Choice Part-22
Taney နှစ်ယောက်လုံး ကိစ္စပြီးနောက် အ၀တ်အစား မပါဘဲ ကုတင်ပေါ်တွင် လှဲနေကြသည်.....
Fanyမှာ အိပ်ပျော်နေတဲ့ Taeyeonကို စိုက်ကြည့်နေ၏
Taeyeon ရဲ့ မျက်လုံး..မျက်ခုံး....နှာတံ....နှုတ်ခမ်းလေးတွေက Fanyအတွက် အရမ်းကို ပြီးပြည့်စုံပြီး လှပနေတယ်.....
Taeyeonရဲ့ ဆံပင်တွေကို ဆော့ကစားရင်း Taeyeonကို သူ အခုထိ ချစ်နေသေးတယ်ဆိုတာကို Fany သိသွားခဲ့တယ်.....သူသိခဲ့တာထက် ပိုပြီး Taeyeon ကို Fany အရမ်းချစ်တာပါ......
Taeyeonအပေါ်ထားတဲ့ သူ့အချစ်တွေကို Fany ဘယ်တော့မှ မရပ်တန့်ခဲ့ပါဘူး .......
Taeyeonနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို မေ့ပစ်ဖို့ ဖျက်ပစ်ဖို့ မီးရှို့ပစ်ဖို့ ကြိုးစားပေမယ့် မရပေ....
Taeyeon မျက်နှာနားသို့ Fany တိုးကပ်လိုက်သည်.....
ထို့နောက် Taeyeonရဲ့ နှာခေါင်းလေးကို နမ်းလိုက်ပြီး
"Tae Tae....နင့်ကို ချစ်တယ်ဆိုတာ သိတယ် မဟုတ်လား....ငါ နင့်ကို အရမ်းချစ်တယ်....နင်ငါ့အနားမရှိတဲ့ အချိန်တွေဆို အရမ်းပင်ပန်းပြီး နာကျင်ရတယ်....နင့်ကိုချစ်သလို ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူး နင်သိလား နင့်ကြောင့် ငါညတိုင်းငိုခဲ့ရတယ်ဆိုတာ "
Fany တိုးတိုးလေးပြောရင်း သူ့ချစ်ရသူရဲ့ နှုတ်ခမ်းကို လက်နဲ့တို့ကာ
"Tae Tae ah.ငါ နင့်ကိုလေ ထွက်သက်ဆုံးတဲ့တိုင်အောင် ချစ်တယ်လို့ ပြောချင်တယ် နေ့တိုင်းနေ့တိုင်း နင့်မျက်နှာကိုကြည့်ပြီး ချစ်တယ်ပြောချင်တယ်......"
Taeyeonမှာ မျက်လုံးဖွင့်လာပြီး Fanyရဲ့ ပါးလေးကို လက်နဲ့ဆွဲလိုက်သည်
"Tae Tae ငါ့ကို ချစ်လားဟင် "
"ကိုယ်မင်းကို အမြဲချစ်ပါတယ် "
Taeyeon ပြုံးပြီး ဖြေလိုက်သည်
Fany မျက်ရည်တွေကျလာသည်.....
" နင် ငါ့ကိုချစ်တဲ့ အချစ်တွေကို ရပ်တန့်မပစ်ခဲ့ဘူးပေါ့...."
Taeyeon ခေါင်းခါပြလိုက်သည်
"တစ်ခါလေးတောင် မရပ်ဘူးပေါ့ "
"မရပ်ပါဘူး "
Taeyeon ရဲ့လက်ကို Fany ကိုင်လိုက်ပြီး
"အခု နင်က ငါ့ဆီ ပြန်လာပြီဆိုတော့ ဘယ်သူမှ ငါတို့ကို ထပ်ပြီး တားလို့မရတော့ဘူး ငါတို့ အတူတူထာဝရ နေသွားကြမယ်နော် ကျေးဇူးပြုပြီး ငါ့ကိုထပ်ထားမသွားပါနဲ့နော် ငါထပ်မစောင့်ချင်တော့ဘူး please Tae Tae "
Fany မျက်ရည်အရွှဲသားနဲ့ အသနားခံနေ၏
Taeyeon တဖြည်းဖြည်း Fany အနားသို့ တိုးလာကာ Fanyရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်.. ..
