Truyen3h.Co

Ghost

Part-4 (Z+U)

KimFany059

#Zawgyi

Chaeyoung မွာ Lisa ​ေခၚရာ​ေနာက္​ လုိက္​လာရင္​း ယခု ျဖစ္​​ေနတဲ့ အ​ေျခအ​ေနကုိ ​ေတြး​ေတာ​ေန၏

"ကဲ ​ေရာက္​ၿပီ ဆင္​း "

Lisa ဆုိင္​ကယ္​ရပ္​လုိက္​လုိ႔ Chaeyoung အ​ေတြး​ေတြရပ္​သြားၿပီး ဆုိင္​ကယ္​​ေပၚက ဆင္​းလုိက္​သည္​

သုိ႔​ေသာ္​လည္​း Chaeyoung ႐ုတ္​တရက္ မူးလာၿပီး ယုိင္​လဲမလုိ ျဖစ္​သြား​ေပမယ္​့ Lisaက လွမ္​းဆြဲလုိက္​သည္​

"မူးသြားတာလား "

Chaeyoung ​ေခါင္​းညိတ္​ျပလုိက္​သည္​

"ငါ့​ေမြး​ေန႔မွာမွ......ဘာ​ေတြျဖစ္​ပ်က္​သြားတာလည္​း မသိဘူး💭💭💭💭💭💭"

Chaeyoung စိတ္​ထဲက​ ​ေရရြတ္​​ေပမယ္​့ Chaeyoung စိတ္​ထဲက ​ေျပာသမ်ွကို Lisaက ၾကား​ႏုိင္​​ေသာ​ေၾကာင္​့ ႏွစ္​သိမ္​့​ေပးတဲ့ အ​ေနျဖင္​့ Chaeyoung ​ေခါင္​းကုိ လက္​က​ေလးနဲ႔ ပြတ္​​ေပး​ေလသည္​

"ဘာလုိ႔ ငါ့ကုိ က​ေလးလုိ ​ေခါင္​းလာပြတ္​​​ေပး​ေနတာလည္​း "

Lisa လက္​ကို ပုတ္​ခ်ၿပီး Chaeyoung စူပုပ္​ပုပ္​နဲ႔ ​ေမး​ေတာ့ Lisa ရယ္​ၿပီး

"Haha မင္​းက က​ေလးနဲ႔တူ​ေနတာ​ေလ "

"ဒါ​ေပမယ္​့ ငါက အသက္​ ၂၀ျပည္​့ပါၿပီ​ေနာ္​"

"Ok ဟုတ္​ပါၿပီ....ဗုိက္​ဆာ​ေနမွာ​ေပါ့ လာ တစ္​ခုခု​ေသာက္​ရ​ေအာင္​ "

Lisa ဆိုင္​ကယ္​ boxထဲက ပိုက္​ဆံအိတ္​ကုိ ထုတ္​လုိက္​သည္​

"Come on...."

Chaeyoung လက္​ကို တြဲၿပီး coffeeဆုိင္​ထဲ Lisa  ​ေခၚသြား​ေလသည္​

Coffee ဆုိင္​ထဲ ၀င္​၀င္​ခ်င္​း ​ကလင္​ကလင္​ ျမည္​တဲ့ ​ေခါင္​းေ​လာင္​းသံ​ေလး​နဲ႔ ဆိုင္​က ဖြင့့္​ထားတဲ့ သီခ်င္​းသံ​ေလး​ေၾကာင္​့ Chaeyoung စိတ္​ထဲ နည္​းနည္​း​ေလာက္​ေ​တာ့ ၾကည္​ႏူးသြားတယ္​

"ဘာမွာခ်င္​ပါသလည္​း madam....."

