Choice Part-2
Fany SM entertainmentထဲ ၀င်လာတော့ ၀န်ထမ်းကောင်မလေး သုံးလေးယောက်မှာ စုရုံးကာ စကားပြောနေကြ၏
Fany အနားကို ကပ်သွားသော်လည်း Fanyကို သတိမထားမိဘဲ စကားသာဆက်ပြောနေကြသည်။
"သူက မန်နေဂျာ မဖြစ်သင့်ဘူး....Trainee အသစ်လေး ဖြစ်သင့်တာ....."
ဝန်ထမ်းကောင်မလေး တစ်ယောက်က ပြောလိုက်သည်။
"Trainee...No...Idol ဒါမှမဟုတ် မင်းသားဖြစ်သင့်တာ....သူက အရမ်းချောတာဘဲ.. ...."
ဝန်ထမ်းကောင်မလေး နောက်တစ်ယောက်က ထပ်ပြောသည်။
"သူ အဲ့တာတွေ တစ်ခုမှ မလုပ်တာကို ငါက ကျေးဇူးတင်တယ်....ဒါမှ သူနဲ့ အလွယ်တကူ နီးစပ်ခွင့်ရမှာလေ..မဟုတ်ရင်ကျ......"
နောက် ၀န်ထမ်းကောင်မလေးက စိတ်လှုပ်ရှားစွာနဲ့ ပြန်ပြောသည်။
"Yah Yah....စုစုရုံးရုံးနဲ့ ဘာတွေပြောနေကြတာလည်း အလုပ်မလုပ်ကြဘူးလား ဟမ်...."
Bora သူ့ရဲ့ ဂျူ နီယာလေးတွေကို ဟောက်လိုက်သည်။
ဝန်ထမ်းကောင်မလေးတွေမှာ ချက်ချင်းဘဲ ခေါင်းငုံ့ပြီး တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် Bora sunbaenim.....နေက်ထပ်မဖြစ်စေရပါဘူး...."
Fany ရယ်လိုက်ပြီး
" ဘယ်Trainee ကောင်လေးက နင်တို့ရဲ့ attention ကို ယူလိုက်ပြန်ပြီလည်း...."
"Trainee မဟုတ်ဘူး Fany Unnie......မန်နေဂျာအသစ်တဲ့.....မင်းသားရှုံးတယ် ....ချောလိုက်တာများ ....."
ဝန်ထမ်းတစ်ယောက်က ပြောလိုက်သည်
"မန်နေဂျာအသစ်......Kim Taeyeonကို ပြောတာလား...."
Bora မျက်ခုံးပင့်ပြီး မေးလိုက်သည်။
Boraရဲ့ စကားကြောင့် Fany လန့်သွားတယ်....
"ဘာ...ဘယ်လို...သူ့ရဲ့နာမည်ကို ပြန်ပြော...."
Boraကို ကြည့်ပြီး Fany မေးလိုက်သည်။
Fany သူ့ရဲ့ အံ့သြမှုတွေကို မထိန်းချူပ်နိုင်ဘဲ မျက်နှာမှာ ပေါ်နေ၏
"June Oppa မနေ့က ပြောတယ်လေ....မနက်ဖြန် မန်နေဂျာ အသစ်လာမယ်လို့....Kim Taeyeon လား..Kim Taeyongလား....Kim Taehyunလား မသိဘူး...."
Bora မန်နေဂျာအသစ်ရဲ့ နာမည်ကို ပြန်စဉ်းစားနေတယ်.....
"ဘာလို့လည်း...."
Bora ရုတ်တရက်မေးလိုက်တဲ့ မေးခွန်းကြောင့် Fany ချောင်းဟန့်ပြီး
"ဘာ..ဘာမှမဟုတ်ဘူး.. ..၀န်ထမ်းတွေက သည်းသည်းလှုပ်နေကြလို့ ဒီတိုင်း သိချင်လို့ပါ...."
"Aww...သူ့ကို ဒီလောက် သည်းသည်းလှုပ်ကြတယ်ဆိုတော့ သူတကယ်ချောလို့နေမှာပေါ့....."
Bora ပြောပြီး ဓာတ်လှေကားထဲ ၀င်သွားလိုက်သည်။
Meeting Roomထဲတွင် Fany တစ်ယောက် အတွေးထဲ စီးမြောနေ၏
"လောကကြီးမှာ လူတွေအများကြီး ရှိနေတာကို နာမည်တူတာဘဲ ဖြစ်မှာပါ...."
Fany တိုးတိုးလေး သူ့ကိုယ်သူ ပြောလိုက်သည်။
" ပြီးတော့....Kim Taeyeonက ဘယ်တော့မှ ပြန်လာနိုင်မှာမှ မဟုတ်တာ.. ..လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သူသေသွားခဲ့ပြီလေ......"
Taeyeon နဲ့ သူ့ရဲ့ အမှတ်တရတွေ ပြန်တွေးပြီး Fany နာကျင်နေ၏
အချိန်တွေသာ နောက်ပြန်လှည့်လို့ရရင် Taeyeonကို သေခြင်းတရားမှ ပြန်ကယ်ချင်သည်။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ Fany သိနေတယ်လေ.. ...
"အရာအားလုံးက မရှိတော့ဘူးလေ....လက်ခံနိုင်ဖို့ ပိုကြိုးစားရမယ်....."
