှာတော့ လက်ပိုက်ပြီး မျက်မှောင်ကြုတ်နေစဥ် Winterမှာ နာရီကြည့်လိုက် ပတ်ဝန်းကျင်ကို ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေသည်
"Kim Winterရေ နင်က ကောလိပ် ကို အစောကြီး လာပြီး လုံခြုံရေး လုပ်နေတာလား.....ငါ့ကိုလည်း မနက်စာ ဝယ်ကျွေးမယ်ပြောပြီး အခုကျ Pringles တစ်ဗူးဘဲ ကျွေးတယ် "
"ငါအကြိုက်ဆုံး မုန့်ကို ကျွေးထားတာနော် ပါးစပ်ခဏ ပိတ်ထားစမ်းပါ Ningning ရယ်..."
"နေပါအုံး နင်က ဒီကော်ရစ်တာမှာ ရပ်ပြီး ဘာလုပ်နေတာလည်း ကောလိပ်မှာ လူဘယ်နှစ်ယောက်ရှိလည်း ရေနေတာလား "
"ငါ့အမေထက်တောင် နင်က ပိုပွစိပွစိလုပ်နေပါလားဟယ် "
Winterမှာ Ningningကြောင့် စိတ်မကြည်နေစဥ် ကော်ရစ်တာဆီ လျှောက်လာတဲ့ ကောင်မလေး တစ်ယောက်ကို မြင်ပြီး ပျော်သွားသည်
သို့သော် စိတ်မလှုပ်ရှားချင်ယောင်ဆောင်ရင်း ကောင်မလေးကို လှမ်းကြည့်လိုက်သည်
Karinaမှာ Giselleနဲ့ စကားပြောရင်း အတန်းဘက်သွားစဥ် မနေ့က ပိုက်ဆံကျပျောက်တဲ့ ကောင်မလေးကို တွေ့လေသည်
"ဟော မနေ့က ချာတိတ် ပါလား ဒီနေ့ရော ပိုက်ဆံကျပျောက်တာလား တို့ ဘာမှကောက်မရထားဘူးနော် "
Karinaမှာ သူမကို စိုက်ကြည့်နေတဲ့ Winter ကို ပြောလိုက်သည်
"အာ မဟုတ်ပါဘူး သူငယ်ချင်းကို စောင့်နေတာ.... "
Winter စကားကြောင့် Ningningမှာ မျက်မှောင်ကြုတ်သွားသည်
"ဟဲ့ နင့်မှာ ငါကလွဲပြီး ဘယ်သူငယ်ချင်း..."
Ningningမှာ Winterက သူမပါးစပ်ကို လှမ်းပိတ်သောကြောင့် စကားကို ဆုံးအောင်မပြောလိုက်ရပေ
"Aww ဒါဆိုလည်း ပြီးရောလေ ပိုက်ဆံများထပ် ကျပျောက်တာလားလို့ "
"မဟုတ်ပါဘူး "
"Ok ok ဒါဆို တို့ သွားပြီနော် လာ Giselle သွားကြစို့ "
သူမတို့ကို နှုတ်ဆက်ပြီး ထွက်သွားတဲ့ Karina ကျောပြင်ကို Winter ငေးကြည့်ရင်း ကျန်ခဲ့သည်
"Kim Winter shii နှာဘူးလို့ ဝပြီဆို ကန်တင်းကို သွားရအောင် ဗိုက်ဆာလွန်းလို့ ဒူးတွေလည်း တုန်နေပြီ "
Ningningက သူမ လက်မောင်းကို ဆောင့်ဆွဲမှဘဲ Winter တစ်ယောက် အသိပြန်ဝင်လာသည်
"Aww အင်း သွားစားကြတာပေါ့ "
ကန်တင်းတွင် မုန့်စားနေရင်း
"နင် Final က စီနီယာမမကို ကြိုက်နေတာ မဟုတ်လား Winter "
Ningningရဲ့ စကားကြောင့် Winter တစ်ယောက် မုန့်တွေ သီးကုန်သည်
"အဟွတ်......နင် ဘယ်လိုသိတာလည်း Ningning "
"နင့်လုပ်ရက်ကြီးက သိသာနေတာကို "
"ဟုတ်တယ် ငါ သူ့ကို သဘောကျနေတာ မနေ့က သူ့အပြုံးလေးအောက်....သူ့အကြည့်တစ်ချက်အောက်.... သူ့ရဲ့ ချိုသာတဲ့အသံလေးအောက်မှာ ငါ ကျရှုံးသွားပြီ Ningningရယ် ....."
