Part _6
Hate Met Fate
Part_6
ချိုးတင်းကျယ်ဟွမ်ရှင်းစကားကြောင့်ခေါက်ဆွဲပင်ဖြစ်ကြိုးဆွဲသတ်သေချင်မိသွားသည်။ ဘယ်လိုတောင်စိတ်ကူးယဉ်တာလျော့သင့်တယ်ကလာသေး မသိရင်ချိုးတင်းကျယ်ကဘဲသူနဲ့အရမ်းမဂႅလာဉီးနေသလိုမျိုး။ ဖြစ်နိုင်ရင်တစ်ကုတင်တည်း ပင်မအိပ်ချင်မိ။ ရန်ပြန်စွာဖို့အနောက်လှည့်ကြည့်လိုက်သော်လည်းဟွမ်ရှင်းကသူမဟုတ်သလိုအိပ်ယာပေါ်တွင်လဲကာဖုန်းကိုသာကြည့်နေလေရဲ့။ ချိုးတင်းကျယ်ခေါင်းအုံးတွေထပ်မံဆွဲယူကာဗီရိုထဲတွင်ရှိတဲ့အိပ်ယာခင်းထူထူတစ်ထည်အားယူကာ ကုတင်အောက်ဘက်တွင်ခင်းကာအိပ်ဖို့ပြင်လိုက်တော့သည်။ ဒီလိုနှာဘူးလိုလိုလူနဲ့တော့အတူမအိပ်နိုင်ဘူးကွ။ တစ်သက်လုံးအိစက်စက်မွေ့ယာနဲ့နေ့တိုင်းအိပ်လာတဲ့သူလေးကယောက်ျားရတဲ့ပထမဆုံးညမှာတင်ကုတင်အောက်မှာမာနလေးနဲ့အတူဖက်အိပ်နေရပြီမားမားရေလို့သာစိတ်ထဲအော်ဟစ်နေတော့သည်။ ထိုစဉ်ကုတင်ထက်မှစောင်တစ်အားပစ်ချပေးလာကာထွက်ပေါ်လာတဲ့စကားအသံတစ်ခုက
" စောင်မပါဘဲအိပ်နေရင်လေဖြတ်နေမှာစိုးလို့ "
ဟွမ်ရှင်းရဲ့စကားကိုကြားသည်နှင့်စောင်အားဆွဲယူကာခေါင်းထောင်လျက်မျက်စောင်းလှိမ့်ကာထိုးလာသည့်ချိုးတင်းကျယ်ဆိုသည့်လူသား။ ဘယ်လိုတောင်ပေစောင်းစောင်းနဲ့ကလေးဆန်တဲ့သူနဲ့သူလက်ထပ်လိုက်ရတာလဲ။ သူတခြားသူနဲ့လက်ထပ်လိုက်တာကိုကောသာသိခဲ့မည်ဆိုလျှင်သူအားမမြင်ရတဲ့အရပ်ဆီမှာမုန်းများမုန်းနေမလား။
နောက်တစ်နေ့မနက်ရောက်တော့ချိုးတင်းကျယ် လည်ပင်း ခါးနဲ့ပုခုံးတွေကနာကျင်ကိုက်ခဲပြီးနိုးလာခဲ့တယ်။ ချီးဘဲ! အဲတာတစ်ခါမှအောက်မှမအိပ်ဖူးဘဲအိပ်လိုက်လို့။ အိပ်ယာမှထကာကုတင်ပေါ်ကိုကြည့်လိုက်တော့ဟွမ်ရှင်းမရှိတော့ပေအလုပ်သွားပြီထင်တာဘဲ။ ရေချိုးခန်းဆီဝင်ကာ မျက်နှာသစ်သန့်စင်ပြီး ပြန်ထွက်လာကာအောက်ထပ်ကထမင်းစားခန်းဆီသို့ဆင်းလာတော့မနက်စာ စားပွဲတွင် ကော်ဖီသောက်ကာသတင်းစာထိုင်ဖတ်နေတဲ့ဟွမ်ရှင်း။ ဒီလူကသတင်းစာတွေဘာတွေဖတ်လို့။ သူ့ကိုမြင်တာနဲ့နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေးကာပြုံးပြလာလျက်
