Truyen3h.Co

Hate Met Fate

Part_2

Lilac_75

Hate Met Fate
Part _ 2

"အဲတော့ ငါတို့ရဲ့ ချိုးချိုးလေးက အလုပ်မရခဲ့ဘူးပေါ့"

"အွန်း၊ မရခဲ့ဘူးလေ။ ဘယ်လို CEO ဖြူဖတ်ဖတ်ကောင်နဲ့ တွေ့ခဲ့လဲ မသိဘူး။ ဂါးး..."

"ထားပါ၊ ငါ့ရဲ့ ချိုးချိုးလေးက အလုပ်မရလည်း ဘာဖြစ်လဲ။ အိမ်က ဆူမှာမျိုးမှ မဟုတ်တာ။"

"မဆူပေမဲ့ ငါ အလုပ်လေး လုပ်ချင်လို့ပါ ဖေအန်းရာ.... အွန်းတာနဲ့ မင်း လူကျန်းဟိုင်ကရော...."

ချိုးတင်းကျယ်ရဲ့ အမေးကြောင့် ဖေအန်း မျက်နှာ ရဲခနဲဖြစ်သွားကာ မျက်မှန်လေးအား သပ်တင်လျက်။

"မလာသေးဘူး ဒီနေ့။ ဒါနဲ့ စတော်ဘယ်ရီကိတ် စားမယ်မလား။ ငါ ယူခဲ့ပေးမယ် ချိုးချိုး။"

"ကြိုက်တယ် ဟီးဟီး။ စတော်ဘယ်ရီကိတ်ကို! အူးးးး ကောကောဖေအန်းပဲ ကောင်းတယ်။ မုန့်ကျွေးလို့။"

မုန့်ဆိုသည့်အသံ ကြားသည်နှင့် လူကို ကောကောဟု ချွဲကာ ခေါ်နေသည့် သူငယ်ချင်းဖြစ်သူ ချိုးတင်းကျယ်ကြောင့် ဖေအန်း ပြုံးရပါတယ်။ အသက်ကွာတဲ့ ချိုးတင်းကျယ်အား သူငယ်ချင်းတော်ထားသည့် ဖေအန်းမှာ တစ်ခါတစ်လေ ကလေးထိန်းလိုပင်။ ချိုးချိုးက တကယ့်ကလေးလေးလေ။ အခုလည်း သူကြိုက်သည့် ကိတ်မုန့်အား စားလျက် ဖေအန်းကို ကြည့်ကာ ပြုံးပြလာသည့် ချိုးတင်းကျယ်က ငါးနှစ်သားအတိုင်း။

"ဖြည်းဖြည်းစားလို့ ရပါတယ်ကွ။ မင်းမုန့် ဘယ်သူမှ မစားဘူး။"

"ဟီးး ငါက ကြိုက်လို့ပါ"

ချိုးတင်းကျယ် အလုပ်မရသည့်အတွက် သူငယ်ချင်းဖြစ်သူ လီဖေအန်းရဲ့ဆိုင်တွင် ကပ်ချွဲပတ်ချွဲလုပ်ကာ ဆိုင်ရှိ ကိတ်မုန့်တွေအား စားပြီး ညနေစောင်းတော့ ပါးပါးဖြစ်သူကိုပင် ဖုန်းဆက်ကာ လာကြိုခိုင်းလိုက်တော့သည်။

အိမ်သို့ရောက်တော့လည်း အလုပ်မရလာခဲ့သည့်အကြောင်း ပြောတော့ မားမားနှင့် ပါးက ဘာမှ အထွေအထူး မပြောပေမဲ့ အစကတည်းက သူသာ အလုပ်လေး လုပ်ချင်လို့ဟုဆိုကာ ပူဆာခဲ့သည် မလား။ ညစာစားပြီးသည်နှင့် အိပ်ခန်းထဲဝင်ကာ ဂိမ်းဆော့ပြီး စောစောပင် အိပ်ပျော်သွားသည်

