Truyen3h.Co

Hate Met Fate

Part _5

Lilac_75

Hate Met Fate

Part _ 5

သောက်ရူးဘဲဟျောင့်!!

ချိုးတင်းကျယ်စိတ်ထဲကအော်သံကိုအပြင်သို့မထွက်လာဖို့မနည်းပင်ထိန်းချုပ်ထားရသည်။ ဘာကိုချိုးပေါင်ပေ့လဲ..?ဂီးးးကြက်သီးပါထတာ   ဘာကိုအမြန်ဆုံးလက်ထပ်ချင်ရမှာလဲ သူ့ကိုမြင်တာနဲ့တင်ရေနွေးပူလောင်းခံရသလိုခံစားနေရတာကို ဒီလူကိုယ့်ကိုကို အထင်ကြီးလွန်းနေတာမလား ။ မျက်နှာကြီးကိုကခြောက်ချက်ကုပ်ပစ်ချင်စရာအခွက်နဲ့။

ဟွမ်ရှင်း ချိုးတင်းကျယ်၏မျက်နှာအနေအထားကြောင့်နှုတ်ခမ်းထောင့်ကနေ ခပ်ထေ့ထေ့အပြုံးဖြစ်ပြန်ကြည့်ပေးနေလိုက်သည်။ ဒေါသထွက်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေ ရဲတက်နေသောပါးပြင်ဖောင်းဖောင်းလေး ရဲတက်နေတဲ့နှုတ်ခမ်းဖူးဖူးလေးတွေနဲ့  သူ့အားမျက်စောင်းကြီးဘဲလှိမ့်ထိုးနေပုံများ ချိုးတင်းကျယ်ကအသက်မပြည့်သေးတဲ့ကလေးအတိုင်းသာ။

" သားတွေအဆင်ပြေတယ်ဆိုတော့ မဂႅလာကိစ္စကိုအမြန်ဆုံးစီစဉ်ကြတာပေါ့ " ဟုချိူးမားမားက ဝမ်းသာအားရဆိုလာသည်။

" ဟုတ်ပါ့ ကလေးတွေလည်းအဆင်ပြေကြတယ်ဆိုတော့ကျွန်မတို့ကအမြန်ဆုံးစီစဉ်ကြတာတော့ဟွမ်ရှင်းကလည်းအမြန်ဆုံးဖြစ်ချင်နေတာဆိုတော့ ‌မြန်မြန်လေးစီစဉ်ကြတာပေါ့ချိုးမားမားရေ "

မိဘတွေသာလက်ထပ်ပွဲအတွက်ပျော်ရွှင်နေကြသော်လည်း ချိုးတင်းကျယ်တစ်ယောက် ခေါင်းငုံကာ‌သာနေနေသည်။ ဒီဖြူဖတ်ဖတ်ကောင်သူ့အနားမှာကြက်ကလေးလို ၂၄‌နာရီလုံးထားမယ်ဆိုတာကြီးကသူ့လွတ်လပ်ခွင့်ကိုလက်ထပ်ပြီးတာနဲ့ပိတ်ပစ်ချင်နေတဲ့အကောင်။

ညစာစားပြီးဟွမ်ရှင်းတို့လည်းပြန်သွားကြပြီးနော် ချိုးတင်းကျယ်အိပ်ခန်းထဲသို့သာအမြန်ပြေးဝင်ကာကုတင်ပေါ်တွင်မှောက်လျက်လဲချကာမျက်နှာကိုခေါင်းအုံးထဲထည့်ကာအားရပါးရအော်ဟစ်ပစ်လိုက်သည်။

" အားးး .....ဒီလိုမုန်းစရာကောင်တဲ့သူကြီးနဲ့မှပေးစားကြရတာလဲ "

မဂႅလာကိစ္စကိုအမြန်ဆုံးပင်စီစဉ်နေကြသည်။ ဟွမ်ရှင်းက တတ်နိုင်သမျှအမြန်ဆုံးဟုသဖြင့် မိဘတွေကလည်း နှစ်ပတ်အတွင်း လက်ထပ်ပွဲကိုကျင်းပရန်သဘောတူလိုက်ကြသည်။ ဒီကြားထဲ ညစာစားပွဲပြီးကတည်းက ဟွမ်ရှင်း၏အရိပ်အယောင်ပင်မတွေ့ရ ခန်းဝင်ပစ္စည်းရွေးတာကိုလည်း ချိုးမားမားတို့ပင်စီစဉ်ကာ သတို့သားဖြစ်မယ့်ဟွမ်ရှင်းက တစ်ချက်ပင်မလာခဲ့။ မိဘတွေသာအလုပ်များနေခဲ့သည်။

အခုလည်းမဂႅလာဝတ်စုံရွေးရန်ရက်ချိန်းတွင်ပင် ဟွမ်ရှင်းကသူ့အတွင်းရေးမှူး မင်ဝူဆိုသည့်သူ့အားသူ့ကိုယ်စားလွှတ်လိုက်လေသည်။

" Boss ကအလုပ်ရှုပ်နေလို့ကိုယ်တိုင်မနိုင်လာလို့တောင်းပန်ပါတယ်။ ဒီအစားသခင်လေးချိုးတင်းကျယ်ကို မဂႅလာဝတ်စုံရွေးချယ်ဖို့ဒီဇိုင်နာနဲ့ ဝတ်စုံသုံးထဲမှာမှ သခင်လေးချိုးနှစ်သက်တဲ့တစ်စုံကိုသာရွေးချယ်ဖို့မှာလိုက်ပါတယ်"

" ၃မျိုးထဲကမှ ရွေးရမှာလား "

" ဟုတ်ပါတယ်သခင်လေး "

ချိုးတင်းကျယ်စိတ်ပျက်လက်ပျက်ဖြင့် ဒီဇိုင်နာကိုင်ထားသည့်ဝတ်စုံ၃စုံထဲမှာ တစ်စုံကိုသာခပ်ပေါ့ပေါ့လက်ညှိုးကာရွေးလိုက်သည်။ မဟုတ်လည်း၃စုံထဲကတစ်စုံကိုဘဲရွေးရမှာမလား ဘယ်အစုံဖြစ်ဖြစ်ပေါ့ပြီးကောမလား။

" ဒီတစ်ထည်ဘဲယူလိုက်ပါတောမယ် "

