Truyen3h.Co

Her Devil Hero

Final

KimFany059

#Unicode

Ruby Jane တစ်ယောက် အပြင်မထွက်ရဘဲ Roseanneရဲ့ အိမ်ထဲမှာ  ပိတ်မိနေတာ တစ်လနီးပါးရှိနေသည်

Roseanneက Ruby Janeကို ထွက်ပြေးမှာဆိုးလို့ အပြင်ထွက်ခွင့် လုံးဝမပေးသည့်အပြင် ဖုန်းနဲ့ဆက်သွယ်ပြီး ထွက်ပြေးသွားမှာဆိုးလို့ ဖုန်းလည်း ကိုင်ခွင့်မပေးပေ...

တစ်လနီးပါး အိမ်တွင်းအောင်းထားရတော့ ရိက္ခာတစ်ချို့လည်း ပြတ်လပ်နေသောကြောင့် Roseanne အပြင်ထွက်ပြီး လိုအပ်တာတွေ ဝယ်ဖို့ စီစဥ်နေသည်

"Ruby. .."

"ဟင်...."

Ruby Jane မှာ ရုပ်ရှင်ကြည့်ရင်း Roseanneက သူမနာမည်ကို ခေါ်သောကြောင့် လှည့်ကြည့်လိုက်သည်

"အပြင်ခဏသွားမလို့ ဘာစားချင်လည်း ဝယ်ခဲ့မယ် "

"Soft bread စားချင်တယ် "

"Ok ဒါဆို ငါ အပြင်ခဏသွားအုံးမယ် ...အိမ်မှာ အေးဆေးရုပ်ရှင်ကြည့်နေနော် Ruby. ..ချစ်တယ် "

Ruby Janeရဲ့ နဖူးကို နမ်းပြီး Roseanne အိမ်ထဲက ထွက်သွားသည်

Roseanneရဲ့ ကားစက်သံကို ကြားပြီး Roseanne ကားမောင်းထွက်သွားတာကို Ruby Jane သိပြီး အိမ်တံခါးကို ဖွင့်ကြည့်တော့ ဖွင့်မရပေ

Roseanneက Ruby Jane ခိုးထွက်မယ်ဆိုတာသိလို့ အပြင်ကနေ အိမ်တံခါးကို သံကြိုးနဲ့ ပိတ်သွားတာလေ

Ruby Jane သက်ပြင်းချပြီး ပြတင်းပေါက်တွေ လိုက်ဖွင့်ကြည့်သော်လည်း သံဇကာတွေနဲ့ ပိတ်ထားတာ တွေ့ရလို့ လက်လျော့လိုက်ရပြီး ဆိုဖာပေါ်တွင် ပစ်လှဲလိုက်သည်

"ဒီအိမ်ကြီးထဲမှာ ခုလို တစ်သက်လုံး ပိတ်မိနေတော့မှာလား....Roseanneကိုလည်း ငါချစ်ပေမယ့် ဒီလိုအခြေအနေကြီးမှာ အိမ်ထဲပိတ်ခံရပြီး ရေလိုက်ငါးလိုက် မနေနိုင်ဘူးဟာ "

Ruby Jane ရေရွတ်ပြီး ခေါင်းခါရမ်းမိသည်

အိမ်ထဲမှာနေရတာ ပျင်းလို့ Ruby Jane မှာ အိမ်ကို လျှောက်ပတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်

သူမ ဒီအိမ်ကို ရောက်တာ တစ်လနီးပါး ရှိပြီဆိုပေမယ့် အိမ်တစ်ခုလုံးကို နှံ့စပ်အောင် မရောက်ဖူးပေ

ဧည့်ခန်းနဲ့ အိပ်ခန်းရယ် မီးဖိုခန်းမှာရယ်ဘဲ Ruby Jane အချိန်ကုန်ခဲ့ရသည်

Ruby Jane လျှောက်ပတ်ကြည့်ရင်း မြေတိုက်ခန်းရှေ့ရောက်တော့ စိတ်ထဲ မသက်ာဖြစ်နေပြန်သည်

Roseanne က ဘာလို့ သူမကို ဒီဘက် မလာခိုင်းရလည်းဆိုတာ Ruby Jane တွေးနေမိသည်

အိမ်ကို လျှောက်ကြည့်ရင်း အိမ်နောက်ဖေးက မြေကွက်လပ်လေးမှာ နှင်းဆီပန်းတွေ စိုက်ထားတာ မြင်တော့ Ruby Jane ပျော်ပြီး နှင်းဆီပန်းတွေဆီကို ပြေးသွားသည်