"ဒီတော့ ရှေ့ဆက်ပြီး နင် ဘာလုပ်မှာလည်း "
"သူနဲ့ငါက ရွယ်တူ မေဂျာတူဆို လိုက်ရတာလွယ်သေးတယ် အခုက သူက final yearဆိုတော့ ဖြည်းဖြည်းချင်း ရောရမှာပေါ့ "
"ဒါဆို ငါလည်း ကူညီပေးမယ်လေ "
"အေး ပေါက်ကရတွေ မပြောဘဲသာ ဘေးနား ပါးစပ်ပိတ် အလိုက်ထိုက်နေပေး..."
Winterရဲ့ စကားကြောင့် Ningningမှာ Winterကို မျက်စောင်းထိုးလိုက်သည်
နေ့လည် ထမင်းစားဆင်းချိန်တွင် Winterတို့ နေ့လည်စာစားပြီး ကောလိပ်တစ်ခုလုံးကို လျှောက်ပတ်ကြည့်နေကြသည်
"ဟာ.... ငါ အပစ်ခံနေရပြီ လာ ကယ်ကြပါအုံး ....."
"ဟင် အပစ်ခံနေရတယ်တဲ့ လာ အော်သံကြားရာနောက် ငါတို့ လိုက်ကြည့်ရအောင် "
Winter တို့မှာ လျှောက်ကြည့်ရင်း ကောင်မလေး တစ်ယောက် အော်သံကြောင့် လန့်ပြီး အော်သံကြားရာ ပြေးကြည့်သောအခါ သစ်ပင်အောက်က ထိုင်ခုံတန်းရှည်ပေါ်တွင် PUBGဆော့နေတဲ့ Karinaကို တွေ့ရလေသည်
Giselleကတော့ Karina ပေါင်ပေါ်တွင် အိပ်နေသည်
"နင့်မမဘဲဟ... အမလေး အော်သံကြားလို့ ဘာဖြစ်တာလည်း ပြေးကြည့်တာ PUBG ဆော့နေတာတဲ့ "
Ningningက ပြောနေပေမယ့် Winterမှာ Ningning စကားကို အာရုံမရောက်....ဖုန်းကိုင်ရင်း အော်ဟစ်နေတဲ့ Karinaကို ကြည့်ပြီး အသည်းယားနေသည်
"သေပြီလေ လာမကယ်ကြဘူး သေပြီ .."
Karina ဂိမ်းထဲ သူမ သေသွားလို့ စိတ်ပျက်လက်ပျက်နဲ့ အော်လိုက်စဥ် ရယ်သံကြားလို့ ကြည့်လိုက်သောအခါ
"Aww ချာတိတ်ပါလား.... ပိုက်ဆံကျပျောက်ပြန်ပြီလား "
Karinaရဲ့ စကားကြောင့် Winter မျက်မှောင်ကြုတ်သွားပြန်သည်
"ဟာ မမကလည်း Chawကို တွေ့တိုင်း ပိုက်ဆံကျပျောက်လားဘဲ မေးနေတာ ...."
