Truyen3h.Co

Ghost

Part 14 (Z+U)

KimFany059

#Zawgyi

"Ash ေနမေကာင္း ျဖစ္တာကို မုန္းလုိက္တာ ေနမေကာင္း ျဖစ္ရင္ ဘာမွကို မလုပ္ခ်င္ဘူး အိပ္ရာထဲ လွဲေနရတာကို မုန္းလုိက္တာ "

Chaeyoung တစ္ေယာက္တည္း ညည္းညဴ ေနစဥ္ ႐ုတ္တရက္ Lisa ရယ္သံႀကီး ထြက္ေပၚလာသည္

Chaeyoung ဘာမွရန္မလုပ္ဘဲ အိပ္ဖုိ႔ရန္အတြက္ မ်က္လုံးကုိ ႀကိဳးစား မွိတ္ေနသည္

"Hey "

"Lisa ငါ့ကို လာမစနဲ႔ နင့္ကုိ ရန္ေတြ႔ဖုိ႔ ပါးစပ္ေတာင္ မလႈပ္ႏုိင္ဘူး "

"သိပါတယ္ ဒါေၾကာင့္လည္း ငါ မင္းကုိ စေနတာ"

Lisa ေျပာရင္း ေကာ္ဖီ ေဖ်ာ္ေနသည္

Chaeyoung ေဆး႐ုံက ဆင္းခ်င္တယ္ေျပာလို႔ Lisa ေဆး႐ုံကေန သူတုိ႔ အိမ္ကုိ ျပန္ေခၚလာခဲ့သည္.....

"Coffee ေသာက္အုံးမလား Chaeng "

"No ငါ အိပ္ဖုိ႔ႀကိဳးစားေနတယ္ "

"Come on မအိပ္ပါနဲ႔အုံး ငါ ပ်င္းလုိ႔ "

"ပ်င္းရင္ ကုိယ့္ဘာသာကုိယ္ ႐ုပ္႐ွင္ၾကည့္ေနပါလား Lisa ငါ ေနမေကာင္းပါဘူးဆုိ မေန႔ကလည္း ရဲစခန္းမွာ ငါ လူမသတ္ေၾကာင္း စစ္ေဆးခံရတယ္ ငါ့အေဖ ငါ့သူငယ္ခ်င္း ေသဆုံးမႈေတြနဲ႔ ငါ ဘယ္ေလာက္ထိ စိတ္ေရာ လူေရာ ပင္ပန္ေနလည္းဆုိတာ နင္သိပါတယ္ "

"Miyanhaeyo Chaeng "

"ငါ အိပ္ၿပီ "

Lisaဆီက ဘာမွတုံ႔ျပန္မႈ မရေသာေၾကာင့္ Lisaမ်ား စိတ္ဆုိးသြားတာလား ဆုိၿပီး Chaeyoung ေတြးလိုက္ေပမယ့္

"ငါ စိတ္မဆုိးပါဘူး မင္းမွ ေနမေကာင္းတာ ငါ နားလည္ပါတယ္ ငါ ကေလးဆန္သြားလုိ႔ပါ ရပါတယ္ အိပ္ေတာ့ Chaeng မင္း အား႐ွိမွ ျဖစ္မွာ "

"Lisa နင္က ငါ့စိတ္ထဲ ေတြးသမ်ွ အကုန္ၾကားေနရတာေတာ့ မတရားသလုိဘဲ ငါက နင္ေတြးတာေတြ ဘာမွမၾကားရဘူး ဟြန္႔ "

Chaeyong ရန္ေထာင္ၿပီး တစ္ဖက္ကို လွည့္အိပ္လုိက္သည္

ခဏၾကာေတာ့ ကုတင္ေပၚကုိ တစ္စုံတစ္ေယာက္က တက္လာသလုိ ခံစားရေတာ့ ၾကည့္လုိက္ေတာ့ ေၾကာင္တစ္ေကာင္ ျဖစ္ေနသည္

