Truyen3h.Co

Hate Met Fate

1

Lilac_75

Hate Met Fate . 1

Hate Met Fate

part _ 1

"ဒါဘယ်ကပြန်လာတာလဲ ဟွမ်ရှင်း "

မိုးရေတွေစိုရွှဲနေသည့်ဟွမ်ရှင်းကိုMrs.ဟွမ်ဟာစိတ်ပျက်‌နေတဲ့လေသံဖြင့်မေးသည်။ ဒီလိုမိုးရွာတဲ့ရက်‌တွေဆိုဟွမ်ရှင်းဘယ်ကိုသွားလဲဆိုတာMrs.ဟွမ်သိသော်လည်း တမင်မသိချင်ယောင်ဆောင်လျက်သားဖြစ်သူကိုမေးနေခြင်းသာဖြစ်သည်။

သို့သော်သူမ၏အမေးကိုမကြားချင်ယောင်ဆောင်လျက်အိမ်အပေါ်ထပ်သို့သာတိတ်တိဆိတ်တက်သွားတဲ့သားဖြစ်သူကြောင့် Mrs.ဟွမ်ဖြစ်သူမှာသက်ပြင်းကိုသာသဲ့သဲ့ချလျက် ..........

ဟွမ်ရှင်းအခန်းထဲရောက်သည်နှင့် ရေစိုနေသောအဝတ်အစားနှင့်ပင်ကုတင်‌ထက်တွင်လဲလျောင်းလျက်မျက်နှာကျက်ကမီးဆိုင်းအားကြည့်ကာ နှုတ်ကလည်းနာမည်တစ်ခုကိုသာအကြိမ်ကြိမ်ရေရွတ်ရင်း မျက်ဝန်းအိမ်မှမျက်ရည်များသည်အတိုင်းအဆမရှိစီးဆင်းလေသည်။

၃နှစ်တောင်ရှိခဲ့ပြီဟွမ်ရှင်းကိုတစ်ယောက်တည်းကောကထားသွားခဲ့တာ ။ ထွက်သွားသူကထွက်သွားခဲ့ပြီဆိုပေမဲ့ကျန်ရစ်သူဟွမ်ရှင်းအတွက်ကတော့တကယ်အဆင်မပြေလှ ။ အတူတူရှိကြမယ်လို့ပြောခဲ့တာတွေဟာဟွမ်ရှင်းရဲ့နားထဲအခုထိသံမှိုစွဲကပ်ရိုက်ထားသလိုကောရဲ့အသံကိုကြားယောင်နေဆဲဖြစ်သည်။

ကောရဲ့ *ဟွမ်ရှင်းရာ* ဆိုတဲ့ကောဆီကထွက်လာတဲ့ငြူငြူစူစူတဲ့အသံကိုလွမ်းသည်မျက်မှန်အောက်ကမျက်ဝန်းနက်လှလှလေးတွေဟာလည်းအခုချိန်ထိမေ့လို့မရနိုင်တဲ့မှတ်ဉာဏ်တခုပမာ။ ကောမရှိတော့တဲ့နေ့ရက်တွေကိုဖြတ်သန်းရတာတကယ်အဆင်မပြေလှဘူး။

မိုးရွာရင်မိုးခြိမ်းသံ လျှပ်စီးတွေကိုကြောက်တဲ့ကောဟာအခုချိန်တစ်ယောက်ထဲဘယ်လိုနေမှာလဲ။

"လွမ်းတယ်အသက်ရယ် အရမ်းလွမ်းတာဘဲ "

____________

တီ...တီ...တီ...

ဒီနေ့ချိုးတင်းကျယ်၏ပထမဆုံးအလုပ်အင်တာဗျူးဖြေမည့်ရက်မို့ညကတည်းကပင်နာရီနှိုးစက်အားမနက်၆နာရီ Alarm ပေးထားသော်လည်းအမှန်တကယ်alarm ကြားသည်နှင့်နှိုးစက်အားပိတ်ချကာစောင်ကိုပင်ခေါင်းထိဖုံးအောင်ဆွဲခြုံလျက်ပိုတိုးကာအိပ်စက်နေလိုက်သည်။ သူမထလည်းသူမားမားကလာနှိုးလိမ့်မည်အတွေးနဲ့ပင်။
မကြာပါချိုးမားမားကိုယ်တိုင်အခန်းထဲဝင်လာလျက်

"သားချိုးအာ ထတော့လေဒီနေ့အလုပ်သွားလျှောက်ရမယ်မလားထတော့"

" 5မိနစ်ဘဲမား"

စောင်ထဲကနေလက်ငါးချောင်းထုတ်ပြကာပြောလာသည့်သားဖြစ်သူကြောင့်Mrs.ချိုးကပြုံးလျက်ပင်။

"၅မိနစ်မရဘူးထတော့ချိုးအာ မားမနက်စာပြင်ပြီးစောင့်နေမယ် သားDaddy လည်းအောက်မှာစောင့်နေတယ်သားနဲ့အတူမနက်စာစားမလို့"

"အွန်းးမားမားရာ၅မိနစ်လေးပါဘဲဆို"