Winter နှုတ်ခမ်းစူပြီး ပြောတော့ Karinaမှာ eyesmile လေးပေါ်အောင် ပြုံးလိုက်သည်
"ပိုက်ဆံကျပျောက်တဲ့ ချာတိတ်ဆိုပြီး မှတ်မိနေလို့ပါနော် "
"ဒါဆို မမက Chawကို စိတ်ထဲမှတ်မိနေတယ်ပေါ့ "
"ဒါပေါ့ ကောလိပ် စစတက်ချင်း သူငယ်တန်းကလေးလို ပိုက်ဆံကျပျောက်တဲ့ ချာတိတ်ဘဲကို "
Karinaရဲ့ စကားကြောင့် Winterမှာ Karinaကို မျက်စောင်းထိုးလိုက်သောအခါ Karinaမှာ ဇက်လေးပုဝင်ကာ ပြုံးပြလိုက်သည်
"ဒီမမကတော့ ငါ့ကို အဲ့အပြုံးတွေနဲ့ ပြုစားပြန်ပြီ မဖြစ်သေးပါဘူး မမနဲ့ ပိုရင်းနှီးအောင် Daddyကို PUBGဆော့နည်း သင်ခိုင်းရမယ် Daddyက PUBG ဆော့တာကျွမ်းတယ်လေ ဒီတော့ မမနဲ့အတူ တွဲဆော့ရင်း ခင်အောင်လုပ်ရမယ် ဟိဟိ...."
Winter တစ်ယောက် သူ့အတွေးနဲ့သူ စပ်ဖြီးဖြီးနဲ့ ပြုံးနေစဥ် ကျန်သုံးယောက်မှာ ရုပ်တည်ကြီးတွေနဲ့ Winterကို ကြည့်နေကြသည်
#Tbc
တစ်နေကုန် လိုင်းပေါ်ကနေ တိုက်ပွဲဝင်နေကြသူများအတွက် ခဏတဖြုတ် အမောပြေစေရန် Fic ဒိတ်ပေးလိုက်ပါပြီ🖤အမောပြေတယ်ဆို ကျေနပ်ပါတယ်ဗျာ😁
#zawgyi
"အမေလး လန့္တာ Minjeong ရယ္....."
Tiffanyမွာ မနက္စာခ်က္ၿပီး အေနာက္ကို လွည့္လိုက္ေသာအခါ ထမင္းစားပြဲဝိုင္းတြင္ ထိုင္ေနေသာ သူ႕သမီးကို ေတြ႕ရေလသည္
"Good Morning Mommy "
Winterမွာ လန့္သြားတဲ့ သူမ အေမကို ၿပဳံးျပၿပီး ႏႈတ္ဆက္ေလသည္
"ငါ အိမ္မက္မ်ားမက္ေနတာလား ဒါမွမဟုတ္ ထင္ေယာင္ထင္မွားျမင္ေနမိတာလား အိပ္ရာက ထဖို႔ မနည္းႏွိုးယူရတဲ့ Minjeongက အေစာႀကီးနိုးလို႔ "
"ဟီး Mommy ေျပာသလို ေကာလိပ္ေက်ာင္းသူဆိုတာ ေကာလိပ္တက္ဖို႔ တက္ႂကြေနရမယ္ေလ "
"အင္း အေဖ့ေသြးအျပည့္ပါတဲ့ အငယ္ဆုံးေလး ၾကည့္ရတာ ေကာလိပ္မွာ ေကာင္မေလး ေတြ႕လာလို႔ ဒီေလာက္တက္ႂကြေနတာလား "
Tiffanyရဲ႕ စကားေၾကာင့္ Winter ရွက္သြားသည္
"အာ မဟုတ္တာ Daddy နိုးၿပီလားဟင္ သြားႏွိုးလိုက္မယ္ေနာ္ "
Winter တစ္ေယာက္ ဘာေျဖရမွန္းမသိလို႔ သူမ Mommy ေဘးကေန ထြက္လာခဲ့သည္
"ငါ့သမီး ဒီေန႕ ေကာလိပ္ကို အေစာႀကီး သြားရတာ တစ္ခုခုေတာ့ရွိရမယ္ ...."
