Truyen3h.Co

Choice

Choice Part-36

KimFany059

ကျွီ.....

ကားဘရိတ်​ ရုတ်​တရက်​ ​ဆောင့်​နင်းသံ​ကြောင့်​ Taeyeon မျက်​လုံးဖွင့်​ကြည့်​​တော့ SMရဲ့ မန်​​နေဂျာ Siwonကို ​တွေ့လိုက်​ရသည်

Siwonမှာ ကား​ပေါ်က​နေ ​ပြေးဆင်းလာသည်

"Kim Taeyeon......"

Taeyeon လက်​​မောင်းကို ဆွဲပြီး ကားလမ်းက​နေ Siwon ​ခေါ်လာလိုက်​သည်

"Hyung........"

Taeyeon အားနာတဲ့ အကြည့်ေ​တွနဲ့ Siwonကို ကြည့်​လိုက်​သည်

"ငါသာ ဘရိတ်​မမိဘူးဆို မင်း ​သေမှာကွ.....မင်းလိုချင်​တာ ဒါလား....ဟမ်​.....​သေ​ချင်​​နေတာလား......"

"​တောင်းပန်​ပါတယ်​ Hyung.. .."

"ဘယ်​သွားမှာလည်း ငါ လိုက်​ပို့​ပေးမယ်​...လာ........"

Taeyeon မှာ Siwon ကို ကြည့်​ပြီး အားနာလို့ ကား​ပေါ်သို့ တက်​လိုက်​သည်

"​တော်​​တော်​​နောက်​ကျ​နေပြီ.....မင်း ဘယ်​သွားမလို့လဲ.. ..."

Siwon Taeyeonကို ကြည့်​ပြီး ​မေးလိုက်​သည်

"ဘယ်​......"

"Tiffanyက မနက်​ဖြန်​ဆို လက်​ထပ်​​တော့မှာ​နော်​.....မင်း....သူ့ကို တကယ်​ဘဲ Yulyulkနဲ့ လက်​ထပ်​ခိုင်း​တော့မှာလား......"

"Tiffany နဲ့ ကျွန်​​တော်​က ဘာမှမသက်​ဆိုင်​​တော့ဘူး သူ့ဘာသာသူ ဘယ်​သူနဲ့ လက်​ထပ်​ထပ်​ ကျွန်​​တော့်​ ကိစ္စ မဟုတ်​ဘူး.. .."

"မင်းတို့ တစ်​​ယောက်​ကို တစ်​​ယောက်​ ချစ်​ကြတယ်​ဆိုတာ ငါ သိပါတယ်​....မလိမ်​စမ်းပါနဲ့......Taeyeon ah ...Tiffany ကို ပြန်​ယူဖို့ အချိန်​မ​နှောင်း​သေးဘူး​နော်​......သူ မင်းကို ဘယ်​​လောက်​ထိ ချစ်​လည်းဆိုတာ ငါ သိပါတယ်​....မင်း ထွက်​သွားခဲ့တာ​တောင်​ သူက.........သူ ​ပျော်​ချင်​​ယောင်​ ဟန်​​ဆောင်​​နေတာ.....ငါက သူနဲ့ အလုပ်​လုပ်​လာတာ နှစ်​အ​တော်​ကြာပြီမို့ သိ​နေပြီ......"

Taeyeonက​တော့ ဘာမှပြန်​မ​ပြောဘဲ သူ့လက်​သည်းကို ငုံ့ကြည့်​​နေ၏

"Kim Taeyeon....မင်း စိတ်​​ပြောင်းချင်​​သေးလို့ရတယ်​​နော်​ မ​နောက်​ကျ​သေးဘူး.........​ဒါ​ပေမယ့်​ မင်း ဘာမှမဖြစ်​သလို ဟန်​​ဆောင်​​နေအုံးမယ်​ဆိုရင်​​တော့ သူ့ကို ​သေချာ​ပေါက်​ဆုံးရှုံးရပြီဘဲ.......မင်း အဲ့လိုဖြစ်​​စေချင်​တာလား....."

"ကျွန်​​တော့်​အတွက်​ ဘာမှအ​ရေးမကြီး​တော့ဘူး Tiffanyရဲ့ ဖြစ်​တည်​မှုသာ...ကျွန်​​တော့်​အတွက်​ အ​ရေးကြီးတယ်​....."

"Wow မင်း Romantic ဆန်​တတ်​မှန်း ငါမသိဘူး...."
Siwon ရယ်​​မောပြီး ​ပြောလိုက်​သည်

"Hyung....SMမှာ အလုပ်​လုပ်​​နေတာ ဘယ်​​လောက်​ကြာပြီလည်း....."

'အင်း Tiffany debut မလုပ်ခင်​က Joinခဲ့တာ......"

"Bora ​လှေကား​ပေါ်က ပြုတ်​ကျ​တော့ ဘာလို့ ကျွန်​​တော့်​ကို Tiffanyရဲ့ မန်​​နေဂျာအဖြစ်​ အလုပ်​ခန့်​ခဲ့တာလည်း"

"ဘာလို့လည်းဆို​တော့ မင်းက perfectဖြစ်​လို့​လေ......"