ဘယ်သိနိုင်မလဲ အိမ်မက်ထဲတွင် အကျင့်မကောင်းတဲ့ CEO အား စွဲလမ်းကာ မက်လိမ့်မည်ဟု။

******************

Company ဝန်ထမ်းခန့်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဟွမ်ရှင်းကို တစ်နေလုံးပင် မအီမသာ ဖြစ်နေစေသည်။ ဝန်ထမ်းလာလျှောက်သူတွေ အကုန်လုံးက မျက်စိထဲ ထောင့်မကျိုး။ အထူးသဖြင့် နောက်ဆုံးလာလျှောက်တဲ့ ကလေးလိုလိုရုပ်နဲ့ တစ်ယောက်က သူပင် ပြောရဲဆိုရဲနိုင်လိုက်တာဟုပင် တွေးမိသည်။

"တကယ် အကြောက်အလန့် မရှိလိုက်တာ"

"ဗျာ..."

ဟွမ်ရှင်း အသံထွက် ရေရွတ်မှုကြောင့် ဘေးနားတွင်ရှိနေသော အတွင်းရေးမှူးက သူ့ကို ပြောသည် ထင်၍ ပြန်ဖြေလာသည်။

"မင်းကို မပြောဘူး..."
"အလုပ် စောစောဆင်းဖို့ ဝန်ထမ်းတွေကို ပြောလိုက်"

"ဟုတ်"

ရုံးခန်းအပြင်ဘက်သို့ ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ မိုးရွာမည်ထင်သည်။ တလိမ့်လိမ့်တက်နေသော မိုးသားတိမ်အချို့ကြောင့် ခပ်စောစော အိမ်သို့ပြန်ရန်သာ စဉ်းစားလိုက်သည်။ မိုးတွေ ရွာနေတဲ့အချိန်မျိုးမှာ သူ ကားမမောင်းချင်ပေ။

ဓာတ်လှေကားမှတစ်ဆင့် ကားပါကင်ဆီသို့ ခပ်အေးအေး သွားတော့ ကားနားတွင် အသင့်ကြိုစောင့်ကာ ရပ်နေသော ဒရိုင်ဘာ ဦးလေးချန်က အသင့်ပင် တံခါးဖွင့်ကာ ဆီးကြိုလာသည်။ အိမ်ပြန်လမ်းတစ်လျှောက် အပြင်ဘက်သို့ ငေးကာ ငြိမ်သက်စွာပင် ကားမှန်တံခါး အပြင်ဘက်ကိုသာ ငေးကြည့်လျက် လိုက်ပါလာသည်။ ထိုစဉ် ကြည်လင်နေသော တိမ်တိုက်အချို့က ရုတ်ချည်းပင် မဲမှောင်လျက် မိုးဖွဲတို့ကလည်း တဖျောက်ဖျောက် ကျလာလေသည်။ ခပ်ဖွဲဖွဲ မိုးသားတွေက တဖြည်းဖြည်း သည်းလာသော မိုးအဖြစ် ရုတ်ချည်းပင် အတွေးဝင်လာသည်က ကော။ သူ ကော ဆီ သွားရမည်။ သူ၏ မငြိမ်သက် လှုပ်ရှားမှုကြောင့် ကားမောင်းနေသော ဦးလေးချန်းမှာ နောက်ကြည့်မှန်မှတစ်ဆင့် သူ့အား ကြည့်လာကာ...

"သခင်မကြီးက ဒီနေ့တော့ အိမ်ကို တန်းပြန်လာဖို့ မှာလိုက်ပါတယ် သခင်လေးဟွမ်"

"ကျစ်!!"

သူ့အကြောင်း သိသူမို့ ဦးလေးချန်၏ ဆိုလာသောစကားကို ဟွမ်ရှင်း ကျစ်ခနဲ စုတ်သပ်မိသည်။ ဘာမှတော့ ပြန်မပြောဖြစ်။ ထိုစဉ် သည်းနေသော မိုးစက်တို့ကလည်း တဖြည်းဖြည်း ရပ်စဲကာ ခပ်ဖွဲဖွဲ မိုးစက်အချို့ကသာ စီးကျလာနေသည်။ တရွေ့ရွေ့ စီးနင်းလာသည့် ကားသည်လည်း နေထိုင်ရာ အိမ်ကြီးဆီသို့ ဝင်ရောက်ကာ ရပ်လိုက်တော့ ဟွမ်ရှင်း ခပ်အေးအေးပင်ဆင်းကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ မိုးသား ဖွဲဖွဲတောင် မကျတော့ဘူးပဲ။ အိမ်ကြီးထဲဆီ အရောက် ဧည့်ခန်းထဲတွင် ထိုင်နေသော Ms. ဟွမ် တစ်ဖြစ် ဟွမ်ရှင်း၏ မား ဖြစ်သူ့အား တစ်ချက်မျှပင် ကြည့်ကာ လှေကားဆီသို့ ဦးတည်တော့...