ဟုဆိုကာအိပ်ယာမှထလာသောချိုးတင်းကျယ်ဟာမြင်ရသူတွေအဖို့အတွက်ကတော့အိစက်စက်ဆန်ကိတ်‌လုံးလေးလိုပင်။ ဒါကြောင့်လည်းMrs.ချိုးတို့မှာမထိရက်မကိုင်ရက်ချစ်နေရသောတစ်ဉီးတည်းသားလေး။

"မရဘူးထတော့မျက်နှာသစ်ရေချိုးချေမား
အင်္ကျီထုတ်ပေးခဲ့မယ်ချိုးအာ ပြီးရင်မနက်စာစားဖို့အောက်ဆင်းလာခဲ့နော်"

"ဟုတ်မား"

ကုတင်ပေါ်မှထကာလုံးလုံးလေးဖြင့်ရေချိုးခန်းဆီဝင်ပြေးသွားသောသားဖြစ်သူအားကြည့်ကာMrs.ချိုးဟာချိုးတင်းကျယ်ရေချိုးပြီးရင်ဝတ်မယ် အင်္ကျီအချို့ကိုထုတ်ကာကုတင်ပေါ်တွင်တင်‌ပေးခဲ့လေသည်။

"အူးးးလန်းသွားတာဘဲ"

ရေချိုးခန်းဆီမှခေါင်းသုတ်ကာထွက်လာသောချိုးတင်းဟာကုတင်ပေါ်တွင် မား ထုတ်ပေးခဲ့သောအင်္ကျီကိုဝတ်ကာမနက်စာစားဖို့အောက်ထပ်သို့ဆင်းလာခဲ့လေသည်။

အောက်သို့ရောက်သည်နှင့်ပါးကမနက်စာစားဖို့စားပွဲတွင်ထိုင်ကာသတင်းစာဖတ်နေသလိုမားကလည်းမနက်စာစားဖို့ပြင်ပေးနေကာ

" အကိုအလုပ်သွားရင်းသားကိုဒီနေ့သူအလုပ်လျှောက်မယ့် ကုမ္ပဏီကိုတစ်ခါတည်းဝင်‌ပို့ပေးလိုက်ပါလား"

"သားမနက်စာစားပြီးရင်အဖေနဲ့အတူလိုက်ခဲ့ အဖေကုမ္ပဏီအရှေ့ထိချပေးခဲ့မယ်"

"ဟုတ်ပါးပါး"

မနက်စာစားပြီးသည်နှင့်ချိုးတင်းကျယ်အလုပ်လျှောက်ဖို့လိုအပ်မယ်ထင်တာလေးတွေကိုလွယ်အိတ်သေးသေးလေးတစ်ခုထဲထည့်ပြီးပါးပါးနဲ့အတူလိုက်ဖို့ဆင်းလာခဲ့လေသည်။

" သားချိုးအာလေးရော့ဟိုမှာအလုပ်လျှောက်ရင်းထိုင်စောင့်နေရမှာမုန့်နဲ့နို့ဘူးလေးထည့်သွားအုံးရော့ရော့"

" ဟီးဟီးမားအကောင်းဆုံးဘဲ အာဘွား"

" မိန်းမ မင်းရဲ့သားကအလုပ်သွားလျှောက်မှာနော်မူကြိုသွားမှာမဟုတ်ဘူး "

" ဟာ... ပါးကလည်းဗျာလာလာသွားကြမယ်နောက်ကျတော့မှာဘဲ မား သားသွားပြီနော်"

ချိုးတင်းကျယ်တစ်ယောက်အလုပ်သွားလျှောက်တာလားမူကြိုသွားမှာလားမသဲကွဲ ။ အလုပ်လျှောက်ဖို့အတွက်လိုအပ်တာလေးတွေထည့်သွားသည့်လွယ်အိတ်ထဲတွင်လည်း တခြားမဟုတ်မုန့်တွေသာဖြစ်သည်။

_____________________

Company မှာဝန်ထမ်းအသစ်တွေခေါ်နေတာမို့ဒီနေ့ကအလုပ်လာလျှောက်မယ့်သူတွေအား အင်တာဗျူးဖြေမှာဖြစ်သည်။ အင်တင်ဗျူးကိုဟွမ်ရှင်းကိုယ်တိုင်လုပ်ဆောင်တာဖြစ်တဲ့အတွက် မနက်အစောကြီးထကာပြင်ဆင်ကာဆင်းလာခဲ့လေသည်။ အောက်ထပ်ဧည့်ခန်းထဲတွင် Mrs.ဟွမ်က ထိုင်နေလျက် သူကိုမြင်သည်နှင့်

" ကုမ္ပဏီကိုသွားတော့မလို့လားသားဟွမ်ရှင်း"

စကားကိုအပိုမပြောချင်တာမို့သူခေါင်းသာညိတ့်ပြကာလှည့်ထွက်လာခဲ့သည်။

ထိုတောင်အနောက်ကနေမနက်စာမစားသွားဘူးလားသားဆိုသည့် စကားကိုလည်းကြားဖြစ်အောင်ကြားလိုက်လေသည်။ ရီရတယ်သားတဲ့လား ဘယ်အချိန်တုန်းကသားတစ်ယောက်အဖြစ်သတ်မှတ်လိုက်တာလဲ မွေးဖွားပေးပြီးငယ်စဉ်ကတည်းကကြိုးဆွဲရာကခိုင်းတဲ့ရုပ်သေးရုပ်တစ်ခုသာသာသူ့ကိုထင်မှတ်နေတဲ့မိခင်က အခုချိန်မှလွန်စွာမိခင်ကောင်းပီသနေလေရဲ့။

