Part-5 (Z+U)
#Zawgyi
Chaeyoung's POV
Lisaကေတာ့ အခန္းထဲက ဆုိဖာမွာ အိပ္မယ္ဆုိၿပီး အိပ္သြားတယ္....ငါကေတာ့ ခုထိ အိပ္မရေသးဘူး....ဒီေန႔ ျဖစ္ပ်က္သမ်ွေတြက ငါ့အတြက္ ပင္ပန္းစရာျဖစ္ေနေပမယ့္လည္း ငါ အိပ္လုိ႔မရဘူး ျဖစ္ေနတယ္
"မင္း ေတာ္ေတာ္ ပြစိပြစိလုပ္ႏုိင္တာဘဲ နားၿငီးလုိက္တာ "
Lisa လွဲအိပ္ေနရာကေန ငါ့ကို လွမ္းေျပာေနတယ္
Aww နင္ အိပ္သြားၿပီ ထင္လုိ႔
"ဘယ္လုိလုပ္ အိပ္လုိ႔ရမွာလည္း မင္းက အေတြးထဲေတြးေနေတာ့ ဒီက အကုန္ၾကားေနရတာေလ "
Sorry.....
"ဘာမွ ေတြးမေနနဲ႔ အိပ္ေတာ့ "
ၾကည့္ရတာ ေနရာအသစ္ ကုတင္အသစ္ျဖစ္ေနလုိ႔ ငါ အိပ္မေပ်ာ္တာျဖစ္မယ္
"Park Chaeyoung ေရ အိပ္ေတာ့ဟ "
Lisa ထၿပီး ေခါင္းအုံးနဲ႔ ငါ့ကုိ လွမ္းေပါက္လုိက္တယ္
အ.....ဒါဆုိ ေမးခြန္းတခုေမးမယ္ အဲ့ေမးခြန္းၿပီးရင္ ငါ အိပ္မယ္ေလ
"က်စ္....."
Lisa စိတ္႐ႈပ္တဲ့ပုံစံနဲ႔ သူ႕ေခါင္းကုိ ကုတ္လုိက္သည္
နင္က ငါ့ထက္ ႀကီးလား....နင့္ကုိၾကည့္ရတာ ငါ့ထက္ငယ္တဲ့ပုံပါ ဒါေပမယ့္ ငါ့ကုိ အငယ္လုိ ဆက္ဆံေနလုိ႔
"အိပ္ေတာ့......"
Lisaကုိ ၾကည့္ရတာ စိတ္မ႐ွည္တဲ့ပုံ ေပၚေနလုိ႔ ငါ ႀကိဳးစားၿပီး အိပ္လုိက္ပါတယ္ေလ
Author POV
ေနာက္တစ္ေန႔ မနက္ေရာက္ေတာ့ Lisa အိပ္ပုတ္ၿကီးေနတဲ့ Chaeyoungကုိ ႏႈိးလုိက္သည္
"Chaeng ထေတာ့ ..."
"Humm ငါ့ကုိ Appa လာႏႈိးတာထင္တယ္....ဒါဆုိ မေန႔ညက ျဖစ္သမ်ွက အိမ္မက္ဆုိးထင္တယ္ 💭"
"ငါက အဘုိးႀကီး မဟုတ္ဘူး Chaeng "
"Ash ငါ ခဏေလာက္ ထပ္အိပ္ခ်င္တယ္ "
"ရတယ္ မေန႔ညက မင္း ငါ့ကုိ ႏွိပ္စက္သလုိ မင္းစိတ္ထဲ စကားလာေျပာမယ္ "
"Get out "
Chaeyoung ႏႈတ္ခမ္းစူၿပီး အိပ္ခ်င္မူးတူးနဲ႔ ေအာ္လုိက္သည္
"ေဟာ အငယ္လုိ ဆက္ဆံေတာ့က်ေတာ့လည္း မႀကိဳက္ဘူး ကေလးလုိကလည္း ဆုိးေသးတယ္ "
"ဆယ္မိနစ္ေလာက္ပါ Lisaရယ္ "
"Ok ဆက္အိပ္ေတာ့ မေႏွာင့္ယွက္ေတာ့ပါဘူး "
နာရီအနည္းငယ္ၾကာေတာ့ Chaeyoung အိပ္ေရး၀ၿပီး ႏုိးလာေလသည္.....
