Choice Part-38
ဗွမ်း.......
Taeyeon ရေနဲ့အပက်ခံရလို့ သတိလစ်ရာမှ ပြန်ပြီး သတိရလာလေသည်
"Taeyeonရာ Tiffanyကို ကာကွယ်ပေးမယ့်သူက နည်းနည်းလေး နှိပ်သက်ရသေးတယ် သတိလစ်သွားရလား...."
Johnမှာ မလှမ်းမကမ်းကနေ Taeyeonကို ပြုံးပြုံးကြီး လက်ပိုက်ကြည့်ကာ ပြုံးနေ၏
"Ethan သူ့ကို ရေထဲနှစ်လိုက်စမ်း....."
ဗွမ်း........
Taeyeon ရေထဲက ပြန်ထွက်လာတော့ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်
သူ့ဘေးနားမှာ မှန်ပြတင်းပေါက်ကို တွေ့တော့ Taeyeon အကြံတခုရသွားသည်
သူ့ဂုတ်ကို ဆွဲပြီး ရေထဲကို နှစ်လိုက်ဖော်လိုက် လုပ်နေတဲ့ Ethan ဆိုတဲ့ ကောင်ရဲ့ မျက်နှာကို တံတောင်နဲ့တွတ်ပြီး Ethan မူပျက်သွားချိန်တွင် Taeyeon နောက်ကို လှည့်ကာ Ethanကို ပိတ်ထိုးလိုက်သည်
Ethan ပြန်ထဖို့ လုပ်တော့ Taeyeonမှာ Ethan ရဲ့ဗိုက်ကို ပိတ်ကန်လိုက်သည်
ထို့နောက် သူ့အနားက ပြတင်းပေါက်မှန်ကို ခြေထောက်နဲ့ကန်လိုက်သည်......
မှန်ကွဲတွေထဲက အကြီးဆုံးမှန်စကို Taeyeon ကောက်ယူလိုက်သည်
ထိုစဉ် သူ့ကို ပြေးထိုးတဲ့ Ethanရဲ့ ဗိုက်ကို မှန်ကွဲစနဲ့ ထိုးလိုက်သည်
"အား....."
Ethanမှာ သူ့ဗိုက်ထဲက မှန်ကွဲစကို ထုတ်ယူရင်း လဲကျသွားလေသည်
"Ethan........"
Johnမှာ သူ့ညီဝမ်းကွဲ Ethan ကို ကြည့်ပြီး အရမ်း လန့်သွားသည်
Taeyeonမှာ မဲ့ပြုံးပြုံးပြီး Ethanရဲ့ အထိုးခံရတဲ့နေရာကို ခြေထောက်နဲ့ပိတ်ကန်လိုက်သည်
John စိတ်တိုလာပြီး သူ့ခါးမှာ ချိတ်ထားတဲ့ ဓားကို ဆွဲထုတ်ကာ Taeyeonဆီ ပြေးလာလေသည်
Taeyeon မှာ ရှောင်လိုက်ပြီး John လက်ထဲက ဓားကို ဆွဲယူလိုက်သည်
နှစ်ယောက်သား ဓားကို လုကြရင်း John ဟန်ချက်ပျက်ကာ ဖန်ကွဲတွေပေါ် လဲကျသွားလေသည်
"Ah......."
သူတို့အပြိုင် ဆွဲလုနေတဲ့ ဓားလည်း လွတ်ထွက်သွားပြီး လေပေါ်တွင် မြောက်တက်ကာ ကံဆိုးစွာဖြင့် လဲကျသွားသော Johnရဲ့ ရင်ဘတ်ထဲသို့ စိုက်သွားလေသည်
Taeyeonမှာ Johnကို ကယ်ရမလား ဒီတိုင်းဘဲ ထွက်သွားရမလား တွေဝေနေ၏
သို့သော်လည်း Fanyရဲ့ မင်္ဂလာပွဲကို ဖျက်မယ့် Siwonကိုလည်း တားရအုံးမည်......