"ဒီည ညစာ အတူစားကြရအောင် သား"

ထူးဆန်းစွာ ညစာ အတူစားဖို့ ပြောလာသော သူ၏ မိခင်ကြောင့်...

"ပြောစရာ ရှိလို့လား Ms. ဟွမ်"
"ပြောစရာရှိရင် ညစာစားချိန်ကျမှ ဆင်းလာပြီး အတူစားပါ့မယ်။ အခုတော့...."

ခေါင်းတစ်ညိတ်ပင် ညိတ်ပြကာ အိပ်ခန်းရှိရာဆီသို့သာ တက်လာခဲ့တော့သည်။ ထုံကျင်နေသော ခေါင်းနှင့် မောပန်းနွမ်းနယ်သော ခန္ဓာကိုယ်ကြောင့် ရေချိုးခန်းဆီသို့ပင် တန်းဝင်လိုက်တော့သည်။ ရေချိုးသန့်စင်ကာ ထွက်လာပြီးနောက် ရေစိုနေသော ခေါင်းအား ပုဝါဖြင့် သုတ်လျက် ကုတင်ပေါ်တွင် ထိုင်ကာ ဘေးနားရှိ စားပွဲတွင် ရှိနေသော ကော ၏ ဓာတ်ပုံအား လက်ဖြင့် ခပ်ဖွဖွ ထိကာ...

"လွမ်းတယ် ကော..."

အချိန် တစ်ခဏပင် ကြာသွားပြီးနောက် အိမ်အကူ အဒေါ်ကြီး၏ တံခါးခေါက်သံကြောင့် ဟွမ်ရှင်း အလိုက်တသိပင် ညစာစားဖို့ ဆင်းလာလိုက်တော့သည်။ ထမင်းစားခန်းဆီ ရောက်တော့ လိုတာထက် ပိုမို ပြင်ဆင်ထားသည့် ဟင်းပွဲတွေကြောင့် အနည်းငယ် အံ့အားသင့်မိတာတော့ အမှန်။ ခပ်အေးအေးပင် ဝင်ထိုင်ကာ ညစာအား တိတ်တဆိတ် စားနေတော့သည်။ လူနှစ်ယောက် ညစာစားနေသော်လည်း ထိုထမင်းဝိုင်းဟာ နွေးထွေးမှုမရှိ။ ပုံမှန်ထက်ပင် လေထုကား ခြောက်ကပ်လျက်။ ထို့ကြောင့် သူဘက်က စတင်၍ပင် ထမင်းစားခြင်း ရပ်လိုက်ကာ မျက်နှာချင်းဆိုင်ရှိ မား ဖြစ်သူအား စိုက်ကြည့်ကာ...

"ပြောစရာ ရှိနေတယ်ဆို အခုပြောလို့ရတယ် Ms. ဟွမ်"

ဟွမ်ရှင်းရဲ့ အပြောကြောင့် Ms. ဟွမ် ထမင်းစားခြင်းကို ခဏ ရပ်တန့်လျက်...

"ဘယ်အချိန်ထိ Ms. ဟွမ်လို့ ခေါ်နေမှာလဲ သား"

"ပြောစရာက ဒါလား။ ဒါပဲဆိုရင်တော့ တခြား ပြောစရာ မရှိတော့ဘူး။"
"စားလို့ဝပြီမို့ ခွင့်ပြုပါဦး။"

"ပြောစရာက ဒါမဟုတ်ဘူး... ဟွမ်ရှင်း"

ထိုစကားကြောင့် မျက်ခုံးတစ်ပင့်ကာ ထိုင်ခုံတွင် ဟွမ်ရှင်း နေရာတကျပင် ပြန်ဝင်ထိုင်လိုက်တော့...