Chaeyoungတုိ႔ လူ႐ွင္​းတဲ့​ေနရာမွာ ထုိင္​ထုိင္​ခ်င္​း waitress ​ေရာက္​လာၿပီး Menu စာအုပ္​​ေလး ခ်​ေပးသည္​

"Madam အရြယ္​ မ​ေရာက္​​ေသးပါဘူးဟယ္​ 💭💭"

Chaeyoung အ​ေတြးထဲက စကားေ​ၾကာင္​့ Lisa ခီြးကနဲ ရယ္​လုိက္​သည္​

Lisa ကို Chaeyoung မ်က္​​ေစာင္​းထုိးလုိက္​ၿပီး
"ငါ ဘာမွာရင္​ ​ေကာင္​း​မလည္​း "

"ႀကိဳက္​တာမွာ​ေလ "

"Ok apple juice တစ္​ခြက္​...."

"သူ႔လုိဘဲ ​ေပးပါ "

Waitress ​ေကာင္​မ​ေလးမွာ ​ေခါင္​းညိတ္​ျပၿပီး Chaeyoung တုိ႔ အနားက ထြက္​သြားေ​လသည္​

Chaeyoung cafeဆုိင္​ထဲက သီခ်င္​းကုိ နား​ေထာင္​​ေနရင္​း

"အခု ငါ့မွာ ဘာဆုိဘာမွ မ႐ွိ​ေတာ့ပါလား.....​ေနပါအုံး ဒီ​ေကာင္​မ​ေလးက် Lisaကို ျမင္​ရၿပီး ငါ့အ​ေဖကက် ဘာလုိ႔ မျမင္​ရတာလည္​း💭"

"မင္​း အခုထိ သူ႔ကုိ အ​ေဖလုိ႔ ​ေခၚတုံးလား "

"Ash အ​ေတြးထဲလည္​း စကား​ေျပာမ​ေနနဲ႔​ေတာ့ Chae သူ အကုန္​ၾကားရတယ္​ 💭"

"ဟုတ္​တယ္​ ငါ အကုန္​ ၾကားရတယ္​ "

"Ash....."

"မင္​းမွာ ဘာမွမ႐ွိ​ေတာ့တာ မဟုတ္​ပါဘူး မင္​း လုိအပ္​မယ္​ ထင္​တဲ့ဟာ ငါ ယူလာတယ္​....."

Lisa သူ႔ jacket ထဲက အထုပ္​​ေလးကုိ Chaeyoungကို ​ေပးလုိက္​သည္​

Chaeyoungလည္​း အထုပ္​​ေလးကုိ ယူၿပီး ၾကည္​့လုိက္​​ေတာ့ အတြင္​းခံ​ေတြ ျဖစ္​​ေနသည္​

"Yah ဒါ​ေတြက ငါ ဘာလုပ္​ရမွာလည္​း "

"နင္​ လုိအပ္​တယ္​ မဟုတ္​ဘူးလား နင္​ မ၀တ္​ဘဲ ​ေနမလုိ႔လား 🙊"

"ႏွာဘူးမ "

Chaeyoung မ်က္​​ေစာင္​းထုိးၿပီး ​ေျပာ​ေတာ့ Lisa သ​ေဘာက်ၿပီး ရယ္​လုိက္​သည္​

"မွာထားတာ ရပါၿပီ႐ွင္​့ "

"Gomawo...."

Lisa juice ခြက္​​ေကာက္​ယူၿပီး waitress ​ေလးကုိ ​ေက်းဇူးတင္​စကား ​ေျပာလုိက္​သည္​

"ဒါနဲ႔ ​ေမးစရာ႐ွိတယ္​ "

"​ေမး​ေလ ငါ ​ေျဖခ်င္​ရင္​ ​ေျဖမယ္​ "

Lisa အ​ေအး​ေသာက္​ရင္​း ​ေျပာလုိက္​သည္​

"အဲ့​ေကာင္​မ​ေလးကက် နင္​့ကုိ ဘာလုိ႔ ျမင္​ရတာလည္​း "

"ဘာလုိ႔လည္​းဆုိ​ေတာ့ သူ ငါ့ကို ျမင္​​ေစခ်င္​လုိ႔ လုပ္​လုိက္​တာ "

"နင္​က ဘယ္​သူလည္​း နင္​့ပုံစံ အစစ္​က ဘာလည္​း "

"ငါ ဘယ္​သူလည္​းဆုိတာ မင္​း သိခ်င္​တယ္​​ေပါ့ "