Taeyeon ကားေမာင္းရင္း ေမးေတာ့ Winter မွာ မၾကားခ်င္ေယာင္ေဆာင္ေနသည္
"ေကာင္မေလး ရေနလို႔လား "
"အာ မဟုတ္ပါဘူး ဘာလို႔ Daddyနဲ႕ Mommyက ေကာင္မေလး ရေနၿပီလားလို႔ ေမးေနရတာလည္း "
"ဘာလို႔ဆို Daddyတို႔က ငယ္ရာကေန ႀကီးလာတာေလ လူတစ္ေယာက္ပုံစံနဲ႕ အျပဳအမူၾကည့္ရင္ အဲ့လူက ဘာျဖစ္ေနတယ္ဆိုတာ Daddyတို႔က သေဘာေပါက္ေနၿပီ.....သမီးပုံစံက Daddy ငယ္ငယ္က ပုံစံနဲ႕ တူေနတယ္...သမီး Mommyကို ဝိုက္ဖို႔ ေက်ာင္းအေစာႀကီး သြားရတာေလ "
"အာ Ningningရဲ႕ အိမ္ကိုေတာင္ ေရာက္လာၿပီ သြားေခၚလိုက္အုံးမယ္ Daddy "
Winter စကားလမ္းေၾကာင္းလႊဲၿပီး ကားေပၚက ဆင္းလာသည္
Ting Tong
"Good Morning Aunty Jisoo "
Winter မွာ အိမ္တံခါးလာဖြင့္ေပးတဲ့ Jisooကို ႏႈတ္ဆက္လိုက္သည္
"Good Morning သမီးေရ...ေက်ာင္းသြားဖို႔....Ningningကို လာေခၚတာလား "
"ဟုတ္တယ္ Aunty Jisoo "
"သူ ေရခ်ိဳးၿပီးလို႔ အဝတ္အစားလဲေနတယ္ သမီးေလး "
"ဟုတ္ Chaw သူ႕အခန္းထဲ သြားေခၚလိုက္မယ္ေနာ္ "
"သေဘာပါရွင္ "
Jisooဆီက ခြင့္ျပဳခ်က္ရလို႔ Winterလည္း Ningningရဲ႕ အခန္းဆီ သြားၿပီး တံခါးေခါက္လိုက္သည္
"ဝင္ခဲ့ပါ "
Ningningဆီက ခြင့္ျပဳခ်က္ရလို႔ Winter အခန္းတံခါးဖြင့္ဝင္လိုက္ေတာ့ မွန္ေရွ႕ ေခါင္းဖီးေနတဲ့ Ningningကို ေတြ႕ရသည္
"လာ Ningning ေက်ာင္းသြားမယ္ အခ်ိန္မရွိဘူး "
Ningning ရဲ႕ ေက်ာပိုးအိတ္ကို ေကာက္လြယ္ၿပီး Ningning လက္ကို ဆြဲကာ အခန္း အျပင္ဘက္သို႔ Winter ဆြဲေခၚလာသည္
"ဟဲ့ ဟဲ့ေနပါအုံး "
Ningningမွာ အူေၾကာင္ေၾကာင္နဲ႕ Winterေနာက္ ပါလာသည္
"Winter သမီးပါ မနက္စာစားသြားေလ "
Ningning တို႔အတြက္ မနက္စာျပင္ေနတဲ့ Jennieမွာ မီးဖိုခန္းထဲက ထြက္လာၿပီး Winterကို မနက္စာစားဖို႔ေခၚလိုက္သည္
"ဟုတ္ မစားေတာ့ဘူး Aunty Jennie. ..Ningningလည္း မစားေတာ့ဘူးတဲ့ '
"ဟဲ့ ငါက ဘာလို႔မစားရမွာလည္း စားမွာ "
"အသာေနစမ္းပါ ေက်ာင္းေရာက္ရင္ ငါဝယ္ေကြၽးပါမယ္...."