"သားကို လက်ထပ်ဖို့ မား စီစဉ်လိုက်ပြီ။"

"ဒါပဲလား Ms. ဟွမ်"

"လက်ထပ်ဖို့အတွက် တစ်ဖက်မိသားစုကလည်း သဘောတူပြီးပြီ။ မျိုးရိုးကောင်းတဲ့အိမ်က ကလေးတစ်ယောက်မို့ သားထက်လည်း ငယ်ပေမဲ့ သားနဲ့ အဆင်ပြေမှာပါ။ ဒီအပတ် ပိတ်ရက်ကျ ၂ယောက်သား တွေ့ဖို့ စီစဉ်ထားလိုက်ပြီးသားမို့ စကားသေချာ ပြောကြဖို့ပဲ လိုတာ။ ဒီတစ်ခါတော့ ငြင်းဖို့ အတားအဆီး မရှိတော့ဘူး မလား... ပြီးတော့ သေသွားတဲ့ ကလေးကလွင့်တစ်ယောက်ကိုလည်း မေ့လိုက်သင့်ပြီ ဟွမ်ရှင်း။"

"တွေ့မယ် နေရာနဲ့ အချိန်ကို ကျွန်တော့် အတွင်းရေးမှူးဆီကိုသာ ပြောပေးပါ Ms. ဟွမ်။ ပြီးတော့ စကား ဆင်ခြင်ပေးရင် ကောင်းမယ်။ ကော ကို စကားနဲ့တင် မထိခိုက်ပါနဲ့ Ms. ဟွမ်။"

တင်းမာတဲ့ အကြည့်တွေနဲ့ လှည့်ထွက်သွားသော သားဖြစ်သူ့အား Ms. ဟွမ် ငြိမ်သက်စွာ ငေးကြည့်နေခိုက် ပြန်လှည့်ကာ ဆိုလာသော စကားတစ်ခွန်းက...

"အော် ဒါနဲ့ လက်ထပ်ပွဲကို မငြင်းပေမဲ့ လက်ထပ်မယ့်သူ့ကို ပျော်အောင်ထားမယ်လို့ အာမ မခံဘူး ဆိုတာ တစ်ဖက်မိဘ သိအောင် Ms. ဟွမ် ပြောပေးပါဦး။"

( ဇာတ်လမ်းကအစမို့နည်းနည်းပျင်းစရာကောင်းသလိုဖြစ်နေပါတယ်နော် ဓားတော့နည်းနည်းပါမှာဖြစ်ပေမဲ့အရမ်းကြီးလည်းဓားမသွေးထားပါဘူးLuna ကချိုးမားမားတွေကိုကြောက်လို့☹️

စောင့်နေမယ့်သူတွေရှိနေမယ်ထင်ပါတယ်ဗျာဖတ်ပေးကြပါအုံးနော်ပြီးတော့အရေးအသားမကောင်းခဲ့ရင်လည်းတောင်းပန်ပါတယ်ဗျာ

ဆောင်းဝင်လာပြီမို့အားလုံးဘဲဂရုစိုက်ပါနော် Luna ကိုစတာပါရှင့်အားလုံးဘဲဂရုစိုက်ပါနော် ။

Part 3 မှာပြန်တွေ့ကြပါ့မယ် Bye bye)

Zawgyi

Hate Met Fate
Part _ 2

"အဲေတာ့ ငါတို႔ရဲ႕ ခ်ိဳးခ်ိဳးေလးက အလုပ္မရခဲ့ဘူးေပါ့"

"အြန္း၊ မရခဲ့ဘူးေလ။ ဘယ္လို CEO ျဖဴဖတ္ဖတ္ေကာင္နဲ႔ ေတြ႕ခဲ့လဲ မသိဘူး။ ဂါးး..."

"ထားပါ၊ ငါ့ရဲ႕ ခ်ိဳးခ်ိဳးေလးက အလုပ္မရလည္း ဘာျဖစ္လဲ။ အိမ္က ဆူမွာမ်ိဳးမွ မဟုတ္တာ။"

"မဆူေပမဲ့ ငါ အလုပ္ေလး လုပ္ခ်င္လို႔ပါ ေဖအန္းရာ.... အြန္းတာနဲ႔ မင္း လူက်န္းဟိုင္ကေရာ...."