ချိုးတင်းကျယ် YG ကုမ္ပဏီရှေ့မှာကြောင်ရပ်နေသည်မှာ ၅မိနစ်ခန့်ပင်ရှိပြီ ။ ကုမ္ပဏီရှေ့သာရောက်လာခဲ့ပေမဲ့အထဲဝင်မရဲတာကြောင့်ပင်

" ဟိတ်"

ချိုးတင်းကျယ်ကို အနောက်ကနေ ပုခုံးပုတ်ကာခေါ်လိုက်တဲ့ မိန်းကလေးတစ်ယောက်ကြောင့် လှည့်ကြည့်လိုက်တော့

" ရှင် ဒီမှာရပ်နေတာအတော်ကြာနေပြီ ဒါကြောင့်ကျွန်မခေါ်လိုက်တာ "

" အာဟိုအလုပ်လာလျှောက်တာပါ အထဲဝင်ဖို့က နည်းနည်းကြောက်နေလို့ဗျာ"

" အော်အလုပ်လာလျှောက်တာကို အမက လီလီပါနော် ဒီကုမ္ပဏီရဲ့ဝန်ထမ်းပါ။ အမနဲ့အတူဝင်လာလိုက်ခဲ့လေ အလုပ်လျှောက်ရမယ်ရုံးခန်းနေရာထိခေါ်သွားပေးမယ် "

" ဟုတ်ကျေးဇူးပါဗျာ"

လီလီဆိုသည့်အမက ချိုးတင်းကျယ်အားအလုပ်‌လျှောက်ရမယ့်ရုံးခန်းနေရာအထိခေါ်သွားပေးသည်။ မဟုတ်လျှင်ဘယ်လောက်ကြာအောင်ကုမ္ပဏီအရှေ့မှာရပ်နေမိမယ်မသိ။ မကြာပါအလုပ်လျှောက်မယ့်ရုံးခန်းရှေ့က ခုံလေးတွေမှာသူလိုအင်တာဗျူးလာဖြေသည့်သူတွေကအများကြီးပင် သူ့က နောက်ဆုံးမှရောက်လာသလားလို့တောင်ထင်ရသည်။

" ဒီမှာထိုင်စောင့်နော်ခဏနေရင်အထဲကနေနာမည်ခေါ်လိုက်မယ်ဒါနဲ့နာမည်က "

" ချိုးတင်းကျယ်ပါကျဲကျဲ "

" ချိုးချိုးက အင်တာဗျူးဖြေရင်သတိထားပြီးဖြေနော် CEO Huang ကနည်းနည်းဆိုးပြီးဇီဇာကြောင်တတ်တယ်"

" ဟုတ်ကျဲကျဲ "

CEO ကနည်းနည်းဆိုးပြီးဇီဇာကြောင်တယ်တဲ့ ထိုစကားကြောင့်ချိုးတင်းကျယ်အနည်းငယ်တော့လန့်မိပါသည်။ လူလူချင်းဘာလန့်စရာလိုလို့လဲမခန့်ရင်လည်းမလုပ်ဘူးပေါ့ကွာဟုသာတွေးကာ နာမည်ခေါ်ပြီးအလှည့်ရောက်လာမည်အချိန်ကိုသာ စောင့်နေတော့သည်။

တစ်ယောက်ပြီးတစ်ယောက်နာမည်ခေါ်ကာရုံးခန်းထဲသို့ဝင်သွားသောသူတွေဟာရုံးခန်းထဲကပြန်ထွက်လာတော့မျက်နှာမကောင်းကာထွက်လာသူက ခပ်များများရှိသောကြောင့်ချိုးတင်းကျယ်နည်းနည်းပင်လန့်စပြုလာပြီ။ဘာလဲ၊ အယောက်တိုင်း အလုပ်မရဘူးလားဟိုအမပြောသလိုတော်တော်ဆိုးတဲ့လူဘဲဖြစ်ရမယ်။

" ချိုးတင်းကျယ် "

အတွေးများနေတုန်း သူနာမည်ခေါ်သံကြောင့်နည်းနည်းလန့်နေသော်လည်းအားတင်းကာရုံးခန်းထဲဝင်သွားလေသည်။ မကြောက်ပါဘူးဟုဘယ်လောက်ပင်တင်းထားထား လက်ဖျားခြေဖျားအေးစက်ကာ ခေါင်းကဆံပင်တွေပါထောင်ချင်သယောင်ဖြစ်နေတာကိုသူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှသိမှာမဟုတ်ပေ။

" အထဲဝင်ပါဗျာ CEO ကိုယ်တိုင်အင်တာဗျူးပါလိမ့်မယ် "

" ဟုတ်"