Lisa စကားေ​ၾကာင္​့ Chaeyoung ​ေခါင္​းညိတ္​ျပသည္​

"ငါ ဘယ္​သူလည္​းဆုိတာ တကယ္​ သိခ်င္​တယ္​ေ​ပါ့ "

Chaeyoung ​ေခါင္​းထပ္​ၿငိမ္​့ျပသည္​

"မင္​း အမွန္​တရားကုိ တကယ္​လက္​ခံႏုိင္​တယ္​​ေနာ္​ "

Chaeyoung စိတ္​မ႐ွည္​စြာနဲ႔ ​ေခါင္​းထပ္​ၿငိမ္​့ျပသည္​

"ငါက...."

Chaeyoung နား Lisa ကပ္​လိုက္​ၿပီး

"ငါက ဘယ္​သူမွ မဟုတ္​ဘူး "

"ဒါက စစရာထင္​​ေနတာလား "

Lisa ႏွာ​ေခါင္​းကုိ Chaeyoung ဆြဲလိမ္​ၿပီး ​ေျပာ​ေတာ့

"Ouch နာတယ္​ဟ "

"​ေသ​ေလ "

"အံမယ္​ ငါက မင္​းကုိ ကယ္​ခဲ့တာ​ေနာ္​ ​ေက်းဇူး မတင္​ဘဲ ရန္​လုပ္​​ေန "

Lisa ​ေျပာ​ေတာ့ Chaeyoung မ်က္​ႏွာ​ေလး ညိဳးသြားသည္​

"စတာပါ ခုန ျဖစ္​ခဲ့သမ်ွ​ေတြကုိ အိမ္​မက္​ဆုိးလုိ႔ဘဲ သ​ေဘာထားလုိက္​​ေတာ့​ေနာ္​ "

"အင္​းပါ ဒါၿပီးရင္​ ငါတုိ႔ ဘယ္​သြားၾကမလည္​း "

"Just follow me...."

Cafeဆုိင္​က​ေန Lisaတုိ႔ ထြက္​လာၿပီး ​ေတာင္​ကုန္​းဘက္​က အိမ္​​ေလးဆီက္ို Lisa ​ေခၚသြား​ေလသည္​

"ဒါ နင့္​အိမ္​လား "

"ျဖစ္​ခဲ့တာပါ "

"Awwww....."

"ဒီအိမ္​​ေလး မင္​း သ​ေဘာက်လား '

"အင္​း တိတ္​ဆိတ္​ၿပီး ​ေနလုိ႔​ေကာင္​းမယ္​့ပုံဘဲ "

"ဒါဆုိ ခုကစၿပီး ဒီအိမ္​က မင္​းအိမ္​ျဖစ္​သြားၿပီ "

"ငါ ဘာမွ နားမလည​္​​ေတာ့ဘူး....နင္​ ဘယ္​သူလဲ.. ...ငါ့ကုိ ႐ွင္​းျပပါအုံး "

"မင္​း သိဖုိ႔အခ်ိန္​ မတန္​​ေသးဘူး"

"လုပ္​ပါ တခုခု​ေတာ့ ငါ သိထားသင့္​တယ္​ "

"Ok ​ေမးခြန္​းႏွစ္​ခုဘဲ ​ေမး ႏွစ္​ခုဘဲ ငါ ​ေျဖမယ္​ "

"​ေကာင္​းၿပီ နင္​ ဘာျဖစ္​လို႔ ငါ့ကုိ ကူညီေ​ပးတာလည္​း "

"မင္​းအ​ေမက ငါ့ကို အကူအညီ​ေတာင္​းလုိ့ "

"Omar? ငါ့အ​ေမကုိ နင္​သိတယ္​​ေပါ့ "

"အင္​း သိ​တယ္​ သူက ငါ့အ​ေပၚ အ​ေမတစ္​​ေယာက္​လုိဘဲ ​ေကာင္​း​ေပး ဂ႐ုစုိက္​​ေပးခဲ့တယ္​ "

"နင္​့ကုိငါ မျမင္​ဖူးပါဘူး "

"ငါ​က​ေတာ့ အိမ္​ထဲမွာ အထီးက်န္​​ေနတဲ့ မင္​းကုိ အျမဲ​ေတြ႔​ေနက် "

"နင္​က ဘယ္​သူလဲ "

"ငါက ghost.. ..ဒါ​ေပမယ္​့ ခႏၶာကိုယ္​ ႐ွိ​ေသးတဲ့ ghost "

"Omarကို ဘယ္​မွာ​ေတြ႔ခဲ့တာလည္​း ​ေကာင္​းကင္​ဘုံမွာလား "

"Hell....."