ဒီဇိုင်နာနဲ့အတွင်းရေးမှူးတို့ပြန်သွားနော်ချိုးတင်းကျယ်ဆိုဖာပေါ်တွင်မှီချကာ မျက်နှာကျက်သို့စိက်ပျက်လက်ပျက်ငေးကြည့်နေမိသည်။ မဂႅလာပွဲတောင်မရောက်သေးလူကိုပိုင်စိုးပိုင်နက်လာချုပ်‌ချယ်နေပြီ။ ဒီလိုဘဲ ချိုးတင်းကျယ် အဲမုန်းစရာလူကြီးနဲ့လက်ထပ်ရတော့မှာပါလား ။

*****

လက်ထပ်ပွဲမတိုင်ခင်၂ရက်အလိုတွင်ဟွမ်ရှင်းချိုးတင်းကျယ်အိမ်သို့ရောက်လာသည်။မားမားကဟွမ်ရှင်းလာနေတယ်ဟုလာခေါ်သဖြင့်အောက်ကိုဆင်းလာတော့သူ့အိမ်သူယာကဲ့သို့ ဧည့်ခန်းထဲတွင်ထိုင်နေသောဟွမ်ရှင်း သူ့ကိုမြင်သည့်နှင့် မျက်ခုံးတစ်ချက်ပင့်ကာ ခပ်ထေ့ထေ့ပြုံးပြလာလေသည်။ ချိုးတင်းကျယ်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လျက်

" ဘာလာလုပ်တာလဲ ခင်ဗျား "

သူ့အားမြင်သည့်နှင့်ခပ်‌စပ်စပ်မေးလာပုံကများခပ်စိတ်စိတ်ရိုက်ပစ်ချင်စရာ။ ဟွမ်ရှင်းကိုမြင်နေရသည့်ကိုနည်းနည်းလေးမှအလိုမကျတဲ့ပုံက ညစာစားပွဲတုန်းကအတိုင်းပင်။ ဒီလိုပုံစံကို ကိုယ့်ကိုကိုတိုင်လည်းနည်းနည်းလေးမှလက်ထပ်မချင်ပါ။ သူ့အားစူပုတ်ကာကြည့်နေတဲ့အရှေ့ကလူသားကိုခပ်စူးစူးစိုက်ကြည့်ပေးလိုက်တော့ ချက်ချင်းပင်ခေါင်းငုံသွားသောဒီလူ

"  လက်မထပ်ခင် အိမ်သူယောက်ျားဖြစ်လာမယ့်သူကိုအဆင်ပြေလားလို့လာကြည့်တာလေ အကြောင်းပြချက်လိုသေးလား " " ကြည့်ရတာ အဆင်ပြေနေပုံဘဲ ဒါဆိုဒီလောက်နဲ့ကိုယ်ပြန်တော့မယ် " " အရှူပ်အထုတ်တွေကိုအချိန်လိုက်ပေးနေဖို့သိပ်မအားဘူး "

ထိုင်နေရာမှမတ်တပ်ရပ်ကာလက်ကနာရီကြည့်ကာပြောလာတဲ့မျက်စိရှေ့ကလူ့ကိုကြည့်ကာချိုးတင်းကျယ်တနုံနုံစိတ်တိုလာရသည်။ ဘယ်သူကလာကြည့်ခိုင်းနေလို့လဲ သောက်‌ပိုတွေနေလိုက်တာ အချိန်မရှိဘူးလေးဘာလေးနဲ့ အရှုပ်အထုတ် ...? ကြီးကြီးကျယ်ကျယ်နဲ့ လူကိုများအရှူပ်အထုတ်ဆိုလာသေး ။

" ဒါဆိုရင်လည်းကြွပါတော့ ဗျာ "
" ခင်ဗျားကိုမြင်ရတာလည်း ချိုးတင်းကျယ်တို့လည်းပျော်မနေဘူး "

သူ့ရဲ့အပြောကြောင့်တစ်ချက်စိုက်ကြည့်ပြီးဟွမ်ရှင်းထွက်သွားတော့လေသည်။

***

လက်ထပ်ပွဲနေ့ 💍

( လက်ထပ်ပွဲကိုအကျယ်တဝင့်မရေးတော့ပါဘူးနော်  )

လက်ထပ်ပွဲကို Ms.ဟွမ်၏ ကြီးကျယ်ခမ်းနားတဲ့ဟိုတယ်တစ်ခုတွင်ကျင်းပသည်။ ချိုးတင်းကျယ်၏အနား‌တွင် သူငယ်ချင်းဖြစ်သူလီဖေ့အန်းနှင့်သူ့ချစ်သူ ကျန်းဟိုင်တို့ကလာရောက်တွေ့ပြီးဖေ့အန်းကငိုမဲ့မဲ့ဖြစ်နေတဲ့သူ့ကိုအားပေးစကားပြောနေသည်။

" လက်ထပ်ရတော့မယ့်လူကမငိုရဘူးလေစိတ်မပူနဲ့နော်ချိုးချိုး ကောကချိုးချိုးနားအမြဲရှိနေမှာပါ ဖုန်းလည်းဆက်မယ်နော် မငိုနဲ့ ငိုချင်နေတဲ့သတို့သားကရုပ်ဆိုးတော့မယ် "

မကြာမှီမဂႅလာပွဲစတင်တော့မယ်ဟုအခမ်းအနားစီစဉ်သူကချိုးတင်းကျယ်အားလာပြောသည်။ ချိုးတင်းကျယ်ကအဖြူရောင်ဝတ်စုံကိုဝတ်ထားပြီးရင်ဘတ်တွင်သစ်ခွပန်းအဖြူအားထိုးလျက် ပါးပါးဖြစ်သူ့၏လက်ကိုကိုင်ကာ မဏ္ဍပ်ပေါ်သို့လျှောက်လှမ်းလို့လာသည် ။ တစ်ဖက်တွင် အဖြူရောင်ဝတ်စုံကိုပင်ဝတ်ဆင်ထားပြီးချိုးတင်းကျယ်နည်းတူ အဖြူရောက်သစ်ခွပန်းကိုပင်ရင်ဘတ်တွင်ထိုးထားသည်။ ဟွမ်ရှင်း၏မျက်နှာသည်အေးစက်တည်ငြိမ်လျက် ခံစားချက်မရှိသည့်လူသားအလား။

