Choice Part-33
Mr.Hwangမှာ Kim Taeyeonရဲ့ အကြောင်းအစုံကို သိရတော့ စိတ်မကောင်းဖြစ်နေ၏
Taeyeonရဲ့ အကြောင်းအရာတွေ အားလုံး သူ့သမီးကို ပြောပြပြီး Taeyeonဆီ လိုက်ပို့ဖို့ Mr.Hwang ဆုံးဖြတ်ချက်ချလိုက်သည်
ထို့ကြောင့် Seoul သို့ အမြန် ရောက်အောင် ထွက်လာခဲ့သည်
Fanyမှာ သူ့ချစ်သူ အလုပ်ထွက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရမ်းဝမ်းနည်းနေပေမယ့် လူရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်နေမှန်း Mr.Hwangသိသည်....
အခန်းထဲမှာ အံကြိတ်ပြီး ငိုနေတဲ့ သူ့သမီးအဖြစ်ကို မြင်ယောင်မိပြီး Mr.Hwang ပိုလို့ စိတ်မကောင်းဖြစ်နေတယ်
"Fany သမီး...."
Mr.Hwang သူ့သမီး အိမ်ရှေ့ရောက်တော့ လူခေါ်ခေါင်းလောင်း နှိပ်လိုက်သည်
"Fany သမီးရေ....Daddyပါ သမီးကို ပြောစရာရှိလို့....."
Fany တံခါးဖွင့်ပေးလိုက်တော့ Mr.Hwang ဧည့်ခန်းထဲ ၀င်ထိုင်လိုက်သည်
"Kevကို Taeyeon သတ်လိုက်ရတဲ့ အကြောင်းအရင်းက ငါ့သမီးကို သူကာကွယ်ပေးချင်လို့ဘဲ....."
Mr.Hwangရဲ့ စကားမဆုံးသေး Fany ကားသော့ကို ယူပြီး Taeyeonရှိရာကို လိုက်သွားလေသည်......
Taeyeonရဲ့ အိမ်မှာတော့ Taeyeonကို မတွေ့ပေ.....ပစ္စည်းတွေလည်းမရှိတော့သောကြောင့် Fany စိတ်ပူလာပြီး ဘေးပတ်ဝန်းကျင်ကို လိုက်မေးကြည့်သည်
အိမ်နီးချင်းများရဲ့ ပြောစကားအရ Taeyeon အ၀တ်အိတ်ကို ဆွဲပြီး အထက်တန်း ကျောင်းထဲ ၀င်သွားကြောင်း သိလိုက်ရသည်
Fanyလည်း အမြန်ပင် ကျောင်းသို့ လိုက်သွားလိုက်သည်
Taeyeonကတော့ ဒီနိုင်ငံကနေ အပြီးပိုင် ထွက်မသွားခင် Fanyနဲ့ သူရဲ့ အမှတ်တရတွေရှိခဲ့တဲ့ ကျောင်းသို့ နောက်ဆုံးအနေနဲ့ သွားကြည့်လိုက်သည်
ကျောင်းရောက်တော့ သူတို့ထိုင်နေကျ သစ်ပင်အောက် Taeyeon ထိုင်နေရင်း လျှောက်ငေးနေတာကို Fany တွေ့လိုက်ရသည်
"Tae......."
Fany အရမ်းပျော်ပြီး Taeyeonဆီသို့ ပြေးသွားလိုက်သည်
Taeyeonရဲ့ လက်ကို Fany ကိုင်လိုက်ပြီး
"နင် ဘာလို့ ငါ့ကို မပြောပြဘဲ တစ်ယောက်တည်း ကြိတ်ခံစားခဲ့တာလည်း.......နင် ငါ့ကို ကာကွယ်ဖို့ ဟိုကောင်ကို သတ်ခဲ့မိတယ်ဆိုတာ ဘာလို့ မပြောတာလည်းဟာ....."
Fany ပြောရင်း မျက်ရည်တွေ စီးကျလာသည်
"Tiffany မင်း ထွက်သွားတာ ကောင်းမယ်....."
"No ငါ နင့်ဘေးနားကနေ ဘယ်တော့မှ ထွက်မသွားနိုင်ဘူး......နင် ငါ့ကို အဝေးရောက်အောင်တွန်းလည်း ငါ နင့်ဆီ ပြန်လာမှာ.......ငါ နင့်အနားဘဲ နေမယ် နင်ဘယ်သွားသွား လိုက်မယ်....."
Fany ခေါင်းခါပြီး ပြောလိုက်သည်
"Tiffany Hwang.....အချစ်ရူးရမယ့် အရွယ်လည်းမဟုတ်တော့ဘူး......အရူးလို လုပ်မနေစမ်းနဲ့..."