ရုံးခန်းထဲဝင်လိုက်သည်နှင့်အလုပ်စားပွဲတွင်သေသပ်စွာထိုင်နေသည့် ဒီလူကCEO တဲ့လား အသားဖြူဖြးနှာတံထင်းထင်း နီရဲနေတဲ့နှုတ်ခမ်းပါးပါးနဲ့လိုက်ဖက်စွာရှိနေသည့် ထိုလူဟာမိန်းကလေးတွေလောက်လှတယ်လို့ပြောရပေမဲ့ လည်စိ‌ထင်းထင်းပုခုံးကျယ်ကျယ် လက်ချောင်းသွယ်သွယ်တွင်လက်အဆစ်တွေဟာယောက်ျားဆန်ပြီး အကုန်လုံးကိုခြုံကြည့်မည်ဆိုလျှင် ceo ဆိုသည့်ဒီလူကတော်တော်ချောသည့်အထဲတွင်ပါဝင်သည်။

" CEO ကချောလိုက်တာ "

မရည်ရွယ်ဘဲ ထွက်သွားသည့်ချိုးတင်းကျယ်၏စကားကြောင့် ထိုလူဟာ မျက်ခုံးနှစ်ဖက်အားတွန့်ချိုးလာကာ

" မင်းအလုပ်လာလျှောက်တာမလားထိုင်လေဘာကြောင့် ကြောင်ရပ်နေရတာလဲ "

ပြောလာသည့်စကားသံကခပ်အေးအေးဆိုသော်လည်းလေသံအနေအထားကစိတ်မရှည်သည့်ပုံပေါ်သည့်အတွက်ချိုးတင်းကျယ်ရဲ့ဆံပင်တွေပါနောက်တစ်ကြိမ်ထောင်တက်သွားသည်။ စားပွဲရှေ့ခုံတွင် နေရာယူကာထိုင်လိုက်တော့ထိုလူရဲ့အတွင်းရေးမှူးဖြစ်ပုံရသည့်လူတစ်ယောက်ကပင် ချိုးတင်းကျယ်အားမေးခွန်းစမေးလာသည်။

" နာမည်ကချိုးတင်းကျယ် အသက်က28နော် "

" ဟုတ် "

" လုပ်ငန်းအတွေ့အကြုံရှိလား ချိုးတင်းကျယ်"

" လုပ်ငန်းအတွေ့အကြုံကမရှိ ....

" နောက်တစ်ယောက်ခေါ်လိုက် "

ချိုးတင်းကျယ်၏စကားပင်မဆုံးခင် ceo ဆိုသည့်ထိုလူဆီမှထွက်လာသောစကားသံဖြစ်သည်။

" Boss ဒါနောက်ဆုံးအလုပ်လျှောက်တဲ့သူပါ "

" မနက်ဖြန်နောက်အသစ်လျှောက်မယ့်လူတွေထပ်ခေါ်လိုက်ဂျက် "
" ငါအလုပ်မှာလုပ်ငန်းအတွေ့အကြုံမရှိသလို သူငယ်တန်းနဲ့အလုပ်ကိုမှားယွင်းတတ်တဲ့ကလေးစိတ်ပေါက်နေတဲ့ဝန်ထမ်းတွေကိုမခန့်ဘူး "

ချိုးတင်းကျယ်အားစေ့စေ့ကြည့်ကာပြောလာသည့် ဒီလူရဲ့စကားကြောင့်ထိုင်နေရမှထရပ်ကာ

" ဒီမှာCEO ဆိုတဲ့ဖြူဖတ်ဖတ်နဲ့လူ အလုပ်မခန့်ချင်နေလေ ကျွန်တော်ကိုရွဲ့စောင်းပြီးပြောစရာမလိုဘူးဗျာ "

ချိုးတင်းကျယ်၏အပြောကြောင့်ထိုလူထိုင်နေရာမှထရပ်ကာသူ့အတွင်းရေးမှူးအားအနားသို့ခေါ်ကာ တစ်ခုခုပြောလိုက်သည်။ ထို့နောက်ချိုးတင်းကျယ်အားအေးစက်စက်မျက်လုံးတွေဖြင့်စေ့စေ့စိုက်ကြည့်လာကာ ပြောလာသည့်စကားတစ်ခွန်းက

" ဖြူဖတ်ဖတ်နဲ့လူမဟုတ်ဘူး။ ကိုယ်နာမည်ဟွမ်ရှင်း ချိုးတင်းကျယ် "

By author _ Luna

Zawgyi

Hate Met Fate . 1

Hate Met Fate

part _ 1

"ဒါဘယ္ကျပန္လာတာလဲ ဟြမ္ရွင္း "

မိုးေရေတြစို႐ႊဲေနသည့္ဟြမ္ရွင္းကိုMrs.ဟြမ္ဟာစိတ္ပ်က္‌ေနတဲ့ေလသံျဖင့္ေမးသည္။ ဒီလိုမိုး႐ြာတဲ့ရက္‌ေတြဆိုဟြမ္ရွင္းဘယ္ကိုသြားလဲဆိုတာMrs.ဟြမ္သိေသာ္လည္း တမင္မသိခ်င္ေယာင္ေဆာင္လ်က္သားျဖစ္သူကိုေမးေနျခင္းသာျဖစ္သည္။

သို႔ေသာ္သူမ၏အေမးကိုမၾကားခ်င္ေယာင္ေဆာင္လ်က္အိမ္အေပၚထပ္သို႔သာတိတ္တိဆိတ္တက္သြားတဲ့သားျဖစ္သူေၾကာင့္ Mrs.ဟြမ္ျဖစ္သူမွာသက္ျပင္းကိုသာသဲ့သဲ့ခ်လ်က္ ..........

