Part _ 3
Hate Met Fate
Part _ 3
သာယာတဲ့ မနက်ခင်းတစ်ခုမှာထူးထူးဆန်းဆန်းပင်ချိုးတင်းကျယ်တစ်ယောက်အစောကြီးနိုးလေလေရဲ့ ပုံမှန်၉နာရီ၁၀နာရီမှထတဲ့သူက ခပ်စောစောပင်အိပ်ယာထလာတာမို့ ချိုးမားမားကောပါးပါးပါအံ့သြလျက်။ နိုးစရာပင်မလိုဘဲအိမ်ပေါ်မှခပ်လေးလေးပင်ဆင်းလာသောသားဖြစ်သူကြောင့်
" ချိုးချိုးတို့အစောကြီးထနေတာဘဲထူးထူးဆန်းဆန်း "
" မားရာသားကတစ်ခါတစ်လေစောစောထပါတယ်နော် "
" ဟုတ်ပါပြီရှင့်ဒီမှာပေါင်မုန့်ကြက်ဉကြော်လေးစားနှင့်မားနို့စတော်ဘယ်ရီအေးအေးလေးတစ်ခွက်လုပ်လာပေးမယ် "
" ဟုတ် "
မနက်စာစားပြီးနောက်ချိုးတင်းကျယ် ဧည့်ခန်းမှာပင်TVထိုင်ကြည့်နေလိုက်သည်။ ထူးထူးဆန်းဆန်းဒီနေ့အေးဆေးငြိမ်သက်နေသည့်မားကပင်နေမကောင်းဘူးလားဟုပင် စိတ်ပူစွာမေးနေသေးသည်။
ခဏကြာနောက်မားရောပါးကကိစ္စလေးရှိလို့အပြင်သွားကြမှာဖြစ်လို့ချိုးတင်းကျယ်အားအပြင်မသွားရင်လည်းအိမ်မှာဘဲ သေချာဂရုစိုက်နေဖို့မှာနေပြီးညရောက်မှပြန်ရောက်မည်ဖြစ်ကြောင်းကိုလည်းပြောသွားခဲ့သေးသည်။
TVကြည့်ရင်းပျင်းလာသည်မို့ ဂိမ်းဆော့ကာပျင်းရိနေတုန်း ဖေ့အန်းဆီမှာဖုန်းဝင်လာသည်။
" ချိုးချိုး "
" အင်းဖေ့အန်း"
" ဒီနေ့မလာတော့ဘူးလားကစားကွင်းသွားကြမယ်လေ "
" ဟင့်အင်းသွားနှင့်မလိုက်တော့ဘူးဖေ့အန်း"
အရင်ကလိုတက်ကြွတဲ့ချိုးတင်းကျယ်မဟုတ်ဘဲ လူစားလဲခံရသလိုဖြစ်နေတဲ့ချိုးတင်းကျယ်ကြောင့် ဖေ့အန်းသူငယ်ချင်းဖြစ်သူအားစိတ်ပူကာ
" နေမကောင်းဘူးလားချိုးချိုး ငါနဲ့ကျန်းဟိုင်နဲ့လာလိုက်ရမလားအိမ်ကို "
" ကောင်းပါတယ်မင်းတို့ဘာသာပျော်လိုက်တော့ ဒါဘဲ "
ဖုန်းချပြီးနော်ချိုးတင်းကျယ်ပျင်းရိရိဖြင့်သာထိုင်နေရင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ချိုးတင်းကျယ်ဒီနေ့ငြိမ်နေရတဲ့အကြောင်းကား ညကပေါက်ကရ အိပ်မက်ကြောင့်ပင် ကြည်လို့မရပါဘူးဆိုမှဘယ်လိုတောင်အိပ်မက်ထဲထိ သူအားအလုပ်မခန့်လိုက်တဲ့ CEO ဖြူဖြူဖတ်ဖတ်နဲ့ကောင်အားနမ်းတဲ့အိပ်မက်မျိုးမှမက်ရသလဲ။
ထိုအိပ်မက်ကြောင့်လူကသရဲခြောက်ခံရတာထက်ပင်လန့်ကာအစောကြီးထပြီးအိပ်ရေးမဝရဘူးမလား ။ ပြီးတော့နေမကောင်းဖြစ်ချင်သလိုအီလည်လည်ပင် ဒါတွေအကုန်ကအဲဖြူဖြူဖတ်ကောင်ကြောင့်ဘဲအိပ်မက်ထဲထိကိုဝင်ရောက်လာတဲ့သူအပြစ်ဘဲ။
" မုန်းဖို့ကောင်းတယ် ဖြူဖြူဖတ်ဖတ်နဲ့လူ "
