Choice Part-24
Fanyမှာ Yulကို အကျိုးအကြောင်းပြောပြီး လမ်းခွဲစကားပြောမရသေးပေ......မနက်ဖြန် Seoulမှာ SM twon concert လုပ်မှာမို့ နှစ်ယောက်လုံး အလုပ်ရှုပ်နေကြသည်......
Fanyမှာလည်း အကပြန်လေ့ကျင့်နေသလို Yulမှာလည်း Jessicaရဲ့ သီချင်းတွေကို လက်စသတ်နေရ၏.....
Yul သူ့နာရီကို တစ်ချက်ကြည့်လိုက်သည်.....Studioထဲမှာ နေနေရတာ နှစ်ရက်ရှိပြီ.. ....
သူ့ဖုန်းကို ကောက်ယူပြီး Fany ဆီ ဖုန်းဆက်လိုက်သည်....သို့သော် Fanyက ဖုန်းမကိုင်ပေ......
"Humm...."
Yul သက်ပြင်းချလိုက်သည်....
သို့သော် သူ့ကောင်မလေးက Dance practice လုပ်နေတာတော့ သိနေတယ်....
Yulလည်း လုပ်လက်စ အလုပ်ကို ခဏထားပြီး သူ့ချစ်သူဆီသွားတော့ Fanyမှာ စင်ပေါ်မှာ မတ်မတ်ရပ်နေရင်း ဒါရိုက်တာနဲ့ စကားပြောနေသည်....
စင်နဲ့ မလှမ်းမကမ်းမှာ ရပ်နေတဲ့ Taeyeonမှာ Yul ရောက်လာတာကို သိသည်....သို့သော် မသိချင်ယောင်ဆောင်နေ၏ ....
Yulမှာ သူ့ချစ်သူက သတိထားမိမလားဆိုပြီး မျှော်လင့်ရင်း ရပ်စောင့်နေပေမယ့် Fanyက သတိမထားမိပေ....
ငါးမိနစ်လောက်နေမှ Yul ကို Fany မြင်ပြီး အံ့သြသွားပေမယ့် ပြုံးပြကာ လက်ဝှေ့ယမ်းရင်း နှုတ်ဆက်လိုက်သည်.....
Taeyeon သက်ပြင်းချပြီး ထွက်သွားမယ်လုပ်တော့ Fany ချက်ချင်းဘဲ Taeyeonကို လှမ်းခေါ်လိုက်သည်....ထို့နောက် Taeyeonနားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်သည်....
Taeyeonလည်း ခေါင်းညိတ်ပြပြီး ထွက်သွားလိုက်သည်
Yul ထိုမြင်ကွင်းကိုမြင်တော့ သူ့မျက်နှာက အပြုံးတွေ ချက်ချင်းပျောက်သွားသည်
"Fany ah...."
Yul စင်ပေါ်ကို ချက်ချင်းတက်လိုက်သည်....
Fany Yulကို လှမ်းကြည့်လိုက်သည်......
"Fany ah Rehearsal လုပ်တာ အဆင်ပြေရဲ့လား "
"Good...အဆင်ပြေပါတယ်......"
Fany ပြုံးပြီး ပြောလိုက်သည်
"Yul ....ငါ နင့်ကိုပြောစရာရှိတယ်.....ဒါပေမယ့် rehearsal ပြီးမှ ပြောလို့ရမှာ အဆင်ပြေရဲ့လား.....နင့်မှာ လုပ်စရာတစ်ခုခုရှိသေးလား...... "
Yul ပခုံးတွန့်ပြပြီး
" ရပါတယ် ကိုယ့်အချိန်တွေအားလုံး မင်းပိုင်ပါတယ်......"
Fanyလည်း ဘာမှဆက်မပြောတော့ဘဲ ပြန်လေ့ကျင့်နေ၏......
Yulလည်း ဘာမှထပ်မပြောဘဲ လှည့်ထွက်သွားမယ်အလုပ်.....ရုတ်တရက် မီးဆိုင်းကို သတိထားမိသွားတယ်.....