ချိုးတင်းကျယ်အား ပါးပါးဖြစ်သူက ဟွမ်ရှင်းအားလက်လွှဲအပ်လိုက်တော့ ချိုးတင်းကျယ်၏လက်များကိုဆုပ်ကိုင်လာသည့် ရေခဲလိုအေးစက်နေတဲ့ လက်များကြောင့်အနည်းငယ်ပင်တုန်မိသွားသည်။ ဘယ်လိုလူလဲအေးစက်နေတာဘဲ။ ဟွမ်ရှင်းကသူ့လက်အားတင်းတင်းတုပ်ကိုင်ထားကာ ဘုန်းတော်ကြီးရှေ့နှစ်ဉီးသားရပ်လိုက်လေသည်။

ကတိသစ္စာပြုပြီးနောက် ဘုန်းတော်ကြီး၏ခွင့်ပြုချက်အရနှုတ်ခမ်းချင်းထိတွေ့ရမည့်အချိန်ရောက်သောအခါ ချိုးတင်းကျယ်ကလက်များအေးစက်ကာမျက်လုံးအားမှိတ်ချလိုက်သော်လည်း တရုတ်ချည်းပြင် အေးစက်နေသည့်လက်နှစ်ဖက်ကာ ချိုးတင်းကျယ်မျက်နှာအားဆုပ်ကိုင်လာပြီး ခပ်ပါးပါးနှုတ်ခမ်းတစ်စုံဟာ ချိုးတင်းကျယ်၏နှုတ်ခမ်းဖူးဖူးပေါ်သို့လာရောက်ခစားကာနမ်းရှိုက်လိုက်လေသည်။ ထိုအနမ်းကားနွေးထွေးမှုမရှိဘဲအပိုင်ဟုသာတံဆိပ်ခတ်လိုက်သည့်အလား။ ရုတ်တရက်ပင်မကြာသေးခင်ကမက်ခဲ့ဖူးတဲ့ အကျင့်မကောင်းသည့်ဖြူဖတ်ဖတ်ကောင်အားနမ်းသည့်အိပ်မက်ကြီးကိုပင်ချိုးတင်းကျယ်ပြေးအမှတ်ရသွားသည်။ အနမ်းသည်တိုတောင်းပြီးနွေးထွေးမှုမရှိ အောက်နှုတ်ခမ်းအားခပ်ဖွဖွဆွဲကိုက်လိုက်တဲ့ ဟွမ်ရှင်းကြောင့်ချိုးတင်းကျယ်ကိုယ်ပင်တောင့်သွားမိသည်။

ဟွမ်ရှင်း နမ်းရှိုက်နေသောချိုးတင်းကျယ်၏နှုတ်ခမ်းဖူးဖူးလေးဆီမှုနူးညံ့မှူကြောင့် အမှတ်မထင်အောက်နှုတ်ခမ်းအား ခပ်ဖွဖွကိုက်လိုက်တော့ အရှေ့မှထိုလူသား၏ခန္ဓာကိုယ်ဟာတောင့်သွားသည်ကို ဟွမ်ရှင်းသတိထားလိုက်မိသည်။ စိုအိ‌နူးညံ့လွန်းတဲ့နှုတ်ခမ်းဖူးဖူးလေးကြောင့် ဟွမ်ရှင်းမလွှတ်ပေးချင်သယောင်။ သို့သော်နှုတ်ခမ်းချင်းခွာလိုက်ပြီးနောက် အရှေ့မှထိုလူအားကြည့်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းကြီးတွေဖြင့်သူ့အားစိုက်ကြည့်နေ ချိုးတင်းကျယ် ။ 

တဆိတ် ... ဒီဟာလေးမျက်ရည်ဝဲနေတာလား။

ဧည့်သည်များ၏လက်ခုပ်သံများဖြင့်မဂႅလာပွဲဟာပြီးဆုံးခဲ့ပြီးသူတို့၂ဉီးဟာလည်း တရားဝင်ဇနီးမောင်နှံဖြစ်ခဲ့ပြီ။  Dinner ပွဲကိုကျင်းပပြီးနောက် ချိုးတင်းကျယ်၏မိဘများကိုနှုတ်ဆက်ကာ သူ့ကိုယ်တိုင်လည်း Ms.ဟွမ်နှုတ်ဆက်ခဲ့ပြီး ၂ဉီးသားအိမ်အသစ်ရှိရာဆီသို့လာခဲ့ကြလေသည်။

ချိုးတင်းကျယ်ဟာလည်းကားထဲတွင်ငြိမ်သက်လိုက်ပါလာလျက် အိမ်အသစ်ဆီအရောက်  ဟွမ်ရှင်းသည်ချိုးတင်းကျယ်အားအိပ်ခန်းကအပေါ်ထပ်မှာဟုပြောလိုက်သည်နှင့် ချက်ချင်းပင်ပြေးတက်သွားသောထိုလူ။

ချိုးတင်းကျယ် အိပ်ခန်းဆီသို့သာဝင်လာခဲ့ပြီးကုတင်ပေါ်သို့ထိုင်မည်အလုပ်နှင်းဆီပန်းပွင့်ချပ်များဖြင့်အလှဆင်ထားသည့်အိပ်ယာကြောင့် ပွင့်ချပ်များကိုဖယ်ပစ်ကာ တက်ထိုင်နေလိုက်သည်။ သူ့ကုတင်ပေါ်တွင်ထိုင်ချပြီး ဝတ်စုံချွတ်မည်အလုပ် တံခါးဖွင့်လာသံကြောင့်ကြည့်လိုက်တော့ဟွမ်ရှင်းအခန်းထဲသို့ဝင်လာခဲ့သည်။ မျက်လုံးတွေကချိုးတင်းကျယ်အားစိုက်ကြည့်နေသည့်အတွက်

" ခင်ဗျားဘာလာလုပ်တာလဲ "

သူ၏အမေးကိုမဖြေဘဲ ဟွမ်ရှင်း‌အခန်းထဲရှိရေချိုးခန်းဆီသို့ဉီးတည်သွားလိုက်တာမြင်တော့ချိုးတင်းကျယ်စိတ်ကတင်းသွားသည်။ ဘာလဲအခုကသူ့ကငါ့အမေးကိုလျစ်လျူရှူလိုက်တာလား။

တခဏကြာပြီးနော် ရေချိုးပြီးသည့်ပုံနှင့် ညအိပ်ဝတ်စုံကိုပါဝတ်ဆင်ကာထွက်လာသည့် ထိုလူကချိုးတင်းကျယ်ထိုင်နေသည့်တစ်လုံးရှိသည့်ကုတင်ပေါ်တွင်တက်ထိုင်ပြီးနောက်