*********
လမ်းဘေးရှိခပ်ရှင်းရှင်းcoffee ဆိုင်လေးတစ်ဆိုင်သို့ဟွမ်ရှင်းဝင်ရောက်လိုက်ပြီး ထောင့်ကျတဲ့စားပွဲတစ်ခုဆီဝင်ထိုင်က ကော်ဖီတစ်ခွက်မှာလိုက်သည်။ မကြာမှီရောက်လာမှာဖြစ်တဲ့ကော်ဖီ တစ်ခွက်အားစောင့်လျက်အပြင်ဘက်သို့ငေးမိသည်။ ဉီးနှောက်ထဲလည်းအကြောင်းအရာတစ်စွန်းတစ်စတွေးလျက်။
ဒီကော်ဖီဆိုင်လေးက ကောနဲ့သူချစ်သူဖြစ်တဲ့အတောအတွင်းအမြဲလာထိုင်နေကြဆိုင်လေး။ အခုချိန်မှာကောသာရှိနေခဲ့ရင်။ ကောနဲ့သာလက်ထပ်ဖြစ်နေခဲ့ရင်။ သူရှိနေခဲ့ရမှာကောလိုကျန်းမာရေးမကောင်းပြီးမိဘမဲ့ဖြစ်တဲ့ကောကိုမားသာထိုနေ့ကပြင်းထန်လွန်းစကားတွေနဲ့ထိုးနှက်ကာပစ်ပစ်ခါခါပြောပစ်ခဲ့တာမျိုးသာမလုပ်ခဲ့ရင်။ထိုနေ့ကမိုးတွေမရွာခဲ့ရင်ကောလည်းမားစကားတွေကြောင့်မိုးရေတွေကြားထွက်မပြေးခဲ့ရင် ကောကသူနဲ့ဝေးရာကိုအခုလိုထွက်သွားခဲ့မှာမဟုတ်ဘူး။ လွမ်းတယ်ကောသေမတတ်လွမ်းတယ်။
မျက်စိရှေ့သို့ရောက်ရှိလာသောကော်ဖီတစ်ခွက်ကိုဟွမ်ရှင်းတွေတွေငေးစိုက်ကြည့်နေမိသည်မျက်ရည်တွေလည်းစီးကျလျက် Coffee ခွက်ဟာလည်းသောက်သူမဲ့အေးစက်လျက်။
ချိုးတင်းကျယ် တနေ့ကုန်ဧည့်ခန်းထဲတွင်ထိုင်ကာTV ကြည့်လိုက် Game ဆော့လိုက်လုပ်နေရင်း ခြံဝင်းထဲမှကားသံကြားသည့်အတွက်သေချာတယ်မားတို့တောင်ပြန်လာပြီဘဲ။
" မား .... "
ဧည့်ခန်းထဲရောက်သည်နှင့် မားဟုခပ်ချွဲချွဲခေါ်သံကြောင့် ချိုးမားမားစိတ်လိုလက်ရပြုံးလိုက်မိသည်။ရင်ခွင်ထဲခေါင်းဝေ့ကာဝင်တိုးဖက်လာသည့်
သားဖြစ်သူကြောင့် ချိုးမားမားကခေါင်းလုံးလုံးအားခပ်ဖွဖွလေးပွတ်သပ်လျက်
" ညစာအတူစားကြရအောင်သား ပြီးတော့မားတို့ပြောစရာလည်းရှိတယ် "
" ပြောစရာ ...? "
" သိချင်တယ်ဟီးဟီး အခုဘဲညစာစားရအောင်မား "
သွားကျဲကာရီပြလာသည့်သားဖြစ်သူဟာတကယ့်ကလေးလေးလိုပင်ပကတိဖြူစင်လွန်းတဲ့ကလေးလေး။ချိုးမားမား အတွက်ချစ်မဝလေးပင်။ ညစာအတူစားကြရင်းချိုးချိုးကသူကြိုက်သည့်ဟင်းကလွဲလိုတခြားဟင်းပွဲတွေအားမထိသည့်အတွက် ချိုးမားမားမှာအရွက်ကြော်အချို့ကိုပန်းကန်ထဲဖြည့်ပေးလိုက်တော့ စူပုတ်စွာကြည့်လာသည့်မျက်နှာလေး။
" မားတို့သားကိုပြောစရာရှိတယ်ဆို "
ချိုးတင်းကျယ်၏အမေးကြောင့် ချိုးပါးပါးမှာထမင်းစားခြင်းကိုခဏရပ်ချက်ချိုးမားမားကိုတစ်ချက်ကြည့်ကာ
" ပါးတို့သားလက်ထပ်ဖို့စီစဉ်လိုက်ပြီချိုးအာ "
"ဘာ..ဘာရယ် ပါးလက်ထပ်ဖို့ "
ချိုးတင်းကျယ်မျက်လုံးပြူးလျက်ထမင်းစားလက်စကိုရပ်လိုက်ကာမားကိုကြည့်လိုက်တော့