ဟြမ္ရွင္းအခန္းထဲေရာက္သည္ႏွင့္ ေရစိုေနေသာအဝတ္အစားႏွင့္ပင္ကုတင္‌ထက္တြင္လဲေလ်ာင္းလ်က္မ်က္ႏွာက်က္ကမီးဆိုင္းအားၾကည့္ကာ ႏႈတ္ကလည္းနာမည္တစ္ခုကိုသာအႀကိမ္ႀကိမ္ေရ႐ြတ္ရင္း မ်က္ဝန္းအိမ္မွမ်က္ရည္မ်ားသည္အတိုင္းအဆမရွိစီးဆင္းေလသည္။

၃ႏွစ္ေတာင္ရွိခဲ့ၿပီဟြမ္ရွင္းကိုတစ္ေယာက္တည္းေကာကထားသြားခဲ့တာ ။ ထြက္သြားသူကထြက္သြားခဲ့ၿပီဆိုေပမဲ့က်န္ရစ္သူဟြမ္ရွင္းအတြက္ကေတာ့တကယ္အဆင္မေျပလွ ။ အတူတူရွိၾကမယ္လို႔ေျပာခဲ့တာေတြဟာဟြမ္ရွင္းရဲ႕နားထဲအခုထိသံမႈိစြဲကပ္႐ိုက္ထားသလိုေကာရဲ႕အသံကိုၾကားေယာင္ေနဆဲျဖစ္သည္။

ေကာရဲ႕ *ဟြမ္ရွင္းရာ* ဆိုတဲ့ေကာဆီကထြက္လာတဲ့ျငဴျငဴစူစူတဲ့အသံကိုလြမ္းသည္မ်က္မွန္ေအာက္ကမ်က္ဝန္းနက္လွလွေလးေတြဟာလည္းအခုခ်ိန္ထိေမ့လို႔မရႏိုင္တဲ့မွတ္ဉာဏ္တခုပမာ။ ေကာမရွိေတာ့တဲ့ေန႔ရက္ေတြကိုျဖတ္သန္းရတာတကယ္အဆင္မေျပလွဘူး။

မိုး႐ြာရင္မိုးၿခိမ္းသံ လွ်ပ္စီးေတြကိုေၾကာက္တဲ့ေကာဟာအခုခ်ိန္တစ္ေယာက္ထဲဘယ္လိုေနမွာလဲ။

"လြမ္းတယ္အသက္ရယ္ အရမ္းလြမ္းတာဘဲ "

____

တီ...တီ...တီ...

ဒီေန႔ခ်ိဳးတင္းက်ယ္၏ပထမဆုံးအလုပ္အင္တာဗ်ဴးေျဖမည့္ရက္မို႔ညကတည္းကပင္နာရီႏႈိးစက္အားမနက္၆နာရီ Alarm ေပးထားေသာ္လည္းအမွန္တကယ္alarm ၾကားသည္ႏွင့္ႏႈိးစက္အားပိတ္ခ်ကာေစာင္ကိုပင္ေခါင္းထိဖုံးေအာင္ဆြဲၿခဳံလ်က္ပိုတိုးကာအိပ္စက္ေနလိုက္သည္။ သူမထလည္းသူမားမားကလာႏႈိးလိမ့္မည္အေတြးနဲ႔ပင္။
မၾကာပါခ်ိဳးမားမားကိုယ္တိုင္အခန္းထဲဝင္လာလ်က္

"သားခ်ိဳးအာ ထေတာ့ေလဒီေန႔အလုပ္သြားေလွ်ာက္ရမယ္မလားထေတာ့"

" 5မိနစ္ဘဲမား"

ေစာင္ထဲကေနလက္ငါးေခ်ာင္းထုတ္ျပကာေျပာလာသည့္သားျဖစ္သူေၾကာင့္Mrs.ခ်ိဳးကၿပဳံးလ်က္ပင္။

"၅မိနစ္မရဘူးထေတာ့ခ်ိဳးအာ မားမနက္စာျပင္ၿပီးေစာင့္ေနမယ္ သားDaddy လည္းေအာက္မွာေစာင့္ေနတယ္သားနဲ႔အတူမနက္စာစားမလို႔"

"အြန္းးမားမားရာ၅မိနစ္ေလးပါဘဲဆို"

ဟုဆိုကာအိပ္ယာမွထလာေသာခ်ိဳးတင္းက်ယ္ဟာျမင္ရသူေတြအဖို႔အတြက္ကေတာ့အိစက္စက္ဆန္ကိတ္‌လုံးေလးလိုပင္။ ဒါေၾကာင့္လည္းMrs.ခ်ိဳးတို႔မွာမထိရက္မကိုင္ရက္ခ်စ္ေနရေသာတစ္ဉီးတည္းသားေလး။

"မရဘူးထေတာ့မ်က္ႏွာသစ္ေရခ်ိဳးေခ်မား
အက်ႌထုတ္ေပးခဲ့မယ္ခ်ိဳးအာ ၿပီးရင္မနက္စာစားဖို႔ေအာက္ဆင္းလာခဲ့ေနာ္"