ခ်ိဳးတင္းက်ယ္ရဲ႕ အေမးေၾကာင့္ ေဖအန္း မ်က္ႏွာ ရဲခနဲျဖစ္သြားကာ မ်က္မွန္ေလးအား သပ္တင္လ်က္။

"မလာေသးဘူး ဒီေန႔။ ဒါနဲ႔ စေတာ္ဘယ္ရီကိတ္ စားမယ္မလား။ ငါ ယူခဲ့ေပးမယ္ ခ်ိဳးခ်ိဳး။"

"ႀကိဳက္တယ္ ဟီးဟီး။ စေတာ္ဘယ္ရီကိတ္ကို! အူးးးး ေကာေကာေဖအန္းပဲ ေကာင္းတယ္။ မုန႔္ေကြၽးလို႔။"

မုန႔္ဆိုသည့္အသံ ၾကားသည္ႏွင့္ လူကို ေကာေကာဟု ခြၽဲကာ ေခၚေနသည့္ သူငယ္ခ်င္းျဖစ္သူ ခ်ိဳးတင္းက်ယ္ေၾကာင့္ ေဖအန္း ၿပဳံးရပါတယ္။ အသက္ကြာတဲ့ ခ်ိဳးတင္းက်ယ္အား သူငယ္ခ်င္းေတာ္ထားသည့္ ေဖအန္းမွာ တစ္ခါတစ္ေလ ကေလးထိန္းလိုပင္။ ခ်ိဳးခ်ိဳးက တကယ့္ကေလးေလးေလ။ အခုလည္း သူႀကိဳက္သည့္ ကိတ္မုန႔္အား စားလ်က္ ေဖအန္းကို ၾကည့္ကာ ၿပဳံးျပလာသည့္ ခ်ိဳးတင္းက်ယ္က ငါးႏွစ္သားအတိုင္း။

"ျဖည္းျဖည္းစားလို႔ ရပါတယ္ကြ။ မင္းမုန႔္ ဘယ္သူမွ မစားဘူး။"

"ဟီးး ငါက ႀကိဳက္လို႔ပါ"

ခ်ိဳးတင္းက်ယ္ အလုပ္မရသည့္အတြက္ သူငယ္ခ်င္းျဖစ္သူ လီေဖအန္းရဲ႕ဆိုင္တြင္ ကပ္ခြၽဲပတ္ခြၽဲလုပ္ကာ ဆိုင္ရွိ ကိတ္မုန႔္ေတြအား စားၿပီး ညေနေစာင္းေတာ့ ပါးပါးျဖစ္သူကိုပင္ ဖုန္းဆက္ကာ လာႀကိဳခိုင္းလိုက္ေတာ့သည္။

အိမ္သို႔ေရာက္ေတာ့လည္း အလုပ္မရလာခဲ့သည့္အေၾကာင္း ေျပာေတာ့ မားမားႏွင့္ ပါးက ဘာမွ အေထြအထူး မေျပာေပမဲ့ အစကတည္းက သူသာ အလုပ္ေလး လုပ္ခ်င္လို႔ဟုဆိုကာ ပူဆာခဲ့သည္ မလား။ ညစာစားၿပီးသည္ႏွင့္ အိပ္ခန္းထဲဝင္ကာ ဂိမ္းေဆာ့ၿပီး ေစာေစာပင္ အိပ္ေပ်ာ္သြားသည္

ဘယ္သိႏိုင္မလဲ အိမ္မက္ထဲတြင္ အက်င့္မေကာင္းတဲ့ CEO အား စြဲလမ္းကာ မက္လိမ့္မည္ဟု။

******

Company ဝန္ထမ္းခန႔္သည့္ကိစၥႏွင့္ပတ္သက္ၿပီး ဟြမ္ရွင္းကို တစ္ေနလုံးပင္ မအီမသာ ျဖစ္ေနေစသည္။ ဝန္ထမ္းလာေလွ်ာက္သူေတြ အကုန္လုံးက မ်က္စိထဲ ေထာင့္မက်ိဳး။ အထူးသျဖင့္ ေနာက္ဆုံးလာေလွ်ာက္တဲ့ ကေလးလိုလို႐ုပ္နဲ႔ တစ္ေယာက္က သူပင္ ေျပာရဲဆိုရဲႏိုင္လိုက္တာဟုပင္ ေတြးမိသည္။

"တကယ္ အေၾကာက္အလန႔္ မရွိလိုက္တာ"

"ဗ်ာ..."