" ရေသွားချိုးလိုက်  ချိုးတင်း‌ကျယ် "

ဟွမ်ရှင်းရဲ့အပြောကို ပေစောင်းစောင်းကြည့်ကာရေချိုးခန်းဆီသို့ပြေးဝင်သွားတဲ့ထိုဟာလေးက ဘယ်လိုလုံးတုန်း။ ဟွမ်ရှင်းကုတင်ပေါ်တွင်ခေါင်းအုံးအားမှီလျက်ထိုင်ကာဖုန်းကြည့်နေတော့ တခဏကြာချိုးတင်းကျယ်ထွက်လာလေသည်။ ကာတွန်းရုပ်တွေပါသည့်ညဝတ်အိပ်အဝါလေးအားဝတ်ကာ ခေါင်းလုံးလုံးလေးနဲ့ထိုလူကအသက်ပြီးလို့လက်ထပ်ထားသည့်လူကြီးတစ်ယောက်မှဟုတ်လို့လားကလေးဆန်လိုက်တာ။ လက်သေးသေးဖောင်းဖောင်းလေးတွေကဟွမ်ရှင်းနံဘေးရှိခေါင်းအုံးဆွဲယူကာ လှည့်ထွက်မည်လုပ်နေတဲ့ထိုလူအား အလျင်အမြန်လက်ဖျံအားဆွဲချလိုက်တော့ သူရင်ခွင်ထဲသို့အင့်ခနဲ့ဝင်လာတဲ့ထိုကိုယ်လုံးလေး။

" ဘယ်သွားဖို့ကြိုးစားနေတာလဲချိုးတင်းကျယ် "

" လွှတ် ! မင်းနဲ့အတူမအိပ်ဘူးတခြားအခန်းမှာသွားအိပ်မှာ "

ချိုးတင်းကျယ်ရဲ့စကားကြောင့်ဟွမ်ရှင်းကလက်ဖျံနှစ်ဖက်အားဆုပ်ကိုင်ကာ ကုတင်ထက်သို့ဖိချလိုက်ပြီး အထက်ကနေပိတ်လှောင်ထားလိုက်တဲ့အနေအထားကြောင့် ချိုးတင်းကျယ်မျက်ရည်များဝဲတက်လာသည်။

" ဒီနေ့ညက ကိုယ်တို့ရဲ့မဂႅလာဉီးညလေချိုးချိုးက ကိုယ်နဲ့အတူအိပ်ရမှာပေါ့ "

ချိုးတင်းကျယ်၏လည်ပင်းနားသို့နီးကပ်စွာပြောလာတဲ့ လေသံခပ်တိုးတိုးကြောင့် သူအလန့်တကြားပင်ရုန်းမိသော်လည်းပိုမိုကာဖိကပ်လာတဲ့ဟွမ်ရှင်းကြောင့်

" အတူ .... အတူမအိပ်‌နိုင်ဘူးနှာဘူးကောင်ရ "

ချိုးတင်းကျယ်၏အပြောကြောင့်ဖိကပ်ထားရာမှလွှတ်ပေးလိုက်ပြီးဟွမ်ရှင်းကာသူ့အားခပ်လှောင်လှောင်အပြုံးဖြစ်ကြည့်လာကာပြောလာသည့်စကားတစ်ခွန်းကြောင့် ချိုးတင်းကျယ်ရေနွေးပူပူထဲပင်ခုန်ချချင်မိသွားသည်။

" ကိုယ့်ကမင်းကိုပထမဆုံးညမှာဘာလုပ်မယ်ထင်လို့လဲ စိတ်ကူးယဉ်တာလေးလျော့သင့်တယ် ချိုးပေါင်ပေ့ "

ရားးး !!!! ဘောဘဲဟွမ်ရှင်း

( Author Note :

hihi ဟွမ်ရှင်းရှင်းတစ်ယောက် ချိုးချိုးလက်ကနှာဘူးကောင်လို့အခေါ်ခံလိုက်ရပါပြီရှင့်။

ဒီup တာနည်းနည်းနောက်ကျသွားတယ် ။ updateက တော့Luna နေ့တိုင်းပျော်ရင်နေ့တိုင်းupdateပေးမှာနော် 🙂‍↔️

ဒါနဲ့ မနက်ဖြန် သားသားလေး ဟွမ်ရှင်းရှင်းရဲ့မွေးနေ့မို့ သားသားကို Happy Birthday 🍀🎀 လို့ပြောပေးသွားကြပါအုံးရှင့်။

မနက်ဖြန်သားသားလေးမွေးနေ့အတွက် One shot လေးတစ်ပုဒ်လာပေးသွားပါ့မယ်နော်

Byebye luna တို့ Part _ 6 မှာပြန်တွေ့ကြပါ့မယ်။  )

Zawgyi

Hate Met Fate

Part _ 5

ေသာက္႐ူးဘဲေဟ်ာင့္!!

ခ်ိဳးတင္းက်ယ္စိတ္ထဲကေအာ္သံကိုအျပင္သို႔မထြက္လာဖို႔မနည္းပင္ထိန္းခ်ဳပ္ထားရသည္။ ဘာကိုခ်ိဳးေပါင္ေပ့လဲ..?ဂီးးးၾကက္သီးပါထတာ   ဘာကိုအျမန္ဆုံးလက္ထပ္ခ်င္ရမွာလဲ သူ႔ကိုျမင္တာနဲ႔တင္ေရေႏြးပူေလာင္းခံရသလိုခံစားေနရတာကို ဒီလူကိုယ့္ကိုကို အထင္ႀကီးလြန္းေနတာမလား ။ မ်က္ႏွာႀကီးကိုကေျခာက္ခ်က္ကုပ္ပစ္ခ်င္စရာအခြက္နဲ႔။

