Truyen3h.Co

Choice

Choice Part-1

KimFany059

Tiffany တစ်​​ယောက်​ သူ့ရဲ့ Dinning Roomထဲမှာ ​​ရေခဲ​သေတ္တာဖွင့်လို​က်​ အရွက်​​တွေ ​ဆေးလိုက်​နဲ့
အလုပ်​ရှုပ်​​နေ၏

သူအလုပ်​ရှုပ်​​နေတာကို ကြည့်​ပြီး သ​ဘောကျ​နေသူ တစ်​​ယောက်​ရှိ၏

"ဘာလို့ ငါ့ကို ကြည့်​ပြီး ပြုံး​နေတာလည်း"
Fany သူလုပ်​ထားတဲ့ sandwichကို ပန်းကန်​ပြား​ပေါ် တင်​ပြီး ​မေးလိုက်​သည်​။

"တစ်​ခုခုများ ​ရယ်​စရာရှိ​နေလို့လား....."

"အရမ်းလှတဲ့ ​ကိုယ့်​ချစ်​သူကို ကြည့်​​ရင်းကြည့်​ရင်း ပိုပိုသ​ဘောကျလာလို့ပါကွာ...."

"ငါ့ကို ကြည့်​​နေရရင်​ နင်​အမြဲ ပြုံးမိနေတယ်​​ပေါ့....."

Yul sandwich စား​နေရာမှ ရပ်​ပြီး Fanyကို ကြည့်​လိုက်​သည်​။

"ကိုယ်​ မင်းကို အကြင်​နာ​ပေးချင်​လို့ ရလား "

Fany ရယ်​ပြီး Yulရဲ့ နှာ​ခေါင်းကို ဆွဲကာ
"No...."

"ဘာလို့လည်း....မင်းကို အရမ်းချစ်​တဲ့ ချစ်​သူကို နမ်းခွင့်​မ​ပေးဘူးလား....."

Fany Eyesmile ​လေး​ပေါ်​အောင်​ ရယ်​လိုက်​ပြီး
"No....sandwich လုပ်​​ပေးထားတယ်​​လေ.....နမ်းခွင့်​မရှိ​တော့ဘူး....."

Yul သူ့လက်​ထဲက Sandwich ကို ပန်းကန်​ပြား​ပေါ် ပြန်​တင်​ပြီး
"Yah ဒါ​တော့ မတရားဘူး Sandwichနဲ့ အကြင်​နာ ဆိုင်​မှမဆိုင်​တာ....."

"ဒါဆို မနက်​တိုင်း sandwich လုပ်​​ပေးဖို့ ဘာလို့ ဂျီလာလာကျတာလည်း ​ပြော...."

"ဘာလည်း မင်းအိမ်​ကို လာမလည်​​စေချင်​လို့လား...."

"ဒါ​ပေါ့ ရှင်​က မနက်​အ​စောကြီး ​ရောက်​​ရောက်​လာ​တော့ ကျွန်​မက အိပ်​​ရေးပျက်​တယ်​ရှင့်​......."

"Ash...စိတ်​မ​ကောင်းလိုက်​တာ"

Yul စိတ်​မ​ကောင်းတဲ့ပုံစံနဲ့ Fany နားတိုးပြီး ရုတ်​တရက်​ နမ်းလိုက်​သည်​။

"Yah...လူဆိုး....မနမ်းရဘူး ​ပြောထားတာကို...."
Yulရဲ့ ရင်​ဘတ်​ကို ဖွဖွ​လေးထုပြီး Fany ​ပြောလိုက်​သည်​။

"Haha ကိုယ့်​ချစ်​သူကို နမ်းတာနဲ့ လူဆိုးဖြစ်​​ရောလား ၀က်​​ပေါက်​လေးရဲ့....."
Yul ရယ်​ပြီး ​ပြောလိုက်​သည်​။

"ရတယ်​​လေ....မနက်​ဖြန်​ကျ sandwich မလုပ်​​ပေး​တော့ဘူး......."

Yul သူ့​မေး​စေ့ကို လက်​နဲ့ပွတ်​ပြီး
"ရတယ်​​လေ......ကမ္ဘာ​ပေါ်မှာရှိတဲ့ Sandwich ဆိုင်​​တွေက​နေ sandwich​တွေကို ၀ယ်​​မယ်​​လေ.....အကြင်​နာက​တော့ ဟဲဟဲ....မင်းကိုဘဲ ...."

တံခါး​ခေါက်​သံ​ကြောင့်​ Fany စကား​ပြော​နေတာကို ရပ်​ပြီး တံခါးသွာဖွင့်​​ပေး​လေသည်​။

"Yah Tiffany....ဘာလို့ အ၀တ်​အစား​တွေ မလဲထားတာလည်း ....."
Fanyရဲ့ မန်​​နေဂျာဖြစ်​သူ Boraက ​ဆူလိုက်​သည်​။

"Yul...သူ​လေ...သူ့အတွက်​ မုန့်​လုပ်​ခိုင်း​နေတာနဲ့ လုပ်​​​ပေး​နေရတာ...အဲ့တာ​ကြောင့်​ အ၀တ်​အစား မလဲရ​သေးတာ..."
Fany နှုတ်​ခမ်း​လေး စူပြီး သူ့မန်​​နေဂျာကို တိုင်လိုက်​သည်​။

"What! ဘာလို့ ကိုယ့်​ကို...."
Yul ပလုပ်​ပ​လောင်းနဲ့ ​ပြောလိုက်​သည်​။

Boraမှာ Yulကို မျက်​​စောင်းထိုးပြီး
"Yul.....Sandwich လုပ်​ဖို့ အတွက်​ စားဖိုမှူး​တွေငှါးနိုင်​တဲ့ အထိ ချမ်းသာတာကို ဘာလို့ Fanyကို လုပ်​ခိုင်းတာလည်း.....Fany practice ​နောက်​ကျရင်​​တော့​နော်​ ဟင်းဟင်း"

"Wow မင်းတို့ ဘာ​တွေဖြစ်​​နေကြတာလည်း ဟမ်​..."