" ညကကောင်းကောင်းအိပ်ပျော်ရဲ့လားချိုးတင်းကျယ် "
" အိပ်ပျော်ပျော်မပျော်ပျော်ခင်ဗျားနဲ့မဆိုင်ဘူး"
ချိုးတင်းကျယ်မချေမငံဖြေပြီးမနက်စာစားပွဲတွင်ဝင်ထိုင်လိုက်တော့အိမ်အကူဖြစ်ပုံရသည့်အဒေါ်ကြီးတစ်ယောက်ကသူ့အားကြက်သားဆန်ပြုတ်တစ်ပန်းကန်၊ ပေါင်မုန့်မီးကင်နှင့်နို့နှင့်စတော်ဘယ်ရီရောကြိတ်ထားသည့်နို့စတော်ဘယ်ရီတစ်ခွက်အားချပေးလာသည်။မနက်အစောကြီးဆန်ပြုတ်သောက်ရတာမကြိုက်တဲ့ချိုးတင်းကျယ်ကပေါင်မုန့်တစ်ချပ်အားကိုက်ယူကာစားလိုက်လေသည်။
" Ms.ချိုးက မင်းအစာအိမ်သိပ်မကောင်းဘူးပြောလို့အစာပျော့ပျော့လေးတွေပြင်ပေးထားတယ် "
ချိုးတင်းကျယ်ကြည့်ကာပြောလာတဲ့ဟွမ်ရှင်းရဲ့ဒီလိုဆိုတော့လည်းဘယ်ဆိုးလို့လဲဒီလူကဟုတွေးလိုက်လေကာမနက်စာအားဆက်စားနေတော့သည်။
ဟွမ်ရှင်းသူ့အရှေ့ကပလုတ်ပလောင်းမနက်စာစားအားစားနေသည့်ချိုးတင်းကျယ်အားကြည့်လျက်ခေါင်းကိုသာယမ်းမိသည်။ အစားမက်လိုက်တာဟုလည်းစိတ်ထဲတွင်တွေးလျက် ။ ထို့နောက်လက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်တော့ ၉နာရီထိုးတော့မည်ပုံမှန် Company ကို၈နာရီသွားတတ်သည့်သူ့ကအခုတော့ဒီကောင်လေးအိပ်ယာထမနက်စာလားစားသည့်ကိုစောင့်နေသည်နှင့်ပင်၉နာရီထိုးတော့မည်။
ချိုးတင်းကျယ်မနက်စာစားနေရင်းအရှေ့ကနာရီတကြည့်ကြည့်လုပ်နေတဲ့ဟွမ်ရှင်းကြောင့်မျက်စိနှောက်လာကာ
" ခင်ဗျားအလုပ်ရှိရင်သွားလေ နာရီတကြည့်ကြည့်နဲ့မျက်စိနှောက်တယ် "
" အင်း ကိုယ်အလုပ်သွားတော့မယ် တစ်ခုခုလိုအပ်ရင်အိမ်အကုအဒေါ်ကြီးကိုခိုင်းလိုက်လို့ရတယ် အပြင်တော့မထွက်နဲ့ထွက်ချင်ရင်ကိုယ်ပြန်လာမှကိုယ်နဲ့ထွက်ခွင့်ရမယ် ညစာစားပွဲတုန်းကပြောခဲ့တာတွေမှတ်မိသေးတယ်မလား ။ ၆နာရီမထိုးခင်ကိုယ်ပြန်လာခဲ့မယ် နေ့လည်စာထမင်းချိုင့်ကိုလာပို့ဖို့ ဒရိုင်ဘာဉီးလေးကိုလွှတ်လိုက်မှာမို့ မင်းကိုယ်ပါလိုက်လာပြီးလာပို့လိုက် ကိုယ်သွားပြီချိုးတင်းကျယ် "
