Truyen3h.Co

Hate Met Fate

Intro

Lilac_75


Hate Met Fate  _ intro

  အုံမှိုင်းနေသောကောင်းကင်ယံ ၊ မည်းမှောင်နေသောတိမ်တိုက်အချို့နှင့်အတူ လူသူကင်းမဲ့ကာအေးစက်တိတ်ဆိတ်လျက်ရှိသောသုသာန်မြေ ။ လူသူကင်းမဲ့ကာအထီးကျန်ဆန်နေသည့်ထိုနေရာတွင် ဟောင်းနွမ်းညစ်နွမ်းကာရှိနေသောအုတ်ဂူများအကြား၌ ဆေးရောင်သစ်လွင်လွင်ရှိသောအဖြူအုတ်ဂူဟာထင်းထွက်လျက်

    ထိုအုတ်ဂူဟာနှစ်တိုင်း ဒါမှမဟုတ် လတိုင်းသန့်ရှင်းရေးလာလုပ်ကာအရောင်မလွင့် ၊ မဟောင်းနွမ်းစေရန်ဂရုတစိုက်ပြုပြင်ထားသည့်ပုံပေါ်သည် ။

   လဲလျောင်းအိပ်စက်ရာ ထိုအုတ်ဂူဖြူဖြူလေးပေါ်တွင် နှင်းဆီအဖြူတစ်ပွင့်မှာလွန်ခဲ့သည့်ရက်သတ္တပတ်ခန့်ကမှ လာထားခဲ့သည့်ပုံဖြစ်သော်လည်း အရောက်လွင့်ကာညှိုးနွမ်းနေပြီဖြစ်လျက် .......

    မကြာမှီအချိန်အတွင်းအုံမှိုင်းနေသောကောင်းကင်ယံမှတိမ်တိုက်များသည် လေပြင်းနှင့်အတူခပ်ကြမ်းကြမ်းမိုးဖွဲအသွင်သို့ပြောင်းကာရွာသွန်းလာလေပြီ။မိုးစက်တွေဟာသုသာန်မြေရဲ့တိတ်ဆိတ်မှုကိုအပြင်းအထန်ရိုက်ခတ်ဖြိုခွဲနေသယောင်.....

   ပြင်းထန်လှတဲ့လေတိုက်ခတ်မှုကြောင့်အုတ်ဂူအဖြူပေါ်ရှိတစ်ပွင့်တည်းသောနှင်းဆီအဖြူဟာဝဲပျံကာ အဝေးတစ်နေရာသို့လွင့်ပါးသွားလျက် သုသာန်မြေသို့ဝင်လာသောခြေအစုံရှေ့၌သိမ်မွေ့စွာလဲကျခစားနေသည်။

   ခြေအစုံပိုင်ရှင်ထိုလူဟာ အနက်ရောင်ဝတ်စုံနှင့်ကုတ်အကျီတွေဟာမိုးရေစိုရွဲနေသော်လည်းဂရုမစိုက် ။ ထိုအစားမျက်ဝန်းတွေဟာလွမ်းမောခြင်းအပြည့်နှင့်မျက်ဝန်းသေပေါ်တွင်ပြည့်နှက်လျက်.....

    ခြေအစုံရှေ့၌ခယနေသောထိုနှင်းဆီအဖြူပွင့်အား ဖြူသွယ်လျသောလက်ချောင်းတို့ဖြင့်နူးညံ့စွာကောက်ယူစေသည် ။  ထို့နောက်နှင်းဆီဖူးကဲ့သို့နီထွေးသော နှုတ်ခမ်းအစုံမှတိုးလျစွာပြောလိုက်သောစကားတစ်ခွန်း.....

" ကိုယ်လာတာသိလို့လာကြိုတာလားအသက် "

   ရာသီဉတုကားဆိုးရွားစွာမိုးရွာသွန်းနေသော်လည်း အမိုးအကာဆိုသည့်ထီးပင်မဆောင်လာခဲ့သောထိုလူ၏လကတစ်ခုတည်းသောပါလာသည့်အရာမှာ နောက်ထပ်နှင်းဆီအဖြူအသစ်တစ်ပွင့်သာ

   သွယ်လျသောခန္ဓာကိုယ်နှင့်အတူဖြည်းညှင်းငြင်သာသောခြေလှမ်းအစုံတို့ဖြင့် မိုးရေထဲလမ်းလျှောက်ကာလာနေသည့် ထိုလူ၏ဉီးတည်ရာဟာသစ်လွင်သောအဖြူရောင်အုတ်ဂူလေးဆီသို့သာ........

   ဒူးတစ်ဖက်ကိုထောက်လျက်  ဖြူသွယ်လျသောလက်တို့သည်အုတ်အဖြူလေးပေါ်က မိုးစက်လေးများအားငြင်သာစွာသုတ်ဖယ်ကာ နှင်းဆီအဖြူအသစ်တစ်ပွင့်အားချပေးလျက်........

    အဖြူရောင်ထိုအုတ်ဂူလေးအားစိုက်ကြည့်လျက်ထိုလူဟာ တိုးတိတ်စွာ.....