ထုိေၾကာင္မွာ တစ္ျခားမဟုတ္ Lisa ပင္ ျဖစ္သည္

"ဘာၾကည့္ေနတာလည္း ငါ့ကုိ မျမင္ဖူးဘူးလား "

"ေၾကာင္ပုံစံနဲ႔ ျဖစ္ေနလုိ႔ "

"ေၾကာင္ ပုံစံလည္း မျမင္ဖူးဘူးလား ေနမေကာင္းျဖစ္ၿပီး ေဂါက္သြားတာလား မသိ "

Lisa စကားေၾကာင့္ Chaeyoung ေအာ္လုိက္သည္

"Yah ငါ နင့္ကုိ ကုတင္ေပၚက ကန္ခ်မွာေနာ္ "

"ပလက္လွန္အိပ္ပါလား "

"ဘာလုပ္မလုိ႔လည္း "

Chaeyoung မ်က္လုံးျပဴ းၿပီး သူမရင္ဘတ္ကုိ လက္နဲ႔ ကုိင္ေတာ့ ေၾကာင္ျဖစ္သူ Lisaမွာ Chaeyoung ကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ၿပီး

"ဘာေတြ ေတြးေနတာလည္း ေၾကာင္က နင့္ကုိ ဘာမွ လုပ္မရဘူးေနာ္ "

"နင္က ဘာလုပ္ခ်င္ေသးလုိ႔လည္း "

"နင့္ ရင္ဘတ္ေပၚ အိပ္ခ်င္တာ "

"ဘာ....ဘာေျပာတယ္ "

"Aigoo ဘာမွမ႐ွိတဲ့ နင့္ရင္ဘတ္ကုိ ဘာေတြကပ္ေစးနဲေနတာလည္း Chaeng....ေၾကာင္က လူေတြရဲ႕ ရင္ဘတ္ ဒါမွ မဟုတ္ ဗုိက္ေပၚအိပ္တာေလ မင္းက အဲ့ေနရာေတြ အအိပ္မခံဘူးဆုိ ငါက ဟုိေနရာ "

"ဟဲ့ ဟဲ့ နင္ စကားေျပာတာက "

Lisa ဆက္မေျပာဘဲ Chaeyoung ရဲ႕ ရင္ဘတ္ေပၚ တက္အိပ္လုိက္သည္

Chaeyoungလည္း ဘာမွမေျပာဘဲ ေၾကာင္ေလး Lisaကို အိပ္ခုိင္းလုိက္သည္

"Chaeyoungieေလးကုိ သတ္ၿပီး အ႐ုပ္မ လုပ္ေတာ့မွာ ဘယ္လုိလုပ္မလည္း......"

Mrs.Park ရဲ႕ ညည္းသံေၾကာင့္ Chaeyoungနဲ႔ ေဆာ့ေနရာမွ Lisa ရပ္ၿပီး

"Chaeyoung ကို သတ္မလုိ႔ ဟုတ္လား "

"မ မဟုတ္ပါဘူး Lisa သမီး နားၾကားမွားတာပါ "

Mrs.Park ေျပာၿပီး မီးဖုိေခ်ာင္ထဲ ဝင္သြားေတာ့

Lisa ေဆာ့ေနရာက ရပ္ၿပီး Mrs.Parkေနာက္ကုိ လုိက္သြားေလသည္

"Chaeyoung အသတ္ခံရမယ္ဆုိတာ ဘာကုိေျပာတာလည္း "

Mrs.Parkလည္း သူ႔ေယာက်ၤားအေၾကာင္းကုိ အကုန္ေျပာျပေလသည္

"ဟာ ဒါ ဒါဆုိ Chaeyoung ကို ဘယ္လုိကယ္ရမလည္း "

"သူ႔ကုိ သတ္ႏုိင္တာ တနည္းဘဲ ႐ွိတယ္......ဝိညာဥ္လြင့္ေနတဲ့ သူကသာ သတ္ႏုိင္မွာ "

"ဒါဆုိ chawကို ဝိညာဥ္ လြင့္ေအာင္ လုပ္ေပး "

"ျဖစ္ပါ့မလား Lisaရယ္ "