"ပြီး​​တော့ Fany အိမ်​ကို ခဏခဏ လာလို့မရဘူး​လေ....သ​တင်း​ထောက်​​တွေက မိသွားရင်​ ဘယ်​လိုလုပ်​မလည်း .....Dating New​တွေ ထွက်​လာရင်​ Fanyဘဲ နာမည်​ကျမှာ​နော်​......"

"What.. .....အဲ့လို Fan​တွေကို တအားစိတ်​ပျက်​မိတာဘဲ...."

Bora သက်​ပြင်းချပြီး
"Fany ​ရေမချိုးရ​သေးဘူးမလား သွားချိုး​တော့...."

Yulလည်း Fany ​ရေချိုးခန်းထဲလည်း ၀င်​​ရော ပြန်​သွား​လေ၏

~~~~~~~±~~~~~~~±±~~~~~~
SM entertainment ကို သွားရာလမ်း၌ ကား​ပေါ်တွင်
"​ရော့ ဒါက နင့််ရဲ့ Drama အသစ်​အတွက်​ ဇာတ်​ညွန်း.....​ဒါရိုက်တာ ​Kim Eun Sook က လာပို့ထားတာ"

Fanyကို ဇာတ်​ညွှန်းစာရွက်​​တွေ Bora လှမ်း​ပေးလိုက်​သည်​။

"​သေချာဖတ်​​နော်​....."

"ဇာတ်​ကားနာမည်​က Memory ဟုတ်​လား.. ..."

"နာမည်​​ရွေးမ​နေနဲ့....အခုကားမှာ နင်​က ​​ခေါင်း​ဆောင်​မင်းသမီး​နော်​......Hong Jong Hyunနဲ့ ရိုက်​ရမှာ ......"

Hong Jong Hyunဆိုတဲ့ နာမည်​ကြားတာနဲ့ Fany အရမ်း​ပျော်​သွားပြီး
"Omo Jong Hyun Oppaနဲ့လား "

"မိန်းမ ရှင်​​တော့ kiss sense​တွေ ဘယ်​​လောက်​ပါလည်းဆိုတာ ​တွေး​နေပြီ မဟုတ်​လား....."
Fanyမှာ Jong Hyunကို အရမ်း သ​ဘောကျတာ သိ​သော​ကြောင့်​ Bora စလိုက်​​လေသည်​။ (တကယ်​တော့ ၀က်​​ပေါက်​သ​ဘောကျတာ မဟုတ်​ဘူး Author သ​ဘောကျတာရယ်​😁)

Fany ​ပြောင်​ပြပြီး ဇာတ်​ညွှန်းကို စဖတ်​လိုက်​သည်​။

"Yul နင့်​ရဲ့ kiss sense ​တွေကြည့်​ပြီး အဆင်​​ပြေပါ့မလား....."

"ငါက မင်းသမီးဆိုတာ သူသိတယ်​​လေ...ငါ့ကို ချစ်​မှ​တော့ ..complain တက်​ခွင့်​မရှိဘူး...."

"Yul ခံစားချက်​ကို နင်​ မသိ​သေးဘူးဆို​တော့....နင်​ သူ့ကိုမချစ်​ဘူး မဟုတ်​လား...."

"ငါ သူ့ကို ချစ်​ပါတယ်​....."
Fany ဇာတ်​ညွှန်းဖတ်​ရင်း ​ဖြေလိုက်​သည်​​။

"နင်​ ​ရေချိုးတုံးက သူနဲ့ စကား​တွေ​ပြောဖြစ်​​သေးတယ်​....."

"ဟုတ်​လား ဘာ​တွေ​ပြောကြတာလည်း....."

"သူက နင့်​အတွက်​ ကိုယ်​ပိုင်​ entertainment ​ထောင်​မယ်​တဲ့ ဒါဆို နင်​နဲ့သူ့ရဲ့ datingကို ၀န်​ခံလို့ရပြီ​လေ....."

"သူ စ​နေတာ​နေမှာပါ ငါ အခု SMနဲ့ စာချုပ်​မကုန်​​သေးဘူး​လေ....အဲ့​တော့ .လက်​ထပ်​ဖြစ်​မှာမဟုတ်​​သေးဘူး..."

"လက်​ထပ်​မယ့်​အ​ကြောင်း ငါ​ပြော​နေတာမဟုတ်​ဘူး ​နေပါအုံး သူနင့်​ကို လက်​ထပ်​ခွင့်​​တောင်းလား...."

"No.....စာချုပ်​သက်​တမ်း ပြည့်​တဲ့ထိ ​စောင့်​​နေတယ်​​ပြောတာဘဲ...."

"Yulလို ​ယောင်္ကျားမျိုးကို ချစ်​သူ​တော်​ရတာ နင်​တကယ်​ ကံ​ကောင်းတယ်​...."

"Bora yah....ငါ့ရဲ့ သီချင်းအသစ်​ အ​ခြေအ​နေက ဘယ်​လိုလည်း .......Dramaရိုက်​ရင်း ထုတ်​ရင်​ promotion အတွက်​ အဆင်​​ပြေပါ့မလား....."

"Omm အဲ့ဒါကို ​ဆွေး​နွေးချင်​လို့ SMကို ငါတို့ သွားကြမှာ​လေ...."

Boraတို့ စကား​ပြောရင်း SMကို ​ရောက်​လာကြသည်​။

Bạn đang đọc truyện trên: Truyen3h.Co