ဟြမ္ရွင္း အသံထြက္ ေရ႐ြတ္မႈေၾကာင့္ ေဘးနားတြင္ရွိေနေသာ အတြင္းေရးမႉးက သူ႔ကို ေျပာသည္ ထင္၍ ျပန္ေျဖလာသည္။

"မင္းကို မေျပာဘူး..."
"အလုပ္ ေစာေစာဆင္းဖို႔ ဝန္ထမ္းေတြကို ေျပာလိုက္"

"ဟုတ္"

႐ုံးခန္းအျပင္ဘက္သို႔ ျပတင္းေပါက္ကေန ၾကည့္လိုက္ေတာ့ မိုး႐ြာမည္ထင္သည္။ တလိမ့္လိမ့္တက္ေနေသာ မိုးသားတိမ္အခ်ိဳ႕ေၾကာင့္ ခပ္ေစာေစာ အိမ္သို႔ျပန္ရန္သာ စဥ္းစားလိုက္သည္။ မိုးေတြ ႐ြာေနတဲ့အခ်ိန္မ်ိဳးမွာ သူ ကားမေမာင္းခ်င္ေပ။

ဓာတ္ေလွကားမွတစ္ဆင့္ ကားပါကင္ဆီသို႔ ခပ္ေအးေအး သြားေတာ့ ကားနားတြင္ အသင့္ႀကိဳေစာင့္ကာ ရပ္ေနေသာ ဒ႐ိုင္ဘာ ဦးေလးခ်န္က အသင့္ပင္ တံခါးဖြင့္ကာ ဆီးႀကိဳလာသည္။ အိမ္ျပန္လမ္းတစ္ေလွ်ာက္ အျပင္ဘက္သို႔ ေငးကာ ၿငိမ္သက္စြာပင္ ကားမွန္တံခါး အျပင္ဘက္ကိုသာ ေငးၾကည့္လ်က္ လိုက္ပါလာသည္။ ထိုစဥ္ ၾကည္လင္ေနေသာ တိမ္တိုက္အခ်ိဳ႕က ႐ုတ္ခ်ည္းပင္ မဲေမွာင္လ်က္ မိုးဖြဲတို႔ကလည္း တေဖ်ာက္ေဖ်ာက္ က်လာေလသည္။ ခပ္ဖြဲဖြဲ မိုးသားေတြက တျဖည္းျဖည္း သည္းလာေသာ မိုးအျဖစ္ ႐ုတ္ခ်ည္းပင္ အေတြးဝင္လာသည္က ေကာ။ သူ ေကာ ဆီ သြားရမည္။ သူ၏ မၿငိမ္သက္ လႈပ္ရွားမႈေၾကာင့္ ကားေမာင္းေနေသာ ဦးေလးခ်န္းမွာ ေနာက္ၾကည့္မွန္မွတစ္ဆင့္ သူ႔အား ၾကည့္လာကာ...

"သခင္မႀကီးက ဒီေန႔ေတာ့ အိမ္ကို တန္းျပန္လာဖို႔ မွာလိုက္ပါတယ္ သခင္ေလးဟြမ္"

"က်စ္!!"

သူ႔အေၾကာင္း သိသူမို႔ ဦးေလးခ်န္၏ ဆိုလာေသာစကားကို ဟြမ္ရွင္း က်စ္ခနဲ စုတ္သပ္မိသည္။ ဘာမွေတာ့ ျပန္မေျပာျဖစ္။ ထိုစဥ္ သည္းေနေသာ မိုးစက္တို႔ကလည္း တျဖည္းျဖည္း ရပ္စဲကာ ခပ္ဖြဲဖြဲ မိုးစက္အခ်ိဳ႕ကသာ စီးက်လာေနသည္။ တေ႐ြ႕ေ႐ြ႕ စီးနင္းလာသည့္ ကားသည္လည္း ေနထိုင္ရာ အိမ္ႀကီးဆီသို႔ ဝင္ေရာက္ကာ ရပ္လိုက္ေတာ့ ဟြမ္ရွင္း ခပ္ေအးေအးပင္ဆင္းကာ ေကာင္းကင္သို႔ ေမာ့ၾကည့္လိုက္သည္။ မိုးသား ဖြဲဖြဲေတာင္ မက်ေတာ့ဘူးပဲ။ အိမ္ႀကီးထဲဆီ အေရာက္ ဧည့္ခန္းထဲတြင္ ထိုင္ေနေသာ Ms. ဟြမ္ တစ္ျဖစ္ ဟြမ္ရွင္း၏ မား ျဖစ္သူ႔အား တစ္ခ်က္မွ်ပင္ ၾကည့္ကာ ေလွကားဆီသို႔ ဦးတည္ေတာ့...