Ningningကို Winter တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္ၿပီး ေဟာက္လိုက္သည္
"Ningningလည္း မစားေတာ့ဘူးမို႔ chawတို႔ ေက်ာင္းသြားၿပီေနာ္ Auntyတို႔ bye. ..."
ေကာလိပ္က ေကာ္ရစ္တာ တစ္ခုတြင္ Ningningမွာေတာ့ လက္ပိုက္ၿပီး မ်က္ေမွာင္ၾကဳတ္ေနစဥ္ Winterမွာ နာရီၾကည့္လိုက္ ပတ္ဝန္းက်င္ကို ၾကည့္လိုက္နဲ႕ အလုပ္ရႈပ္ေနသည္
"Kim Winterေရ နင္က ေကာလိပ္ ကို အေစာႀကီး လာၿပီး လုံၿခဳံေရး လုပ္ေနတာလား.....ငါ့ကိုလည္း မနက္စာ ဝယ္ေကြၽးမယ္ေျပာၿပီး အခုက် Pringles တစ္ဗူးဘဲ ေကြၽးတယ္ "
"ငါအႀကိဳက္ဆုံး မုန့္ကို ေကြၽးထားတာေနာ္ ပါးစပ္ခဏ ပိတ္ထားစမ္းပါ Ningning ရယ္..."
"ေနပါအုံး နင္က ဒီေကာ္ရစ္တာမွာ ရပ္ၿပီး ဘာလုပ္ေနတာလည္း ေကာလိပ္မွာ လူဘယ္ႏွစ္ေယာက္ရွိလည္း ေရေနတာလား "
"ငါ့အေမထက္ေတာင္ နင္က ပိုပြစိပြစိလုပ္ေနပါလားဟယ္ "
Winterမွာ Ningningေၾကာင့္ စိတ္မၾကည္ေနစဥ္ ေကာ္ရစ္တာဆီ ေလွ်ာက္လာတဲ့ ေကာင္မေလး တစ္ေယာက္ကို ျမင္ၿပီး ေပ်ာ္သြားသည္
သို႔ေသာ္ စိတ္မလႈပ္ရွားခ်င္ေယာင္ေဆာင္ရင္း ေကာင္မေလးကို လွမ္းၾကည့္လိုက္သည္
Karinaမွာ Giselleနဲ႕ စကားေျပာရင္း အတန္းဘက္သြားစဥ္ မေန႕က ပိုက္ဆံက်ေပ်ာက္တဲ့ ေကာင္မေလးကို ေတြ႕ေလသည္
"ေဟာ မေန႕က ခ်ာတိတ္ ပါလား ဒီေန႕ေရာ ပိုက္ဆံက်ေပ်ာက္တာလား တို႔ ဘာမွေကာက္မရထားဘူးေနာ္ "
Karinaမွာ သူမကို စိုက္ၾကည့္ေနတဲ့ Winter ကို ေျပာလိုက္သည္
"အာ မဟုတ္ပါဘူး သူငယ္ခ်င္းကို ေစာင့္ေနတာ.... "
Winter စကားေၾကာင့္ Ningningမွာ မ်က္ေမွာင္ၾကဳတ္သြားသည္
"ဟဲ့ နင့္မွာ ငါကလြဲၿပီး ဘယ္သူငယ္ခ်င္း..."
