Choice Part- 18
"Hello Sunny Noona...."
"Yul ah come on အထဲဝင်ခဲ့လေ....."
SM CEOရဲ့ တူမဖြစ်သူ Sunny ရဲ့ ရုံးခန်းသို့ Yul ရောက်လာတယ်....
"Manager အသစ် Kim Taeyeon ရဲ့ အကြောင်းများ သိသလားလို့ "
Sunny ပြုံးပြီး file တွဲတွေထားတဲ့ စင်ဘက်ကို သွားလိုက်သည်
"Yul ah....Kim Taeyeonနဲ့ ပတ်သက်ပြီး Noona အားလုံးနီးပါး ပြောပြနိုင်ပေမယ့် မင်းက အဲ့ဒီအတွက် Noonaကို ဘာပြန်ပေးမလည်း ....ဒီသယက ၀န်ထမ်းတွေရဲ့ အကြောင်းအရာတွေကို အလွယ်တကူ ပေးလို့မရဘူးဆိုတာ သိတယ်ဟုတ်.... "
Yul ပြုံးပြီး လက်ထဲက ဘူးကို ဖွင့်လိုက်သည်
"အဲ့ဒါတွေ ကြိုသိလို့ ပြင်ဆင်လာပါတယ်ဗျာ Noona ပျင်းရင်ဆော့ဖို့ Game စက် ..."
"Wowo......."
Sunny game စက်ကို မြင်တော့ အရမ်းပျော်သွားတယ်
"Wait...Kim Taeyeon နဲ့ ပတ်သက်ပြီး ဘာသိချင်လည်း ငါ ရှာပေးမယ်....နေပါအုံး ဘာလို့ သူ့အကြောင်း သိချင်ရတာလည်း "
Yul ကိုကြည့်ပြီး Sunny မေးလိုက်တော့ Yul ချောင်းဟန့်ကာ
"အာ...ဒီတိုင်း သိချင်ရုံပါ....လူတိုင်းက သူ့ကိုချစ်ကြတယ်လေ အထူးသဖြင့် ၀န်ထမ်းမိန်းကလေးတွေလေ "
Yul စကားကြောင့် Sunny ရယ်လိုက်ပြီး
"မင်း မနာလိုနေတာလား....ဒါမှမဟုတ် မင်းချစ်သူ Tiffany ကလည်း အဲ့ကောင်လေးကို သဘောကျသွားမှာ စိတ်ပူနေတာလား "
" ah အဲ့လိုမဟုတ်ပါဘူး....."
"အော် အင်းပါ ဒါဆို ခဏစောင့် ရှာပေးမယ် "
Yulလည်း ခဏထိုင်လိုက်ပြီး သူ့ချစ်သူဆီ စာပို့လိုက်သည်....
"Hey Here Kim Taeyeon အကြောင်းတွေပါတဲ့ ဖိုင်တွဲ မိတ္တူ ကူးပေးလိုက်မယ်နော်....."
"Gomawo Noona..အာ...ဒါနဲ့ သူ့ကို ဘယ်သူအလုပ်လက်ခံခဲ့တာလည်း သိလား..."
"Maybe Siwon Oppa...ဘာလို့လည်း."
"ဘာမှမဟုတ်ပါဘူး ကူညီပေးလို့ gomawo Noona...."
Siwonဆီကို Yul သွားလိုက်သည်...
"ဘာလို့ သူ့အကြောင်း သိချင်ရတာလည်း သူက ဘာအမှားလုပ်ထားလို့လည်း....."
Siwon ခေါက်ဆွဲစားရင်း မေးလိုက်သည်
" ဘာမှမလုပ်ပါဘူး အခုရက်ပိုင်း သူတအား နာမည်ကြီးနေလို့လေ မန်နေဂျာ မလုပ်ဘဲ idol လုပ်တာ ပိုကောင်းမလားလို့ပါ "
"အဲ့တာ ငါ့အလုပ်မဟုတ်ဘူးလေ....ငါကတော့ သူ မန်နေဂျာတစ်ယောက်ရဲ့ အရည်အချင်း ပြည့်ဝတယ်ထင်လို့ လက်ခံလိုက်တာ...."
"Aww အင်းပါ ကျွန်တော်က သူနဲ့ သူငယ်ချင်း ဖြစ်ချင်လို့ "
" အဲ့တာဆို ငါ့ညီ မင်း လူမှားနေပြီ အကိုက Kim Taeyeon မဟုတ်ဘူးလေ သူနဲ့ သူငယ်ချင်း ဖြစ်ချင်ရင် သူ့ဆီသွားပေါ့ ....."
