Truyen3h.Co

Ghost

Part 13 (Z+U)

KimFany059

#zawgyi

Chaeyoung ႏုိးလာေတာ့ မရင္းႏွီးတဲ့ အခန္းထဲ ေရာက္ေနတာကုိ သိလုိက္ရသည္

မ်က္လုံးကုိ အားယူကာ ဖြင့္လုိက္ၿပီး ထထုိင္လုိက္ေတာ့ ႐ုတ္တရက္ ေခါင္းကုိက္လာသည္

"Ah ေခါင္းကုိက္လုိက္တာ ဒါနဲ႔ ငါ ဘယ္ေရာက္ေနတာလည္း "

Chaeyoung ျပန္စဥ္းစားလုိ္က္ေတာ့

"Mino....Appa....Lisa....."

"Oh my god မင္း  သတိရလာၿပီ ေက်းဇူးပါ God....."

Lisa အသံက ႐ုတ္တရက္ Chaeyoung အေတြးထဲေရာက္လာသည္

"ငါ ငါ ဘယ္ေရာက္ေနတာလည္း ငါ ငါေၾကာက္တယ္ Lisa "

"မေၾကာက္ပါနဲ႔ မင္း ေဆး႐ုံမွာ ေရာက္ေနတာ ခဏေစာင့္ ငါ ဆရာဝန္ကုိ သြားေခၚလုိက္အုံးမယ္  "

"ငါ ေဆး႐ုံမွာ ဟုတ္လား "

"ဟုတ္တယ္ Chaeng "

"ဘာျဖစ္တာလည္း "

Chaeyoung ေမးေပမယ့္ အေျဖက မထြက္လာဘဲ တိတ္ဆိတ္ေနသည္

ခဏၾကာေတာ့ ဆရာဝန္နဲ႔ သူနာျပဳေတြ Chaeyoungဆီ ေရာက္လာၾကသည္

"Oh မင္း သတိရလာၿပီဘဲ ဘယ္လုိခံစားရလည္း သက္သာလား "

ဆရာဝန္က ေမးေတာ့ Chaeyoung စိတ္႐ႈပ္ေနတဲ့ပုံစံနဲ႔ ဆရာဝန္ကုိ ၾကည့္ေနသည္

"ကြၽန္မ ဘာျဖစ္တာလည္း "

"မင္း တကယ္ဘဲ မမွတ္မိဘူးလား "

Chaeyoung ေခါင္းခါျပသည္

"ေကာင္းၿပီ အရင္ဆုံး ငါ့ကုိယ္ငါ မိတ္ဆက္မယ္ ငါက မင္းရဲ႕ ဆရာဝန္ Jinwooပါ မင္းကုိ လြန္ခဲ့တဲ့ ႏွစ္ပတ္ကတည္းက ေစာင့္ေ႐ွာက္ေပး ကုသေပးေနတာ"

"ႏွစ္ပတ္ ဟုတ္လား "

"ဟုတ္တယ္ မင္း ႏွစ္ပတ္လုံး သတိေမ့ေနခဲ့တယ္ ဒါေၾကာင့္ အခု သတိရလာလာခ်င္း မင္း ေခါင္းမူးေနခဲ့တာ ဗုိက္ဆာေနလား တစ္ခုခုစားခ်င္လား "

"ကြၽန္မ ဘာလုိ႔ ဒီကုိ ေရာက္ေနလည္းဆုိတာ ႐ွင္းျပေပးႏိုင္မလား "

"ဟုတ္ၿပီ မင္းကုိ စားေသာက္ဆုိင္ တစ္ခုရဲ႕ အိမ္သာထဲက အေလာင္းႏွစ္ခုၾကားမွာ သတိေမ့ေနတာကုိ ေတြ႔ၾကၿပီး ဒီေဆး႐ုံကုိ ေခၚလာၾကတာ "

Jinwoo စကားကုိ Chaeyoung နားေထာင္ၿပီး

"တစ္ခုခုေတာ့ မူမမွန္ဘူး Lisa ဘယ္မွာလည္း သူ႔ကုိ ငါလုိအပ္တယ္ 💭"

"မင္းအေဖက လြဲၿပီး မင္းရဲ႕ အုပ္ထိန္းသူမ်ား ႐ွိေသးလား"