"ဟုတ္မား"

ကုတင္ေပၚမွထကာလုံးလုံးေလးျဖင့္ေရခ်ိဳးခန္းဆီဝင္ေျပးသြားေသာသားျဖစ္သူအားၾကည့္ကာMrs.ခ်ိဳးဟာခ်ိဳးတင္းက်ယ္ေရခ်ိဳးၿပီးရင္ဝတ္မယ္ အက်ႌအခ်ိဳ႕ကိုထုတ္ကာကုတင္ေပၚတြင္တင္‌ေပးခဲ့ေလသည္။

"အူးးးလန္းသြားတာဘဲ"

ေရခ်ိဳးခန္းဆီမွေခါင္းသုတ္ကာထြက္လာေသာခ်ိဳးတင္းဟာကုတင္ေပၚတြင္ မား ထုတ္ေပးခဲ့ေသာအက်ႌကိုဝတ္ကာမနက္စာစားဖို႔ေအာက္ထပ္သို႔ဆင္းလာခဲ့ေလသည္။

ေအာက္သို႔ေရာက္သည္ႏွင့္ပါးကမနက္စာစားဖို႔စားပြဲတြင္ထိုင္ကာသတင္းစာဖတ္ေနသလိုမားကလည္းမနက္စာစားဖို႔ျပင္ေပးေနကာ

" အကိုအလုပ္သြားရင္းသားကိုဒီေန႔သူအလုပ္ေလွ်ာက္မယ့္ ကုမၸဏီကိုတစ္ခါတည္းဝင္‌ပို႔ေပးလိုက္ပါလား"

"သားမနက္စာစားၿပီးရင္အေဖနဲ႔အတူလိုက္ခဲ့ အေဖကုမၸဏီအေရွ႕ထိခ်ေပးခဲ့မယ္"

"ဟုတ္ပါးပါး"

မနက္စာစားၿပီးသည္ႏွင့္ခ်ိဳးတင္းက်ယ္အလုပ္ေလွ်ာက္ဖို႔လိုအပ္မယ္ထင္တာေလးေတြကိုလြယ္အိတ္ေသးေသးေလးတစ္ခုထဲထည့္ၿပီးပါးပါးနဲ႔အတူလိုက္ဖို႔ဆင္းလာခဲ့ေလသည္။

" သားခ်ိဳးအာေလးေရာ့ဟိုမွာအလုပ္ေလွ်ာက္ရင္းထိုင္ေစာင့္ေနရမွာမုန္႔နဲ႔ႏို႔ဘူးေလးထည့္သြားအုံးေရာ့ေရာ့"

" ဟီးဟီးမားအေကာင္းဆုံးဘဲ အာဘြား"

" မိန္းမ မင္းရဲ႕သားကအလုပ္သြားေလွ်ာက္မွာေနာ္မူႀကိဳသြားမွာမဟုတ္ဘူး "

" ဟာ... ပါးကလည္းဗ်ာလာလာသြားၾကမယ္ေနာက္က်ေတာ့မွာဘဲ မား သားသြားၿပီေနာ္"

ခ်ိဳးတင္းက်ယ္တစ္ေယာက္အလုပ္သြားေလွ်ာက္တာလားမူႀကိဳသြားမွာလားမသဲကြဲ ။ အလုပ္ေလွ်ာက္ဖို႔အတြက္လိုအပ္တာေလးေတြထည့္သြားသည့္လြယ္အိတ္ထဲတြင္လည္း တျခားမဟုတ္မုန္႔ေတြသာျဖစ္သည္။

_____

Company မွာဝန္ထမ္းအသစ္ေတြေခၚေနတာမို႔ဒီေန႔ကအလုပ္လာေလွ်ာက္မယ့္သူေတြအား အင္တာဗ်ဴးေျဖမွာျဖစ္သည္။ အင္တင္ဗ်ဴးကိုဟြမ္ရွင္းကိုယ္တိုင္လုပ္ေဆာင္တာျဖစ္တဲ့အတြက္ မနက္အေစာႀကီးထကာျပင္ဆင္ကာဆင္းလာခဲ့ေလသည္။ ေအာက္ထပ္ဧည့္ခန္းထဲတြင္ Mrs.ဟြမ္က ထိုင္ေနလ်က္ သူကိုျမင္သည္ႏွင့္

" ကုမၸဏီကိုသြားေတာ့မလို႔လားသားဟြမ္ရွင္း"

စကားကိုအပိုမေျပာခ်င္တာမို႔သူေခါင္းသာညိတ့္ျပကာလွည့္ထြက္လာခဲ့သည္။

ထိုေတာင္အေနာက္ကေနမနက္စာမစားသြားဘူးလားသားဆိုသည့္ စကားကိုလည္းၾကားျဖစ္ေအာင္ၾကားလိုက္ေလသည္။ ရီရတယ္သားတဲ့လား ဘယ္အခ်ိန္တုန္းကသားတစ္ေယာက္အျဖစ္သတ္မွတ္လိုက္တာလဲ ေမြးဖြားေပးၿပီးငယ္စဥ္ကတည္းကႀကိဳးဆြဲရာကခိုင္းတဲ့႐ုပ္ေသး႐ုပ္တစ္ခုသာသာသူ႔ကိုထင္မွတ္ေနတဲ့မိခင္က အခုခ်ိန္မွလြန္စြာမိခင္ေကာင္းပီသေနေလရဲ႕။

