Truyen3h.Co

Choice

Choice Part-17

KimFany059

Taeyeon သူ့ခြံ​ထဲ​မှာ ဒူး​ထောက်​လိုက်​ပြီး ​ကောင်းကင်​ကြီးကို ​မော့ကြည့်​​နေတယ်​ ....

ထောင်​ထဲမှာ ​နေခဲ့ရတဲ့ အချိန်​အတွင်း Fanyကို သူ အရမ်းလွမ်း​နေသတိရ​နေခဲ့တာ....

ဒါ​ပေမယ့် Fanyကို ​တွေ့လိုက်​ရတဲ့အချိန်​ Taeyeon သူ့နှလုံးသားကို သူ သတ်​ပြီး Fanyကို မနာကျင်​​အောင်​ ကာကွယ်​​ပေးဖို့ ဆုံးဖြတ်​လိုက်​သည်

Fany ​ရှေ့မှာ ဘာခံစားချက်​မှ မရှိသလို ​နေရတာ Taeyeonအတွက်​ အလွန်​ခက်​ခဲလှပါသည်​....သို့​သော်​လည်း Taeyeon ကြိုးစားပြီး ဟန်​​ဆောင်​ခဲ့တယ်

Fanyနဲ့ သူနဲ့က ​လျှောက်​တဲ့လမ်းချင်း မတူဘူး​လေ....ပြီး​တော့ Fanyကို အ​မှောင်​ထဲ ဒုက္ခ​တွေထဲ ဆွဲမ​ခေါ်ရက်​ပါ....Fanyရဲ့ သာယာတဲ့ ဘ၀ကို မဖျက်​စီးချင်​​ပါ.....

ဘယ်​​လောက်​ဘဲ နာကျင်​ပါ​စေ Fany​ရှေ့တွင်​ ဘာမှမဖြစ်​သလို ဟန်​​ဆောင်​သည်

ဆယ်နှစ်​ကြာပြီး​နောက်​ ​​Fany ပထမဆုံး သူ့မျက်​နှာကို ထိ​တွေ့​တော့ Fanyကို ဖက်​ပြီး နမ်းပစ်​ချင်​စိတ်​ကို Taeyeon မနည်းထိန်းထားရသည်​.....

Fany သတိ​မေ့သွား​တော့ ​ပွေ့ချီပြီး SMရဲ့ ၀န်​ထမ်း​တွေဆီ သွားပို့ခဲ့တာလည်း Taeyeonပါ...

ဘယ်​သူမှ သတိမထားမိ​အောင်​ ​ဆေးရုံမှာ ​နေပြီး Fany သတိရ​လာ​အောင်​ ဆု​တောင်း​ပေးသူကလည်း Taeyeon ပင်​ဖြစ်​သည်

Fany သူတို့နှစ်​​ယောက်​ ဓာတ်​ပုံပြ​တုံးကဆို သူ ဟန်​​ဆောင်​ထားတာကို လက်​​လျော့ချင်​လာပြီး Taeyeon အရှုံး​ပေးချင်​လာတယ်​.....​ထောင်​ထဲကထွက်​လာ​သော်​လည်း အခုထိ သူ့နှလုံးသားကတော့.........ချုပ်​​နှောင်​ခံထားရဆဲ

"Yul....yul shii...."
Sica အသံ​ကြောင့်​ Yul အ​တွေးနယ်​လွန်​ရာမှ ရပ်​သွားသည်

စတူဒီယိုထဲတွင်​ Sicaရဲ့ သီချင်းအသစ်​အတွက်​ Yul လုပ်​​ပေး​နေခြင်း ဖြစ်​သည်

"Ah sorry.....ကျွန်​​တော်​တို့ ဘယ်​​ရောက်​သွားပြီလည်း....."

Sica ရယ်​လိုက်​ပြီး

"ကြည့်​ရတာ ရှင်​ အ​တွေးလွန်​​နေပုံဘဲ "

Yul စပ်​ဖြီးဖြီးဖြင့်​ ​ခေါင်းခါပြသည်

"Ah vocal ပိုင်းက စကြမလား....."

"Ok Yul...."

Sica သီချင်းဆို​နေ​ပေမယ့်​ Yul အ​တွေးထဲရှိ​နေသူက Fanyပင်​ ဖြစ်​သည်

Fanyနဲ့တွဲတာ တစ်​နှစ်​​ကျော်​ပြီး Fanyက သူ့ကို ချစ်​တဲ့ပုံ​ပေါ်​သော်​လည်း Yul ဘ၀င်​မကျတာ တစ်​ခုရှိသည်​....