"အင္း ၾကည့္ရတာ Lisaက ကုိယ္ေယာင္မျပခ်င္ဘူး ထင္ပါတယ္ 💭"

"Chaeyoung shii"

"Nae ကြၽန္မမွာ အုပ္ထိန္းသူ မ႐ွိေတာ့ပါဘူး အေမကလည္း ကြၽန္မ ငယ္ငယ္ကတည္းက ဆုံးသြားတာ အေဖလည္း မ႐ွိေတာ့ဘူးမလား ၿပီးေတာ့ ကြၽန္မမွာ ေဆြမ်ိဳးအေပါင္းအသင္း သူငယ္ခ်င္းလည္း မ႐ွိပါဘူး "

"ၾကားရတာ စိတ္မေကာင္းျဖစ္မိပါတယ္ ကဲ ခဏေနရင္ Chaeyoung ဆီ အစားအေသာက္ေတြ ေရာက္လာလိမ့္မယ္ေနာ္ တစ္ခုခုျဖစ္ရင္ ကုတင္လက္တန္းေပၚက ခလုတ္ေလးကုိ ႏွိပ္လုိက္ပါ ကြၽန္ေတာ္တုိ႔ ေရာက္လာပါမယ္ "

"Nae....."

ဆရာဝန္ ထြက္သြားေတာ့ Chaeyoung ပင္ပန္းလုိ႔ မ်က္လုံးမွိတ္ထားမိသည္

"Chaeng "

Lisa အသံေၾကာင့္ Chaeyoung အိပ္ရာက အျမန္ ထၾကည့္ေတာ့ ကုတင္ေဘးနားရပ္ၿပိး သူမကုိ ၾကည့္ေနတဲ့ Lisaကို ေတြ႔ရေလသည္

"Lisa Lisa ငါ ေတာင္းပန္ပါတယ္ အဲ့ေန႔က နင့္စကားကုိ ငါ နားေထာင္ရမွာ ငါ ေနာင္တရလုိက္တာ ........ေနာက္ထပ္ ဘာေျပာရမွန္းမသိေတာ့ဘူး ငါ ပင္ပန္းေနၿပီ"

"ပင္ပန္းမွာေပါ့ ႏွစ္ပတ္လုံး ဘာမွမစားဘဲ အိပ္ေနတာ ဘယ္လုိလုပ္ အား႐ွိမွာလည္း "

Chaeyeonမွာ စကားနားမေထာင္တာေတာင္ Lisa က ခုထိ သူမကုိ ဂ႐ုစုိက္ေပးလုိ႔ ျပံဳးလုိက္သည္

"ကဲ ဆန္ျပဳတ္အရင္စား ေနာက္မွ စကားေျပာၾကတာေပါ့ "

Lisa ကုတင္ေပၚ စားပြဲ ခင္းျပီး သူမ ဝယ္လာတဲ့ ဆန္ျပဳတ္ဘူးကုိ တင္လုိက္သည္

Chaeyoungလည္း ဆန္ျပဳတ္စားဖုိ႔ ဇြန္းကုိင္ေသာ္လည္း အားမ႐ွိေသာေၾကာင့္ ဇြန္းက ျပတဳ္က်သြားသည္

"ကဲပါ ငါဘဲ ခြ႔ံေကြၽးေတာ့မယ္ ပါးစပ္ဟ "

Chaeyoungကုိ ဆန္ျပဳတ္ခံြ႔ေကြၽးတဲ့ Lisaေၾကာင့္ Chaeyoung ေပ်ာ္မိသည္

"မင္း သတိေမ့ေနတုံးက မင္းအေဖရဲ႕ အိမ္ကုိ ရဲေတြဝင္စစ္တယ္..... ငါ ေၾကာင္ပုံစံနဲ႔ ေျမတုိက္ခန္းဘက္ လမ္းၫႊန္ေခၚသြားေတာ့ အေလာင္းေတြအ႐ုပ္မေတြကုိ ေတြ႔ၿပီး ရဲေတြ ေတာ္ေတာ္လန္႔သြားတာ ရယ္စရာေကာင္းတယ္ ဟားဟား "