လူကိုအမိန့်ဆန်ဆန်စကားတွေပြောကာထွက်သွားသူရဲ့နောက်ကျောကိုကြည့်ကာချိုးတင်းကျယ်ဆဲနည်းပေါင်းစုံဖြစ်စိတ်ထဲကျနေကဆဲပစ်လိုက်သည်။ အိမ်ထဲကအိမ်ပြင်မထွက်ရဘူးသူနဲ့အတူတူထွက် နေ့လည်ကျထမင်းချိုင့်လာပို့ခိုင်းသွားသေးလူကိုများသူ့အခိုင်းအစေမှတ်လို့။ ချီးတောင်မပို့ဘူးကွ ။ မင်းဘာသာအငတ်ခံနေလိုက်ဟွမ်ရှင်း။
ချီးတောင်မပို့ဘူးဟုကျိန်းထားသော်လည်းနေ့လည်စာပို့ချိန်ရောက်တော့ချိုးတင်းကျယ် Company ထိရောက်လာကာထမင်းဘူးအားဆွဲကာလာပို့ရသည်။ ပို့ချင်လွန်းလို့မဟုတ်ဘူးမတတ်သာလို့ ။ Company ရှေ့ရောက်တော့ သူ့ရဲ့အတွင်းရေးမှူးဖြစ်ပုံရတဲ့လူကအသင့်ပင်ရပ်စောင့်နေသည်။
" Boss ကရုံးခန်းမှာပါ သခင်လေးရုံးခန်းဆီသွားအုံးမလား "
" တော်ပြီဒီမှာထမင်းဘူး ပြန်တော့မယ် "
" အိမ်ကိုတန်းပြန်ဖို့Bossကမှာခိုင်းလိုက်ပါသေးတယ်သခင်လေး "
" သိတယ် "
တော်တော်ကိုချုပ်ချယ်လွန်းတဲ့သူဘဲဟုတွေးကာချိုးတင်းကျယ်အိပ်သို့ပြန်လာခဲ့လေသည်။ အိမ်ရောက်တော့လည်းတစ်ယောက်ထဲအပြင်လည်းထွက်မရသူ့ဘဝ အိမ်အကူအဒေါ်ကြီးကလည်းသူအလုပ်နဲ့သူမို့စကားသွားလေဖောလို့လည်းမရချိုးတင်းကျယ်အတော်စိတ်ညစ်နေပြီ။ ထိုကြောင့်ဧည့်ခန်းတွင်ထိုင်ကာTVဖွင့်ကာကြည့်နေလိုက်တော့လေသည်။
" Boss သခင်လေးကနေ့လည်ထမင်းဘူးလာပို့သွားပါတယ် "
" အင်းထားခဲ့လိုက် "
မင်ဝူထွက်သွားသည်နှင့်ဟွမ်ရှင်းသူ့အရှေ့မှထမင်းဘူးလေးအားကြည့်လိုက်တော့ အဝါရောင်ဝက်ဝံရုပ်ပုံလေးနှင့်ထမင်းဘူးလေး ။ ကလေးကလားဆန်လိုက်တာချိုးတင်းကျယ် Company ထမင်းဘူးလာပို့တာမူကြိုကလေးထမင်းဘူးလာပို့တာများထင်နေသလား ။ ပုံမှန်ဆိုနေ့လည်စာအားဟွမ်ရှင်းမစားတတ်သော်လည်း ထိုကောင်လေးတမင်သက်သက်ညစ်ကာထမင်းဘူးလာပို့ခိုင်းတာဖြစ်သည်။ ထို့နောက်ထမင်းဘူးအားလျစ်လျူရှူလျက် ဟွမ်ရှင်းအလုပ်ကိုသာဆက်လုပ်နေတော့သည်။