ကြိုးမခိုင်တဲ့ မီးဆိုင်းက Fany အပေါ် ပြုတ်ကျလာတော့ Yul အမြန် Fany အပေါ် ခုန်အုပ်လိုက်သည်
"Fany......"
Taeyeon မှာလည်း Yul အော်သံကြောင့် ချက်ချင်း ပြေးလာလေသည်.....
Fany အကလေ့ကျင့်နေရင်း Yul သူ့အပေါ် ခုန်အုပ်လို့ လဲကျသွားသည်......
"Fany ah...မင်း ဘာမှမဖြစ်ပါဘူးနော်."
Yul Fanyအပေါ်ကနေ အုပ်မိုးရင်း မေးလိုက်သည်....
Yul ခေါင်းပေါ်က စီးကျလာတဲ့ သွေးတွေကို မြင်တော့ Fany အော်လိုက်သည်.....
"Yul...."
"Fany မင်း ဘာမှမဖြစ်ဘူး မဟုတ်လား"
Taeyeon ပြေးလာပြီး Fanyကို ဆွဲထူလိုက်သည်....
" ငါ ငါ အဆင်ပြေတယ်....Yul သူ ထိခိုက်ထားတယ်.... "
မီးဆိုင်းက သူ့ခေါင်းပေါ်ပြုတ်ကျထားပြီး သွေးတွေထွက်နေသော်လည်း Yul သူ့ချစ်သူက စိတ်ပူနေမှာ စိုးရိမ်သောကြောင့် ညာပြောလိုက်သည်
"ကိုယ် ဘာမှမဖြစ်ပါဘူး..."
"ဘာလို့ မဖြစ်ရမှာလည်း လာ ဆေးရုံသွားမယ်...... "
Fany မှာ Yulကို စိတ်ပူပြီး ဆေးရုံလိုက်ပို့နေစဉ်
Taeyeonမှာ မီးဆိုင်းကိစ္စကို စုံစမ်းနေ၏
Fany ရောက်မလာခင်အထိ မီးဆိုင်းတွေက အကောင်းတိုင်းပင်ရှိနေရာက Fanyရောက်လာတော့ ရုတ်တရက်ပြတ်ကျခြင်းဟာ ထူးဆန်းနေသည်.. ...
နာရီဝက်လောက်ကြာတော့ Fany ဆီက ဖုန်းလာလို့ Taeyeon ဖုန်းကိုင်လိုက်သည်
"Hello Fany...."
"Tae Tae...."
"Yul ရော အခြေအနေ ဘယ်လိုလည်း......"
" သူလား ခေါင်းပေါက်သွားလို့ ငါးချက်ချုပ်လိုက်ရတယ်...အခု အခန်းထဲ သူအေးဆေးနားနေတယ်......Tae...ငါတို့အကြောင်းကို သူ့ကို ပြောပြမလို့ဘဲ...."
Fany သက်ပြင်းချလိုက်သည်.....
"ဒါပေမယ့် မင်း မလုပ်နိုင်ဘူး မဟုတ်လား.... "
" နင် ငါ့ကို နားလည်ပေးမယ်လို့ ထင်ပါတယ်......သူက ငါ့အသက်ကို ကယ်ပေးထားတာလေ ငါ မရက်စက်ချင်ဘူး.......ငါ့ကို အထင်မလွဲပါနဲ့နော်.....ငါ ...."
"Ommပါ ကိုယ် နားလည်ပါတယ်.. ...အေးဆေးနားလိုက်အုံး မင်းလည်း လန့်သွားမှာဘဲ......ကိုယ်လုပ်စရာရှိလို့ ဖုန်းချပြီနော်....."
Taeyeon နှုတ်ဆက်ပြီး ဖုန်းချလိုက်သည်....ထို့နောက် အခင်းဖြစ်ပွားရာနေရာသို့ သွားကြည့်လိုက်သည်.....
Bạn đang đọc truyện trên: Truyen3h.Co