"ဘာလို့လည်း Tae...နင် ဘာလို့ အမြဲ ငါ့ကို အဝေး တွန်းပို့နေရတာလည်း.. ....နင် ငါ့အတွက် အားလုံး လုပ်ပေးခဲ့ပေမယ့် ငါ့ရှေ့ ဟန်ဆောင်ခဲ့တာတွေ ငါသိနယ်....ဒါပေမယ့် နင် အခု လုပ်နေတာတွေ ငါ နားမလည်တော့ဘူးဟာ....ငါ့ကို ဘာလို့ အမှန်တိုင်းမပြောပြရတာလည်း.. ...နင့်နာကျင်မှုတွေကို ငါနဲ့ အတူမခံစားဘဲ ဘာလို့ ငါ့ကိုဘဲ အမြဲ ငိုအောင်လုပ်နေတာလည်း တစ်ကြိမ်လောက်တော့ ငါ့အပေါ် ရိုးသားပေးပါလား...ငါ နင့်ကို ချစ်တယ် Tae...."
"Ok Fany.. ...နင်ငါ့ကို တကယ်ချစ်တယ်ဆိုရင် ငါ့ကို သွားခွင့်ပေး....."
"Tae....."
"ပြီးတော့ Kwon Yulyulk ကို လက်ထပ်လိုက်ပါ....."
"ဘာ...ဘာလို့လည်း...."
"ငါနဲ့ အတူရှိနေရရင် မင်း ဒီထက်ပိုနာကျင်ရရုံဘဲ ရှိမယ်.....ငါ မင်းနဲ့အတူ ရှိနေရရင်....ပင်ပန်းတယ် ငါ့ကိုယ်ငါ လူသတ်သမားလို့ ခံစားရတယ်..."
Taeyeon လိမ်ပြောလိုက်သည်
Fanyမှာတော့ Taeyeonရဲ့ ရက်စက်တဲ့ စကားတွေကြောင့် သူ့နှုတ်ခမ်းကိုသာ ဖိကိုက်ထားမိသည်
"Tae....ငါ နင်နဲ့အတူရှိချိန်တိုင်း ပျော်ရွှင်စရာတွေဘဲ ခံစားရတာပါ....နင် ငါ့ကို စကားလုံးတွေနဲ့ နှိပ်စက်တောင် ငါ နင်နဲ့ အတူရှိနေရရင် ..နင့်အတွက်ဆို ဘာမဆို စွန့်လွှတ်ရဲတယ်......"
"ဟင့်အင်း မင်း ဘာမှစွန့်လွှတ်စရာမလိုပါဘူး ငါ့ကိုဘဲ ငါ့ကို စွန့်လွှတ်ရုံသာ...."
"ဘာလို့လည်း ဘာလို့လည်း Tae....အကြောင်းပြချက် ခိုင်လုံတဲ့ အကြောင်းပြချက် ပေးလေဟာ...."
"Yulကို လက်ထပ်လိုက်ပါ...ဒါဟာ ငါ့ကိုယ်ငါ လူသတ်သမားလို့ ခံစားနေရတဲ့ ခံစားချက်က လွတ်မြောက်စေမယ့်အရာဘဲ......"
"Ok.....နင် ဒီလောက်တောင် တောင်းဆိုနေမှတော့ နင့်ကို ချစ်လို့ ငါ လိုက်လျောလိုက်မယ်....ငါ Yulကို လက်ထပ်မယ်....."
Taeyeonရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပြီး Fany ပြောလိုက်သည်
"Yulကို ချစ်လို့ မဟုတ်ဘူး လက်ထပ်ချင်လို့ မဟုတ်ဘူး နင့်ရဲ့ တောင်းဆိုချက်ကြောင့် သူ့ကို ငါ လက်ထပ်မယ်.....ဘာလို့လည်းဆိုတော့ နင့်ကို ပျော်စေချင်လို့ နင့်ကို ဒီနာကျင်မှုတွေက လွတ်မြောက်စေချင်လို့ Tae Tae...."
Taeyeon ဟန်ဆောင်ကာ ပြုံးနေပေမယ့် .....အော်ငိုချင်လာသည်...
"Tae...ကတိတစ်ခုပေးပါ...."
"ဘာ ကတိလည်း......"
"ငါ့ရဲ့ မင်္ဂလာဆောင်ကို နင် လာပေးပါ....ငါ့ မင်္ဂလာနေ့မှာ ငါ ချစ်တဲ့နင်နဲ့ အတူရှိချင်လို့ပါ...."
"Ok....."
'Good bye Tae....."
"Good bye Fany.. .."
Taeyeonကို နောက်ဆုံးအနေနဲ့ နမ်းပြီး Fany ထိုကျောင်းထဲမှာ ပြေးထွက်လာခဲ့သည်.....
Fany ထွက်သွားမှဘဲ Taeyeon တင်းထားသမျှ စိတ်တွေလျော့ချကာ ဒူးထောက်လျက်သား အော်ငိုလိုက်သည်......💔💔💔💔
Bạn đang đọc truyện trên: Truyen3h.Co