Lisaေျပာၿပီး ေၾကာက္လန္႔ေနတဲ့ ရဲေတြရဲ႕ ႐ုပ္ကုိ ျမင္ေယာင္္လာလုိ႔ ရယ္လုိက္မိသည္

"ရဲေတြကေတာ့ မင္းအေဖက အဲ့လုိလုပ္လုိ႔ သူ႔ကုိလက္စားေခ်ခ်င္တဲ့ သူ Minoက အိမ္သာထဲထိလုိက္သတ္ရင္း ႏွစ္ေယာက္လုံးေသကုန္တယ္လုိ႔ ေကာက္ခ်က္ခ်ၿပီး အမႈပိတ္လုိက္တယ္ ဒါေပမယ့္ မင္းကုိေတာ့ ေတြ႔ခ်င္ေနၾကတယ္ "

"ဘာလုိ႔လည္း "

"အဲ့ေန႔က ဘာျဖစ္ခဲ့လည္းဆုိတာ အေသးစိတ္သိခ်င္လုိ႔တဲ့ "

"ဟင္ "

"အဲ့ေတာ့ ထြက္ေျပးမလား သူတုိ႔ကုိ အမွန္တုိင္းေျပာျပမလား "

"တစ္ကမၻာလုံးက လူေတြ ငါ့အေဖအေၾကာင္း သိသြားေအာင္ ေျပာျပခ်င္တယ္"

"ဒါဆုိ အသတ္ခံရတဲ့သူေတြရဲ႕ မိသားစုအသိမိတ္ေဆြေတြက မင္းကုိ ျပႆ      နာ႐ွာ အညိဳးထားရင္ေရာ "

"႐ွင္းျပၿပီးတာနဲ႔ ထြက္ေျပးၾကမယ္ေလ"

"အဲ့အၾကံဥာဏ္က safe မျဖစ္ဘူးေနာ"

"Lisa နင္ ငါ့ကုိ စိတ္ပူတာ သိပါတယ္ ဒါေပမယ့္ အသတ္ခံရတဲ့ မိသားစုေတြကိုလည္း ဘာျဖစ္သြားေၾကာင္း သိေစခ်င္တယ္ေလ "

"ဟုတ္တယ္ ငါ မင္းကုိ စိတ္ပူတယ္ public က မင္းကုိ ဘယ္လုိတုံံ႔ျပန္ၾကမလည္း မင္းသိလား စိတၱဇလူသတ္သမားရဲ႕ သမီးဆုိၿပီး မင္းကုိ အျပစ္တင္ကဲ့ရဲ႕မုန္းတီးေနၾကမွာ "

"ငါ ဘာလုပ္ရမလည္း "

"ပထမဆုံး မင္း ျပန္အိပ္လုိက္ မင္း ပင္ပန္းေနတာေလ အိပ္လုိက္အုံး ႏုိးမွဆက္ေျပာၾကမယ္ "

Chaeyoung အိပ္ေပ်ာ္တဲ့ထိ ေဘးနားမွာ Lisa ထုိင္ေစာင့္ေနသည္

#Tbc

#Unicode

Chaeyoung နိုးလာတော့ မရင်းနှီးတဲ့ အခန်းထဲ ရောက်နေတာကို သိလိုက်ရသည်

မျက်လုံးကို အားယူကာ ဖွင့်လိုက်ပြီး ထထိုင်လိုက်တော့ ရုတ်တရက် ခေါင်းကိုက်လာသည်

"Ah ခေါင်းကိုက်လိုက်တာ ဒါနဲ့ ငါ ဘယ်ရောက်နေတာလည်း "

Chaeyoung ပြန်စဉ်းစားလိုက်တော့

"Mino....Appa....Lisa....."

"Oh my god မင်း  သတိရလာပြီ ကျေးဇူးပါ God....."

Lisa အသံက ရုတ်တရက် Chaeyoung အတွေးထဲရောက်လာသည်

"ငါ ငါ ဘယ်ရောက်နေတာလည်း ငါ ငါကြောက်တယ် Lisa "

"မကြောက်ပါနဲ့ မင်း ဆေးရုံမှာ ရောက်နေတာ ခဏစောင့် ငါ ဆရာဝန်ကို သွားခေါ်လိုက်အုံးမယ်  "

"ငါ ဆေးရုံမှာ ဟုတ်လား "

"ဟုတ်တယ် Chaeng "

"ဘာဖြစ်တာလည်း "

