Truyen3h.Co

Choice

Choice Part-25

KimFany059

Accident ဖြစ်​ပြီး​နောက်​ပိုင်း Taeyeon အရာရာကို အရမ်းဂရုစိုက်​လာတယ်​.....Fanyနဲ့ ပတ်​သက်​ရင်​ အရာအားလုံးကို double check လုပ်​​လေ၏

"ဟေး နင်​က ဘာလို့ ငါ့ထက်​ပိုပြီး စိတ်​လှုပ်​ရှား​နေတာလည်း....."

Taeyeon ရဲ့ မျက်​နှာ​လေးကို တို့ထိပြီး Fany စလိုက်​သည်​......

Fany တို့ အခု SM town concert မှာ ​ရောက်​​နေကြ​တယ်​​​လေ....f(x) ပြီးရင်​ Fany အလှည့်​မို့ စင်​​နောက်​မှာ ​စောင့်​​နေကြတယ်​.....

" ကိုယ် ​တစ်​ခါမှ concertပွဲ မ​ရောက်​ဖူးလို့ပါ "
Taeyeon သူ့စိတ်​ထဲမှာ ဖြစ်​​နေတာစိတ်​ပူ​နေတာ​တွေကို သူ့​ကောင်​မ​​လေးမသိ​အောင်​ လိမ်​​ပြောလိုက်​သည်

"Concert မှာ ​ပျော်​​ပျော်​​နေပါ....ငါ့ကိုကြည့်​​နေ​ပေါ့  "
Fany wink လုပ်​ပြကာ ​ပြောလိုက်​သည်

Fany အလှည့်​​ရောက်​​တော့ စင်​နဲ့မလှမ်းမကမ်းမှာ Fany သီချင်းဆို​နေတာကို ကြည့်​ရင်း Taeyeon သက်​ပြင်းချ​နေတယ်​....

ဖြစ်​နိုင်​ရင်​ John လက်​ကလွ​တ်​​အောင်​ သူရှာမ​တွေ့နိုင်​တဲ့ ​နေရာကို Taeyeon Fanyကို ​ခေါ်သွားချင်​မိတယ်​.....

Fany က​တော့ သူ့အလုပ်​​တွေ ​ကြော်​ငြာ ဇာတ်​ကား သီချင်း​တွေကို လက်​စသတ်​ပြီးရင်​ Taeyeon ဘယ်​ကို ​သွားသွား ယုံကြည်​ပြီး အ​နောက်​ကလိုက်​မယ်​လို့ Taeyeonကို ကတိ​ပေးထားတယ်​​လေ....

ကံ​ကောင်းစွာနဲ့ concertမှာ ဘာပြဿ     နာမှမဖြစ်​ဘဲ ထိခိုက်​မှု​တွေလည်း မရကြဘူး.......

"Tae Tae...."
ကားထဲကို ​ရောက်​တော့ ​Fany Taeyeonရဲ့ လက်​ကို ကိုင်​လိုက်​သည်

"Omm....."

"နင့်​အိမ်​မှာ ငါ တစ်​ည​လောက်​​နေလို့ရလား.... "
Taeyeon ရဲ့ နားသို့ ကပ်​ပြီး Fany တိုးတိုး​လေး ​ပြောလိုက်​သည်

"ကိုယ်...ကိုယ့်​​ရဲ့ အိမ်​လား...."

Fany ချစ်​စရာ​​ကောင်း​အောင်​ ​ခေါင်းညိတ်​ပြသည်

"ဒါ...ဒါ​ပေမယ့် ကိုယ့်အိမ်​က ​သေးပြီး ညစ်​ပတ်​​နေတာ....."

"ဒါဆို ငါတို့အတူတူ သန့်​ရှင်း​ရေးလုပ်​ကြမယ်​​လေ  "

"But..."

"ဘာဖြစ်​​နေတာလည်း ဘာလို့ ငါ့ကို အိမ်​မ​ခေါ်ချင်ရတာလည်း....တစ်​ခုခုရှိ​နေလို့လား "
Fany နှုတ်​ခမ်းစူကာ ​ပြောလိုက်​သည်

"မ...မဟုတ်​ပါဘူး.. ..."