နှင်းဆီပန်းတွေကို ဂရုတစိုက်နဲ့ လိုက်ကြည့်ရင်း Ruby Jane တစ်ယောက် မြေကြီးတွေက မညီမညာဖြစ်နေတာကို သတိထားမိသွားသည်

ဘေးနားဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့ ပေါက်တူးကို တွေ့တာနဲ့ Ruby Jane ကောက်ယူပြီး သူမ သတိထားမိတဲ့ နေရာကို တူးလိုက်သည်

တူးရင်းနဲ့ လက်တစ်ဖက်ပေါ်လာတာကို မြင်တော့ Ruby Janeမှာ လန့်ပြီး ပေါက်တူးကို ပစ်ချကာ အော်လိုက်သည်

"အား!!! "

သို့သော်လည်း Ruby Janeမှာ သိချင်စိတ်နဲ့ ဆက်ပြီး ဖော်ကြည့်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကိုကြည့်ပြီး Ruby Jane တစ်ယောက် လက်ထဲက ပေါက်တူး ပြုတ်ကျသွားသည်

တစ်ကိုယ်လုံးသွေးတွေနဲ့ စုတ်ပြတ်သတ်နေတဲ့ Liamရဲ့ အလောင်းကို ကြည့်ပြီး Ruby Jane ဖင်ထိုင်ရက်လဲကျသွားသည်

"Liam! "

Liamရဲ့ စုတ်ပြတ်သတ်နေတဲ့ အလောင်းကိုကြည့်ပြီး Ruby Jane မျက်လုံးကို မှိတ်ထားပြီး ခေါင်းကို ခါရမ်းလိုက်သည်

"မဟုတ်ဘူး ဒါ.....ဒါ.... တောက်! Roseanne ငါ့ကို လိမ်ထားတာဘဲ....... အခုထိ ဘာလို့ လူတစ်ယောက်အသက်ကို ပုရွတ်ဆိတ်တစ်ကောင်ကို သတ်သလို လက်မရွံ့ဘဲ သတ်နေရတာလည်း Roseanneရယ်....နင်နဲ့ ဒီအခြေအနေကြား ဒီစိတ်နဲ့ ငါ ဘယ်လို ရှေ့ဆက်ရမလည်း "

Ruby Janeမှာ စိတ်တိုတာရော ဝမ်းနည်းတာရော ခံစားချက်တွေ ရောပြွန်းပြီး ထိုင်ငိုချလိုက်မိသည်

Roseanne မြို့ထဲက ပြန်မလာခင် Ruby Janeမှာ အလောင်းကိုပြန်မြှုပ်လိုက်သည်

"Rest In Peaceပါ Liamရယ်..... "

Liam အတွက် Ruby Jane ဆုတောင်းပေးပြီး ငိုထားတာမှန်းမသိအောင် မျက်နှာသစ်လိုက်သည်

ထို့နောက် ဟန်မပျက် ဧည့်ခန်းထဲ ထိုင်ပြီး Tv ကြည့်နေပေမယ့် စိတ်ထဲကတော့ Roseanne လက်ထဲကနေ ဘယ်လိုရုန်းထွက်ရမလည်းဆိုတာ တွေးနေမိသည်

Roseanne  ပြန်ရောက်လာတော့ ဆိုဖာပေါ် ခွေခွေလေး အိပ်ပျော်နေတဲ့ Ruby Janeကို တွေ့ရသည်

Roseanneလည်း အိပ်ပျော်နေတဲ့ Ruby Jane လေးကို ကြည့်ပြီး ပြုံးကာ ပစ္စည်းတွေကို သွားထားလေသည်

ထို့နောက် ဧည့်ခန်းကို ပြန်လာပြီး ဆိုဖာပေါ်က အိပ်ပျော်နေတဲ့ Ruby Janeကို ပွေ့ချီပြီး အခန်းထဲကို ခေါ်လာသည်

Ruby Janeကို စောင်ခြုံပေးပြီး Ruby Janeရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းကာ Roseanne အခန်းထဲက ထွက်လာခဲ့သည်

Roseanne ဟင်းချက်ပြီးတဲ့နောက်မှာတော့ နေ့လည်စာစားဖို့ Ruby Janeကို လာနှိုးလေသည်

"Ruby. ...Ruby. ..နေ့လည်စာ စားချိန်ရောက်ပြီ ထပါအုံး "

Ruby Janeမှာ မျက်လုံးဖွင့်ဖွင့်ချင်း Roseanneကို မြင်ပြီး လန့်လို့ ထအော်လေသည်

"အား! '

"Ruby ဘာဖြစ်တာလည်း ဘာဖြစ်လို့လည်း...Ruby. .. "