"ဒါဆုိ နင္​လည္​း မ​ေကာင္​းဆုိး၀ါးေ​ပါ့ "

"နည္​းနည္​း "

"နင္​...."

"Ash မပင္​ပန္​းဘူးလား မ​ေမာ​ေသးဘူးလား တရစပ္​​ေမးခြန္​း​ေတြ ​ေမး​ေနတာ ​ေျဖရတဲ့ ငါ့မွာ ပင္​ပန္​းလွၿပီ ​ေတာ္​ၿပီ အိပ္​​ၿပီ "

"ငါလည္​းလုိက္​မယ္​ေ​လ တ​ေယာက္​တည္​း မအိပ္​ရဲလုိ႔ "

Lisa ​ေျပာၿပီး အခန္​းထဲ ၀င္​သြား​ေတာ့ Chaeyoungလည္​း အ​ေနာက္​က​ေျပးလုိက္​သြားသည္​

#TBC

#Unicode
Chaeyoung မှာ Lisa ခေါ်ရာနောက် လိုက်လာရင်း ယခု ဖြစ်နေတဲ့ အခြေအနေကို တွေးတောနေ၏

"ကဲ ရောက်ပြီ ဆင်း "

Lisa ဆိုင်ကယ်ရပ်လိုက်လို့ Chaeyoung အတွေးတွေရပ်သွားပြီး ဆိုင်ကယ်ပေါ်က ဆင်းလိုက်သည်

သို့သော်လည်း Chaeyoung ရုတ်တရက် မူးလာပြီး ယိုင်လဲမလို ဖြစ်သွားပေမယ့် Lisaက လှမ်းဆွဲလိုက်သည်

"မူးသွားတာလား "

Chaeyoung ခေါင်းညိတ်ပြလိုက်သည်

"ငါ့မွေးနေ့မှာမှ......ဘာတွေဖြစ်ပျက်သွားတာလည်း မသိဘူး💭💭💭💭💭💭"

Chaeyoung စိတ်ထဲက ရေရွတ်ပေမယ့် Chaeyoung စိတ်ထဲက ပြောသမျှကို Lisaက ကြားနိုင်သောကြောင့် နှစ်သိမ့်ပေးတဲ့ အနေဖြင့် Chaeyoung ခေါင်းကို လက်ကလေးနဲ့ ပွတ်ပေးလေသည်

"ဘာလို့ ငါ့ကို ကလေးလို ခေါင်းလာပွတ်ပေးနေတာလည်း "

Lisa လက်ကို ပုတ်ချပြီး Chaeyoung စူပုပ်ပုပ်နဲ့ မေးတော့ Lisa ရယ်ပြီး

"Haha မင်းက ကလေးနဲ့တူနေတာလေ "

"ဒါပေမယ့် ငါက အသက် ၂၀ပြည့်ပါပြီနော်"

"Ok ဟုတ်ပါပြီ....ဗိုက်ဆာနေမှာပေါ့ လာ တစ်ခုခုသောက်ရအောင် "

Lisa ဆိုင်ကယ် boxထဲက ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်

"Come on...."

Chaeyoung လက်ကို တွဲပြီး coffeeဆိုင်ထဲ Lisa  ခေါ်သွားလေသည်

Coffee ဆိုင်ထဲ ဝင်ဝင်ချင်း ကလင်ကလင် မြည်တဲ့ ခေါင်းလောင်းသံလေးနဲ့ ဆိုင်က ဖွင့်ထားတဲ့ သီချင်းသံလေးကြောင့် Chaeyoung စိတ်ထဲ နည်းနည်းလောက်တော့ ကြည်နူးသွားတယ်

"ဘာမှာချင်ပါသလည်း madam....."