"ဒီည ညစာ အတူစားၾကရေအာင္ သား"

ထူးဆန္းစြာ ညစာ အတူစားဖို႔ ေျပာလာေသာ သူ၏ မိခင္ေၾကာင့္...

"ေျပာစရာ ရွိလို႔လား Ms. ဟြမ္"
"ေျပာစရာရွိရင္ ညစာစားခ်ိန္က်မွ ဆင္းလာၿပီး အတူစားပါ့မယ္။ အခုေတာ့...."

ေခါင္းတစ္ညိတ္ပင္ ညိတ္ျပကာ အိပ္ခန္းရွိရာဆီသို႔သာ တက္လာခဲ့ေတာ့သည္။ ထုံက်င္ေနေသာ ေခါင္းႏွင့္ ေမာပန္းႏြမ္းနယ္ေသာ ခႏၶာကိုယ္ေၾကာင့္ ေရခ်ိဳးခန္းဆီသို႔ပင္ တန္းဝင္လိုက္ေတာ့သည္။ ေရခ်ိဳးသန႔္စင္ကာ ထြက္လာၿပီးေနာက္ ေရစိုေနေသာ ေခါင္းအား ပုဝါျဖင့္ သုတ္လ်က္ ကုတင္ေပၚတြင္ ထိုင္ကာ ေဘးနားရွိ စားပြဲတြင္ ရွိေနေသာ ေကာ ၏ ဓာတ္ပုံအား လက္ျဖင့္ ခပ္ဖြဖြ ထိကာ...

"လြမ္းတယ္ ေကာ..."

အခ်ိန္ တစ္ခဏပင္ ၾကာသြားၿပီးေနာက္ အိမ္အကူ အေဒၚႀကီး၏ တံခါးေခါက္သံေၾကာင့္ ဟြမ္ရွင္း အလိုက္တသိပင္ ညစာစားဖို႔ ဆင္းလာလိုက္ေတာ့သည္။ ထမင္းစားခန္းဆီ ေရာက္ေတာ့ လိုတာထက္ ပိုမို ျပင္ဆင္ထားသည့္ ဟင္းပြဲေတြေၾကာင့္ အနည္းငယ္ အံ့အားသင့္မိတာေတာ့ အမွန္။ ခပ္ေအးေအးပင္ ဝင္ထိုင္ကာ ညစာအား တိတ္တဆိတ္ စားေနေတာ့သည္။ လူႏွစ္ေယာက္ ညစာစားေနေသာ္လည္း ထိုထမင္းဝိုင္းဟာ ေႏြးေထြးမႈမရွိ။ ပုံမွန္ထက္ပင္ ေလထုကား ေျခာက္ကပ္လ်က္။ ထို႔ေၾကာင့္ သူဘက္က စတင္၍ပင္ ထမင္းစားျခင္း ရပ္လိုက္ကာ မ်က္ႏွာခ်င္းဆိုင္ရွိ မား ျဖစ္သူအား စိုက္ၾကည့္ကာ...

"ေျပာစရာ ရွိေနတယ္ဆို အခုေျပာလို႔ရတယ္ Ms. ဟြမ္"

ဟြမ္ရွင္းရဲ႕ အေျပာေၾကာင့္ Ms. ဟြမ္ ထမင္းစားျခင္းကို ခဏ ရပ္တန႔္လ်က္...