Taeyeon လည်း ​ပြောမရတဲ့အဆုံး ​Fanyကို သူ့အိမ်​သို့ ​ခေါ်လာသည်

အ၀တ်​အစား​တွေ မ​ဆေးရ​သေးတဲ့ပန်းကန်​​တွေနဲ့ အ​အေးပုလင်း​တွေ ရှုပ်​ပွ​နေတဲ့ Taeyeon ရဲ့ အိမ်​ကို ကြည့်​ပြီး Fany ရယ်​လိုက်​သည်

Taeyeonက​တော့ အမှိုက်​အိတ်​ကို ယူပြီး အမှိုက်​​တွေ လိုက်​​ကောက်​​လေ၏

Fanyက​တော့ ​ခေါင်းစီးကွင်းနဲ့ ဆံပင်​ကို ​သေချာစည်းလိုက်​သည်

ထို့​နောက်​ ပန်းကန်​​တွေ​ဆေးဖို့ မီးဖို​ချောင်​ထဲသို့ ၀င်​သွား​လေသည်

" ​ဟေး ထားလိုက်​ပါ ကိုယ်ေ​ဆးလိုက်​မယ်​"
Taeyeon အမှိုက်​ထုပ်​ကြီး ပစ်​ချပြီး မီးဖို​ချောင်​ထဲ ​ပြေးဝင်​သွားတယ်

" သွားပါ ကိုယ့်​ဘာသာကိုယ်​ ဧည့်​ခန်းက အမှိုက်​​တွေရှင်း....ရှင့်​အတွက်​ ဟင်းချက်​​ပေးမယ်​ ​ရေခဲ​သေတ္တာထဲဘာရှိလည်း...."
Taeyeon ရဲ့ လက်​ကို ရိုက်​ပြီး Fany ​ပြောလိုက်​သည်

"ခေါက်​ဆွဲ​ခြောက်​ထုပ်​​တွေဘဲရှိတယ်​...."

"What!Tae Tae "

" ခဏ ကိုယ်​ mini marketကို သွားပြီး စားစရာ​တေံသွားဝယ်​လိုက်​မယ်​.... "
Fany မ​အော်​ခင်​ ​Taeyeon ပြေးထွက်​လာသည်

Taeyeon ​ဈေးက ပြန်​​​ရောက်​​တော့ Fany ပန်းကန်​​တွေ​ဆေးပြီးတဲ့အပြင်​ တစ်​အိမ်​လုံးကို တံမြက်​စည်းလှဲ ကြမ်းတိုက်​ပြီးသား ဖြစ်​​နေ၏

"Hey...."

"ဘာ​တွေ ၀ယ်​လာတာလည်း ပြ "
Taeyeonလက်​ထဲက အိတ်​​တွေဆွဲယူပြီး Fany ကြည့်​လိုက်​သည်

"အမဲသား....အာလူး....ကင်​ချီ....​ကောင်းသားဘဲ...."
Fany ပစ္စည်း​တွေထုတ်​ကြည့်​ပြီး ​ပြောလိုက်​သည်

ညစာချက်​ပြုတ်​ပြီး​နောက်​ နှစ်​​ယောက်​သားအတူ ညစာစား​နေကြသည်

"Tae ရှင့်​ကို ​သေချာဂရုစိုက်​​ပေးမယ့်​ မိန်းမတစ်​​ယောက်​​တော့ လိုအပ်​​နေပြီ"

" မင်းက ကိုယ့်​မိန်းမဖြစ်​​ပေးမယ်​မလား....."
Taeyeon ​ပြောရင်း မျက်​နှာ​လေးနီရဲလာသည်​...

"ငါ ဘယ်​တုံးက​ပြောဖူးလို့လည်း "

"မင်းဘဲ ကိုယ်​နဲ့ ​နေချင်​တယ်​ဆို...."

" နင်​က ငါ့ကို လက်​ထပ်​ခွင့်​​တောင်းထားလို့လား"

" လွန်​ခဲ့တဲ့ ဆယ်​နှစ်​ကတည်းက ​တောင်းထားတယ်​​လေ...."

"အဲ့တာ အရင်​က​လေ....နင်​ အခုထိ ငါ့ကို လက်​ထပ်​ချင်​သလား....ထပ်​ပြီး ထားသွားမလား.....ငါမသိဘူး​လေ "

"No..ကိုယ်​ မင်းနဲ့ ထာဝရအတူ​နေဖို့ အစီအစဉ်​ ဆွဲပြီးသားပါ.."
Fany ရဲ့ လက်​ကို ကိုင်​ပြီး Taeyeon ​ပြောလိုက်​သည်

Fany ရင်​ခုန်​သံ​တွေ မြန်​လာသည်​...
" လိမ်​​ပြော​နေတာမလား..."