"မဟုတ်​​သေးဘူး တခြား မန်​​နေဂျာ​တွေလည်း ရှိ​သေးတယ်​​လေ....."

"ဘာလည်း မင်းက ငါ့ကို အပြစ်​တင်​ချင်​​နေတာလား မင်းနဲ့ Tiffanyရဲ့ လျို့ဝှက်​အချစ်​​ရေး​ကြောင့်​ ...ငါ မန်​​နေဂျာအဖြစ်​ မခန့်​​တောင်​ မင်းက သူ့ကို ချစ်​​နေတာဘဲကို....."

"မဟုတ်​ပါဘူး ကျွန်​​တော်​ သံသယ၀င်​​နေတာ​လေး ရှိလို့...."

"ဘာကို သံသယ၀င်​တာလည်း...."

"Tiffanyနဲ့ ပတ်​သက်​တိုင်း Hyung က အမြဲ ဒီမှာရှိခဲ့တယ်​​နော်​........​ဗုံး​ပေါက်​ကွဲတဲ့​နေ့တုံးကလည်း Tiffanyနဲ့ ကျွန်​​တော်​ဘဲ အ​ဆောက်​အဦးထဲကျန်​​နေတာ Hyungသိတယ်​....ပြီး​တော့ အဲ့ဗုံးက ချိန်​ကိုက်​ဗုံး​လေ....မ​ပေါက်​ကွဲခင်​အချိန်​ ငါးမိနစ်​​လောက်​တုံးက Hyung အဲ့က​နေ ထွက်​လာတဲ့ သတင်းလည်း ရထားတယ်​......"

"မင်းက ငါ့ကို ဗုံးခွဲဖို့ စီစဉ်​တယ်​လို့ ​ပြောချင်​တာလား စွပ်​စွဲချင်​တာလား....."

"မဟုတ်​ဘူး.. ..ဘာလို့ SMကို သစ္စာ​ဖောက်​တာလည်း ​တွေး​နေတာ သူက Hyungရဲ့ အလုပ်​ရှင်​​လေ....."

"Hahahaha....ငါက ဘယ်​​တော့မှ သစ္စာမ​ဖောက်​တတ်​ပါဘူး......Johnအ​ပေါ် ငါ အမြဲ သစ္စာရှိတယ်​......"

"What!"

"Kim Taeyeon.....ငါ ဘယ်​သူလည်းဆိုတာ မင်း သိသွားလို့ မင်းကို​တော့ ​တော်​တယ်​လို့ ချီးကျူးပါတယ်​.. ...."

"Hyung ဘာလို့ အဲ့လိုလုပ်​ရတာလည်း....ဘာလို့ John ခိုင်းသမျှ လုပ်​​ပေး​နေတာလည်း....."

"John ခိုင်းသမျှ လုပ်​​ပေးတာ မဟုတ်​ဘူး.. ...Johnက ငါနဲ့ ​သွေးသားမ​တော်​စပ်​​ပေမယ့်​ ငါ့အကိုလိုဘဲ.........ငါ့ရဲ့ ဘ၀ကို ကယ်​တင်​​ပေးထားတာ......Johnမရှိရင်​ ငါဆိုတာ မရှိ​တော့ဘူး.......ဒါ​ကြောင့်​ ငါ သူ့ကို ​ကျေးဇူးဆပ်​​ပေးတာ..."

"ဗုံး​ပေါက်​ကွဲမှုမှာ အပြစ်​မရှိတဲ့သူ​တွေပါ ​သေတာ​နော်​...."

Siwon မျက်​နှာမဲ့ပြီး ပခုံးတွန့်​ပြသည်

"Tiffanyကို သိလာတာ ကြာပြီ မဟုတ်​လား သူအပြစ်​မရှိ​ကြောင်း Hyungသိပါတယ်​....အချိန်​မ​နှောင်း​သေးပါဘူး ​ကျေးဇူးပြုပြီး သူ့ကို ကယ်​တင်​​ပေးပါ....."

"Kev ​သေရတာ သူ့​ကြောင့်​​လေ Taeyeon ရ........Tiffanyကို​တော့ အားနာ​ပေမယ့်​....အသက်​တ​ချောင်း ပြန်​​ပေးဆပ်​ရမယ်​​လေ........"

Taeyeon စကားများလာရင်း မြို့ပြင်​ဘက်​ကို ​ရောက်​လာတာကို သတိထားမိလာသည်

"ကျွန်​​တော့်​ကို ဘယ်​​ခေါ်သွားတာလည်း......"

"မင်း အရမ်း​တွေ့ချင်​​နေတဲ့ John​ဆီ......"

Siwon မဲ့ပြုံးပြုံးပြီး Taeyeon ထွက်​​ပြေးလို့မရ​အောင်​ တံခါး​လော့ချလိုက်​​လေသည်

Bạn đang đọc truyện trên: Truyen3h.Co