" Boss 6 နာရီထိုးပါပြီ "
" အင်းသိပြီ "
အလုပ်ကိုဖိလုပ်နေသည်နှင့်အိမ်ပြန်ချိန်တောင်ရောက်ပြီမို့ဟွမ်ရှင်းအိမ်သို့သာပြန်လာခဲ့လိုက်လေသည်။ အိမ်ပြန်လမ်းတစ်လျှောက်တွင်လည်းငြိမ်သက်စွာလိုက်ပါလာလျက်။ အိမ်ကြီးဆီရောက်တော့ ဧည့်ခန်းထဲကTVကြီးဖွင့်ကာဆိုဖာတွငိမှီကာခေါင်းအုံးကိုပိုက်လျက်အိပ်ပျော်နေတဲ့ချိုးတင်းကျယ်။ ဟွမ်ရှင်းအိပ်ပျော်နေတဲ့သူဆီခပ်သွက်သွက်လျှောက်သွားကာအိပ်ပျော်နေတဲ့ချိုးတင်းကျယ်အားခပ်ဖွဖွချီလျက် အိပ်ခန်းဆီသို့တက်လှမ်းခဲ့လေသည်။
" ခန္ဓာကိုယ်ပေါ့လိုက်တာအစားများများကျွေးဖို့လိုနေတာဘဲ "
အိပ်ခန်းဆီအရောက်ကုတင်ထက်သို့ချပေးလိုက်တော့ လူးလဲကာလှုပ်လာသောသူကြောင့်ဟွမ်ရှင်းကနိုးလာသည်ဟုထင်သော်လည်းတစ်ဖက်သို့လှည့်ကာပြန်အိပ်သွားတဲ့ချိုးတင်းကျယ်ကြောင့်ဟွမ်ရှင်းအထင်နဲ့အမြင်လွဲမှားစွာ။
" အိပ်နေတာများဆင်နင်းသွားရင်တောင်သိမယ်မထင်ဘူး "
ထိုသို့ပြောကာဟွမ်ရှင်းရေချိုးခန်းဆီသို့ဝင်သွားခဲ့သည်။ ဟွမ်ရှင်းမသိလိုက်တာကကုတင်ထက်တွင်အိပ်ချင်ယောင်ဆောင်နေတဲ့ထိုလူသားက သူ့ရဲ့အပြောကြောင့်စိတ်ထဲမှာကျိန်ဆဲနေသည်ကိုပင်။
" လူကိုများပြောသွားလိုက်တာအဘိုးကြီးလိုလူရေချိုးခန်းထဲချော်လဲပါစေ "
( Hihi ဒီအပိုဒ်လေးကရမ်းတိုသွားပါတယ်ရှင့် ။ အရမ်းနောက်ကျမှ updateထပ်လာခဲ့လို့မျှော်နေမယ့်သူတောင်ရှိပါ့မလားဘဲ။
အရေးအသားကကသိပ်မကောင်းတာမို့သည်းခံပြီးဖတ်ပေးတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင့်
acc ထဲနောက်ထပ်Fic အသစ်လေးတစ်ပုဒ် Intro လေးတင်ထားတာမို့ဝင်ဖတ်ပေးကြပါအုံးရှင့် )
Luna တို့Part _7 မှာပြန်တွေ့ပါမယ်ရှင့်။
Zawgyi
Hate Met Fate
Part_6