ဟြမ္ရွင္း ခ်ိဳးတင္းက်ယ္၏မ်က္ႏွာအေနအထားေၾကာင့္ႏႈတ္ခမ္းေထာင့္ကေန ခပ္ေထ့ေထ့အၿပဳံးျဖစ္ျပန္ၾကည့္ေပးေနလိုက္သည္။ ေဒါသထြက္ေနတဲ့မ်က္လုံးဝိုင္းဝိုင္းေလးေတြ ရဲတက္ေနေသာပါးျပင္ေဖာင္းေဖာင္းေလး ရဲတက္ေနတဲ့ႏႈတ္ခမ္းဖူးဖူးေလးေတြနဲ႔  သူ႔အားမ်က္ေစာင္းႀကီးဘဲလွိမ့္ထိုးေနပုံမ်ား ခ်ိဳးတင္းက်ယ္ကအသက္မျပည့္ေသးတဲ့ကေလးအတိုင္းသာ။

" သားေတြအဆင္ေျပတယ္ဆိုေတာ့ မဂႅလာကိစၥကိုအျမန္ဆုံးစီစဥ္ၾကတာေပါ့ " ဟုခ်ိဴးမားမားက ဝမ္းသာအားရဆိုလာသည္။

" ဟုတ္ပါ့ ကေလးေတြလည္းအဆင္ေျပၾကတယ္ဆိုေတာ့ကြၽန္မတို႔ကအျမန္ဆုံးစီစဥ္ၾကတာေတာ့ဟြမ္ရွင္းကလည္းအျမန္ဆုံးျဖစ္ခ်င္ေနတာဆိုေတာ့ ‌ျမန္ျမန္ေလးစီစဥ္ၾကတာေပါ့ခ်ိဳးမားမားေရ "

မိဘေတြသာလက္ထပ္ပြဲအတြက္ေပ်ာ္႐ႊင္ေနၾကေသာ္လည္း ခ်ိဳးတင္းက်ယ္တစ္ေယာက္ ေခါင္းငုံကာ‌သာေနေနသည္။ ဒီျဖဴဖတ္ဖတ္ေကာင္သူ႔အနားမွာၾကက္ကေလးလို ၂၄‌နာရီလုံးထားမယ္ဆိုတာႀကီးကသူ႔လြတ္လပ္ခြင့္ကိုလက္ထပ္ၿပီးတာနဲ႔ပိတ္ပစ္ခ်င္ေနတဲ့အေကာင္။

ညစာစားၿပီးဟြမ္ရွင္းတို႔လည္းျပန္သြားၾကၿပီးေနာ္ ခ်ိဳးတင္းက်ယ္အိပ္ခန္းထဲသို႔သာအျမန္ေျပးဝင္ကာကုတင္ေပၚတြင္ေမွာက္လ်က္လဲခ်ကာမ်က္ႏွာကိုေခါင္းအုံးထဲထည့္ကာအားရပါးရေအာ္ဟစ္ပစ္လိုက္သည္။

" အားးး .....ဒီလိုမုန္းစရာေကာင္တဲ့သူႀကီးနဲ႔မွေပးစားၾကရတာလဲ "

မဂႅလာကိစၥကိုအျမန္ဆုံးပင္စီစဥ္ေနၾကသည္။ ဟြမ္ရွင္းက တတ္ႏိုင္သမွ်အျမန္ဆုံးဟုသျဖင့္ မိဘေတြကလည္း ႏွစ္ပတ္အတြင္း လက္ထပ္ပြဲကိုက်င္းပရန္သေဘာတူလိုက္ၾကသည္။ ဒီၾကားထဲ ညစာစားပြဲၿပီးကတည္းက ဟြမ္ရွင္း၏အရိပ္အေယာင္ပင္မေတြ႕ရ ခန္းဝင္ပစၥည္းေ႐ြးတာကိုလည္း ခ်ိဳးမားမားတို႔ပင္စီစဥ္ကာ သတို႔သားျဖစ္မယ့္ဟြမ္ရွင္းက တစ္ခ်က္ပင္မလာခဲ့။ မိဘေတြသာအလုပ္မ်ားေနခဲ့သည္။

အခုလည္းမဂႅလာဝတ္စုံေ႐ြးရန္ရက္ခ်ိန္းတြင္ပင္ ဟြမ္ရွင္းကသူ႔အတြင္းေရးမႉး မင္ဝူဆိုသည့္သူ႔အားသူ႔ကိုယ္စားလႊတ္လိုက္ေလသည္။

" Boss ကအလုပ္ရႈပ္ေနလို႔ကိုယ္တိုင္မႏိုင္လာလို႔ေတာင္းပန္ပါတယ္။ ဒီအစားသခင္ေလးခ်ိဳးတင္းက်ယ္ကို မဂႅလာဝတ္စုံေ႐ြးခ်ယ္ဖို႔ဒီဇိုင္နာနဲ႔ ဝတ္စုံသုံးထဲမွာမွ သခင္ေလးခ်ိဳးႏွစ္သက္တဲ့တစ္စုံကိုသာေ႐ြးခ်ယ္ဖို႔မွာလိုက္ပါတယ္"

" ၃မ်ိဳးထဲကမွ ေ႐ြးရမွာလား "

" ဟုတ္ပါတယ္သခင္ေလး "

ခ်ိဳးတင္းက်ယ္စိတ္ပ်က္လက္ပ်က္ျဖင့္ ဒီဇိုင္နာကိုင္ထားသည့္ဝတ္စုံ၃စုံထဲမွာ တစ္စုံကိုသာခပ္ေပါ့ေပါ့လက္ညႇိဳးကာေ႐ြးလိုက္သည္။ မဟုတ္လည္း၃စုံထဲကတစ္စုံကိုဘဲေ႐ြးရမွာမလား ဘယ္အစုံျဖစ္ျဖစ္ေပါ့ၿပီးေကာမလား။

" ဒီတစ္ထည္ဘဲယူလိုက္ပါေတာမယ္ "

ဒီဇိုင္နာနဲ႔အတြင္းေရးမႉးတို႔ျပန္သြားေနာ္ခ်ိဳးတင္းက်ယ္ဆိုဖာေပၚတြင္မွီခ်ကာ မ်က္ႏွာက်က္သို႔စိက္ပ်က္လက္ပ်က္ေငးၾကည့္ေနမိသည္။ မဂႅလာပြဲေတာင္မေရာက္ေသးလူကိုပိုင္စိုးပိုင္နက္လာခ်ဳပ္‌ခ်ယ္ေနၿပီ။ ဒီလိုဘဲ ခ်ိဳးတင္းက်ယ္ အဲမုန္းစရာလူႀကီးနဲ႔လက္ထပ္ရေတာ့မွာပါလား ။