"ဘယ္အခ်ိန္ထိ Ms. ဟြမ္လို႔ ေခၚေနမွာလဲ သား"

"ေျပာစရာက ဒါလား။ ဒါပဲဆိုရင္ေတာ့ တျခား ေျပာစရာ မရွိေတာ့ဘူး။"
"စားလို႔ဝၿပီမို႔ ခြင့္ျပဳပါဦး။"

"ေျပာစရာက ဒါမဟုတ္ဘူး... ဟြမ္ရွင္း"

ထိုစကားေၾကာင့္ မ်က္ခုံးတစ္ပင့္ကာ ထိုင္ခုံတြင္ ဟြမ္ရွင္း ေနရာတက်ပင္ ျပန္ဝင္ထိုင္လိုက္ေတာ့...

"သားကို လက္ထပ္ဖို႔ မား စီစဥ္လိုက္ၿပီ။"

"ဒါပဲလား Ms. ဟြမ္"

"လက္ထပ္ဖို႔အတြက္ တစ္ဖက္မိသားစုကလည္း သေဘာတူၿပီးၿပီ။ မ်ိဳး႐ိုးေကာင္းတဲ့အိမ္က ကေလးတစ္ေယာက္မို႔ သားထက္လည္း ငယ္ေပမဲ့ သားနဲ႔ အဆင္ေျပမွာပါ။ ဒီအပတ္ ပိတ္ရက္က် ၂ေယာက္သား ေတြ႕ဖို႔ စီစဥ္ထားလိုက္ၿပီးသားမို႔ စကားေသခ်ာ ေျပာၾကဖို႔ပဲ လိုတာ။ ဒီတစ္ခါေတာ့ ျငင္းဖို႔ အတားအဆီး မရွိေတာ့ဘူး မလား... ၿပီးေတာ့ ေသသြားတဲ့ ကေလးကလြင့္တစ္ေယာက္ကိုလည္း ေမ့လိုက္သင့္ၿပီ ဟြမ္ရွင္း။"

"ေတြ႕မယ္ ေနရာနဲ႔ အခ်ိန္ကို ကြၽန္ေတာ့္ အတြင္းေရးမႉးဆီကိုသာ ေျပာေပးပါ Ms. ဟြမ္။ ၿပီးေတာ့ စကား ဆင္ျခင္ေပးရင္ ေကာင္းမယ္။ ေကာ ကို စကားနဲ႔တင္ မထိခိုက္ပါနဲ႔ Ms. ဟြမ္။"

တင္းမာတဲ့ အၾကည့္ေတြနဲ႔ လွည့္ထြက္သြားေသာ သားျဖစ္သူ႔အား Ms. ဟြမ္ ၿငိမ္သက္စြာ ေငးၾကည့္ေနခိုက္ ျပန္လွည့္ကာ ဆိုလာေသာ စကားတစ္ခြန္းက...

"ေအာ္ ဒါနဲ႔ လက္ထပ္ပြဲကို မျငင္းေပမဲ့ လက္ထပ္မယ့္သူ႔ကို ေပ်ာ္ေအာင္ထားမယ္လို႔ အာမ မခံဘူး ဆိုတာ တစ္ဖက္မိဘ သိေအာင္ Ms. ဟြမ္ ေျပာေပးပါဦး။"

( ဇာတ္လမ္းကအစမို႔နည္းနည္းပ်င္းစရာေကာင္းသလိုျဖစ္ေနပါတယ္ေနာ္ ဓားေတာ့နည္းနည္းပါမွာျဖစ္ေပမဲ့အရမ္းႀကီးလည္းဓားမေသြးထားပါဘူးLuna ကခ်ိဳးမားမားေတြကိုေၾကာက္လို႔☹️

ေစာင့္ေနမယ့္သူေတြရွိေနမယ္ထင္ပါတယ္ဗ်ာဖတ္ေပးၾကပါအုံးေနာ္ၿပီးေတာ့အေရးအသားမေကာင္းခဲ့ရင္လည္းေတာင္းပန္ပါတယ္ဗ်ာ

ေဆာင္းဝင္လာၿပီမို႔အားလုံးဘဲဂ႐ုစိုက္ပါေနာ္ Luna ကိုစတာပါရွင့္အားလုံးဘဲဂ႐ုစိုက္ပါေနာ္ ။

Part 3 မွာျပန္ေတြ႕ၾကပါ့မယ္ Bye bye)

Bạn đang đọc truyện trên: Truyen3h.Co