" မလိမ်​ရပါဘူးဗျာ...စိတ်​ပူမ​နေပါနဲ့..."

" ​နောက်​တခါ ထားသွားရင်​​တော့ လုံးဝခွင့်​မလွှတ်​ဘူး​နော်​"

"ကိုယ်​ ဘယ်​​တော့မှ ထားမသွားပါဘူး...."

ညစာစားပြီး​နောက်​ Fany ​ရေချိုး​နေစဉ်​ Taeyeonမှာ အိပ်​ရာခင်း​ပေး​နေ၏

Fany ​ရေချိုးပြီး ထွက်​လာ​တော့
"အိပ်​ရာခင်း​ပေးထားတယ်​.....အိပ်​ချင်​ရင်​ အိပ်​လို့ရပြီ "

"Taeက​ရော..... "

" ကိုယ်​ ​ရေချိုးလိုက်​အုံးမယ်​ "

Fany ​ဆံပင်​​စို​တွေကို သုတ်​​နေစဉ်​ Taeyeonဆီသို့ ဖုန်းဝင်​လာသည်​....

ဖုန်း​ခေါ်တဲ့သူနာမည်​ကို ကြည့်​​တော့ Donghae......Taeyeon တစ်​ခါမှ Donghae အ​ကြောင်း ​မ​ပြောပြဖူး​သော​ကြောင့်​ Fany ဖုန်းမကိုင်​ဘဲ ​နေလိုက်​သည်

Taeyeon ​ရေချိုးပြီး ထွက်​လာ​တော့

"Tae ph ဖုန်းလာ​နေတယ်​ "

"Who...."

"Donghaeတဲ့ သူက ဘယ်​သူလည်း... "

"အာ သူက ​ထောင်​ထဲမှာ ကိုယ်​နဲ့အတူ တစ်​ခန်းထဲကျတဲ့ အခန်း​ဖော်​​လေ....ခဏ​နော်​ ကိုယ်​ ဖုန်း​ပြောလိုက်​အုံးမယ်​......"

Taeyeon phကို ယူပြီး အခန်းအပြင်​ဘက်​ ထွက်​သွား​လေသည်​.....

Fany မှာ  Taeyeon​ထောင်​ထဲမှာ ရှိစဉ်​က အ​ကြောင်း​တွေသိချင်​​သော်​လည်း Taeyeon နာကျင်​မှာဆိုး​သော​ကြောင့်​ မ​မေးရက်​​ပေ......

ခဏကြာ​တော့ အခန်းထဲသို့ Taeyeon ပြန်ဝင်​လာသည်​......

"Fany မအိပ်​​သေးဘူးလား "

" ရှင့်​ကို ​စောင့်​​နေတာ....."

Taeyeon ရှက်​သွားပြီ

"အာ...ကိုယ့်​ကို ​စောင့်​စရာမလိုပါဘူး အိပ်​​လေ...ကိုယ်​ကဧည့်​ခန်းမှာ အိပ်​မှာ.... "

"Kim Taeyeon ရှက်​မ​နေပါနဲ့.... ဟိုတခါကကျ...... "

"Pany...."

"လာစမ်းပါ ​ပြောစရာရှိလို့.... "

Taeyeonလည်း သူ့ချစ်​သူ​ဘေးနားသို့ သွားထိုင်​လိုက်​တယ်

" ကဲ​ပြော..."

"ငါနဲ့ အတူ LA ကို သွားရ​အောင်​.. ..California ကို....."

"Californiaကို ဘာလို့သွားမှာလည်း Daeguကို ပြန်​သွားမယ်​ထင်​​နေတာ.... "

Fany သက်​ပြင်းချပြီး
"ငါတို့ရဲ့ နာကျင်​စရာ​ကောင်းတဲ့ အတိတ်​ကို ​မေ့ပစ်​ချင်​တယ်​..... "

"အင်းပါ ဒါဆိုလည်း မင်းသွားတဲ့​နောက်​ ကိုယ်​လိုက်​ပြီး ဘ၀အသစ်​တည်​​ဆောက်​ကြ​တာ​ပေါ့....."

Taenyတို့ စကား​တွေ​ပြောကြရင်း Fanyမှာ Taeyeon လက်​​မောင်း​​ပေါ် နှစ်​ခြိုက်​စွာ အိပ်​​ပျော်​​နေ​ပေမယ့်​ Taeyeon က အိပ်​မ​ပျော်​နိုင်​​ပေ....

Bạn đang đọc truyện trên: Truyen3h.Co