Chaeyoungတို့ လူရှင်းတဲ့နေရာမှာ ထိုင်ထိုင်ချင်း waitress ရောက်လာပြီး Menu စာအုပ်လေး ချပေးသည်

"Madam အရွယ် မရောက်သေးပါဘူးဟယ် 💭💭"

Chaeyoung အတွေးထဲက စကားကြောင့် Lisa ခွီးကနဲ ရယ်လိုက်သည်

Lisa ကို Chaeyoung မျက်စောင်းထိုးလိုက်ပြီး
"ငါ ဘာမှာရင် ကောင်းမလည်း "

"ကြိုက်တာမှာလေ "

"Ok apple juice တစ်ခွက်...."

"သူ့လိုဘဲ ပေးပါ "

Waitress ကောင်မလေးမှာ ခေါင်းညိတ်ပြပြီး Chaeyoung တို့ အနားက ထွက်သွားလေသည်

Chaeyoung cafeဆိုင်ထဲက သီချင်းကို နားထောင်နေရင်း

"အခု ငါ့မှာ ဘာဆိုဘာမှ မရှိတော့ပါလား.....နေပါအုံး ဒီကောင်မလေးကျ Lisaကို မြင်ရပြီး ငါ့အဖေကကျ ဘာလို့ မမြင်ရတာလည်း💭"

"မင်း အခုထိ သူ့ကို အဖေလို့ ခေါ်တုံးလား "

"Ash အတွေးထဲလည်း စကားပြောမနေနဲ့တော့ Chae သူ အကုန်ကြားရတယ် 💭"

"ဟုတ်တယ် ငါ အကုန် ကြားရတယ် "

"Ash....."

"မင်းမှာ ဘာမှမရှိတော့တာ မဟုတ်ပါဘူး မင်း လိုအပ်မယ် ထင်တဲ့ဟာ ငါ ယူလာတယ်....."

Lisa သူ့ jacket ထဲက အထုပ်လေးကို Chaeyoungကို ပေးလိုက်သည်

Chaeyoungလည်း အထုပ်လေးကို ယူပြီး ကြည့်လိုက်တော့ အတွင်းခံတွေ ဖြစ်နေသည်

"Yah ဒါတွေက ငါ ဘာလုပ်ရမှာလည်း "

"နင် လိုအပ်တယ် မဟုတ်ဘူးလား နင် မဝတ်ဘဲ နေမလို့လား 🙊"

"နှာဘူးမ "

Chaeyoung မျက်စောင်းထိုးပြီး ပြောတော့ Lisa သဘောကျပြီး ရယ်လိုက်သည်

"မှာထားတာ ရပါပြီရှင့် "

"Gomawo...."

Lisa juice ခွက်ကောက်ယူပြီး waitress လေးကို ကျေးဇူးတင်စကား ပြောလိုက်သည်

"ဒါနဲ့ မေးစရာရှိတယ် "

"မေးလေ ငါ ဖြေချင်ရင် ဖြေမယ် "

Lisa အအေးသောက်ရင်း ပြောလိုက်သည်

"အဲ့ကောင်မလေးကကျ နင့်ကို ဘာလို့ မြင်ရတာလည်း "

"ဘာလို့လည်းဆိုတော့ သူ ငါ့ကို မြင်စေချင်လို့ လုပ်လိုက်တာ "

"နင်က ဘယ်သူလည်း နင့်ပုံစံ အစစ်က ဘာလည်း "

"ငါ ဘယ်သူလည်းဆိုတာ မင်း သိချင်တယ်ပေါ့ "

Lisa စကားကြောင့် Chaeyoung ခေါင်းညိတ်ပြသည်

"ငါ ဘယ်သူလည်းဆိုတာ တကယ် သိချင်တယ်ပေါ့ "

Chaeyoung ခေါင်းထပ်ငြိမ့်ပြသည်

"မင်း အမှန်တရားကို တကယ်လက်ခံနိုင်တယ်နော် "

Chaeyoung စိတ်မရှည်စွာနဲ့ ခေါင်းထပ်ငြိမ့်ပြသည်

"ငါက...."

