Truyen3h.Co

Choice

Choice Part-23

KimFany059

"Wow Kim Taeyeon ​နောက်​ဆုံး​တော့ မင်းကို ​တွေ့ခွင့်​ရပြီ.. ... "

" မင်းကို ငါ မသိပါဘူး မင်းက ဘယ်​သူလဲ ငါ့ကို​ ဘယ်​လိုလုပ်​သိတာလည်း...."

Taeyeonမှာ သူ မသိတဲ့သူတစ်​​ယောက်​က သူ့ကို စကားလာ​ပြော​နေလို့ အံ့သြ​နေ၏.......

"Kev Nish ကို သိတယ်​ မဟုတ်​လား.....မင်း သတ်​လိုက်​တာ​လေ သူ့ကို.....​အေး ငါက John သူ့ရဲ့ အခင်​ဆုံး သူငယ်​ချင်းဘဲ... "

"ဘာ... "

"ငါ့အချစ်​ဆုံး အခင်​ဆုံး သူငယ်​ချင်းကို သတ်​လိုက်​တဲ့အတွက်​ မင်းကို လက်​စားပြန်​​ချေမယ်​.... "

Ph မြည်သံေ​ကြာင့် ​Taeyeon အိမ်​မက်​ဆိုးက လန့်​နိုးလာတယ်​.. ....

ဖုန်း​ခေါ်တဲ့သူကို ကြည့်​လိုက်​​တော့ Fany ဖြစ်​​နေသည်​လ

"Tae Tae ဘယ်​အချိန်​လာမှာလည်းကွာ အိပ်​ပုတ်​ကြီး "

Fany စကား​ကြောင့်​ Taeyeon ရယ်​လိုက်​ပြီး 

"Fany ah....Saranghae.. .. "

"နင်​ ငါ့ကို ချစ်​တာ ငါသိပါတယ်​​နော်​ ဒါ​ကြောင့်​ မြန်​မြန်​လာခဲ့​တော့ ​တွေ့ချင်​လာပြီ..... "

"အင်းပါ နှစ်​နာရီ​လောက်​ ​စောင့်​​ပေး ကိုယ်​ ​ရေချိုးပြင်​ဆင်​ပြီး လာခဲ့မယ်​​နော်​...."

"ဟင်​ နှစ်​နာရီ​ကြီး​တောင်​မှ အကြာကြီးဘဲ "

Taeyeon မှာ သူ့ချစ်​သူ ​စကား​ကြောင့်​ ရယ်​ပြီး
"ခဏ​လေးပါ အရူးမ​လေးရဲ့ ခဏဘဲ​စောင့်​​နော်​ "

Taeyeon ​ရေချိုးပြီး​နောက်​ ဆိုင်​ကယ်​ဖြင့်​ ​ကော်​ဖီဆိုင်​တစ်​ဆိုင်​သို့ သွား​လေသည်

"Hyung...."

Taeyeon လူတစ်​​ယောက်​ကို ဦးညွှတ်​ကာ နှုတ်​ဆက်​လိုက်​သည်​.....

"Johnဆိုတဲ့ တစ်​​ယောက်​ မင်းအ​ကြောင်းကို စုံစမ်း​နေတယ်​...."

Siwon မျက်​ခုံးပင့်​ပြီး ​ပြောလိုက်​သည်​....

"ကျွန်​​တော်​ သိတယ်​....သူက ဟို​ကောင်​ရဲ့ သူငယ်​ချင်း.. ..သူ့ကို တစ်​ခါမှ မ​တွေ့ဖူး​ပေမယ့်​ ခဏခဏအိမ်​မက်​မက်​ဖူးတယ်​....."

Siwonဆိုသည်​မှာ အရင်​က Taeyeonရဲ့ စီနီယာအကိုကြီးဖြစ်​ခဲ့ဖူးသည်​....ထို့​ကြောင့်​လည်း SMမှာ အလုပ်​ရ​အောင်​ ကူညီ​ပေးခဲ့ခြင်းဖြစ်​သည်

Taeyeon သက်​ပြင်းချပြီး ခုံမှာ ၀င်​ထိုင်​လိုက်​သည်​......

"Tiffanyကို အ​နှောင့်​အယှက်​ ​ပေးမှာ ​ကြောက်​​နေတာလား ...."

"Fany ကို ကာကွယ်​ဖို့ ဘာဖြစ်​​နေ​နေ ကျွန်​​တော်​ရ​အောင်​လုပ်​မယ်​ Johnဆိုတဲ့​ကောင်​ ဘယ်​မှာလဲ ဘာလုပ်​​နေလည်းဆိုတာ သိချင်​မိတယ်​ "

"​သူ့ကို​တွေ့ရင်​ ဘာလုပ်​မလို့ လဲ  "

"စကား​ပြောကြည့်​မယ်​​လေ အရင်​ဆုံး...​"

"ကဲပါ သူ့ကို ​မေ့ထားလိုက်​ ငါ တစ်​ခုခုရှာ​တွေ့ထားတယ်​  "

" accidentနဲ့ ပတ်​သက်​ပြီးလား "

Siwon ​ခေါင်းညိတ်ပြီး ​​​​Taeyeonကို စာအိတ်​​ပေးလိုက်​သည်

Fanyမှာ ပန်း​ရောင်​ဂါဝန်​​လေးဝတ်​ပြီး မှန်​ထဲက အရမ်း​ပျော်​​နေတဲ့ သူ့ပုံရိပ်​ကို ကြည့်​​နေသည်

တီး​တောင်​.. ...

