Choice - 37
"Wellcome Kim Taeyeon....."
John အိမ်ထဲကနေ ထွက်လာပြီး လက်ခုပ်တီးကာ Taeyeonကို ကြိုဆိုလိုက်သည်
Siwonမှာ ခါးကြားထဲက သေနတ်ထုတ်ပြီး Taeyeonကို ချိန်လိုက်တော့
"Siwon.....အချိန်မကျသေးဘူး သားကြီး ငါတို့ ဧည့်သည်ကို အဲ့လိုမဆက်ဆံရဘူးလေ........"
Siwonလည်း Johnရဲ့ စကားကြောင့် သေနတ်ကို ပြန်သိမ်းလိုက်သည်
"Kim Taeyeon ငါတို့ စကားပြောကြရအောင်လေ......"
"ပြောစရာ စကားမရှိဘူးထင်တယ်....."
"မင်းက အဲ့လိုထင်တယ်ပေါ့......ဆယ်နှစ်စာ အတိတ်တွေအတွက် ငါတို့မှာ ပြောစရာစကားလုံးတွေ အများကြီးပါ....."
"မင်းနဲ့ ငါ့ကြား ပြောစရာတွေ.....အင်းလေ မင်းလည်း ငါ့အမေကို သတ်ခဲ့တာ မဟုတ်ဘူးလား......."
"ဒါပေါ့ မင်းက အရမ်းစိတ်ပျော့တာဘဲ......ဒါကြောင့် မနက်ဖြန် မင်းရှေ့မှာ Tiffanyကို သတ်ပြမယ်.....Siwonက အကုန် videoရိုက်ထားမယ် ပြီးရင် မင်းကို ပြမယ်......."
*ခွပ်*
Taeyeon စိတ်တိုလာပြီး Johnရဲ့ မျက်နှာကို ပိတ်ထိုးလိုက်သည်
John သူ့နှုတ်ခမ်းက သွေးတွေကို လက်နဲ့သုတ်ပြီး မဲ့ပြုံးပြုံးကာ Taeyeonရဲ့ ဗိုက်ကို ဆောင့်ကန်လိုက်သည်
Johnရဲ့ တပည့်တွေလည်း အဆောက်အဦးထဲက ထွက်လာကာ Taeyeon ကို ၀ိုင်းချုပ်ကြသည်
John သူ့တပည့် ယူလာတဲ့ ဘေ့စ်ဘောတုတ်တံနဲ့ Taeyeonဗိုက်ကို အဆက်မပြတ်ရိုက်လိုက်သည်
"Ahhhh........"
Taeyeon ပါးစပ်ထဲက သွေးတွေ ထွက်လာသည် .....
Johnရဲ့ အားပြင်းတဲ့ ရိုက်ချက်ကြောင့် Taeyeonရဲ့ နံရိုးတချို့ကျိုးသံတွေ ထွက်လာသည်
"ဒီကမ္ဘာမှာ မင်းလောက် ဘယ်သူ့ကိုမှ မမုန်းဖူးဘူး Kim Taeyeon..........မင်း နာကျင်မှုတွေနဲ့ သေရအောင် ငါလုပ်ပေးမယ်........မင်းက ငါကြိုးစားပန်းစား တည်ဆောက်ခဲ့တဲ့အရာတွေကို ဖျက်စီးပစ်တယ်.......Kevက ငဆိုး မကောင်းတဲ့သူဆိုတာ မှန်ပေမယ့် ငါက သူ့ကို သိပ်ချစ်တာ....ငါ့ညီငယ်လေးကို မင်းမို့...မင်း အမေကို သတ်လိုက်တာနဲ့ လုံလောက်ပြီ ငါထင်ခဲ့တယ် ငါ ခံစားရသလို ခံစားခဲဘမယ် ထင်ခဲ့တာ ဒါပေမယ့် အထင်နဲ့အမြင် လွဲသွားတယ်....ငါ့ညီ ငါ့ညီလေး..."
"Sorry....."
Taeyeon တောင်းပန်စကားပြောပေမယ့် John မကျေနပ်ဘူး.. ...သူက Taeyeon အပြစ်ရှိသလို ခံစားရမှာထက် Taeyeon နာကျင်မှာကို ပိုအလိုရှိနေတယ်......အဲ့တာကြောင့်ဘဲ Taeyeon ကာကွယ်ပေးချင်တဲ့ မိန်းကလေး Tiffanyကို သတ်ဖို့ John ကြိုးစားခြင်း ဖြစ်သည်
Kev သေရတဲ့အကြောင်းအရင်းက Tiffanyကြောင့်ဆိုတာ သိရတဲ့နေ့ကစပြီး Tiffany အကြောင်းကို John အမြဲ စုံစမ်းခဲ့သည်
SMမှာ Traineeအဖြစ် ဆင်းနေတာ သိရတာ့ Siwonကို စပိုင်အဖြစ် ထည့်ကာ Tiffanyနားကို နေစေခဲ့သည်.........
နောက်ပိုင်း Siwonပြောပြချက်အရ Taeyeon ပြန်ရောက်လာပြီး Fanyကို ကာကွယ်ပေးကြောင်း သိခဲ့ရသည်
"ဘယ်သူ့ကို တောင်းပန်တာလည်း.....မင်းရဲ့ တန်ဖိုးရှိတဲ့ Tiffany အတွက်လား.....ငါ မင်းရဲ့ တောင်းပန်တာတွေ မလိုချင်ဘူး မင်းနာကျင်မှာကိုဘဲ လိုချင်တာ......"
"Kevကို သတ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ် ဒါပေမယ့် မတော်တဆ ဖြစ်ခဲ့တာလေ အဲ့အတွက် ငါ့ကိုသတ်လိုက်ပါ........ဒါပေမယ့် Tiffanyကို မထိပါနဲ့ သူ့ကို ထိခိုက်အောင်လုပ်ရင် မင်းကို ငါ သတ်ရလိမ့်မယ် John......"
Taeyeonရဲ့ စကားကြောင့် Johnမှာ အားရပါးရ ရယ်ပြီး
"ဟားဟား မင်းရဲ့ အခြေအနေကို မင်းမသိသေးဘူးလား Taeyeon.....မင်းက ဒီမှာ အကူအညီမဲ့နေတာနော်........စိတ်ချ Tiffanyက ငါ့လက်နဲ့ သေရမှာပါ......"
"John....."
*ဘုန်း*
John ဘေ့စ်ဘောတုတ်နဲ့ Taeyeonကို ထပ်ရိုက်ပြန်သည်
"Siwon မနက်ဖြန် Tiffany လက်ထပ်ပွဲဆိုတော့ မင်း အဲ့မှာ ရှိနေဖို့လိုတယ်....သွားတော့...."
"Ok...."
"Siwon Hyung မလုပ်ပါနဲ့ Tiffanyမှာ အပြစ်မရှိဘူးဆိုတာ Hyung လည်း သိတာဘဲ...."
"Sorry Kin Taeyeon.. ...Siwonက ငါ့စကားဘဲ နားထောင်မှာကွ....."
John မဲ့ပြုံးပြုံးပြီး ပြောလိုက်သည်
"Siwon Hyung....."
Taeyeon အကူအညီတောင်းသော်လည်း Siwonမှာ မသိချင်ယောင်ဆောင်ပြီး Johnနဲ့ထားခဲ့ကာ ထွက်သွားလေသည်
#HappyTaenyDay😁
Bạn đang đọc truyện trên: Truyen3h.Co