ခ်ိဳးတင္းက်ယ္ YG ကုမၸဏီေရွ႕မွာေၾကာင္ရပ္ေနသည္မွာ ၅မိနစ္ခန္႔ပင္ရွိၿပီ ။ ကုမၸဏီေရွ႕သာေရာက္လာခဲ့ေပမဲ့အထဲဝင္မရဲတာေၾကာင့္ပင္

" ဟိတ္"

ခ်ိဳးတင္းက်ယ္ကို အေနာက္ကေန ပုခုံးပုတ္ကာေခၚလိုက္တဲ့ မိန္းကေလးတစ္ေယာက္ေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့

" ရွင္ ဒီမွာရပ္ေနတာအေတာ္ၾကာေနၿပီ ဒါေၾကာင့္ကြၽန္မေခၚလိုက္တာ "

" အာဟိုအလုပ္လာေလွ်ာက္တာပါ အထဲဝင္ဖို႔က နည္းနည္းေၾကာက္ေနလို႔ဗ်ာ"

" ေအာ္အလုပ္လာေလွ်ာက္တာကို အမက လီလီပါေနာ္ ဒီကုမၸဏီရဲ႕ဝန္ထမ္းပါ။ အမနဲ႔အတူဝင္လာလိုက္ခဲ့ေလ အလုပ္ေလွ်ာက္ရမယ္႐ုံးခန္းေနရာထိေခၚသြားေပးမယ္ "

" ဟုတ္ေက်းဇူးပါဗ်ာ"

လီလီဆိုသည့္အမက ခ်ိဳးတင္းက်ယ္အားအလုပ္‌ေလွ်ာက္ရမယ့္႐ုံးခန္းေနရာအထိေခၚသြားေပးသည္။ မဟုတ္လွ်င္ဘယ္ေလာက္ၾကာေအာင္ကုမၸဏီအေရွ႕မွာရပ္ေနမိမယ္မသိ။ မၾကာပါအလုပ္ေလွ်ာက္မယ့္႐ုံးခန္းေရွ႕က ခုံေလးေတြမွာသူလိုအင္တာဗ်ဴးလာေျဖသည့္သူေတြကအမ်ားႀကီးပင္ သူ႔က ေနာက္ဆုံးမွေရာက္လာသလားလို႔ေတာင္ထင္ရသည္။

" ဒီမွာထိုင္ေစာင့္ေနာ္ခဏေနရင္အထဲကေနနာမည္ေခၚလိုက္မယ္ဒါနဲ႔နာမည္က "

" ခ်ိဳးတင္းက်ယ္ပါက်ဲက်ဲ "

" ခ်ိဳးခ်ိဳးက အင္တာဗ်ဴးေျဖရင္သတိထားၿပီးေျဖေနာ္ CEO Huang ကနည္းနည္းဆိုးၿပီးဇီဇာေၾကာင္တတ္တယ္"

" ဟုတ္က်ဲက်ဲ "

CEO ကနည္းနည္းဆိုးၿပီးဇီဇာေၾကာင္တယ္တဲ့ ထိုစကားေၾကာင့္ခ်ိဳးတင္းက်ယ္အနည္းငယ္ေတာ့လန္႔မိပါသည္။ လူလူခ်င္းဘာလန္႔စရာလိုလို႔လဲမခန္႔ရင္လည္းမလုပ္ဘူးေပါ့ကြာဟုသာေတြးကာ နာမည္ေခၚၿပီးအလွည့္ေရာက္လာမည္အခ်ိန္ကိုသာ ေစာင့္ေနေတာ့သည္။

တစ္ေယာက္ၿပီးတစ္ေယာက္နာမည္ေခၚကာ႐ုံးခန္းထဲသို႔ဝင္သြားေသာသူေတြဟာ႐ုံးခန္းထဲကျပန္ထြက္လာေတာ့မ်က္ႏွာမေကာင္းကာထြက္လာသူက ခပ္မ်ားမ်ားရွိေသာေၾကာင့္ခ်ိဳးတင္းက်ယ္နည္းနည္းပင္လန္႔စျပဳလာၿပီ။ဘာလဲ၊ အေယာက္တိုင္း အလုပ္မရဘူးလားဟိုအမေျပာသလိုေတာ္ေတာ္ဆိုးတဲ့လူဘဲျဖစ္ရမယ္။

" ခ်ိဳးတင္းက်ယ္ "

အေတြးမ်ားေနတုန္း သူနာမည္ေခၚသံေၾကာင့္နည္းနည္းလန္႔ေနေသာ္လည္းအားတင္းကာ႐ုံးခန္းထဲဝင္သြားေလသည္။ မေၾကာက္ပါဘူးဟုဘယ္ေလာက္ပင္တင္းထားထား လက္ဖ်ားေျခဖ်ားေအးစက္ကာ ေခါင္းကဆံပင္ေတြပါေထာင္ခ်င္သေယာင္ျဖစ္ေနတာကိုသူကိုယ္တိုင္ကလြဲၿပီး ဘယ္သူမွသိမွာမဟုတ္ေပ။