Bell တီးသံ​ကြောင့်​ Fany တံခါးမြန်မြန်သွားဖွင့်ေ​​​တာ့ Taeyeon မဟုတ်​ဘဲ Bora ဖြစ်​​နေသည်​....

"​မျှော်​​နေတဲ့သူ မဟုတ်​လို့ စိတ်​ပျက်​သွားတာလား​ဟေ.... "

Bora မဲ့ပြုံးပြုံးပြီး ​မေး​တော့ Fany သွား​လေးစိပြီး ရယ်​ပြသည်

"Tiffany shii ဘာဆက်​လုပ်​မှာလည်း  "

" ဘာကိုလည်း...."

"Yul "

Fany ဘူဆန်​က ပြန်​လာ​ပြီး​နောက်​ ​ဆေးရုံကဆင်းလာတဲ့ သူ့ရဲ့မန်​​နေဂျာ Bora ကို Taeyeonနဲ့ ပတ်​သက်​သမျှ အ​ကြောင်း​တွေ ​ပြောပြထားသည်​....

"Taeyeonက နင့်​ရဲ့ ရည်းစား​ဟောင်း​နော်​ Yulကို သစ္စာ​ဖောက်​လို့ မရဘူး "

"တကယ်​ဆို Taeyeon နဲ့ ငါက အစကတည်းက လမ်းမခွဲရ​သေးဘူး "

"ဒါဆို နင်​က နှစ်​​ယောက်​လုံးနဲ့ .......နင်​ အဲ့လိုလုပ်​လို့မရဘူး​လေ...."

"ငါ သိတယ်​ ငါ့လုပ်​ရပ်​က မှား​နေတယ်​ဆိုတာ ဒါ​ကြောင့်​ Yulကို အမှန်​တိုင်း​ပြောပြချင်​တာ ငါ သူ့ကို ဆက်​ပြီး လိမ်​မထားချင်​ဘူး  "

Bora သက်​ပြင်းချပြီး

"နင် တကယ်​ဘဲ ​Yul ကို လက်​လွှတ်​မလို့လား  သူက နင့်​ကို အရာအားလုံးထက်​ ပိုချစ်​တာ​နော်​ သူက နင့်​အတွက်​ အ​ကောင်းဆုံး​ယောင်္ကျားဘဲ"

"ဒါ​ကြောင့်​ သူ့ကို ဆက်​ပြီး မနာကျင်​​စေချင်​တာ​လေ သူက​ ​ယောင်္ကျား​ကောင်းတစ်​​ယောက်​ပါ ဒါ​ပေမယ့် ငါ Taeyeonကို တကယ်​ချစ်​တာ နင်​ထင်​ထားတာထက်​ကို သူ့ကိုချစ်​တယ်​  ငါက တစ်​ကိုယ်​​ကောင်းဆန်​တယ်​ဆိုတာ သိပါတယ်​ ဆယ်​နှစ်​လုံးလုံး Taeyeon ကို ​မေ့ဖို့ကြိုးစား​ပေမယ့် မရဘူး ​Yul နဲ့အတူရှိ​နေချိန်​​တွေ​တောင်​ သူ့ကိုဘဲ မြင်ေ​ယာင်​မိခဲ့တယ်​  "

" ​ဒါဆို Yul နဲ့ ကုန်​ဆုံးခဲ့တဲ့ နှစ်​​တွေက ဘာလည်း နင့်​ရဲ့ ဒဏ်​ရာ​တွေ ကုစားဖို့ သူ့ကိုအသုံးချခဲ့တာလား Taeyeonကို ဆုံးရှုံးရချိန်​မှာ Yul က နင့်​အတွက်​  လို​နေတဲ့ကွက်​လပ်​ကို ဖြည့်​​ပေးနိုင်​ခဲ့လို့လား နင့်​​ကောင်​လည်းလာ​ရော Yulကို ကန်​ထုတ်​​တော့မယ်​​ပေါ့ ဟုတ်​လား တရားလိုက်​တာ Tiffany yah "

"Bora...နင်​က ငါ့သူငယ်​ချင်းပါ....ငါ့ကို နားလည်​မှု မ​ပေးနိုင်​ဘူးလား ....."

Boraလည်း ဘာမှဆက်​မ​ပြော​တော့ဘဲ အိမ်​ထဲကထွက်​သွားလိုက်​သည်

Bạn đang đọc truyện trên: Truyen3h.Co