"Chaeng အတြက္ဆို ဘာလုပ္ေပးရ ေပးရ "

*ဒုိုင္း*

ေသနတ္သံေၾကာင့္ Lisa လန္႔ႏုိးလာသည္

ကုတင္ေပၚမွာ ေရာက္ေနမွန္းေတြ႔မွသာ ခုန အရာေတြက အိမ္မက္ဆုိတာ Lisaသိၿပီး စိတ္သက္သာရာ ရသြားတယ္

သုိ႔ေသာ္လည္း သူမက Chaeyoung ရင္ဘတ္ေပၚ ေၾကာင္ပုံစံနဲ႔ အိပ္ေနၿပီး ယခု လူပုံစံျဖစ္ေနေသာေၾကာင့္ အ့ံျသေနသည္

သူမနဲ႔ အတူ အိပ္ေနတဲ့ Chaeyoungလည္း ကုတင္ေပၚ မ႐ွိေတာ့ေပ

"Chaeng......Chaeng "

Lisa ထဖုိ႔ႀကိဳးစားေပမယ့္ ေခါင္းေတြမူးလာလုိ႔ မထႏုိင္ေပ

"Chaeng ငါ့အတြက္ ေရတစ္ခြက္ေလာက္ "

Lisa အသံေၾကာင့္ Chaeyoungလည္း ေရယူၿပီး အျမန္ အခန္းထဲ ေျပးဝင္လာသည္

"Lisa အဆင္ေျပလား ဘာျဖစ္တာလည္း "

"ငါ ေခါင္းမူးလုိ႔ "

Lisaရဲ႕ နဖူးကုိ Chaeyoung စမ္းၾကည့္ၿပီး

"ဟယ္ နင္ဖ်ားေနတာဘဲ Lisa....မေန႔က ငါ့ေပၚတက္အိပ္ၿပီး ကူးသြားတာမ်ားလား "

"ဟင္...သရဲက ဘယ္လုိလုပ္ဖ်ားမွာလည္း "

"ငါလည္း မသိ....."

Lisa တစ္ခုခုကုိ သံသယဝင္ၿပီး အိပ္ရာက အျမန္ထကာ

"ငါ တစ္ေနရာရာကို သြားလုိက္အုံးမယ္ ဘယ္သူလာလာ တံခါးဖြင့္မေပးနဲ႔ "

"Lisa ဘယ္သြားမလုိ႔လည္း "

Lisa ျပန္မေျဖဘဲ အက်ႌလဲကာ ထြက္သြားေလသည္

#Tbc

#Unicode

"Ash နေမကောင်း ဖြစ်တာကို မုန်းလိုက်တာ နေမကောင်း ဖြစ်ရင် ဘာမှကို မလုပ်ချင်ဘူး အိပ်ရာထဲ လှဲနေရတာကို မုန်းလိုက်တာ "

Chaeyoung တစ်ယောက်တည်း ညည်းညူ နေစဉ် ရုတ်တရက် Lisa ရယ်သံကြီး ထွက်ပေါ်လာသည်

Chaeyoung ဘာမှရန်မလုပ်ဘဲ အိပ်ဖို့ရန်အတွက် မျက်လုံးကို ကြိုးစား မှိတ်နေသည်

"Hey "

"Lisa ငါ့ကို လာမစနဲ့ နင့်ကို ရန်တွေ့ဖို့ ပါးစပ်တောင် မလှုပ်နိုင်ဘူး "

"သိပါတယ် ဒါကြောင့်လည်း ငါ မင်းကို စနေတာ"

Lisa ပြောရင်း ကော်ဖီ ဖျော်နေသည်

Chaeyoung ဆေးရုံက ဆင်းချင်တယ်ပြောလို့ Lisa ဆေးရုံကနေ သူတို့ အိမ်ကို ပြန်ခေါ်လာခဲ့သည်.....