   " မိုးရွာရင် အသက်ကြောက်တတ်မှန်းသိလို့မောင်အဖော်ပြုပေးဖို့ရောက်လာခဲ့တာ "

_____________

Xingqiu Myanmar fan fic

Hate Met Fate _ intro

  အုံမႈိင္းေနေသာေကာင္းကင္ယံ ၊ မည္းေမွာင္ေနေသာတိမ္တိုက္အခ်ိဳ႕ႏွင့္အတူ လူသူကင္းမဲ့ကာေအးစက္တိတ္ဆိတ္လ်က္ရွိေသာသုသာန္ေျမ ။ လူသူကင္းမဲ့ကာအထီးက်န္ဆန္ေနသည့္ထိုေနရာတြင္ ေဟာင္းႏြမ္းညစ္ႏြမ္းကာရွိေနေသာအုတ္ဂူမ်ားအၾကား၌ ေဆးေရာင္သစ္လြင္လြင္ရွိေသာအျဖဴအုတ္ဂူဟာထင္းထြက္လ်က္

    ထိုအုတ္ဂူဟာႏွစ္တိုင္း ဒါမွမဟုတ္ လတိုင္းသန္႔ရွင္းေရးလာလုပ္ကာအေရာင္မလြင့္ ၊ မေဟာင္းႏြမ္းေစရန္ဂ႐ုတစိုက္ျပဳျပင္ထားသည့္ပုံေပၚသည္ ။

   လဲေလ်ာင္းအိပ္စက္ရာ ထိုအုတ္ဂူျဖဴျဖဴေလးေပၚတြင္ ႏွင္းဆီအျဖဴတစ္ပြင့္မွာလြန္ခဲ့သည့္ရက္သတၱပတ္ခန္႔ကမွ လာထားခဲ့သည့္ပုံျဖစ္ေသာ္လည္း အေရာက္လြင့္ကာညႇိဳးႏြမ္းေနၿပီျဖစ္လ်က္ .......

    မၾကာမွီအခ်ိန္အတြင္းအုံမႈိင္းေနေသာေကာင္းကင္ယံမွတိမ္တိုက္မ်ားသည္ ေလျပင္းႏွင့္အတူခပ္ၾကမ္းၾကမ္းမိုးဖြဲအသြင္သို႔ေျပာင္းကာ႐ြာသြန္းလာေလၿပီ။မိုးစက္ေတြဟာသုသာန္ေျမရဲ႕တိတ္ဆိတ္မႈကိုအျပင္းအထန္႐ိုက္ခတ္ၿဖိဳခြဲေနသေယာင္.....

   ျပင္းထန္လွတဲ့ေလတိုက္ခတ္မႈေၾကာင့္အုတ္ဂူအျဖဴေပၚရွိတစ္ပြင့္တည္းေသာႏွင္းဆီအျဖဴဟာဝဲပ်ံကာ အေဝးတစ္ေနရာသို႔လြင့္ပါးသြားလ်က္ သုသာန္ေျမသို႔ဝင္လာေသာေျခအစုံေရွ႕၌သိမ္ေမြ႕စြာလဲက်ခစားေနသည္။

   ေျခအစုံပိုင္ရွင္ထိုလူဟာ အနက္ေရာင္ဝတ္စုံႏွင့္ကုတ္အက်ီေတြဟာမိုးေရစို႐ြဲေနေသာ္လည္းဂ႐ုမစိုက္ ။ ထိုအစားမ်က္ဝန္းေတြဟာလြမ္းေမာျခင္းအျပည့္ႏွင့္မ်က္ဝန္းေသေပၚတြင္ျပည့္ႏွက္လ်က္.....

    ေျခအစုံေရွ႕၌ခယေနေသာထိုႏွင္းဆီအျဖဴပြင့္အား ျဖဴသြယ္လ်ေသာလက္ေခ်ာင္းတို႔ျဖင့္ႏူးညံ့စြာေကာက္ယူေစသည္ ။  ထို႔ေနာက္ႏွင္းဆီဖူးကဲ့သို႔နီေထြးေသာ ႏႈတ္ခမ္းအစုံမွတိုးလ်စြာေျပာလိုက္ေသာစကားတစ္ခြန္း.....

" ကိုယ္လာတာသိလို႔လာႀကိဳတာလားအသက္ "

   ရာသီဉတုကားဆိုး႐ြားစြာမိုး႐ြာသြန္းေနေသာ္လည္း အမိုးအကာဆိုသည့္ထီးပင္မေဆာင္လာခဲ့ေသာထိုလူ၏လကတစ္ခုတည္းေသာပါလာသည့္အရာမွာ ေနာက္ထပ္ႏွင္းဆီအျဖဴအသစ္တစ္ပြင့္သာ

   သြယ္လ်ေသာခႏၶာကိုယ္ႏွင့္အတူျဖည္းညႇင္းျငင္သာေသာေျခလွမ္းအစုံတို႔ျဖင့္ မိုးေရထဲလမ္းေလွ်ာက္ကာလာေနသည့္ ထိုလူ၏ဉီးတည္ရာဟာသစ္လြင္ေသာအျဖဴေရာင္အုတ္ဂူေလးဆီသို႔သာ........

   ဒူးတစ္ဖက္ကိုေထာက္လ်က္  ျဖဴသြယ္လ်ေသာလက္တို႔သည္အုတ္အျဖဴေလးေပၚက မိုးစက္ေလးမ်ားအားျငင္သာစြာသုတ္ဖယ္ကာ ႏွင္းဆီအျဖဴအသစ္တစ္ပြင့္အားခ်ေပးလ်က္........

    အျဖဴေရာင္ထိုအုတ္ဂူေလးအားစိုက္ၾကည့္လ်က္ထိုလူဟာ တိုးတိတ္စြာ.....

   " မိုး႐ြာရင္ အသက္ေၾကာက္တတ္မွန္းသိလို႔ေမာင္အေဖာ္ျပဳေပးဖို႔ေရာက္လာခဲ့တာ "

_____

Xingqiu Myanmar fan fic

Bạn đang đọc truyện trên: Truyen3h.Co