Choice Part-34
ရက်အနည်းငယ်လောက်ကြာတော့ သတင်းတွေ မဂ္ဂဇင်းတွေ ဂျာနယ်တွေ လူမှုကွန်ယက်တွေမှာ Yulနဲ့ Fanyရဲ့ မင်္ဂလာသတင်းကို SMက ကြော်ငြာတွေ အကြောင်းတွေ ပါလာသည်.......
ပရိတ်သတ်တွေ အားလုံး ရုတ်တရက် ထွက်ပေါ်လာတဲ့ သတင်းကြောင့် အရမ်း အံ့အားသင့်နေကြသည်........တချို့ ပရိတ်သတ်တွေကတော့ ၀မ်းသာနေကြပြီး ပရိတ်သတ် တော်တော်များများကတော့ ထင်ကြေးပေးနေကာ ရှုံ့ချနေကြသည်
"ဘာလား တွဲနေတာတောင် မပြောဘဲ တန်းလက်ထပ်တယ်ဆိုတော့ ငါတို့ Fanတွေကို ရှိတယ်လို့ သဘောမထားတာလား......."
"ရုတ်တရက် လက်ထပ်လိုက်တာ ဘာလို့လည်း မဟုတ်မှလွဲလို့ ကိုယ်ဝန်ရှိနေတာများလား....."
"ဘာဘဲဖြစ်ဖြစ် ငါတော့ Fandomက ထွက်ပြီ.....ထပ်ပြီး မ stanတော့ဘူး....."
ရှုံချပုတ်ခတ်ပြီး မုန်းတီးတဲ့ comment တွေကို Fany ဂရုမစိုက်တော့ပေ.......
Taeyeonကို ချစ်နေပေမယ့် Yulကို လက်ထပ်မယ်လို့ Fany ရှင်းရှင်းလင်းလင်း Yulကို ပြောခဲ့သည်
Yulကို နားလည်ပေးဖို့ တောင်းဆိုတော့ Yulမှာ အချိန် ဘယ်လောက်ဖြစ်ဖြစ် ကြာကြာ Fanyက သူ့ကို နှလုံးသားတစ်ခုလုံး ပေးမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ကြောင်း ပြောခဲ့သည်
Fanyကတော့ Yulအတွက် ဇနီးကောင်းတစ်ယောက်ရဲ့ တာဝန်ကျေစေရမယ့်လို့ ကတိပေးခဲ့သည်
"Yul...ငါ့ရဲ့နှလုံးသား တစ်ခုလုံးကို ရဖို့....မတောင်းဆိုပါနဲ့လား.......ငါ့မှာ နှလုံးသားဆိုတာ ကွဲကြေရလွန်းလို့ မရှိတော့ဘူး ထင်ပါတယ်.......Yulရယ် နင့်ကို ခုလိုဆက်ဆံမိလို့ ငါ....ငါ တောင်းပန်ပါတယ်.. ..."
Fany သူမမျက်နှာကို လက်နဲ့အုပ်ပြီး ပြောလိုက်သည်
Yulမှာ Fanyရဲ့ လက်ကို ညင်သာစွာ ကိုင်လိုက်ပြီး
"ရပါတယ် Tiffanyရ.....ကိုယ်က မင်းရဲ့ ကွဲကြေနေတဲ့ နှလုံးသားအပိုင်းအစတွေကို တစစီ လိုက်ကောက်ပြီး အကောင်းတိုင်းဖြစ်အောင် ပြန်ဆက်ပေးပါမယ်........အကယ်၍ မင်းမကြိုက်ဘူးဆိုလည်း ကိုယ် မတောင်းဆိုတော့ဘူးလေ....ဒီတိုင်း ကိုယ့်ဘေးနား မင်းရှိနေရင် ကျေနပ်ပါပြီ......"
Taeyeonမှာတော့ Dong Haeရဲ့ တိုက်ခန်းကို သွားပြီး
"Hyung.....John ဘယ်မှာရှိလည်းဆိုတာ ကျွန်တော် သိချင်တယ်....."
"Johnကို တွေ့ရင် ဘာလုပ်မလို့လည်း....."
"သူနဲ့ စကားပြောချင်ရုံပါ...."
"စကားပြောချင်ရုံဘဲလား.....စကားပြောမယ် ဟုတ်လား.. ..သူ့လိုကောင်ကို မင်းက ဘာစကားတွေများ ပြောချင်နေတာလည်း သူက Tiffany အပေါ် အငြိုးထားနေတာနော်..."
"သိပါတယ်....ဒါပေမယ့် ကြိုးစားကြည့်ချင်လို့....."
"Omm Siwon ပြောပြချက်အရဆို ဟိုတခါ ပေါက်ကွဲမှုမှာ တကယ့်တရားခံ ဟို Johnရဲ့ လူကို ငါတို့တွေ့ခဲ့တယ်.....SMထဲက ၀န်ထမ်းဖြစ်နေလို့ ပြဿနာတွေဖြစ်မှာဆိုးလို့ ငါတို့ သတင်းအချက်အလက် သက်သေတွေကို ဖျက်ပစ်ခဲ့တယ်......အဲ့ ၀န်ထမ်းက Tiffany နားကဘဲနော်......"
"Yulyulkက သူ့ကို ကာကွယ်ပေးလိမ့်မယ်....."
Donghaeမှာ Taeyeonကို တစ်ချက်ကြည့်ပြီး
"အချစ်ဆိုတာ ဘယ်လိုမှန်း ငါ မသိဘူး........ဒါပေမယ့် ကြောက်စရာကောင်းတယ်.......ငါ ဘာလို့ ထောင်ကျခဲ့လည်းဆိုတာ မင်းသိလား....."
"မသိဘူးလေ....."
"ငါ လက်စားချေခဲ့လို့...."
"အဲ့တာကြောင့်ဘဲ Tiffanyက ကျွန်တော်နဲ့ ဘာမှပတ်သက်မှုမရှိတော့ကြောင်း အဲ့ကောင်ကို သိစေချင်တာ....ဒါမှ သူ့ဘ၀ လုံခြုံမှာ......."
"လုံခြုံရုံဘဲလား တဘ၀လုံး နာနာကျင်ကျင် ဖြတ်သန်းနေရရင်ရော.....မင်းသာ အမှန်တိုင်း ပြောပြမယ်ဆို သူ သေဖို့ရွေးမှာ သေချာတယ်.....မင်း ဘာလို့ အမှန်တိုင်းပြောမပြတာလည်း.........လိမ်ညာထားရုံနဲ့ ဘာမှမဖြစ်တော့ဘူး ထင်နေတာလား.....Johnရဲ့ လူက သူ့နားအမြဲရှိတယ်နော်....."
"အားလုံးကို အပြတ်ရှင်းတော့မှာပါ....."
"ထောင်ထဲကို နောက်တခါ ပြန်ဝင်မလို့လား.....ဒါမှမဟုတ် John ရဲ့ လက်မှာ အသေခံမလို့လား....."
Donghaeမေးတာကို အဖြေမပေးဘဲ Taeyeon ပြုံးကာ နံရံပေါ်က ပန်းချီကားကိုသာ ငေးကြည့်နေလိုက်သည်
Bạn đang đọc truyện trên: Truyen3h.Co