Chaeyoung နား Lisa ကပ်လိုက်ပြီး

"ငါက ဘယ်သူမှ မဟုတ်ဘူး "

"ဒါက စစရာထင်နေတာလား "

Lisa နှာခေါင်းကို Chaeyoung ဆွဲလိမ်ပြီး ပြောတော့

"Ouch နာတယ်ဟ "

"သေလေ "

"အံမယ် ငါက မင်းကို ကယ်ခဲ့တာနော် ကျေးဇူး မတင်ဘဲ ရန်လုပ်နေ "

Lisa ပြောတော့ Chaeyoung မျက်နှာလေး ညိုးသွားသည်

"စတာပါ ခုန ဖြစ်ခဲ့သမျှတွေကို အိမ်မက်ဆိုးလို့ဘဲ သဘောထားလိုက်တော့နော် "

"အင်းပါ ဒါပြီးရင် ငါတို့ ဘယ်သွားကြမလည်း "

"Just follow me...."

Cafeဆိုင်ကနေ Lisaတို့ ထွက်လာပြီး တောင်ကုန်းဘက်က အိမ်လေးဆီကို Lisa ခေါ်သွားလေသည်

"ဒါ နင့်အိမ်လား "

"ဖြစ်ခဲ့တာပါ "

"Awwww....."

"ဒီအိမ်လေး မင်း သဘောကျလား '

"အင်း တိတ်ဆိတ်ပြီး နေလို့ကောင်းမယ့်ပုံဘဲ "

"ဒါဆို ခုကစပြီး ဒီအိမ်က မင်းအိမ်ဖြစ်သွားပြီ "

"ငါ ဘာမှ နားမလည်တော့ဘူး....နင် ဘယ်သူလဲ.. ...ငါ့ကို ရှင်းပြပါအုံး "

"မင်း သိဖို့အချိန် မတန်သေးဘူး"

"လုပ်ပါ တခုခုတော့ ငါ သိထားသင့်တယ် "

"Ok မေးခွန်းနှစ်ခုဘဲ မေး နှစ်ခုဘဲ ငါ ဖြေမယ် "

"ကောင်းပြီ နင် ဘာဖြစ်လို့ ငါ့ကို ကူညီပေးတာလည်း "

"မင်းအမေက ငါ့ကို အကူအညီတောင်းလို့ "

"Omar? ငါ့အမေကို နင်သိတယ်ပေါ့ "

"အင်း သိတယ် သူက ငါ့အပေါ် အမေတစ်ယောက်လိုဘဲ ကောင်းပေး ဂရုစိုက်ပေးခဲ့တယ် "

"နင့်ကိုငါ မမြင်ဖူးပါဘူး "

"ငါကတော့ အိမ်ထဲမှာ အထီးကျန်နေတဲ့ မင်းကို အမြဲတွေ့နေကျ "

"နင်က ဘယ်သူလဲ "

"ငါက ghost.. ..ဒါပေမယ့် ခန္ဓာကိုယ် ရှိသေးတဲ့ ghost "

"Omarကို ဘယ်မှာတွေ့ခဲ့တာလည်း ကောင်းကင်ဘုံမှာလား "

"Hell....."

"ဒါဆို နင်လည်း မကောင်းဆိုးဝါးပေါ့ "

"နည်းနည်း "

"နင်...."

"Ash မပင်ပန်းဘူးလား မမောသေးဘူးလား တရစပ်မေးခွန်းတွေ မေးနေတာ ဖြေရတဲ့ ငါ့မှာ ပင်ပန်းလှပြီ တော်ပြီ အိပ်ပြီ "

"ငါလည်းလိုက်မယ်လေ တယောက်တည်း မအိပ်ရဲလို့ "

Lisa ပြောပြီး အခန်းထဲ ဝင်သွားတော့ Chaeyoungလည်း အနောက်ကပြေးလိုက်သွားသည်

#TBC

Bạn đang đọc truyện trên: Truyen3h.Co