Ningningမွာ Winterက သူမပါးစပ္ကို လွမ္းပိတ္ေသာေၾကာင့္ စကားကို ဆုံးေအာင္မေျပာလိုက္ရေပ
"Aww ဒါဆိုလည္း ၿပီးေရာေလ ပိုက္ဆံမ်ားထပ္ က်ေပ်ာက္တာလားလို႔ "
"မဟုတ္ပါဘူး "
"Ok ok ဒါဆို တို႔ သြားၿပီေနာ္ လာ Giselle သြားၾကစို႔ "
သူမတို႔ကို ႏႈတ္ဆက္ၿပီး ထြက္သြားတဲ့ Karina ေက်ာျပင္ကို Winter ေငးၾကည့္ရင္း က်န္ခဲ့သည္
"Kim Winter shii ႏွာဘူးလို႔ ဝၿပီဆို ကန္တင္းကို သြားရေအာင္ ဗိုက္ဆာလြန္းလို႔ ဒူးေတြလည္း တုန္ေနၿပီ "
Ningningက သူမ လက္ေမာင္းကို ေဆာင့္ဆြဲမွဘဲ Winter တစ္ေယာက္ အသိျပန္ဝင္လာသည္
"Aww အင္း သြားစားၾကတာေပါ့ "
ကန္တင္းတြင္ မုန့္စားေနရင္း
"နင္ Final က စီနီယာမမကို ႀကိဳက္ေနတာ မဟုတ္လား Winter "
Ningningရဲ႕ စကားေၾကာင့္ Winter တစ္ေယာက္ မုန့္ေတြ သီးကုန္သည္
"အဟြတ္......နင္ ဘယ္လိုသိတာလည္း Ningning "
"နင့္လုပ္ရက္ႀကီးက သိသာေနတာကို "
"ဟုတ္တယ္ ငါ သူ႕ကို သေဘာက်ေနတာ မေန႕က သူ႕အၿပဳံးေလးေအာက္....သူ႕အၾကည့္တစ္ခ်က္ေအာက္.... သူ႕ရဲ႕ ခ်ိဳသာတဲ့အသံေလးေအာက္မွာ ငါ က်ရႈံးသြားၿပီ Ningningရယ္ ....."
"ဒီေတာ့ ေရွ႕ဆက္ၿပီး နင္ ဘာလုပ္မွာလည္း "
"သူနဲ႕ငါက ႐ြယ္တူ ေမဂ်ာတူဆို လိုက္ရတာလြယ္ေသးတယ္ အခုက သူက final yearဆိုေတာ့ ျဖည္းျဖည္းခ်င္း ေရာရမွာေပါ့ "
"ဒါဆို ငါလည္း ကူညီေပးမယ္ေလ "
"ေအး ေပါက္ကရေတြ မေျပာဘဲသာ ေဘးနား ပါးစပ္ပိတ္ အလိုက္ထိုက္ေနေပး..."
Winterရဲ႕ စကားေၾကာင့္ Ningningမွာ Winterကို မ်က္ေစာင္းထိုးလိုက္သည္
ေန႕လည္ ထမင္းစားဆင္းခ်ိန္တြင္ Winterတို႔ ေန႕လည္စာစားၿပီး ေကာလိပ္တစ္ခုလုံးကို ေလွ်ာက္ပတ္ၾကည့္ေနၾကသည္
"ဟာ.... ငါ အပစ္ခံေနရၿပီ လာ ကယ္ၾကပါအုံး ....."
"ဟင္ အပစ္ခံေနရတယ္တဲ့ လာ ေအာ္သံၾကားရာေနာက္ ငါတို႔ လိုက္ၾကည့္ရေအာင္ "
Winter တို႔မွာ ေလွ်ာက္ၾကည့္ရင္း ေကာင္မေလး တစ္ေယာက္ ေအာ္သံေၾကာင့္ လန့္ၿပီး ေအာ္သံၾကားရာ ေျပးၾကည့္ေသာအခါ သစ္ပင္ေအာက္က ထိုင္ခုံတန္းရွည္ေပၚတြင္ PUBGေဆာ့ေနတဲ့ Karinaကို ေတြ႕ရေလသည္
Giselleကေတာ့ Karina ေပါင္ေပၚတြင္ အိပ္ေနသည္
"နင့္မမဘဲဟ... အမေလး ေအာ္သံၾကားလို႔ ဘာျဖစ္တာလည္း ေျပးၾကည့္တာ PUBG ေဆာ့ေနတာတဲ့ "
Ningningက ေျပာေနေပမယ့္ Winterမွာ Ningning စကားကို အာ႐ုံမေရာက္....ဖုန္းကိုင္ရင္း ေအာ္ဟစ္ေနတဲ့ Karinaကို ၾကည့္ၿပီး အသည္းယားေနသည္
"ေသၿပီေလ လာမကယ္ၾကဘူး ေသၿပီ .."