" အထဲဝင္ပါဗ်ာ CEO ကိုယ္တိုင္အင္တာဗ်ဴးပါလိမ့္မယ္ "

" ဟုတ္"

႐ုံးခန္းထဲဝင္လိုက္သည္ႏွင့္အလုပ္စားပြဲတြင္ေသသပ္စြာထိုင္ေနသည့္ ဒီလူကCEO တဲ့လား အသားျဖဴျဖးႏွာတံထင္းထင္း နီရဲေနတဲ့ႏႈတ္ခမ္းပါးပါးနဲ႔လိုက္ဖက္စြာရွိေနသည့္ ထိုလူဟာမိန္းကေလးေတြေလာက္လွတယ္လို႔ေျပာရေပမဲ့ လည္စိ‌ထင္းထင္းပုခုံးက်ယ္က်ယ္ လက္ေခ်ာင္းသြယ္သြယ္တြင္လက္အဆစ္ေတြဟာေယာက္်ားဆန္ၿပီး အကုန္လုံးကိုၿခဳံၾကည့္မည္ဆိုလွ်င္ ceo ဆိုသည့္ဒီလူကေတာ္ေတာ္ေခ်ာသည့္အထဲတြင္ပါဝင္သည္။

" CEO ကေခ်ာလိုက္တာ "

မရည္႐ြယ္ဘဲ ထြက္သြားသည့္ခ်ိဳးတင္းက်ယ္၏စကားေၾကာင့္ ထိုလူဟာ မ်က္ခုံးႏွစ္ဖက္အားတြန္႔ခ်ိဳးလာကာ

" မင္းအလုပ္လာေလွ်ာက္တာမလားထိုင္ေလဘာေၾကာင့္ ေၾကာင္ရပ္ေနရတာလဲ "

ေျပာလာသည့္စကားသံကခပ္ေအးေအးဆိုေသာ္လည္းေလသံအေနအထားကစိတ္မရွည္သည့္ပုံေပၚသည့္အတြက္ခ်ိဳးတင္းက်ယ္ရဲ႕ဆံပင္ေတြပါေနာက္တစ္ႀကိမ္ေထာင္တက္သြားသည္။ စားပြဲေရွ႕ခုံတြင္ ေနရာယူကာထိုင္လိုက္ေတာ့ထိုလူရဲ႕အတြင္းေရးမႉးျဖစ္ပုံရသည့္လူတစ္ေယာက္ကပင္ ခ်ိဳးတင္းက်ယ္အားေမးခြန္းစေမးလာသည္။

" နာမည္ကခ်ိဳးတင္းက်ယ္ အသက္က28ေနာ္ "

" ဟုတ္ "

" လုပ္ငန္းအေတြ႕အႀကဳံရွိလား ခ်ိဳးတင္းက်ယ္"

" လုပ္ငန္းအေတြ႕အႀကဳံကမရွိ ....

" ေနာက္တစ္ေယာက္ေခၚလိုက္ "

ခ်ိဳးတင္းက်ယ္၏စကားပင္မဆုံးခင္ ceo ဆိုသည့္ထိုလူဆီမွထြက္လာေသာစကားသံျဖစ္သည္။

" Boss ဒါေနာက္ဆုံးအလုပ္ေလွ်ာက္တဲ့သူပါ "

" မနက္ျဖန္ေနာက္အသစ္ေလွ်ာက္မယ့္လူေတြထပ္ေခၚလိုက္ဂ်က္ "
" ငါအလုပ္မွာလုပ္ငန္းအေတြ႕အႀကဳံမရွိသလို သူငယ္တန္းနဲ႔အလုပ္ကိုမွားယြင္းတတ္တဲ့ကေလးစိတ္ေပါက္ေနတဲ့ဝန္ထမ္းေတြကိုမခန္႔ဘူး "

ခ်ိဳးတင္းက်ယ္အားေစ့ေစ့ၾကည့္ကာေျပာလာသည့္ ဒီလူရဲ႕စကားေၾကာင့္ထိုင္ေနရမွထရပ္ကာ

" ဒီမွာCEO ဆိုတဲ့ျဖဴဖတ္ဖတ္နဲ႔လူ အလုပ္မခန္႔ခ်င္ေနေလ ကြၽန္ေတာ္ကို႐ြဲ႕ေစာင္းၿပီးေျပာစရာမလိုဘူးဗ်ာ "

ခ်ိဳးတင္းက်ယ္၏အေျပာေၾကာင့္ထိုလူထိုင္ေနရာမွထရပ္ကာသူ႔အတြင္းေရးမႉးအားအနားသို႔ေခၚကာ တစ္ခုခုေျပာလိုက္သည္။ ထို႔ေနာက္ခ်ိဳးတင္းက်ယ္အားေအးစက္စက္မ်က္လုံးေတြျဖင့္ေစ့ေစ့စိုက္ၾကည့္လာကာ ေျပာလာသည့္စကားတစ္ခြန္းက

" ျဖဴဖတ္ဖတ္နဲ႔လူမဟုတ္ဘူး။ ကိုယ္နာမည္ဟြမ္ရွင္း ခ်ိဳးတင္းက်ယ္ "

By author _ Luna

Bạn đang đọc truyện trên: Truyen3h.Co