Truyen3h.Co

Choice

Choice Part-32

KimFany059

Yulလည်း Taeyeonဆီက ပြန်​လာပြီး​နောက်​ Fanyရဲ့ အိမ်​သို့ သွား​လေသည်​......

*knock knock*

Yul တံခါး​ခေါက်​ပြီး ခဏကြာ​တော့ Mr.Hwang တံခါးလာဖွင့်​​ပေးသည်

Mr.Hwangမှာ သူ့သမီး ​ရေချိုးခန်းထဲ ထိုင်​ငို​နေ​ကြောင်း ​ပြောပြ​တော့ Yul သက်​ပြင်းချပြီး Fanyရှိရာ ​ရေချိုးခန်းဘက်​သို့ သွား​လေသည်​....

"Tiffany....ကိုယ်​ပါ Yul......အင်း....မင်းရဲ့အ​ကြောင်း​တွေ ကိုယ်​ အကုန်​သိပြီးသားပါ.......တံခါးဖွင့်​ပါအုံး ​ပြောစရာ​လေးရှိလို့....."

Yul​ပြောပြီး ခဏြ​ကာ​တော့ Fany တံခါးလာဖွင့်​​ပေးသည်

မျက်​လုံး​တွေ​ဖောင်းမို့ နီရဲ​နေတဲ့ Fanyကို မြင်​လိုက်​ရ​တော့ yulရင်​ထဲ အရမ်းနာကျင်​လာသည်​.....

နောက်​ပြီး Kim Taeyeonက Fanyရဲ့​ ​ပျော်​ရွှင်​မှုနဲ့ နာကျင်​မှုဆိုတာလည်း Yul သိသွားခဲ့တယ်​......

"Tiffany.. ...မင်း ကိုယ်​နဲ့ လက်​ထပ်​​ပေးနိုင်​မလား....."

Fanyမှာ အံ့သြပြီး ဘာစကားမှ ပြန်​မ​ပြောနိုင်​ဘဲ Yulကို ကြည့်​​နေ၏

"Kim Taeyeonကို မင်း သိပ်​ချစ်​တယ်ဆိုတာ ကိုယ်​ သိပြီးသားပါ.....သူက မင်းအတွက်​ ဘယ်​​လောက်​ထိ အဓိပ္ပါယ်​ရှိလည်းဆိုတာလည်း ကိုယ်​သိတယ်​.....သူ့အတွက်​ဆို မင်း ဘာမဆိုလုပ်​ရဲတယ်​ဆိုတာလည်း ကိုယ်​သိတယ်​.....မင်းနဲ့ ပတ်​သက်​သမျှ အရာအားလုံး ကိုယ်​သိတယ်​....Kim Taeyeonကို ချစ်​သလို ကိုယ့်​ကိုမချစ်​ခဲ့တာလည်း ကိုယ်​သိတယ်​......"

Fanyမှာ​တော့ Yulကိုသာ စိုက်​ကြည့်​​နေ၏

"မင်း ဘယ်​​လောက်​ထိ ကိုယ့်​ကို နာကျင်​​အောင်​ လုပ်​ပါ​စေ ကိုယ်​​က​တော့ မင်းကို ကိုယ့်​ရဲ့ ဇနီးမယားဖြစ်​​စေချင်​တယ်​.....အတိတ်​မှာ ဘယ်​လိုဘဲ ဖြစ်​ခဲ့ပါ​စေ ကိုယ်​ ဂရုမစိုက်​ဘူး အတိတ်​ကို အတိတ်​မှာ ထားလိုက်​ပါ.....ကိုယ်​ မင်းအတွက်​ အ​ကောင်းဆုံးဖြစ်​​အောင်​ ကြိုးစားချင်​တယ်​...... "

Yulရဲ့ စကားမဆုံးခင်​ Fanyမှာ Yulကို ဖက်​လိုက်​​လေ၏

ဘာစကားမှ ပြန်​ပြီးမ​ပြောဘဲ Yulကိုသာ တင်းတင်းကြပ်​ကြပ်​ဖက်​ထား​လေသည်

Mr.Hwangက​တော့ သူ့သမီးကို Yulထံ စိတ်​ချလက်​ချထားခဲ့ပြီး သူ့ရဲ့​မွေးရပ်​​မြေကို အလည်​သွား​လေသည်

Mr.Hwang သူ့အိမ်​​ဟောင်း​ရှေ့မှာ ရပ်​​နေတုံး Taeyeon မှာ သူ့ဆီကို ​လျှောက်​လာပြီး

"Uncle မင်္ဂလာပါ.. ..."