ခ်ိဳးတင္းက်ယ္ဟြမ္ရွင္းစကားေၾကာင့္ေခါက္ဆြဲပင္ျဖစ္ႀကိဳးဆြဲသတ္ေသခ်င္မိသြားသည္။ ဘယ္လိုေတာင္စိတ္ကူးယဥ္တာေလ်ာ့သင့္တယ္ကလာေသး မသိရင္ခ်ိဳးတင္းက်ယ္ကဘဲသူနဲ႔အရမ္းမဂႅလာဉီးေနသလိုမ်ိဳး။ ျဖစ္ႏိုင္ရင္တစ္ကုတင္တည္း ပင္မအိပ္ခ်င္မိ။ ရန္ျပန္စြာဖို႔အေနာက္လွည့္ၾကည့္လိုက္ေသာ္လည္းဟြမ္ရွင္းကသူမဟုတ္သလိုအိပ္ယာေပၚတြင္လဲကာဖုန္းကိုသာၾကည့္ေနေလရဲ႕။ ခ်ိဳးတင္းက်ယ္ေခါင္းအုံးေတြထပ္မံဆြဲယူကာဗီ႐ိုထဲတြင္ရွိတဲ့အိပ္ယာခင္းထူထူတစ္ထည္အားယူကာ ကုတင္ေအာက္ဘက္တြင္ခင္းကာအိပ္ဖို႔ျပင္လိုက္ေတာ့သည္။ ဒီလိုႏွာဘူးလိုလိုလူနဲ႔ေတာ့အတူမအိပ္ႏိုင္ဘူးကြ။ တစ္သက္လုံးအိစက္စက္ေမြ႕ယာနဲ႔ေန႔တိုင္းအိပ္လာတဲ့သူေလးကေယာက္်ားရတဲ့ပထမဆုံးညမွာတင္ကုတင္ေအာက္မွာမာနေလးနဲ႔အတူဖက္အိပ္ေနရၿပီမားမားေရလို႔သာစိတ္ထဲေအာ္ဟစ္ေနေတာ့သည္။ ထိုစဥ္ကုတင္ထက္မွေစာင္တစ္အားပစ္ခ်ေပးလာကာထြက္ေပၚလာတဲ့စကားအသံတစ္ခုက
" ေစာင္မပါဘဲအိပ္ေနရင္ေလျဖတ္ေနမွာစိုးလို႔ "
ဟြမ္ရွင္းရဲ႕စကားကိုၾကားသည္ႏွင့္ေစာင္အားဆြဲယူကာေခါင္းေထာင္လ်က္မ်က္ေစာင္းလွိမ့္ကာထိုးလာသည့္ခ်ိဳးတင္းက်ယ္ဆိုသည့္လူသား။ ဘယ္လိုေတာင္ေပေစာင္းေစာင္းနဲ႔ကေလးဆန္တဲ့သူနဲ႔သူလက္ထပ္လိုက္ရတာလဲ။ သူတျခားသူနဲ႔လက္ထပ္လိုက္တာကိုေကာသာသိခဲ့မည္ဆိုလွ်င္သူအားမျမင္ရတဲ့အရပ္ဆီမွာမုန္းမ်ားမုန္းေနမလား။
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ခ်ိဳးတင္းက်ယ္ လည္ပင္း ခါးနဲ႔ပုခုံးေတြကနာက်င္ကိုက္ခဲၿပီးႏိုးလာခဲ့တယ္။ ခ်ီးဘဲ! အဲတာတစ္ခါမွေအာက္မွမအိပ္ဖူးဘဲအိပ္လိုက္လို႔။ အိပ္ယာမွထကာကုတင္ေပၚကိုၾကည့္လိုက္ေတာ့ဟြမ္ရွင္းမရွိေတာ့ေပအလုပ္သြားၿပီထင္တာဘဲ။ ေရခ်ိဳးခန္းဆီဝင္ကာ မ်က္ႏွာသစ္သန္႔စင္ၿပီး ျပန္ထြက္လာကာေအာက္ထပ္ကထမင္းစားခန္းဆီသို႔ဆင္းလာေတာ့မနက္စာ စားပြဲတြင္ ေကာ္ဖီေသာက္ကာသတင္းစာထိုင္ဖတ္ေနတဲ့ဟြမ္ရွင္း။ ဒီလူကသတင္းစာေတြဘာေတြဖတ္လို႔။ သူ႔ကိုျမင္တာနဲ႔ႏႈတ္ခမ္းတစ္ဖက္ကိုတြန္႔ေကြးကာၿပဳံးျပလာလ်က္
" ညကေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လားခ်ိဳးတင္းက်ယ္ "
" အိပ္ေပ်ာ္ေပ်ာ္မေပ်ာ္ေပ်ာ္ခင္ဗ်ားနဲ႔မဆိုင္ဘူး"
ခ်ိဳးတင္းက်ယ္မေခ်မငံေျဖၿပီးမနက္စာစားပြဲတြင္ဝင္ထိုင္လိုက္ေတာ့အိမ္အကူျဖစ္ပုံရသည့္အေဒၚႀကီးတစ္ေယာက္ကသူ႔အားၾကက္သားဆန္ျပဳတ္တစ္ပန္းကန္၊ ေပါင္မုန္႔မီးကင္ႏွင့္ႏို႔ႏွင့္စေတာ္ဘယ္ရီေရာႀကိတ္ထားသည့္ႏို႔စေတာ္ဘယ္ရီတစ္ခြက္အားခ်ေပးလာသည္။မနက္အေစာႀကီးဆန္ျပဳတ္ေသာက္ရတာမႀကိဳက္တဲ့ခ်ိဳးတင္းက်ယ္ကေပါင္မုန္႔တစ္ခ်ပ္အားကိုက္ယူကာစားလိုက္ေလသည္။
" Ms.ခ်ိဳးက မင္းအစာအိမ္သိပ္မေကာင္းဘူးေျပာလို႔အစာေပ်ာ့ေပ်ာ့ေလးေတြျပင္ေပးထားတယ္ "
ခ်ိဳးတင္းက်ယ္ၾကည့္ကာေျပာလာတဲ့ဟြမ္ရွင္းရဲ႕ဒီလိုဆိုေတာ့လည္းဘယ္ဆိုးလို႔လဲဒီလူကဟုေတြးလိုက္ေလကာမနက္စာအားဆက္စားေနေတာ့သည္။
ဟြမ္ရွင္းသူ႔အေရွ႕ကပလုတ္ပေလာင္းမနက္စာစားအားစားေနသည့္ခ်ိဳးတင္းက်ယ္အားၾကည့္လ်က္ေခါင္းကိုသာယမ္းမိသည္။ အစားမက္လိုက္တာဟုလည္းစိတ္ထဲတြင္ေတြးလ်က္ ။ ထို႔ေနာက္လက္ပတ္နာရီကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ ၉နာရီထိုးေတာ့မည္ပုံမွန္ Company ကို၈နာရီသြားတတ္သည့္သူ႔ကအခုေတာ့ဒီေကာင္ေလးအိပ္ယာထမနက္စာလားစားသည့္ကိုေစာင့္ေနသည္ႏွင့္ပင္၉နာရီထိုးေတာ့မည္။
ခ်ိဳးတင္းက်ယ္မနက္စာစားေနရင္းအေရွ႕ကနာရီတၾကည့္ၾကည့္လုပ္ေနတဲ့ဟြမ္ရွင္းေၾကာင့္မ်က္စိေႏွာက္လာကာ
" ခင္ဗ်ားအလုပ္ရွိရင္သြားေလ နာရီတၾကည့္ၾကည့္နဲ႔မ်က္စိေႏွာက္တယ္ "
" အင္း ကိုယ္အလုပ္သြားေတာ့မယ္ တစ္ခုခုလိုအပ္ရင္အိမ္အကုအေဒၚႀကီးကိုခိုင္းလိုက္လို႔ရတယ္ အျပင္ေတာ့မထြက္နဲ႔ထြက္ခ်င္ရင္ကိုယ္ျပန္လာမွကိုယ္နဲ႔ထြက္ခြင့္ရမယ္ ညစာစားပြဲတုန္းကေျပာခဲ့တာေတြမွတ္မိေသးတယ္မလား ။ ၆နာရီမထိုးခင္ကိုယ္ျပန္လာခဲ့မယ္ ေန႔လည္စာထမင္းခ်ိဳင့္ကိုလာပို႔ဖို႔ ဒ႐ိုင္ဘာဉီးေလးကိုလႊတ္လိုက္မွာမို႔ မင္းကိုယ္ပါလိုက္လာၿပီးလာပို႔လိုက္ ကိုယ္သြားၿပီခ်ိဳးတင္းက်ယ္ "