ထို့ကြောင့်ပင် Johnကို ထားခဲ့ကာ ဂိုဒေါင်က ထွက်လာလိုက်သည်
"Kim Taeyeon.. ......."
Taeyeon နောက်ကို လှည့်ကြည့်တော့ သွေးစက်လက်နဲ့ ဓားကိုကိုင်ကာ သူ့ဆီပြေးလာတဲ့ Johnကို တွေ့လိုက်ရသည်
အရမ်းနီးကပ်သောကြောင့် Taeyeon ရှောင်ချိန်မရ.....Johnရဲ့ ဓားချက်ကြောင့် Taeyeon ညာဘက်လက် ပျက်သွားလေသည်
"အား......"
"Hahahaha....."
Johnမှာ မြေကြီးပေါ်က Taeyeonရဲ့ ညာဘက်လက်ကို ကြည့်ပြီး သဘောကျစွာ ရယ်လိုက်သည်
"Kevရေ....မင်းကို သတ်ခဲ့တဲ့ အဲ့ကောင်ရဲ့ လက်ကို ငါ ဖြတ်လိုက်ပြီ မင်း ကောင်းကင်ဘုံကနေ မြင်ရဲ့လား.......ငါ့ညီလေး တစ်ယောက်တည်း ကောင်းကင်ဘုံမှာ ပျင်းနေမှာပေါ့ ငါ လာခဲ့မယ်....ငါ့ကို ကြိုပေးပါ......"
Johnပြောပြီး သူ့ကိုယ်သူ ဓားနဲ့ထိုးကာ သတ်သေလိုက်သည်
Siwonမှာ ကားမောင်းရင်း သူ့လုပ်ရပ်တွေကို ပြန်တွေးနေ၏
"ငါလုပ်လိုက်တာ တော်တော်များ လွန်သွားသလား.....Johnက ငါ့ရဲ့ ကျေးဇူးရှင်ဆိုပေမယ့်.....Kevက Tiffanyကို အနိုင်ကျင့်လို့ Taeyeonက လက်ပါမိသွားတာလေ.....အခုလောက်ဆို Johnလည်း Taeyeonကို နှိပ်စက်ရလို့ ကျေနပ်နေလောက်မှာပါ ထပ်ပြီး အပြစ်မရှိတဲ့ သူတွေကို မသေစေချင်တော့ဘူး......"
Siwon စဉ်းစားရင်း ကားကို ပြန်ပြီး လှည့်လိုက်သည်......
Johnတို့ရှိရာ ရောက်တော့ သွေးအိုင်ထဲ လဲနေတဲ့ Johnနဲ့ Taeyeonကို တွေ့ရလေသည်
"John.....Taeyeon......"
Taeyeonမှာ အသက်ကို ဖြည်းဖြည်းရှူရင်း Siwonကို လှမ်းကြည့်လိုက်သည်
Siwonမှာ ကားပေါ်က ပြေးဆင်းလာကာ Taeyeonကို ပွေ့ချီလိုက်သည်
"Taeyeon yah.........ငါ့ကို ခွင့်လွှတ်ပါ......ငါ ငါ......ငါ နောက်ကျမှရောက်လာမိတယ်......"
Taeyeonရဲ့ လက်ကိုကြည့်ပြီး Siwon စိတ်မကောင်းဖြစ်ပြီး မျက်ရည်တွေကျလာသည်
"မဟုတ်တာ Hyung ရယ် အချိန်မှီရောက်လာပါတယ်......Hyung ရောက်လာလို့ တော်သေးတာပေါ့ Tiffanyရဲ့ မင်္ဂလာဆောင်ကို သွားရအုံးမယ်လေ Hyung လိုက်ပို့ပေးပါလား......."
Siwon သူ့မျက်ရည်တွေကို သုတ်ပြီး
"Ok သွားကြစို့....."