"Aww မင်း...."

"စိတ်​မရှိဘူးဆိုရင်​ ဒီ USB ​လေး အန်​ကယ့်​ကို ​ပေးလို့ရလား ဟင်​ ....."

"ဘာများလည်း....."

Mr.Hwangမှာ Taeyeonလက်​ထဲက USB​လေးကို ယူပြီး ​မေးလိုက်​သည်

Taeyeon ပြုံးလိုက်​ပြီး
"Tiffanyရဲ့ အ​မေ ​သေရတဲ့ အ​ကြောင်းအရင်း အမှန်​တရားတစ်​ခုပါ......"

Mr.Hwang မျက်​​မှောင်​ကြုတ်​လိုက်​ပြီး Taeyeonကို ကြည့်​​နေ၏....

"ကားမ​ပေါက်​ကွဲခင်​ထိ ကျွန်​​တော့်​အ​ဖေဟာ ခရီးသည်​ အားလုံးကို ရ​အောင်​ ကယ်​တင်​​ပေးခဲ့တာပါ......ဒါ​ပေမယ့်​.. ...တစ်​​ယောက်​ဘဲ ကျန်​တဲ့အချိန်​ ကားက ​ပေါက်​ကွဲသွားခဲ့တယ်​.....အဲ့အနီးအနားမှာရှိခဲ့တဲ့ လူတစ်​​ယောက်​က ရိုက်​ထားတဲ့ video​လေးပါ အန်​ကယ်​ကြည့်​လို့ရ​အောင်​ ကျွန်​​တော်​ ယူလာခဲ့တာ....."

"ဒါဆို ဘာလို့ အမှုဖြစ်​တုံးက အဲ့ videoရိုက်​တဲ့သူက ​ရောက်​မလာတာလည်း......"

"အဲ့တာ​တော့ ကျွန်​​တော်​လည်း မသိပါဘူးဗျာ....အ​မေမ​သေခင်​​လေး ကျွန်​​တော့်​ကို ဒါ​လေး​ပေးထားလို့ အန်​ကယ့်​ကို ​လာပြတာ "

Mr.Hwangလည်း သူ့ကားထဲ ၀င်​သွားပြီး laptopနဲ့ joinကာ ကြည့်​လိုက်​သည်

အစအဆုံးကြည့်​ပြီး​နောက်

"Omm မင်းအ​ဖေ အပြစ်​ မရှိ​ကြောင်း ငါသိသွားပြီမို့ အားလုံးကို ခွင့်​လွှတ်​ပါ​တယ်​......"

"​ကျေးဇူးပါဗျာ...."

Taeyeon ပြုံးပြီး ​ပြောလိုက်​သည်

"Aww ​လူ​လေး ....အန်​ကယ်​ ဒီကို​ရောက်​လာ​တော့ သတင်းတစ်​ခု သတင်းအမှန်​တစ်​ခု ကြားခဲ့တယ်​.....Kev ​သေရတဲ့အ​ကြောင်းအရင်းနဲ့ ပတ်​သက်​ပြီး....."

"ကျွန်​​တော်​......ကျွန်​​တော့်​အ​ဖေမှာ အပြစ်​မရှိ​ကြောင်းလာ​ပြောပြရုံပါ....သွားပါ​တော့မယ်​....Tiffanyကို ​သေချာ​စောင့်​​ရှောက်​​ပေးပါခင်​ဗျာ့......"

"ဘာလို့ Tiffanyကို အမှန်​တိုင်းမ​ပြောပြရတာလည်း....."

"Uncle.. ....ကျွန်​​တော်​​လေ သူ့ကို အရမ်းချစ်​တာဗျာ့ သူက ကျွန်​​တော့်​ ဘ၀တခုလုံးပါ....ဒါ​ပေမယ့်​ သူ့ဘ၀အတွက်​ ကျွန်​​တော်​ သူ့ကို ထားခဲ့ရတာပါ....."

"ဘာကို​ပြောချင်​တာလည်း...."

" အခု​တော့ ​ပြောပြလို့မရ​သေးဘူး.......အချိန်​တန်​ရင်​​တော့ အန်​ကယ်​ ကျွန်​​တော့်​ရဲ့ ဆုံးဖြတ်​ချက်​ကို နားလည်​လာပါလိမ့်မယ်​......"

Taeyeonမှာ Mr.Hwangကို ဦးညွတ်​​နှုတ်​ဆက်​ကာ ထွက်​သွား​လေသည်

Bạn đang đọc truyện trên: Truyen3h.Co