*

လက္ထပ္ပြဲမတိုင္ခင္၂ရက္အလိုတြင္ဟြမ္ရွင္းခ်ိဳးတင္းက်ယ္အိမ္သို႔ေရာက္လာသည္။မားမားကဟြမ္ရွင္းလာေနတယ္ဟုလာေခၚသျဖင့္ေအာက္ကိုဆင္းလာေတာ့သူ႔အိမ္သူယာကဲ့သို႔ ဧည့္ခန္းထဲတြင္ထိုင္ေနေသာဟြမ္ရွင္း သူ႔ကိုျမင္သည့္ႏွင့္ မ်က္ခုံးတစ္ခ်က္ပင့္ကာ ခပ္ေထ့ေထ့ၿပဳံးျပလာေလသည္။ ခ်ိဳးတင္းက်ယ္မ်က္ႏွာခ်င္းဆိုင္ခုံတြင္ဝင္ထိုင္လ်က္

" ဘာလာလုပ္တာလဲ ခင္ဗ်ား "

သူ႔အားျမင္သည့္ႏွင့္ခပ္‌စပ္စပ္ေမးလာပုံကမ်ားခပ္စိတ္စိတ္႐ိုက္ပစ္ခ်င္စရာ။ ဟြမ္ရွင္းကိုျမင္ေနရသည့္ကိုနည္းနည္းေလးမွအလိုမက်တဲ့ပုံက ညစာစားပြဲတုန္းကအတိုင္းပင္။ ဒီလိုပုံစံကို ကိုယ့္ကိုကိုတိုင္လည္းနည္းနည္းေလးမွလက္ထပ္မခ်င္ပါ။ သူ႔အားစူပုတ္ကာၾကည့္ေနတဲ့အေရွ႕ကလူသားကိုခပ္စူးစူးစိုက္ၾကည့္ေပးလိုက္ေတာ့ ခ်က္ခ်င္းပင္ေခါင္းငုံသြားေသာဒီလူ

"  လက္မထပ္ခင္ အိမ္သူေယာက္်ားျဖစ္လာမယ့္သူကိုအဆင္ေျပလားလို႔လာၾကည့္တာေလ အေၾကာင္းျပခ်က္လိုေသးလား " " ၾကည့္ရတာ အဆင္ေျပေနပုံဘဲ ဒါဆိုဒီေလာက္နဲ႔ကိုယ္ျပန္ေတာ့မယ္ " " အရွဴပ္အထုတ္ေတြကိုအခ်ိန္လိုက္ေပးေနဖို႔သိပ္မအားဘူး "

ထိုင္ေနရာမွမတ္တပ္ရပ္ကာလက္ကနာရီၾကည့္ကာေျပာလာတဲ့မ်က္စိေရွ႕ကလူ႔ကိုၾကည့္ကာခ်ိဳးတင္းက်ယ္တႏုံႏုံစိတ္တိုလာရသည္။ ဘယ္သူကလာၾကည့္ခိုင္းေနလို႔လဲ ေသာက္‌ပိုေတြေနလိုက္တာ အခ်ိန္မရွိဘူးေလးဘာေလးနဲ႔ အရႈပ္အထုတ္ ...? ႀကီးႀကီးက်ယ္က်ယ္နဲ႔ လူကိုမ်ားအရွဴပ္အထုတ္ဆိုလာေသး ။

" ဒါဆိုရင္လည္းႂကြပါေတာ့ ဗ်ာ "
" ခင္ဗ်ားကိုျမင္ရတာလည္း ခ်ိဳးတင္းက်ယ္တို႔လည္းေပ်ာ္မေနဘူး "

သူ႔ရဲ႕အေျပာေၾကာင့္တစ္ခ်က္စိုက္ၾကည့္ၿပီးဟြမ္ရွင္းထြက္သြားေတာ့ေလသည္။

***

လက္ထပ္ပြဲေန႔ 💍

( လက္ထပ္ပြဲကိုအက်ယ္တဝင့္မေရးေတာ့ပါဘူးေနာ္  )

လက္ထပ္ပြဲကို Ms.ဟြမ္၏ ႀကီးက်ယ္ခမ္းနားတဲ့ဟိုတယ္တစ္ခုတြင္က်င္းပသည္။ ခ်ိဳးတင္းက်ယ္၏အနား‌တြင္ သူငယ္ခ်င္းျဖစ္သူလီေဖ့အန္းႏွင့္သူ႔ခ်စ္သူ က်န္းဟိုင္တို႔ကလာေရာက္ေတြ႕ၿပီးေဖ့အန္းကငိုမဲ့မဲ့ျဖစ္ေနတဲ့သူ႔ကိုအားေပးစကားေျပာေနသည္။

" လက္ထပ္ရေတာ့မယ့္လူကမငိုရဘူးေလစိတ္မပူနဲ႔ေနာ္ခ်ိဳးခ်ိဳး ေကာကခ်ိဳးခ်ိဳးနားအၿမဲရွိေနမွာပါ ဖုန္းလည္းဆက္မယ္ေနာ္ မငိုနဲ႔ ငိုခ်င္ေနတဲ့သတို႔သားက႐ုပ္ဆိုးေတာ့မယ္ "

မၾကာမွီမဂႅလာပြဲစတင္ေတာ့မယ္ဟုအခမ္းအနားစီစဥ္သူကခ်ိဳးတင္းက်ယ္အားလာေျပာသည္။ ခ်ိဳးတင္းက်ယ္ကအျဖဴေရာင္ဝတ္စုံကိုဝတ္ထားၿပီးရင္ဘတ္တြင္သစ္ခြပန္းအျဖဴအားထိုးလ်က္ ပါးပါးျဖစ္သူ႔၏လက္ကိုကိုင္ကာ မ႑ပ္ေပၚသို႔ေလွ်ာက္လွမ္းလို႔လာသည္ ။ တစ္ဖက္တြင္ အျဖဴေရာင္ဝတ္စုံကိုပင္ဝတ္ဆင္ထားၿပီးခ်ိဳးတင္းက်ယ္နည္းတူ အျဖဴေရာက္သစ္ခြပန္းကိုပင္ရင္ဘတ္တြင္ထိုးထားသည္။ ဟြမ္ရွင္း၏မ်က္ႏွာသည္ေအးစက္တည္ၿငိမ္လ်က္ ခံစားခ်က္မရွိသည့္လူသားအလား။