Chaeyoung မေးပေမယ့် အဖြေက မထွက်လာဘဲ တိတ်ဆိတ်နေသည်

ခဏကြာတော့ ဆရာဝန်နဲ့ သူနာပြုတွေ Chaeyoungဆီ ရောက်လာကြသည်

"Oh မင်း သတိရလာပြီဘဲ ဘယ်လိုခံစားရလည်း သက်သာလား "

ဆရာဝန်က မေးတော့ Chaeyoung စိတ်ရှုပ်နေတဲ့ပုံစံနဲ့ ဆရာဝန်ကို ကြည့်နေသည်

"ကျွန်မ ဘာဖြစ်တာလည်း "

"မင်း တကယ်ဘဲ မမှတ်မိဘူးလား "

Chaeyoung ခေါင်းခါပြသည်

"ကောင်းပြီ အရင်ဆုံး ငါ့ကိုယ်ငါ မိတ်ဆက်မယ် ငါက မင်းရဲ့ ဆရာဝန် Jinwooပါ မင်းကို လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက စောင့်ရှောက်ပေး ကုသပေးနေတာ"

"နှစ်ပတ် ဟုတ်လား "

"ဟုတ်တယ် မင်း နှစ်ပတ်လုံး သတိမေ့နေခဲ့တယ် ဒါကြောင့် အခု သတိရလာလာချင်း မင်း ခေါင်းမူးနေခဲ့တာ ဗိုက်ဆာနေလား တစ်ခုခုစားချင်လား "

"ကျွန်မ ဘာလို့ ဒီကို ရောက်နေလည်းဆိုတာ ရှင်းပြပေးနိုင်မလား "

"ဟုတ်ပြီ မင်းကို စားသောက်ဆိုင် တစ်ခုရဲ့ အိမ်သာထဲက အလောင်းနှစ်ခုကြားမှာ သတိမေ့နေတာကို တွေ့ကြပြီး ဒီဆေးရုံကို ခေါ်လာကြတာ "

Jinwoo စကားကို Chaeyoung နားထောင်ပြီး

"တစ်ခုခုတော့ မူမမှန်ဘူး Lisa ဘယ်မှာလည်း သူ့ကို ငါလိုအပ်တယ် 💭"

"မင်းအဖေက လွဲပြီး မင်းရဲ့ အုပ်ထိန်းသူများ ရှိသေးလား"

"အင်း ကြည့်ရတာ Lisaက ကိုယ်ယောင်မပြချင်ဘူး ထင်ပါတယ် 💭"

"Chaeyoung shii"

"Nae ကျွန်မမှာ အုပ်ထိန်းသူ မရှိတော့ပါဘူး အမေကလည်း ကျွန်မ ငယ်ငယ်ကတည်းက ဆုံးသွားတာ အဖေလည်း မရှိတော့ဘူးမလား ပြီးတော့ ကျွန်မမှာ ဆွေမျိုးအပေါင်းအသင်း သူငယ်ချင်းလည်း မရှိပါဘူး "

"ကြားရတာ စိတ်မကောင်းဖြစ်မိပါတယ် ကဲ ခဏနေရင် Chaeyoung ဆီ အစားအသောက်တွေ ရောက်လာလိမ့်မယ်နော် တစ်ခုခုဖြစ်ရင် ကုတင်လက်တန်းပေါ်က ခလုတ်လေးကို နှိပ်လိုက်ပါ ကျွန်တော်တို့ ရောက်လာပါမယ် "

"Nae....."

ဆရာဝန် ထွက်သွားတော့ Chaeyoung ပင်ပန်းလို့ မျက်လုံးမှိတ်ထားမိသည်

"Chaeng "

Lisa အသံကြောင့် Chaeyoung အိပ်ရာက အမြန် ထကြည့်တော့ ကုတင်ဘေးနားရပ်ပြိး သူမကို ကြည့်နေတဲ့ Lisaကို တွေ့ရလေသည်

"Lisa Lisa ငါ တောင်းပန်ပါတယ် အဲ့နေ့က နင့်စကားကို ငါ နားထောင်ရမှာ ငါ နောင်တရလိုက်တာ ........နောက်ထပ် ဘာပြောရမှန်းမသိတော့ဘူး ငါ ပင်ပန်းနေပြီ"

"ပင်ပန်းမှာပေါ့ နှစ်ပတ်လုံး ဘာမှမစားဘဲ အိပ်နေတာ ဘယ်လိုလုပ် အားရှိမှာလည်း "