လူကိုအမိန္႔ဆန္ဆန္စကားေတြေျပာကာထြက္သြားသူရဲ႕ေနာက္ေက်ာကိုၾကည့္ကာခ်ိဳးတင္းက်ယ္ဆဲနည္းေပါင္းစုံျဖစ္စိတ္ထဲက်ေနကဆဲပစ္လိုက္သည္။ အိမ္ထဲကအိမ္ျပင္မထြက္ရဘူးသူနဲ႔အတူတူထြက္ ေန႔လည္က်ထမင္းခ်ိဳင့္လာပို႔ခိုင္းသြားေသးလူကိုမ်ားသူ႔အခိုင္းအေစမွတ္လို႔။ ခ်ီးေတာင္မပို႔ဘူးကြ ။ မင္းဘာသာအငတ္ခံေနလိုက္ဟြမ္ရွင္း။
ခ်ီးေတာင္မပို႔ဘူးဟုက်ိန္းထားေသာ္လည္းေန႔လည္စာပို႔ခ်ိန္ေရာက္ေတာ့ခ်ိဳးတင္းက်ယ္ Company ထိေရာက္လာကာထမင္းဘူးအားဆြဲကာလာပို႔ရသည္။ ပို႔ခ်င္လြန္းလို႔မဟုတ္ဘူးမတတ္သာလို႔ ။ Company ေရွ႕ေရာက္ေတာ့ သူ႔ရဲ႕အတြင္းေရးမႉးျဖစ္ပုံရတဲ့လူကအသင့္ပင္ရပ္ေစာင့္ေနသည္။
" Boss က႐ုံးခန္းမွာပါ သခင္ေလး႐ုံးခန္းဆီသြားအုံးမလား "
" ေတာ္ၿပီဒီမွာထမင္းဘူး ျပန္ေတာ့မယ္ "
" အိမ္ကိုတန္းျပန္ဖို႔Bossကမွာခိုင္းလိုက္ပါေသးတယ္သခင္ေလး "
" သိတယ္ "
ေတာ္ေတာ္ကိုခ်ဳပ္ခ်ယ္လြန္းတဲ့သူဘဲဟုေတြးကာခ်ိဳးတင္းက်ယ္အိပ္သို႔ျပန္လာခဲ့ေလသည္။ အိမ္ေရာက္ေတာ့လည္းတစ္ေယာက္ထဲအျပင္လည္းထြက္မရသူ႔ဘဝ အိမ္အကူအေဒၚႀကီးကလည္းသူအလုပ္နဲ႔သူမို႔စကားသြားေလေဖာလို႔လည္းမရခ်ိဳးတင္းက်ယ္အေတာ္စိတ္ညစ္ေနၿပီ။ ထိုေၾကာင့္ဧည့္ခန္းတြင္ထိုင္ကာTVဖြင့္ကာၾကည့္ေနလိုက္ေတာ့ေလသည္။
" Boss သခင္ေလးကေန႔လည္ထမင္းဘူးလာပို႔သြားပါတယ္ "
" အင္းထားခဲ့လိုက္ "
မင္ဝူထြက္သြားသည္ႏွင့္ဟြမ္ရွင္းသူ႔အေရွ႕မွထမင္းဘူးေလးအားၾကည့္လိုက္ေတာ့ အဝါေရာင္ဝက္ဝံ႐ုပ္ပုံေလးႏွင့္ထမင္းဘူးေလး ။ ကေလးကလားဆန္လိုက္တာခ်ိဳးတင္းက်ယ္ Company ထမင္းဘူးလာပို႔တာမူႀကိဳကေလးထမင္းဘူးလာပို႔တာမ်ားထင္ေနသလား ။ ပုံမွန္ဆိုေန႔လည္စာအားဟြမ္ရွင္းမစားတတ္ေသာ္လည္း ထိုေကာင္ေလးတမင္သက္သက္ညစ္ကာထမင္းဘူးလာပို႔ခိုင္းတာျဖစ္သည္။ ထို႔ေနာက္ထမင္းဘူးအားလ်စ္လ်ဴရွဴလ်က္ ဟြမ္ရွင္းအလုပ္ကိုသာဆက္လုပ္ေနေတာ့သည္။