ခ်ိဳးတင္းက်ယ္အား ပါးပါးျဖစ္သူက ဟြမ္ရွင္းအားလက္လႊဲအပ္လိုက္ေတာ့ ခ်ိဳးတင္းက်ယ္၏လက္မ်ားကိုဆုပ္ကိုင္လာသည့္ ေရခဲလိုေအးစက္ေနတဲ့ လက္မ်ားေၾကာင့္အနည္းငယ္ပင္တုန္မိသြားသည္။ ဘယ္လိုလူလဲေအးစက္ေနတာဘဲ။ ဟြမ္ရွင္းကသူ႔လက္အားတင္းတင္းတုပ္ကိုင္ထားကာ ဘုန္းေတာ္ႀကီးေရွ႕ႏွစ္ဉီးသားရပ္လိုက္ေလသည္။

ကတိသစၥာျပဳၿပီးေနာက္ ဘုန္းေတာ္ႀကီး၏ခြင့္ျပဳခ်က္အရႏႈတ္ခမ္းခ်င္းထိေတြ႕ရမည့္အခ်ိန္ေရာက္ေသာအခါ ခ်ိဳးတင္းက်ယ္ကလက္မ်ားေအးစက္ကာမ်က္လုံးအားမွိတ္ခ်လိုက္ေသာ္လည္း တ႐ုတ္ခ်ည္းျပင္ ေအးစက္ေနသည့္လက္ႏွစ္ဖက္ကာ ခ်ိဳးတင္းက်ယ္မ်က္ႏွာအားဆုပ္ကိုင္လာၿပီး ခပ္ပါးပါးႏႈတ္ခမ္းတစ္စုံဟာ ခ်ိဳးတင္းက်ယ္၏ႏႈတ္ခမ္းဖူးဖူးေပၚသို႔လာေရာက္ခစားကာနမ္းရႈိက္လိုက္ေလသည္။ ထိုအနမ္းကားေႏြးေထြးမႈမရွိဘဲအပိုင္ဟုသာတံဆိပ္ခတ္လိုက္သည့္အလား။ ႐ုတ္တရက္ပင္မၾကာေသးခင္ကမက္ခဲ့ဖူးတဲ့ အက်င့္မေကာင္းသည့္ျဖဴဖတ္ဖတ္ေကာင္အားနမ္းသည့္အိပ္မက္ႀကီးကိုပင္ခ်ိဳးတင္းက်ယ္ေျပးအမွတ္ရသြားသည္။ အနမ္းသည္တိုေတာင္းၿပီးေႏြးေထြးမႈမရွိ ေအာက္ႏႈတ္ခမ္းအားခပ္ဖြဖြဆြဲကိုက္လိုက္တဲ့ ဟြမ္ရွင္းေၾကာင့္ခ်ိဳးတင္းက်ယ္ကိုယ္ပင္ေတာင့္သြားမိသည္။

ဟြမ္ရွင္း နမ္းရႈိက္ေနေသာခ်ိဳးတင္းက်ယ္၏ႏႈတ္ခမ္းဖူးဖူးေလးဆီမႈႏူးညံ့မႉေၾကာင့္ အမွတ္မထင္ေအာက္ႏႈတ္ခမ္းအား ခပ္ဖြဖြကိုက္လိုက္ေတာ့ အေရွ႕မွထိုလူသား၏ခႏၶာကိုယ္ဟာေတာင့္သြားသည္ကို ဟြမ္ရွင္းသတိထားလိုက္မိသည္။ စိုအိ‌ႏူးညံ့လြန္းတဲ့ႏႈတ္ခမ္းဖူးဖူးေလးေၾကာင့္ ဟြမ္ရွင္းမလႊတ္ေပးခ်င္သေယာင္။ သို႔ေသာ္ႏႈတ္ခမ္းခ်င္းခြာလိုက္ၿပီးေနာက္ အေရွ႕မွထိုလူအားၾကည့္လိုက္ေတာ့ မ်က္လုံးဝိုင္းဝိုင္းႀကီးေတြျဖင့္သူ႔အားစိုက္ၾကည့္ေန ခ်ိဳးတင္းက်ယ္ ။ 

တဆိတ္ ... ဒီဟာေလးမ်က္ရည္ဝဲေနတာလား။

ဧည့္သည္မ်ား၏လက္ခုပ္သံမ်ားျဖင့္မဂႅလာပြဲဟာၿပီးဆုံးခဲ့ၿပီးသူတို႔၂ဉီးဟာလည္း တရားဝင္ဇနီးေမာင္ႏွံျဖစ္ခဲ့ၿပီ။  Dinner ပြဲကိုက်င္းပၿပီးေနာက္ ခ်ိဳးတင္းက်ယ္၏မိဘမ်ားကိုႏႈတ္ဆက္ကာ သူ႔ကိုယ္တိုင္လည္း Ms.ဟြမ္ႏႈတ္ဆက္ခဲ့ၿပီး ၂ဉီးသားအိမ္အသစ္ရွိရာဆီသို႔လာခဲ့ၾကေလသည္။

ခ်ိဳးတင္းက်ယ္ဟာလည္းကားထဲတြင္ၿငိမ္သက္လိုက္ပါလာလ်က္ အိမ္အသစ္ဆီအေရာက္  ဟြမ္ရွင္းသည္ခ်ိဳးတင္းက်ယ္အားအိပ္ခန္းကအေပၚထပ္မွာဟုေျပာလိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ေျပးတက္သြားေသာထိုလူ။

ခ်ိဳးတင္းက်ယ္ အိပ္ခန္းဆီသို႔သာဝင္လာခဲ့ၿပီးကုတင္ေပၚသို႔ထိုင္မည္အလုပ္ႏွင္းဆီပန္းပြင့္ခ်ပ္မ်ားျဖင့္အလွဆင္ထားသည့္အိပ္ယာေၾကာင့္ ပြင့္ခ်ပ္မ်ားကိုဖယ္ပစ္ကာ တက္ထိုင္ေနလိုက္သည္။ သူ႔ကုတင္ေပၚတြင္ထိုင္ခ်ၿပီး ဝတ္စုံခြၽတ္မည္အလုပ္ တံခါးဖြင့္လာသံေၾကာင့္ၾကည့္လိုက္ေတာ့ဟြမ္ရွင္းအခန္းထဲသို႔ဝင္လာခဲ့သည္။ မ်က္လုံးေတြကခ်ိဳးတင္းက်ယ္အားစိုက္ၾကည့္ေနသည့္အတြက္