Chaeyeonမှာ စကားနားမထောင်တာတောင် Lisa က ခုထိ သူမကို ဂရုစိုက်ပေးလို့ ပြုံးလိုက်သည်

"ကဲ ဆန်ပြုတ်အရင်စား နောက်မှ စကားပြောကြတာပေါ့ "

Lisa ကုတင်ပေါ် စားပွဲ ခင်းပြီး သူမ ဝယ်လာတဲ့ ဆန်ပြုတ်ဘူးကို တင်လိုက်သည်

Chaeyoungလည်း ဆန်ပြုတ်စားဖို့ ဇွန်းကိုင်သော်လည်း အားမရှိသောကြောင့် ဇွန်းက ပြတု်ကျသွားသည်

"ကဲပါ ငါဘဲ ခွံ့ကျွေးတော့မယ် ပါးစပ်ဟ "

Chaeyoungကို ဆန်ပြုတ်ခွံ့ကျွေးတဲ့ Lisaကြောင့် Chaeyoung ပျော်မိသည်

"မင်း သတိမေ့နေတုံးက မင်းအဖေရဲ့ အိမ်ကို ရဲတွေဝင်စစ်တယ်..... ငါ ကြောင်ပုံစံနဲ့ မြေတိုက်ခန်းဘက် လမ်းညွှန်ခေါ်သွားတော့ အလောင်းတွေအရုပ်မတွေကို တွေ့ပြီး ရဲတွေ တော်တော်လန့်သွားတာ ရယ်စရာကောင်းတယ် ဟားဟား "

Lisaပြောပြီး ကြောက်လန့်နေတဲ့ ရဲတွေရဲ့ ရုပ်ကို မြင်ယောင်လာလို့ ရယ်လိုက်မိသည်

"ရဲတွေကတော့ မင်းအဖေက အဲ့လိုလုပ်လို့ သူ့ကိုလက်စားချေချင်တဲ့ သူ Minoက အိမ်သာထဲထိလိုက်သတ်ရင်း နှစ်ယောက်လုံးသေကုန်တယ်လို့ ကောက်ချက်ချပြီး အမှုပိတ်လိုက်တယ် ဒါပေမယ့် မင်းကိုတော့ တွေ့ချင်နေကြတယ် "

"ဘာလို့လည်း "

"အဲ့နေ့က ဘာဖြစ်ခဲ့လည်းဆိုတာ အသေးစိတ်သိချင်လို့တဲ့ "

"ဟင် "

"အဲ့တော့ ထွက်ပြေးမလား သူတို့ကို အမှန်တိုင်းပြောပြမလား "

"တစ်ကမ္ဘာလုံးက လူတွေ ငါ့အဖေအကြောင်း သိသွားအောင် ပြောပြချင်တယ်"

"ဒါဆို အသတ်ခံရတဲ့သူတွေရဲ့ မိသားစုအသိမိတ်ဆွေတွေက မင်းကို ပြဿ      နာရှာ အညိုးထားရင်ရော "

"ရှင်းပြပြီးတာနဲ့ ထွက်ပြေးကြမယ်လေ"

"အဲ့အကြံဉာဏ်က safe မဖြစ်ဘူးနော"

"Lisa နင် ငါ့ကို စိတ်ပူတာ သိပါတယ် ဒါပေမယ့် အသတ်ခံရတဲ့ မိသားစုတွေကိုလည်း ဘာဖြစ်သွားကြောင်း သိစေချင်တယ်လေ "

"ဟုတ်တယ် ငါ မင်းကို စိတ်ပူတယ် public က မင်းကို ဘယ်လိုတုံံ့ပြန်ကြမလည်း မင်းသိလား စိတ္တဇလူသတ်သမားရဲ့ သမီးဆိုပြီး မင်းကို အပြစ်တင်ကဲ့ရဲ့မုန်းတီးနေကြမှာ "

"ငါ ဘာလုပ်ရမလည်း "

"ပထမဆုံး မင်း ပြန်အိပ်လိုက် မင်း ပင်ပန်းနေတာလေ အိပ်လိုက်အုံး နိုးမှဆက်ပြောကြမယ် "

Chaeyoung အိပ်ပျော်တဲ့ထိ ဘေးနားမှာ Lisa ထိုင်စောင့်နေသည်

#Tbc

Bạn đang đọc truyện trên: Truyen3h.Co