"Coffee သောက်အုံးမလား Chaeng "

"No ငါ အိပ်ဖို့ကြိုးစားနေတယ် "

"Come on မအိပ်ပါနဲ့အုံး ငါ ပျင်းလို့ "

"ပျင်းရင် ကိုယ့်ဘာသာကိုယ် ရုပ်ရှင်ကြည့်နေပါလား Lisa ငါ နေမကောင်းပါဘူးဆို မနေ့ကလည်း ရဲစခန်းမှာ ငါ လူမသတ်ကြောင်း စစ်ဆေးခံရတယ် ငါ့အဖေ ငါ့သူငယ်ချင်း သေဆုံးမှုတွေနဲ့ ငါ ဘယ်လောက်ထိ စိတ်ရော လူရော ပင်ပန်နေလည်းဆိုတာ နင်သိပါတယ် "

"Miyanhaeyo Chaeng "

"ငါ အိပ်ပြီ "

Lisaဆီက ဘာမှတုံ့ပြန်မှု မရသောကြောင့် Lisaများ စိတ်ဆိုးသွားတာလား ဆိုပြီး Chaeyoung တွေးလိုက်ပေမယ့်

"ငါ စိတ်မဆိုးပါဘူး မင်းမှ နေမကောင်းတာ ငါ နားလည်ပါတယ် ငါ ကလေးဆန်သွားလို့ပါ ရပါတယ် အိပ်တော့ Chaeng မင်း အားရှိမှ ဖြစ်မှာ "

"Lisa နင်က ငါ့စိတ်ထဲ တွေးသမျှ အကုန်ကြားနေရတာတော့ မတရားသလိုဘဲ ငါက နင်တွေးတာတွေ ဘာမှမကြားရဘူး ဟွန့် "

Chaeyong ရန်ထောင်ပြီး တစ်ဖက်ကို လှည့်အိပ်လိုက်သည်

ခဏကြာတော့ ကုတင်ပေါ်ကို တစ်စုံတစ်ယောက်က တက်လာသလို ခံစားရတော့ ကြည့်လိုက်တော့ ကြောင်တစ်ကောင် ဖြစ်နေသည်

ထိုကြောင်မှာ တစ်ခြားမဟုတ် Lisa ပင် ဖြစ်သည်

"ဘာကြည့်နေတာလည်း ငါ့ကို မမြင်ဖူးဘူးလား "

"ကြောင်ပုံစံနဲ့ ဖြစ်နေလို့ "

"ကြောင် ပုံစံလည်း မမြင်ဖူးဘူးလား နေမကောင်းဖြစ်ပြီး ဂေါက်သွားတာလား မသိ "

Lisa စကားကြောင့် Chaeyoung အော်လိုက်သည်

"Yah ငါ နင့်ကို ကုတင်ပေါ်က ကန်ချမှာနော် "

"ပလက်လှန်အိပ်ပါလား "

"ဘာလုပ်မလို့လည်း "

Chaeyoung မျက်လုံးပြူ းပြီး သူမရင်ဘတ်ကို လက်နဲ့ ကိုင်တော့ ကြောင်ဖြစ်သူ Lisaမှာ Chaeyoung ကို မျက်မှောင်ကြုတ်ကာ ကြည့်ပြီး

"ဘာတွေ တွေးနေတာလည်း ကြောင်က နင့်ကို ဘာမှ လုပ်မရဘူးနော် "

"နင်က ဘာလုပ်ချင်သေးလို့လည်း "

"နင့် ရင်ဘတ်ပေါ် အိပ်ချင်တာ "

"ဘာ....ဘာပြောတယ် "

"Aigoo ဘာမှမရှိတဲ့ နင့်ရင်ဘတ်ကို ဘာတွေကပ်စေးနဲနေတာလည်း Chaeng....ကြောင်က လူတွေရဲ့ ရင်ဘတ် ဒါမှ မဟုတ် ဗိုက်ပေါ်အိပ်တာလေ မင်းက အဲ့နေရာတွေ အအိပ်မခံဘူးဆို ငါက ဟိုနေရာ "

"ဟဲ့ ဟဲ့ နင် စကားပြောတာက "

Lisa ဆက်မပြောဘဲ Chaeyoung ရဲ့ ရင်ဘတ်ပေါ် တက်အိပ်လိုက်သည်

Chaeyoungလည်း ဘာမှမပြောဘဲ ကြောင်လေး Lisaကို အိပ်ခိုင်းလိုက်သည်

"Chaeyoungieလေးကို သတ်ပြီး အရုပ်မ လုပ်တော့မှာ ဘယ်လိုလုပ်မလည်း......"