Yul လည်း Siwonဆီက ဘာသတင်းမှ မရလို့ နှုတ်ဆက်ပြီး သူ့ရုံးခန်းသို့ ပြန်သွားလေသည်
"Hyung... CEOရဲ့ တူဝမ်းကွဲတစ်ယောက်လေ Kim Taeyeonရဲ့ အကြောင်း လာမေးတယ်..."
Siwon ချက်ချင်းဘဲ တစ်စုံတစ်ယောက်ဆီကို ဖုန်းဆက်လိုက်သည်....
" စိတ်မပူပါနဲ့  ကျွန်တော် ဘာမှမဖြေလိုက်ဘဲ ဟောက်လိုက်တယ်...."
Siwon တဖက်ကလူပြောတာ နားထောင်ပြီး ပြန်ပြောလိုက်သည်...ထို့နောက် ဖုန်းချကာ ခေါက်ဆွဲဆက်စားနေသည်
Yul လက်မလျော့ဘဲ ပေးလိုက်တဲ့ စာရွက်တွေကို ဖတ်ကာ Taeyeonရဲ့ မွေးရပ်မြေသို့ လိုက်သွားလေသည်.....
"Kim Taeyeon ရှိလားဗျာ့...."
အိမ်တစ်အိမ်ရှေ့တွင် ရပ်ကာ မေးသော်လည်း ဘယ်သူမှပြန်မဖြေချေ...
သို့သော် ဘေးအိမ်က အဘွားအိုတစ်ယောက် ထွက်လာခဲ့ပြီး
"Kim Taeyeonဆိုတဲ့ ကောင်လေးက ဆိုးလ်ကို ပြောင်းသွားပြီ လူလေး ဘာဖြစ်လို့လဲ "
အာ ကျွန်တော်က သူ့ရဲ့ ကျောင်းနေဖက် သူငယ်ချင်းပါ.ဆယ်နှစ်လောက်ထိ နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ အခု...ခွင့်ရလို့..နိုင်ငံခြားက ပြန်လာတုံးလေး သူ့ကိုသတိရလို့ လာတွေ့တာပါ အဘွား...".
ပါးစပ်ထဲ ရှိရာ စကားတွေနဲ့ လိမ်ပြောလိုက်သည်....
"Aww အဲ့နှစ်တွေတုံးက အဲ့ကလေး တော်တော်ခက်ခဲခဲ့တာ....
"ဟင် ဘာဖြစ်လို့လဲ အဘွား.. .."
"သူ လူသတ်ခဲ့ပြီး ထောင်ကျခဲ့တယ်လေ...."
~~~~~~~~~~~~ ~~~~~~~~~~~ ~~~~~~~
နောက်တနေ့ မနက် SM entertainment ရှေ့တွင်
"Yah Kim Taeyeon စကားပြောရအောင်...."
"မင်းနဲ့ စကားပြောဖို့ ငါ့မှာ အချိန်မရှိဘူး...."
Taeyeon ခပ်အေးအေးပင် ပြန်ပြောလိုက်သည်
" အေး ဒါဆိုရင် မင်းလူသတ်သမားဆိုတာ ငါ အားလုံး သိအောင် ဖော်မှာနော်....."
"ဟ ဖော်လိုက်ပေါ့ ငါက ဘာမှမဖြစ်ဘူး Tiffanyဆိုတဲ့ မင်းကောင်မလေးဘဲ ထိခို်က်မှာ... "
Taeyeon ရဲ့ အင်္ကျီကော်လံကို Yulဆောင့်ဆွဲလိုက်ပြီး
"တောက် ခွေးမသား မင်း ဘာလိုချင်လို့လည်း ငွေဘယ်လောက်လိုချင်လို့လည်း ပြော ငါ ပေးမယ်....ပြီးရင် အဲ့ငွေတွေယူပြီး ပျောက်ကွယ်ပေး Tiffany ရှေ့ပေါ်မလာနဲ့....
" ငါလိုချင်တာ ငွေမဟုတ်ဘူး ငါ ဒီအလုပ်ကို လာလုပ်တယ်ဆိုတာလည်း အလုပ်မရှိလို့ အေး ငါ့အကြောင်း လိုက်ပြီးစုံစမ်းနေမယ့်အစား မင်းသိပ်ချစ်လှပါတယ်ဆိုတဲ့ ကောင်မလေးကိုဘဲ ဂရုစိုက်စမ်းပါ..."
Taeyeonပြောပြီး Yulရဲ့ လက်ကို ဆောင့်ဖယ်ကာ အဆောက်အဦးထဲသို့ ၀င်သွားလေသည်။
Bạn đang đọc truyện trên: Truyen3h.Co