Karina ဂိမ္းထဲ သူမ ေသသြားလို႔ စိတ္ပ်က္လက္ပ်က္နဲ႕ ေအာ္လိုက္စဥ္ ရယ္သံၾကားလို႔ ၾကည့္လိုက္ေသာအခါ
"Aww ခ်ာတိတ္ပါလား.... ပိုက္ဆံက်ေပ်ာက္ျပန္ၿပီလား "
Karinaရဲ႕ စကားေၾကာင့္ Winter မ်က္ေမွာင္ၾကဳတ္သြားျပန္သည္
"ဟာ မမကလည္း Chawကို ေတြ႕တိုင္း ပိုက္ဆံက်ေပ်ာက္လားဘဲ ေမးေနတာ ...."
Winter ႏႈတ္ခမ္းစူၿပီး ေျပာေတာ့ Karinaမွာ eyesmile ေလးေပၚေအာင္ ၿပဳံးလိုက္သည္
"ပိုက္ဆံက်ေပ်ာက္တဲ့ ခ်ာတိတ္ဆိုၿပီး မွတ္မိေနလို႔ပါေနာ္ "
"ဒါဆို မမက Chawကို စိတ္ထဲမွတ္မိေနတယ္ေပါ့ "
"ဒါေပါ့ ေကာလိပ္ စစတက္ခ်င္း သူငယ္တန္းကေလးလို ပိုက္ဆံက်ေပ်ာက္တဲ့ ခ်ာတိတ္ဘဲကို "
Karinaရဲ႕ စကားေၾကာင့္ Winterမွာ Karinaကို မ်က္ေစာင္းထိုးလိုက္ေသာအခါ Karinaမွာ ဇက္ေလးပုဝင္ကာ ၿပဳံးျပလိုက္သည္
"ဒီမမကေတာ့ ငါ့ကို အဲ့အၿပဳံးေတြနဲ႕ ျပဳစားျပန္ၿပီ မျဖစ္ေသးပါဘူး မမနဲ႕ ပိုရင္းႏွီးေအာင္ Daddyကို PUBGေဆာ့နည္း သင္ခိုင္းရမယ္ Daddyက PUBG ေဆာ့တာကြၽမ္းတယ္ေလ ဒီေတာ့ မမနဲ႕အတူ တြဲေဆာ့ရင္း ခင္ေအာင္လုပ္ရမယ္ ဟိဟိ...."
Winter တစ္ေယာက္ သူ႕အေတြးနဲ႕သူ စပ္ၿဖီးၿဖီးနဲ႕ ၿပဳံးေနစဥ္ က်န္သုံးေယာက္မွာ ႐ုပ္တည္ႀကီးေတြနဲ႕ Winterကို ၾကည့္ေနၾကသည္
#Tbc
တစ္ေနကုန္ လိုင္းေပၚကေန တိုက္ပြဲဝင္ေနၾကသူမ်ားအတြက္ ခဏတျဖဳတ္ အေမာေျပေစရန္ Fic ဒိတ္ေပးလိုက္ပါၿပီအေမာေျပတယ္ဆို ေက်နပ္ပါတယ္ဗ်ာ😁
Bạn đang đọc truyện trên: Truyen3h.Co