Mrs.Park ရဲ့ ညည်းသံကြောင့် Chaeyoungနဲ့ ဆော့နေရာမှ Lisa ရပ်ပြီး

"Chaeyoung ကို သတ်မလို့ ဟုတ်လား "

"မ မဟုတ်ပါဘူး Lisa သမီး နားကြားမှားတာပါ "

Mrs.Park ပြောပြီး မီးဖိုချောင်ထဲ ဝင်သွားတော့

Lisa ဆော့နေရာက ရပ်ပြီး Mrs.Parkနောက်ကို လိုက်သွားလေသည်

"Chaeyoung အသတ်ခံရမယ်ဆိုတာ ဘာကိုပြောတာလည်း "

Mrs.Parkလည်း သူ့ယောကျၤားအကြောင်းကို အကုန်ပြောပြလေသည်

"ဟာ ဒါ ဒါဆို Chaeyoung ကို ဘယ်လိုကယ်ရမလည်း "

"သူ့ကို သတ်နိုင်တာ တနည်းဘဲ ရှိတယ်......ဝိညာဉ်လွင့်နေတဲ့ သူကသာ သတ်နိုင်မှာ "

"ဒါဆို chawကို ဝိညာဉ် လွင့်အောင် လုပ်ပေး "

"ဖြစ်ပါ့မလား Lisaရယ် "

"Chaeng အတွက်ဆို ဘာလုပ်ပေးရ ပေးရ "

*ဒိုင်း*

သေနတ်သံကြောင့် Lisa လန့်နိုးလာသည်

ကုတင်ပေါ်မှာ ရောက်နေမှန်းတွေ့မှသာ ခုန အရာတွေက အိမ်မက်ဆိုတာ Lisaသိပြီး စိတ်သက်သာရာ ရသွားတယ်

သို့သော်လည်း သူမက Chaeyoung ရင်ဘတ်ပေါ် ကြောင်ပုံစံနဲ့ အိပ်နေပြီး ယခု လူပုံစံဖြစ်နေသောကြောင့် အံ့သြနေသည်

သူမနဲ့ အတူ အိပ်နေတဲ့ Chaeyoungလည်း ကုတင်ပေါ် မရှိတော့ပေ

"Chaeng......Chaeng "

Lisa ထဖို့ကြိုးစားပေမယ့် ခေါင်းတွေမူးလာလို့ မထနိုင်ပေ

"Chaeng ငါ့အတွက် ရေတစ်ခွက်လောက် "

Lisa အသံကြောင့် Chaeyoungလည်း ရေယူပြီး အမြန် အခန်းထဲ ပြေးဝင်လာသည်

"Lisa အဆင်ပြေလား ဘာဖြစ်တာလည်း "

"ငါ ခေါင်းမူးလို့ "

Lisaရဲ့ နဖူးကို Chaeyoung စမ်းကြည့်ပြီး

"ဟယ် နင်ဖျားနေတာဘဲ Lisa....မနေ့က ငါ့ပေါ်တက်အိပ်ပြီး ကူးသွားတာများလား "

"ဟင်...သရဲက ဘယ်လိုလုပ်ဖျားမှာလည်း "

"ငါလည်း မသိ....."

Lisa တစ်ခုခုကို သံသယဝင်ပြီး အိပ်ရာက အမြန်ထကာ

"ငါ တစ်နေရာရာကို သွားလိုက်အုံးမယ် ဘယ်သူလာလာ တံခါးဖွင့်မပေးနဲ့ "

"Lisa ဘယ်သွားမလို့လည်း "

Lisa ပြန်မဖြေဘဲ အကျႌလဲကာ ထွက်သွားလေသည်

#Tbc

Bạn đang đọc truyện trên: Truyen3h.Co