လွန်ခဲ့တဲ့ နှစ်တွေက Taeyeonရဲ့ အုတ်ဂူကို သွားတိုင်း သူ့အမေက Fanyကို နှစ်သိမ့်ပေးခဲ့တဲ့ စကားတွေ Fany ပြန်ကြားယောင်နေမိသည်။
"ငါ့ကလေးက အခုဆို အေးအေးချမ်းချမ်း အနားယူနေပါပြီ💭💭"
Fany တွေးပြီး ပြုံးလိုက်သည်။
ဒါပေမယ့် အခုနာမည်ကြီးနေတဲ့ Kim Taeyeonဆိုတာ ဘယ်သူလည်းလို့ Fany သိချင်နေမိသည်။
တစ်နေကုန်နီးပါး သီချင်းအသစ်အတွက် အသံသွင်းနေရတာနဲ့ Fany အလုပ်ရှုပ်နေ၏
Yulမှာ သီချင်းရေးတဲ့ ဆရာနဲ့ ထုတ်လုပ်သူ အဖြစ် SMမှာ လုပ်ပြီး Fanyကို အားပေးဖို့ သူ့အခန်းထဲကနေ ထွက်လာလေ၏
Michael Jacksonရဲ့ လမ်းလျှောက်ပုံနဲ့ လျှောက်ပြီး အခန်းထဲ ၀င်လာတဲ့ Yulကို ကြည့်ပြီး Fany ရယ်မိသွားတယ်
Bora ပြောတဲ့ စကားက မှန်သည် .....Yulလို ချစ်သူမျိုးရထားတာ Fany အရမ်းကံကောင်းသည်။ Fanyကို အမြဲ Yulက ပျော်အောင်ထားသည်။ Yulနဲ့ အတူရှိနေလျှင် Fanyမျက်နှာမှာ အပြုံးတွေ ဝေဆာလို့.....
"Yul ရှိနေတာကို ငါ တစ်ခြားကောင်လေးအကြောင်း မတွေးသင့်ဘူး💭"
Fanyမှာ Yulရှိရက်နဲ့ Taeyeon အကြောင်း တွေးမိတာ အပြစ်ရှိသလို ခံစားရလို့ သူ့ကိုယ်သူ သတိပေးလိုက်သည်။
"Yul....မပြန်သေးဘူးလား...."
"No မပြန်ရသေးဘူး....Red velvet အတွက် songတစ်ခု လုပ်နေရလို့...."
Yulရဲ့ ပါးကို Fany နမ်းလိုက်ပြီး
"အလုပ်တွေ နင်းကန်မလုပ်ပါနဲ့....ပင်ပန်းနေရင် အိမ်ပြန်ပြီး အနားယူလိုက်ပါနော်....."
Yul ခေါင်းညိတ်ပြပြီး Fany ကို ပြန်နမ်းလိုက်သည်။
"Fany yah မပြန်သေးဘူးလား.....oh gosh...စောင်အတွဲတွေနဲ့ ဘုကလန့်  ငါနဲ့တော့......."
Bora သက်ပြင်းချပြီး အခန်းပေါက်ကနေ လှည့်ပြန်သွား၏
Fany သူ့ချစ်သူကို နှုတ်ဆက်ပြီး SMက ထွက်လာကာ ကားပေါ်တက်တော့ Bora phကို ကြည့်ရင်း
"အခန်းထဲမှာ ဖြစ်ချင်တိုင်း ဖြစ်မနေကြနဲ့...ဂျူနီယာတွေက နင့်ကိုကြည့်ပြီး အတုယူနေကြအုံးမယ်........"
Fany စပ်ဖြီးဖြီး လုပ်ပြတော့ Fany ကို Boraမျက်စောင်းထိုးလိုက်သည်
အိမ်ပြန်လမ်းတွင် Fany သူသိတဲ့ လူတစ်ယောက်ကို တွေ့ပြီး
"Taeyeon......"
'Wae...."
Fany ကြည့်တဲ့နေရာကို Boraကြည့်လို်က်သည်။
"Hyo Oppa.....ကားခဏရပ်ပေးပါ...."
Fany သူ့ရဲ့ ဒရိုင်ဘာ Oppaကို ပြောလိုက်သည်။
Hyoလည်း ကားရပ်ပေးတော့ Fany ကားပေါ်ကဆင်းပြေးသွားသည်။
ဘယ်လောက်ထိ ပြေးမိမှန်းမသိပေမယ့် Taeyeonကို မတွေ့ရပေ.....ဒါပေမယ့် Taeyeonဆိုတာ Fanyသေချာသည်။
"Fany yah ဘာဖြစ်တာလည်း ဘာလို့ ပြေးသွားတာလည်း....."
Bora အနောက်ကနေ ပြေးလာပြီး မေးလိုက်သည်
Fany ခေါင်းခါပြပြီး
"No No.....မဖြစ်နိုင်ဘူး.. .."
"Fany ဘာဖြစ်နေတာလည်း......."
Bora ထူးဆန်းနေတဲ့ Fanyရဲ့ အမူအရာကို ကြည့်ပြီး မေးလိုက်သည်
"ငါ...ငါတွေ့လိုက်တယ်...."
Fany သူ့နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်သည်။
"ဘာကို တွေ့တာလည်း..."
"သရဲ...သရဲကို တွေ့လိုက်တယ်.. ..."
'သရဲ...ဘယ်နဲ့ကြောင့် သရဲကို ဖမ်းဖို့ ကြိုးစားနေတာလည်း အရူးမရဲ့.. ...."
Bora သူ့ Fanyကို ငေါက်လိုက်ပြီး ကားရှိရာကို ဆွဲခေါ်သွားသည်
Fanyကတော့.......သရဲလား....သူဘဲ မြင်မိရာမြင်နေတာလားဆိုပြီး တွေဝေရင်း.....
Bạn đang đọc truyện trên: Truyen3h.Co