သီခ်င္းသံၾကားလုိ႔ ထၾကည့္ေတာ့ ဧည့္ခန္းထဲမွာ Lisaက TVၾကၫ့္ေနတာကုိ ေတြ႔ရသည္
"ႏုိးၿပီလား Chaeng...."
"အဲ့ေကာင္မေလးေတြက ဘယ္သူေတြလည္း "
Chaeyoung Tvထဲက သီခ်င္းဆုိေနတဲ့ ေကာင္မေလးေတြကုိ ၾကည့္ၿပီး ေမးလုိက္သည္
"ငါ ေျပာျပေတာ့ မင္း သိမွာ ၾကေနတာဘဲ "
Lisa Tvကို ၾကည့္ရင္း ေျပာလုိက္သည္
"ငါမသိလုိ႔ ေမးတာေပါ့ဟဲ့ "
"ရန္ေထာင္မေနနဲ႔ ေရခ်ိဳးလုိက္အုံး ဘယ္အခ်ိန္႐ွိၿပီလည္း ညေနေရာက္ေနၿပီ သိလား တေနကုန္ အိပ္ေနႏုိင္တာ အ့ံျသလုိက္တာ ဘယ္လုိ မိန္းကေလးပါလိမ့္ "
"ငါ့အေမက်ေနတာဘဲ ဆုိးလုိက္တာ "
Chaeyoung မ်က္ေစာင္းထုိးၿပီး Lisaကို ေျခေဆာင့္ကာ သူ႔အခန္းထဲ ျပန္၀င္သြားသည္
"နင့္အေမက ငါ့ထက္ပုိဆုိးတယ္ chaeng "
Chaeyoung ၾကားေအာင္ Lisa စိတ္ထဲကေန ေျပာလိုက္သည္
Lisaကို စိတ္ဆိုးလုိ႔ မုန္႔ထြက္မစားေပမယ့္လည္း Chaeyoung ဗုိက္ထဲက တဂီြဂီြအသံေတြပါ Lisa ၾကားလုိ႔လားမသိ အခန္းထဲထိ မုန္႔ေတြလာပုိ႔ေပးသည္.....
Chaeyoungမွာေတာ့ Lisaေ႐ွ႕ မဆာခ်င္ေယာင္ေဆာင္ေပမယ့္ Lisaလည္း အခန္းထဲက ထြက္သြားေရာ မုန္႔ေတြ ပါးစပ္ထဲ အျမန္ထုိးသြတ္လုိက္သည္
ေနာက္တစ္ေန႔ မနက္မွာေတာ့
"ငါတို႔ ဘယ္သြားမလို႔လဲ "
"အျပင္ထြက္မလုိ႔ေလ "
Lisa jacket ကို ၀တ္ရင္း Chaeyoung ေမးတာကုိ ေျဖလုိက္သည္
"ဘယ္ကုိလည္း "
"မင္းအတြက္ သင့္ေတာ္မယ့္ အ၀တ္အစားေတြ သြား၀ယ္မလုိ႔ "
"ဘာလုိ႔...."
"ေဟး ငါလည္း ေဟာ္မုန္းပါတဲ့သူပါဟ မင္း ငါ့အ၀တ္အစားေတြ ယူ၀တ္ေနတာ သိပ္အဆင္မေျပဘူး "
"ဟယ္ ဘာလုိ႔ "
"ေတာ္ေတာ္ အေမးအျမန္းထူတာဘဲ လာ..."
Chaeyoungလက္ကို ဆြဲၿပီး Lisa အိမ္အျပင္ဘက္ကို ေခၚသြားသည္
Motorcycleျဖင့္ Mallကုိ သြားလုိက္သည္
Mallေရာက္ေတာ့ ဆံပင္ညႇပ္ဆုိင္ဘက္ သြားၿပီး
"သူ႔ကုိ ဆံပင္ အနက္ေရာင္ေလးဆုိးေပးပါ...."