" ဟုတ်တယ်သား ကောင်လေးမိသားစုကမျိုးရိုးကြီးပြီးသားကိုတစ်ဘဝလုံးအတွက်ပံ့ပိုးပေးနိုင်သားရဲ့အနာဂတ်အတွက်ပါချိုးချိုး " " ပြီးတော့မားတို့သားရဲ့အလိုအတိုင်းအခုချိန်ထိလိုက်လျောခဲ့ပြီးပြီမို့သားကဒီလက်ထပ်ပွဲကိုမားတို့အတွက်ပြီးတော့သားအတွက်ပါဘဲမငြင်းမရဘူးချိုးချိုးလက်ထပ်ရမယ် ဒီတစ်ခါတော့သားငြင်းခွင့်မရှိတော့ဘူး "
" ဟင့်အင်းး... "
ချိုးတင်းကျယ်မျက်ရည်တွေဝဲတက်ကာအသက်ရှူနှုန်းပင်မမှန်တော့ဘူးခေါင်းကိုပင်အသည်းအသန်ခါယမ်းမိသည်။ ဟင့်အင်းသူကအခုထိမားတို့နားနေလို့မဝသေးတာပြီးတော့သူလက်မထပ်ချင်ဘူး နောက်ပြီးမားတို့သူ့ကိုငြင်းခွင့်လည်းမရှိဘူးဟုဆိုလာတယ်။ အရှေ့ကိုကြည့်လိုက်တော့မားကသူလိုပင်မျက်ရည်ဝဲလျက်လက်ခံလိုက်ပါနော်သားလေးဟုပြုံးလျက်ဆိုနေတယ် ။ သူဘယ်လိုလုပ်ရမလဲ သားလိမ္မာဖြစ်သင့်လားလက်မထပ်ချင်ဘူးပြီးတော့မားတို့နဲ့မဝေးချင်ဘူးဒါပေမဲ့မားပြောသလိုသူလက်ခံလိုက်သင့်လား။ ဝဲတက်နေသောမျက်ရည်တွေတစ်ပေါက်ချင်းလိမ့်ဆင်းလာတော့မှအသာယာသူသုတ်ကာ
" သား... လက်ထပ်မယ်မား "
ထိုစကားကိုဆိုပြီးချိုးတင်းကျယ်အခန်းထဲဆီသို့ပြေးဝင်သွားသည်။ကုတင်ထက်ကခေါင်းအုံးပေါ်အားမှောက်ချကာ ဝမ်းနည်းကာရှိုက်ငိုလျက်။ သူကမားတို့ပါးတို့ရဲ့ကလေးလေးဘဲလုပ်ချင်သေးတာလေ ။
hihi luna ပါ
ဒီထဲမှာဟွမ်ရှင်းရဲ့ ကောဆိုတဲ့သူအကြောင်းကိုluna အသေးစိတ်ထည့်မရေးတော့ပါဘူးနော် ဘာလို့လဲဆိုတော့သူ့ကိုကFic ကိုအလစ်တဲ့လေးပိုမိုစိတ်ဝင်စားဖို့အတွက်ထည့်ထားရုံလေးပါနော် အသေးစိတ်ဖော်မပြဘူးဆိုပြီးဆူကြမှာစိုးလို့ပါရှင့်။
တစ်ရက်ထဲ ၂ပိုင်းup ပေးလိုက်ပါတယ်နော်နည်းနည်းပိစိတော့တိုသွားပါတယ်ရှင့်ဒီအပိုင်းကပစ်ထားတာအကြာကြီးဖြစ်နေခဲ့လို့။ ပြီးတော့luna fic ကိုကြိုက်ကြတဲ့အတွက်လည်းကျေးဇူးတင်ပါရှင့်။ voted နဲ့ cm နဲ့ Feedback လေးတွေအတွက်လည်းအများကြီးပျော်ပါတယ်နော်။ ဇာတ်လမ်းလေးကပျင်းစရာကောင်းပြီးအရေးအသားမကောင်းသလိုဖြစ်နေရင်လည်း တောင်းပန်ပါတယ်ရှင့်။
Bye bye part _ 4 မှာ luna တို့ပြန်တွေ့ကြပါမယ်နော်
Zawgyi
Hate Met Fate
Part _ 3
" ဟုတ် "
" ချိုးချိုး "
" အင်းဖေ့အန်း"
*********
" မား .... "
" ပြောစရာ ...? "
" ဟင့်အင်းး... "
" သား... လက်ထပ်မယ်မား "
hihi luna ပါ
Bạn đang đọc truyện trên: Truyen3h.Co