" ခင္ဗ်ားဘာလာလုပ္တာလဲ "

သူ၏အေမးကိုမေျဖဘဲ ဟြမ္ရွင္း‌အခန္းထဲရွိေရခ်ိဳးခန္းဆီသို႔ဉီးတည္သြားလိုက္တာျမင္ေတာ့ခ်ိဳးတင္းက်ယ္စိတ္ကတင္းသြားသည္။ ဘာလဲအခုကသူ႔ကငါ့အေမးကိုလ်စ္လ်ဴရွဴလိုက္တာလား။

တခဏၾကာၿပီးေနာ္ ေရခ်ိဳးၿပီးသည့္ပုံႏွင့္ ညအိပ္ဝတ္စုံကိုပါဝတ္ဆင္ကာထြက္လာသည့္ ထိုလူကခ်ိဳးတင္းက်ယ္ထိုင္ေနသည့္တစ္လုံးရွိသည့္ကုတင္ေပၚတြင္တက္ထိုင္ၿပီးေနာက္

" ေရသြားခ်ိဳးလိုက္  ခ်ိဳးတင္း‌က်ယ္ "

ဟြမ္ရွင္းရဲ႕အေျပာကို ေပေစာင္းေစာင္းၾကည့္ကာေရခ်ိဳးခန္းဆီသို႔ေျပးဝင္သြားတဲ့ထိုဟာေလးက ဘယ္လိုလုံးတုန္း။ ဟြမ္ရွင္းကုတင္ေပၚတြင္ေခါင္းအုံးအားမွီလ်က္ထိုင္ကာဖုန္းၾကည့္ေနေတာ့ တခဏၾကာခ်ိဳးတင္းက်ယ္ထြက္လာေလသည္။ ကာတြန္း႐ုပ္ေတြပါသည့္ညဝတ္အိပ္အဝါေလးအားဝတ္ကာ ေခါင္းလုံးလုံးေလးနဲ႔ထိုလူကအသက္ၿပီးလို႔လက္ထပ္ထားသည့္လူႀကီးတစ္ေယာက္မွဟုတ္လို႔လားကေလးဆန္လိုက္တာ။ လက္ေသးေသးေဖာင္းေဖာင္းေလးေတြကဟြမ္ရွင္းနံေဘးရွိေခါင္းအုံးဆြဲယူကာ လွည့္ထြက္မည္လုပ္ေနတဲ့ထိုလူအား အလ်င္အျမန္လက္ဖ်ံအားဆြဲခ်လိုက္ေတာ့ သူရင္ခြင္ထဲသို႔အင့္ခနဲ႔ဝင္လာတဲ့ထိုကိုယ္လုံးေလး။

" ဘယ္သြားဖို႔ႀကိဳးစားေနတာလဲခ်ိဳးတင္းက်ယ္ "

" လႊတ္ ! မင္းနဲ႔အတူမအိပ္ဘူးတျခားအခန္းမွာသြားအိပ္မွာ "

ခ်ိဳးတင္းက်ယ္ရဲ႕စကားေၾကာင့္ဟြမ္ရွင္းကလက္ဖ်ံႏွစ္ဖက္အားဆုပ္ကိုင္ကာ ကုတင္ထက္သို႔ဖိခ်လိုက္ၿပီး အထက္ကေနပိတ္ေလွာင္ထားလိုက္တဲ့အေနအထားေၾကာင့္ ခ်ိဳးတင္းက်ယ္မ်က္ရည္မ်ားဝဲတက္လာသည္။

" ဒီေန႔ညက ကိုယ္တို႔ရဲ႕မဂႅလာဉီးညေလခ်ိဳးခ်ိဳးက ကိုယ္နဲ႔အတူအိပ္ရမွာေပါ့ "

ခ်ိဳးတင္းက်ယ္၏လည္ပင္းနားသို႔နီးကပ္စြာေျပာလာတဲ့ ေလသံခပ္တိုးတိုးေၾကာင့္ သူအလန္႔တၾကားပင္႐ုန္းမိေသာ္လည္းပိုမိုကာဖိကပ္လာတဲ့ဟြမ္ရွင္းေၾကာင့္

" အတူ .... အတူမအိပ္‌ႏိုင္ဘူးႏွာဘူးေကာင္ရ "

ခ်ိဳးတင္းက်ယ္၏အေျပာေၾကာင့္ဖိကပ္ထားရာမွလႊတ္ေပးလိုက္ၿပီးဟြမ္ရွင္းကာသူ႔အားခပ္ေလွာင္ေလွာင္အၿပဳံးျဖစ္ၾကည့္လာကာေျပာလာသည့္စကားတစ္ခြန္းေၾကာင့္ ခ်ိဳးတင္းက်ယ္ေရေႏြးပူပူထဲပင္ခုန္ခ်ခ်င္မိသြားသည္။

" ကိုယ့္ကမင္းကိုပထမဆုံးညမွာဘာလုပ္မယ္ထင္လို႔လဲ စိတ္ကူးယဥ္တာေလးေလ်ာ့သင့္တယ္ ခ်ိဳးေပါင္ေပ့ "

ရားးး !!!! ေဘာဘဲဟြမ္ရွင္း

( Author Note :

hihi ဟြမ္ရွင္းရွင္းတစ္ေယာက္ ခ်ိဳးခ်ိဳးလက္ကႏွာဘူးေကာင္လို႔အေခၚခံလိုက္ရပါၿပီရွင့္။

ဒီup တာနည္းနည္းေနာက္က်သြားတယ္ ။ updateက ေတာ့Luna ေန႔တိုင္းေပ်ာ္ရင္ေန႔တိုင္းupdateေပးမွာေနာ္ 🙂‍↔️

ဒါနဲ႔ မနက္ျဖန္ သားသားေလး ဟြမ္ရွင္းရွင္းရဲ႕ေမြးေန႔မို႔ သားသားကို Happy Birthday 🍀🎀 လို႔ေျပာေပးသြားၾကပါအုံးရွင့္။

မနက္ျဖန္သားသားေလးေမြးေန႔အတြက္ One shot ေလးတစ္ပုဒ္လာေပးသြားပါ့မယ္ေနာ္

Byebye luna တို႔ Part _ 6 မွာျပန္ေတြ႕ၾကပါ့မယ္။  )

Bạn đang đọc truyện trên: Truyen3h.Co