"What ငါက အညိဳေရာင္ႀကိဳက္လုိ့ ဆုိးထားတာေလ "
"မင္း လုံျခံဳေရးအတြက္ ငါ့စကားနားေထာင္ေပး "
Chaeyoung ဘာလုိ႔မွန္းမသိ မေန႔ကတည္းက ကုိယ္မသိတဲ့သူတစ္ေယာက္ကုိ ယုံၾကည္ျပီး သူေျပာသလုိ လုိက္လုပ္မိေနသည္
အခုထိ Lisaက ဘာမွန္း ဘယ္သူမွန္း ေသခ်ာမသိေသးေပမယ့္လည္း သူမအသက္ကို ကယ္ေပးခဲ့တာတစ္ခုနဲ႔တင္ Lisaကို အႂကြင္းမဲ့ Chaeyoung ယုံၾကည္လုိက္သည္
#TBC
#Unicode
Chaeyoung's POV
Lisaကတော့ အခန်းထဲက ဆိုဖာမှာ အိပ်မယ်ဆိုပြီး အိပ်သွားတယ်....ငါကတော့ ခုထိ အိပ်မရသေးဘူး....ဒီနေ့ ဖြစ်ပျက်သမျှတွေက ငါ့အတွက် ပင်ပန်းစရာဖြစ်နေပေမယ့်လည်း ငါ အိပ်လို့မရဘူး ဖြစ်နေတယ်
"မင်း တော်တော် ပွစိပွစိလုပ်နိုင်တာဘဲ နားငြီးလိုက်တာ "
Lisa လှဲအိပ်နေရာကနေ ငါ့ကို လှမ်းပြောနေတယ်
Aww နင် အိပ်သွားပြီ ထင်လို့
"ဘယ်လိုလုပ် အိပ်လို့ရမှာလည်း မင်းက အတွေးထဲတွေးနေတော့ ဒီက အကုန်ကြားနေရတာလေ "
Sorry.....
"ဘာမှ တွေးမနေနဲ့ အိပ်တော့ "
ကြည့်ရတာ နေရာအသစ် ကုတင်အသစ်ဖြစ်နေလို့ ငါ အိပ်မပျော်တာဖြစ်မယ်
"Park Chaeyoung ရေ အိပ်တော့ဟ "
Lisa ထပြီး ခေါင်းအုံးနဲ့ ငါ့ကို လှမ်းပေါက်လိုက်တယ်
အ.....ဒါဆို မေးခွန်းတခုမေးမယ် အဲ့မေးခွန်းပြီးရင် ငါ အိပ်မယ်လေ
"ကျစ်....."
Lisa စိတ်ရှုပ်တဲ့ပုံစံနဲ့ သူ့ခေါင်းကို ကုတ်လိုက်သည်
နင်က ငါ့ထက် ကြီးလား....နင့်ကိုကြည့်ရတာ ငါ့ထက်ငယ်တဲ့ပုံပါ ဒါပေမယ့် ငါ့ကို အငယ်လို ဆက်ဆံနေလို့
"အိပ်တော့......"
Lisaကို ကြည့်ရတာ စိတ်မရှည်တဲ့ပုံ ပေါ်နေလို့ ငါ ကြိုးစားပြီး အိပ်လိုက်ပါတယ်လေ
Author POV
နောက်တစ်နေ့ မနက်ရောက်တော့ Lisa အိပ်ပုတ်ကြီးနေတဲ့ Chaeyoungကို နှိုးလိုက်သည်
"Chaeng ထတော့ ..."
"Humm ငါ့ကို Appa လာနှိုးတာထင်တယ်....ဒါဆို မနေ့ညက ဖြစ်သမျှက အိမ်မက်ဆိုးထင်တယ် 💭"
"ငါက အဘိုးကြီး မဟုတ်ဘူး Chaeng "
"Ash ငါ ခဏလောက် ထပ်အိပ်ချင်တယ် "
"ရတယ် မနေ့ညက မင်း ငါ့ကို နှိပ်စက်သလို မင်းစိတ်ထဲ စကားလာပြောမယ် "
"Get out "
Chaeyoung နှုတ်ခမ်းစူပြီး အိပ်ချင်မူးတူးနဲ့ အော်လိုက်သည်
"ဟော အငယ်လို ဆက်ဆံတော့ကျတော့လည်း မကြိုက်ဘူး ကလေးလိုကလည်း ဆိုးသေးတယ် "
"ဆယ်မိနစ်လောက်ပါ Lisaရယ် "
"Ok ဆက်အိပ်တော့ မနှောင့်ယှက်တော့ပါဘူး "
နာရီအနည်းငယ်ကြာတော့ Chaeyoung အိပ်ရေးဝပြီး နိုးလာလေသည်.....
