Choice Part-31
Fany တိုက်ခန်းထဲက ငိုပြီး ပြေးထွက်လာသောကြောင့် တိုက်ခန်းရှေ့မှာ ရပ်နေတဲ့ ကောင်လေး တစ်ယောက်ကို သတိမထားမိပေ.....
ထိုကောင်လေးကတော့ Yulပင်ဖြစ်သည်.....SM မှာကတည်းက ငိုပြီး ထွက်သွားတဲ့ ကောင်မလေးကို စိတ်မချလို့ အနောက်ကနေ ခိုးလိုက်လာခြင်း ဖြစ်သည်။
"Kim Taeyeon......"
Taeyeon အ၀တ်အစား အိတ်ကို ဇစ်ပိတ်နေရင်း သူ့နာမည်ခေါ်သံကြားလို့ လှည့်ကြည့်တော့ မထင်မှတ်ထားတဲ့သူ ဖြစ်နေတယ်
"Tiffanyကို ပြောလွှတ်လိုက်တဲ့ စကားတွေက အမှန်တွေလားဆိုတာ ငါ့ကိုပြောစမ်း.....မင်း သူ့ကို ပြောလိုက်တဲ့ စကားတွေက အမှန်တွေလား..... "
Yul ဒေါသတကြီးနဲ့ မေးလိုက်သည်
"မင်းက ဒီကို ဘာလာလုပ်တာလည်း get out "
"မင်းက ငါတွေ့ဖူးသမျှ လူတွေထဲ ရွံစရာအကောင်းဆုံးသူဘဲ.....Tiffanyအပေါ် မင်း ဘယ်လိုများ လုပ်ရက်တာလည်း သူက မင်းကို ဒီလောက်ထိ အရမ်းချစ်နေတာကို မင်းမို့လုပ်ရက်တယ်ကွာ "
"အေး သူ့ကို ပြောခဲ့သမျှ စကားလုံးတွေက အမှန်တွေဘဲ....ဒါကြောင့် သူ့ကို နှစ်သိမ့်ပေးမယ့်သူ လိုအပ်နေတယ် မင်းက သူ့ကို နှစ်သိမ့်ပေးဖို့ လိုအပ်ပြီ....."
"HAHAHAHA ငါလည်းဘဲ အချစ်ရူးပါကွ....အချစ်စိတ်မွှန်နေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာကို ငါ အကဲခတ်တတ်တယ် မင်း ငါ့ကို လိမ်လို့မရပါဘူး......Tiffany နဲ့ ပတ်သက်ပြီး မင်း ဘာတွေလုပ်ခဲ့တာ သူမအပေါ် ဘယ်လောက်ထိ စိတ်ပူတတ်တယ်ဆိုတာ ငါ သိပါတယ်.....မင်း သူ့ကို မချစ်ဘူးဆိုရင် ငါ့မျက်လုံးကို တည့်တည့်ကြည့်ပြီး ကျိန်စမ်း Taeyeon....မင်း မလုပ်နိုင်ဘူး မဟုတ်လား "
"ဒါဆို မင်းလည်း ဘာလို့ Fany ကို ထားခဲ့တာလည်း......သူက မင်းကို လိုအပ်နေတယ်လေ "
Yul နာကျင်နေတဲ့ အသံဖြင့် ရယ်လိုက်ပြီး
" မင်း ငါ့အကြောင်းကို သေချာမသိဘဲ အပြစ်မတင်နဲ့ Kim Taeyeon ငါက မင်းလို မဟုတ်ဘူး အမြဲတမ်း ကြောက်ပြီး ထွက်ပြေးမနေဘူး ငါလိုချင်တာကို ရအောင်ယူတတ်တယ် ငါချစ်ရတဲ့ သူအတွက် တိုက်ခိုက်ရဲတယ် "
"ဒါဆို အခု လုပ်လိုက်လေ "
" ကိုယ်အရမ်းချစ်ရတဲ့သူက ကိုယ့်ကို မချစ်ဘဲ အခြားတစ်ယောက်ကို အရမ်းချစ်နေတာကို ကြည့်ပြီး မင်း ရင်ကွဲလုမတတ် ခံစားဖူးလား Tiffanyက ငါ့အတွက် ဘယ်လောက် တန်ဖိုးရှိလည်းဆိုတာ မင်း သိလား မင်းကို သူ မေ့သွားဖို့ ဘာမဆို ငါ လုပ်ရဲတာရော သိရဲ့လား "
"ငါ မသိဘူး.. ....ဒါပေမယ့် မင်းနဲ့ဆိုရင် သူ လုံခြုံတယ် "
" သောက်ရူးရ သူက မင်းနဲ့ နေချင်တာလေး မသိဘူးလား....."
"Omm ငါ သိတယ်"
" ဒါဆို ဘာလို့ မလိုတာတွေ လျှောက်ပြောနေတာလည်း.....မင်းရဲ့နေရာမှာ ငါ ဖြစ်ချင်လိုက်တာကွာ Tiffanyက မင်းကို ချစ်တဲ့အချစ်မျိုး....ငါ အရမ်းအချစ်ခံချင်တာဟ မင်းမှာ ငါလိုချင်တဲ့ Tiffany ရဲ့ အရာအားလုံး ရှိတယ် ဒါပေမယ့် မင်းက ဘာလို့ အဝေးကို တွန်းပို့နေရတာလည်း ဘာလို့လည်း Kim Tae....မင်း သူ့ကို ချစ်တယ်ဆိုတာ ငါ သိပါတယ် "
Taeyeon သက်ပြင်းချပြီး အတိတ်ကအကြောင်းအရာတွေနဲ့ အခုဖြစ်ပျက်နေတာတွေကို အမှန်တိုင်း ပြောပြလိုက်သည်
"What the hell! "
Yul သူကြားခဲ့တာတွေကြောင့် အရမ်းလန့်သွားတယ်
"Yul....ဒါတွေကြောင့်ပါ.....ငါ့ကြောင့် သူထိခိုက်မှာဆိုးလို့ ငါ သူ့အနားမှာ ဆက်နေရင် သူဘဲပိုထိခိုက်မှာဟ မင်းနဲ့ဆိုရင် သူ ဘာမှမဖြစ်ဘူးလေ.....Yul ကျေးဇူးပြုပြီး သူ့ရဲ့ အတိတ်ကိုမေ့ပြီး သူ့ကို လက်ထပ်ပေးပါလား....'
"Kim Tae မင်း......"
"ငါ ယုံကြည်နဲ့သူဆိုလို့ မင်းဘဲရှိတယ် သူ့ကိုတကယ်ချစ်ပြီး ကာကွယ်ပေး ပျော်ရွှင်အောင် ထားပေးမယ့်သူက မင်းဘဲရှိတယ် "
"....."
"Yul....ငါ တောင်းဆိုတာပါကွာ....."
Yul Taeyeonနဲ့ စကားတွေ အများကြီးပြောပြီးနောက် Taeyeonရဲ့ ခံစားချက်တွေကို သူနားလည်လာသည်.....
သက်ပြင်းများစွာချရင်း Taeyeonရဲ့ တိုက်ခန်းကနေ ထွက်လာခဲ့လိုက်သည်
Bạn đang đọc truyện trên: Truyen3h.Co