သူတို့ ရည်းစားဖြစ်​တာ တစ်​နှစ်​​ကျော်​​သော်​လည်း Fanyက သူ့နဲ့ အတူအိပ်​ခွင့်​မ​ပေးဘဲ နမ်းခွင့်​သာ​ပေးထားသည်

Yul သက်​ပြင်းချမိသည်​...ကြည့်​ရတာ သူ အရမ်းနှာဘူးမိ​နေသလား....သို့​သော်​ Fany နဲ့ sex မလုပ်ဘဲ ​Fanyကို Yul သူ့လက်​​မောင်း​ပေါ်အိပ်​ခိုင်းပြီး ​အိပ်ေ​ပျာ်ေ​နတဲ့ သူ့ချစ်​သူကို ငေးကြည့်​​ချင်​မိသည်

Yul ထိုသို့ဖြစ်​ချင်​​သော်​လည်း သူ့ချစ်​သူရဲ့ ဆုံးဖြတ်​ချက်​ကို ​လေးစားမှုရှိသည်​ ....အခုထိ Fanyကို နမ်းရုံကလွဲပြီး ဘာမှမလုပ်​​ပေ.....

Yul အခု​တော့ Fanyကို နည်းနည်း သံသယ၀င်​လာသည်​....သူ့ချစ်​သူ Fany မှာ Kim Taeyeonဆိုတဲ့ ရည်းစား​ဟောင်းကို အခုထိ သံ​ယောဇဉ်​ ရှိ​သေးလား သိချင်​မိ သံသယ၀င်​​နေမိတယ်

"Yul shii အဆင်​​ပြေရဲ့လား မသိဘူး ...."

"Nae ​ပြေပါတယ်​ မနက်​ဖြန်​မှ လက်​စသတ်​ရ​အောင်​ ကျွန်​​တော်​​နေလို့မ​ကောင်းလို့...."

Yul ​ပြောပြီး studioက ထွက်​လာကာ တစ်​​နေရာသို့ သွားလိုက်​သည်

"Kim Taeyeon....."
Yoona CF ရိုက်​နေတာကို ​စောင့်​ကြည့်​​နေတဲ့ ​Taeyeonဆီ yul​ ​ရောက်​လာသည်

Taeyeon ​ခေါင်းငုံ့ကာ နှုတ်​ဆက်​လိုက်​ပြီး
"အကူအညီလိုလို့လား.....ဘာများကူညီ​ပေးရမလည်း..... "

"ငါ မင်းနဲ့ စကား​ပြောချင်​လို့ "

"Tiffany အ​ကြောင်းလား "

"မင်း ငါနဲ့ သူ့အ​ကြောင်း သိတယ်​​ပေါ့...."

Taeyeon ​ခေါင်းခါပြီး Yoonaကို ပြန်​ကြည့်​ကာ

"ဒါ ငါ့အလုပ် မဟုတ်​ပါဘူး​ "

Yul အနားတ၀ိုက်​ကို ကြည့်​​တော့ လူ​တွေအများကြီးပင်​ ထို့​ကြောင့်

"ငါတို့ တစ်​​နေရာကို သွားပြီး စကား​ပြောလို့ရလား "

"Sorry Yoona ရဲ့ schedule မပြီး​သေးဘူး "

" ရပါတယ်​ ငါ ​စောင့်​မယ်​ ခဏ​လေးဘဲ ​မေးစရာရှိ​လို့ပါ....."

"အခု​ပြောလည်း ရတယ်​​လေ...."

"ဘယ်သူမှ မသိ​စေချင်​လို့ပါ ​Yoona ရိုက်​ကူး​ရေးခဏနားတဲ့အချိန်​.... "

"Yoona ခဏနားတာနဲ့ ငါ့အလုပ်​စပြီဆိုတာ မင်း နားမလည်​ဘူးလား "

Yul ပခုံးတွန့်​ပြလိုက်​သည်

" မင်း Tiffany ကို တကယ်​ချစ်​တယ်​ဆို ငါ့ကိုလာရစ်​မယ့်​အချိန်​​တွေကို သူ့​ပေးသင့်​တယ်​ "
Taeyeon ​ပြောပြီး Yoona အတွက်​ ထိုင်​ခုံ​တွေသွားယူလိုက်​သည်​....

Yulက​တော့ ​ဒေါသဖြစ်​ကာ ကျန်​ခဲ့သည်

Bạn đang đọc truyện trên: Truyen3h.Co