သီချင်းသံကြားလို့ ထကြည့်တော့ ဧည့်ခန်းထဲမှာ Lisaက TVကြည့်နေတာကို တွေ့ရသည်
"နိုးပြီလား Chaeng...."
"အဲ့ကောင်မလေးတွေက ဘယ်သူတွေလည်း "
Chaeyoung Tvထဲက သီချင်းဆိုနေတဲ့ ကောင်မလေးတွေကို ကြည့်ပြီး မေးလိုက်သည်
"ငါ ပြောပြတော့ မင်း သိမှာ ကြနေတာဘဲ "
Lisa Tvကို ကြည့်ရင်း ပြောလိုက်သည်
"ငါမသိလို့ မေးတာပေါ့ဟဲ့ "
"ရန်ထောင်မနေနဲ့ ရေချိုးလိုက်အုံး ဘယ်အချိန်ရှိပြီလည်း ညနေရောက်နေပြီ သိလား တနေကုန် အိပ်နေနိုင်တာ အံ့သြလိုက်တာ ဘယ်လို မိန်းကလေးပါလိမ့် "
"ငါ့အမေကျနေတာဘဲ ဆိုးလိုက်တာ "
Chaeyoung မျက်စောင်းထိုးပြီး Lisaကို ခြေဆောင့်ကာ သူ့အခန်းထဲ ပြန်ဝင်သွားသည်
"နင့်အမေက ငါ့ထက်ပိုဆိုးတယ် chaeng "
Chaeyoung ကြားအောင် Lisa စိတ်ထဲကနေ ပြောလိုက်သည်
Lisaကို စိတ်ဆိုးလို့ မုန့်ထွက်မစားပေမယ့်လည်း Chaeyoung ဗိုက်ထဲက တဂွီဂွီအသံတွေပါ Lisa ကြားလို့လားမသိ အခန်းထဲထိ မုန့်တွေလာပို့ပေးသည်.....
Chaeyoungမှာတော့ Lisaရှေ့ မဆာချင်ယောင်ဆောင်ပေမယ့် Lisaလည်း အခန်းထဲက ထွက်သွားရော မုန့်တွေ ပါးစပ်ထဲ အမြန်ထိုးသွတ်လိုက်သည်
နောက်တစ်နေ့ မနက်မှာတော့
"ငါတို့ ဘယ်သွားမလို့လဲ "
"အပြင်ထွက်မလို့လေ "
Lisa jacket ကို ဝတ်ရင်း Chaeyoung မေးတာကို ဖြေလိုက်သည်
"ဘယ်ကိုလည်း "
"မင်းအတွက် သင့်တော်မယ့် အဝတ်အစားတွေ သွားဝယ်မလို့ "
"ဘာလို့...."
"ဟေး ငါလည်း ဟော်မုန်းပါတဲ့သူပါဟ မင်း ငါ့အဝတ်အစားတွေ ယူဝတ်နေတာ သိပ်အဆင်မပြေဘူး "
"ဟယ် ဘာလို့ "
"တော်တော် အမေးအမြန်းထူတာဘဲ လာ..."
Chaeyoungလက်ကို ဆွဲပြီး Lisa အိမ်အပြင်ဘက်ကို ခေါ်သွားသည်
Motorcycleဖြင့် Mallကို သွားလိုက်သည်
Mallရောက်တော့ ဆံပင်ညှပ်ဆိုင်ဘက် သွားပြီး
"သူ့ကို ဆံပင် အနက်ရောင်လေးဆိုးပေးပါ...."
"What ငါက အညိုရောင်ကြိုက်လို့ ဆိုးထားတာလေ "
"မင်း လုံခြုံရေးအတွက် ငါ့စကားနားထောင်ပေး "
Chaeyoung ဘာလို့မှန်းမသိ မနေ့ကတည်းက ကိုယ်မသိတဲ့သူတစ်ယောက်ကို ယုံကြည်ပြီး သူပြောသလို လိုက်လုပ်မိနေသည်
အခုထိ Lisaက ဘာမှန်း ဘယ်သူမှန်း သေချာမသိသေးပေမယ့်လည်း သူမအသက်ကို ကယ်ပေးခဲ့တာတစ်ခုနဲ့တင် Lisaကို အကြွင်းမဲ့ Chaeyoung ယုံကြည်လိုက်သည်
#TBC
Bạn đang đọc truyện trên: Truyen3h.Co