Siwon Taeyeonကို ကားပေါ်သို့ တွဲခေါ်ကာ မြေပြင်ပေါ်က Taeyeonရဲ့ ပြတ်နေတဲ့ ညာလက်ကိုပါ ကောက်ယူခဲ့လိုက်သည်
"အချိန်မှီပြန်ဆက်လို့ရပါစေကွာ တောက် ငါ ငါ တအားမိုက်ရိုင်းတာဘဲ ငါ့ကြောင့်......ငါ့ကြောင့် Taeyeon အခုလိုဖြစ်ရတာ......"
Siwon ယူကြုံးမရဖြစ်ကာ ငိုကြွေးလိုက်သည်
ကားပေါ်တွင် Siwon မှာ Taeyeonရဲ့ အင်္ကျီကို ချွတ်ကာ Taeyeonကိုယ်ပေါ်က သွေးတွေကို သုတ်ပေးနေ၏
ထို့နောက် သူ့၏ coatကို ချွတ်ပြီး Taeyeonကို ၀တ်ပေးလေသည်
"Taeyeon ဆေးရုံသွားရအောင်နော်....."
"Hyung....Tiffanyရဲ့ မင်္ဂလာပွဲကိုဘဲ ပို့ပေးပါ....."
"မင်း ရူးနေတာလား.....မင်း ဆေးရုံသွားဖို့ လိုအပ်တယ်လေ မင်းမှာ ဒဏ်ရာတွေ အများကြီး.. ...."
"Hyung.....ဆေးရုံက ကျွန်တော့် ဒဏ်ရာတွေကို မကုသပေးနိုင်ပါဘူးဗျာ........"
"မရဘူး သွားရမယ်......ငါတို့ ဆေးရုံကို သွားမှဖြစ်မယ် ငါ အမြန်မောင်းမယ် "
"Hyung.......ကျေးဇူးပြုပြီး သူ့ဆီဘဲ ပို့ပေးပါ ကျွန်တော်လေ သူ့ကို ကတိတွေပေးပြီး ဘယ်တော့မှ မတည်နိုင်ခဲ့ဘူး.....အမြဲ သူ့အပေါ် လိမ်ညာပြီး ကတိတွေကို ချိုးဖောက်မိတယ်......ဒီတခါတော့ ကျွန်တော်ပေးတဲ့ ယောင်္ကျားကတိကို တည်ချင်တယ်ဗျာ...."
"Kim Tae....."
"ကျွန်တော်က မကြာခင် သေရတော့မှာ မသေခင်လေး သူ့ကို တွေ့သွားချင်တယ် ဒါမှ နောင်တတွေမရဘဲ စိတ်အေးအေးနဲ့ သေနိုင်မှာ"
"မင်းသေမယ်လို့ ဘယ်ကောင်ပြောတာလည်း မသေရပါဘူး မင်း အသက်ရှည်ရမယ်......."
Siwon ကားမောင်းရင်း အော်ဟစ်လိုက်သည်
"Tiffanyကို သတို့သမီး ၀တ်စုံလေးနဲ့ တွေ့ချင်တယ် သူ....သူ တော်တော်လှမှာဘဲ......"
Taeyeon ပြောရင်း မျက်ရည်တွေကျလာတော့ Siwon သက်ပြင်းချလိုက်သည်
"Taeng.....မင်း ချစ်သူဆီ သွားကြစို့.. .."
Siwon ဆေးရုံကို သွားမယ့် လမ်းကနေ ပြန်ကွေ့ကာ Tiffanyရှိရာသို့ မောင်းလိုက်သည်....
Taeyeonမှာတော့ စိတ်တွေလှုပ်ရှားပြီး ဒဏ်ရာတွေကြောင့် ကားပေါ်တွင် အိပ်လျက်ပါလာသည်......
Bạn đang đọc truyện trên: Truyen3h.Co