" Boss 6 နာရီထိုးပါၿပီ "
" အင္းသိၿပီ "
အလုပ္ကိုဖိလုပ္ေနသည္ႏွင့္အိမ္ျပန္ခ်ိန္ေတာင္ေရာက္ၿပီမို႔ဟြမ္ရွင္းအိမ္သို႔သာျပန္လာခဲ့လိုက္ေလသည္။ အိမ္ျပန္လမ္းတစ္ေလွ်ာက္တြင္လည္းၿငိမ္သက္စြာလိုက္ပါလာလ်က္။ အိမ္ႀကီးဆီေရာက္ေတာ့ ဧည့္ခန္းထဲကTVႀကီးဖြင့္ကာဆိုဖာတြငိမွီကာေခါင္းအုံးကိုပိုက္လ်က္အိပ္ေပ်ာ္ေနတဲ့ခ်ိဳးတင္းက်ယ္။ ဟြမ္ရွင္းအိပ္ေပ်ာ္ေနတဲ့သူဆီခပ္သြက္သြက္ေလွ်ာက္သြားကာအိပ္ေပ်ာ္ေနတဲ့ခ်ိဳးတင္းက်ယ္အားခပ္ဖြဖြခ်ီလ်က္ အိပ္ခန္းဆီသို႔တက္လွမ္းခဲ့ေလသည္။
" ခႏၶာကိုယ္ေပါ့လိုက္တာအစားမ်ားမ်ားေကြၽးဖို႔လိုေနတာဘဲ "
အိပ္ခန္းဆီအေရာက္ကုတင္ထက္သို႔ခ်ေပးလိုက္ေတာ့ လူးလဲကာလႈပ္လာေသာသူေၾကာင့္ဟြမ္ရွင္းကႏိုးလာသည္ဟုထင္ေသာ္လည္းတစ္ဖက္သို႔လွည့္ကာျပန္အိပ္သြားတဲ့ခ်ိဳးတင္းက်ယ္ေၾကာင့္ဟြမ္ရွင္းအထင္နဲ႔အျမင္လြဲမွားစြာ။
" အိပ္ေနတာမ်ားဆင္နင္းသြားရင္ေတာင္သိမယ္မထင္ဘူး "
ထိုသို႔ေျပာကာဟြမ္ရွင္းေရခ်ိဳးခန္းဆီသို႔ဝင္သြားခဲ့သည္။ ဟြမ္ရွင္းမသိလိုက္တာကကုတင္ထက္တြင္အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့ထိုလူသားက သူ႔ရဲ႕အေျပာေၾကာင့္စိတ္ထဲမွာက်ိန္ဆဲေနသည္ကိုပင္။
" လူကိုမ်ားေျပာသြားလိုက္တာအဘိုးႀကီးလိုလူေရခ်ိဳးခန္းထဲေခ်ာ္လဲပါေစ "
( Hihi ဒီအပိုဒ္ေလးကရမ္းတိုသြားပါတယ္ရွင့္ ။ အရမ္းေနာက္က်မွ updateထပ္လာခဲ့လို႔ေမွ်ာ္ေနမယ့္သူေတာင္ရွိပါ့မလားဘဲ။
အေရးအသားကကသိပ္မေကာင္းတာမို႔သည္းခံၿပီးဖတ္ေပးတဲ့တစ္ေယာက္ခ်င္းစီကိုေက်းဇူးတင္ပါတယ္ရွင့္
acc ထဲေနာက္ထပ္Fic အသစ္ေလးတစ္ပုဒ္ Intro ေလးတင္ထားတာမို႔ဝင္ဖတ္ေပးၾကပါအုံးရွင့္ )
Luna တို႔Part _7 မွာျပန္ေတြ႕ပါမယ္ရွင့္။
Bạn đang đọc truyện trên: Truyen3h.Co