Fanyလည်း ပြန်တုံ့ပြန်ရင်း နောက်တစ်ချီ အချစ်ကြိုးဝိုင်းလေး ပြန်စပြန်သည်
~~~~~~~ ~~~~~~~~ ~~~~~~~ ~~~~~~~
Busan က ရိုက်ကွင်းမှာ Fany တစ်ယောက် အရမ်း တက်ကြွနေ၏.....ရုပ်ရှင်မြန်မြန်ရိုက်ပြီး သူ့ချစ်သူနဲ့ အမြန်ဆုံးအတူရှိချင်နေ၏
ရိုက်ကူးရင်းပြီးတော့ Taeyeonဆီသွားကာ
"Tae Tae.....ငါတို့ ဘူဆန်မှာ တစ်ညထပ်နေရအောင်.... "
"ဟိုတစ်ယောက်ကျ ဘယ်လိုလုပ်မလည်း "
Taeyeonမေးတော့ Fany နှုတ်ခမ်းကို ကိုက်ကာ
"အာ သူ့ကို ဆိုးလ်ကိုပြန်ခိုင်းလိုက်ပေါ့ နင်ကငါ့မန်နေဂျာဘဲ လုပ်စမ်းပါဟာ.... "
" အမိန့် တော်တိုင်းပါ ကိုယ့်ရဲ့ မင်းသမီးလေး.. .."
ဒရိုင်ဘာ Oppaလည်း ဘုမသိဘမသိနဲ့ Taeyeon အမိန့်ကြောင့် ဆိုးလ်ကိုပြန်သွားရလေ၏
"အရင်က ဘာလို့ ငါ့အပေါ် အေးစက်ခဲ့တာလည်း အဲ့တာ ငါ့ကို အရမ်းနာကျင်စေတယ်ဆိုတာမသိဘူးလား....."
ဘူဆန်ရဲ့ ကမ်းခြေတစ်ခုဘေးမှာ Taenyတို့ လမ်းအတူလျှောက်ရင်း Taeyeon ရင်ဘတ်ကို Fany ထုပြီး ရန်ထောင်လိုက်သည်....
Taeyeonမှာ ဘာမှပြန်မဖြေဘဲ Fanyကို ကြည့်ပြီး ရယ်တော့ Fany နှုတ်ခမ်းစူကာ
" မကြည့်ပါနဲ့ မေးတာကိုဖြေပါ...."
"ကိုယ် အခုထိ မင်းကို ချစ်သေးတယ်ဆိုတာ မသိစေချင်လို့ "
"Wae "
"ထားလိုက်ပါတော့ အခု မင်းသိပြီ မဟုတ်လား မင်းကို ဘယ်လောက်ချစ်လည်းဆိုတာ မင်းသိပါတယ် "
"နင်ငါ့ကို ငိုအောင်လုပ်ရတာ သဘောကျတယ်ပေါ့..."
Fany မျက်ရည်တွေကျလာသည်
" ကိုယ့်ကို ခွင့်လွှတ်ပါ....."
"နင့်ကို ငါအရမ်းချစ်နေတော့လည်း ခွင့်လွှတ်ပြီးသားပါ ဒါပေမယ့် နင်ငါ့ကို ချစ်ကြောင်းပြရမယ်....ငါ့ကိုကောင်းကောင်းဆက်ဆံရမယ် ငါ့လက်ကို ခဏခဏတွဲရမယ်....ငါ့ကို ခဏခဏဖက်ရမယ်......ပြီးတော့ နမ်း....."
"
Fany စကားမဆုံးသေး Taeyeonမှာ စကားများလွန်းတဲ့ ၀က်ပေါက်လေးကို နမ်းလိုက်သည်
"ဟီး ... "
Fany မှာ ရှက်ပြီး မျက်နှာလေး နီရဲလာသည်
Taeyeon မှာ ရှက်နေတဲ့ သူ့ချစ်သူ Fanyကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်
Bạn đang đọc truyện trên: Truyen3h.Co