Roseanneမှာ Ruby Janeက ရုတ်တရက် ထအော်သောကြောင့် စိတ်ပူသွားသည်

"အာ ဘာ ဘာမှမဟုတ်ပါဘူး အိမ်မက်ဆိုးမက်နေလို့ "

Ruby Jane လိမ်ပြောလိုက်ပေမယ့် Roseanneကို ကြောက်လို့ ချွေးတွေ ထွက်လာသည်

"အိမ်မက်ဆိုးကလည်းကွာ ငါ့ကလေးကို နှောင့်ယှက်နေတာ သတ်ပစ်လိုက်ရမလား "

Roseanneရဲ့ စကားကြောင့် Ruby Janeမှာ တစ်ကိုယ်လုံးတုန်တက်သွားသည်

"အယ် လန့်သွားတာလား မလန့်ပါနဲ့ ငါက ရယ်ရအောင် စလိုက်တာပါ လာ... ရေသောက်လေ အချစ်လေး"

Roseanneမှာ စားပွဲခုံပေါ်က ရေဘူးကိုယူပြီး ခွက်ထဲ ရေငှဲ့ကာ Ruby Janeကို ပေးလိုက်သည်

"လာ ထမင်းစားရအောင် ငါ ဟင်းချက်ထားတယ် "

"Omm "

Ruby Janeတို့ ထမင်းစားပြီးနောက် Netflix က ရုပ်ရှင်ကို တူတူကြည့်ရင်း Ruby Jane တစ်ယောက် မနက်က သူမကြည့်ခဲ့တဲ့ ရုပ်ရှင်ထဲကလို လုပ်ဖို့ ဆုံးဖြတ်လိုက်သည်

"Roseanne "

"အွန်း..."

"ငါ ပီဇာစားချင်လို့ ..."

"စားချင်ရင် မှာလိုက်လေ Ruby "

Roseanneမှာ ဇာတ်ကားထဲကို အာရုံရောက်နေသောကြောင့် Ruby Janeမှာ ပျော်သွားသည်

"ဒါဆို ဖုန်းပေး ဖုန်းဆက်မှာလိုက်မယ် "

Ruby Janeရဲ့ စကားကြောင့် Roseanne မျက်မှောင်ကြုတ်သွားတော့ Ruby Janeမှာ Roseanne ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်

"Roseanneကလည်း ပြီးရင် နင် ဒီဖုန်းသုံးမှာဘဲကို ငါက ပေါက်ကရမလုပ်ပါဘူး ပြန်ကြည့်လို့ရတာဘဲကို "

"ပြီးရော ရော့..."

Ruby Jane တစ်ယောက် Aegyoလုပ်ပြီး ပြောတော့ Roseanneမှာ အရည်ပျော်ပြီး သူမရဲ့ ဖုန်းကို ထုတ်ပေးလိုက်သည်

"Hello 911 ကပါ "

"ဟုတ် ပီဇာမှာချင်လို့ပါ "

(ကျွန်တော် Facebookမှာ တွေ့လိုက်တဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းအတိုင်း ရေးထားတာပါ)

"ဟုတ် Madam ဒါက 91..."

ဖုန်းပြန်ဖြေတဲ့ ရဲမေလေးမှာ Ruby Janeရဲ့ စကားကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်

"သိပါတယ် အရေးပေါ် ပီဇာမှာချင်လို့ပါ "

ထိုအခါမှ ရဲမေမှာ တစ်ခုခုဖြစ်နေတာကို ရိပ်မိသွားသည်

"ဟုတ်ပြီ Madam အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဆိုတာ ကျွန်မ သိပါပြီ ဘေးမှာ လူရှိလား ဘယ်နှယောက်လဲ "

"ဟုတ် ရှိပါတယ် Roseanne နင်လည်း စားမယ်မလား "

Ruby Jane မေးတော့ Roseanne မှာ ပြန်ဖြေလိုက်သည်

"အင်း စားမယ် "

"သိပါပြီ အဲ့တစ်ယောက်မှာ အန္တရာယ် ဖြစ်စေမယ့် လက်နက်တွေ ရှိပါသလား "

Roseanne မှာ သေနတ်ရှိတာကို Ruby Jane သတိရသွားသည်

"ရှိပါတယ် "

"ဒါဆို လိပ်စာလေးပြောပြပေးပါ ကျွန်မတို့ ချက်ချင်းလာခဲ့မှာမို့ အဲ့ချိန်ထိ လုံလုံခြုံခြုံနဲ့နေပေးပါ "

"ဖြစ်နိုင်ရင် နီးစပ်ရာကနေ ခုချက်ချင်းလာပို့ပေးပါရှင် "

"Ruby... ပီဇာမှာတာ ဘာလို့ အဲ့လောက်ကြာနေတာလည်း "

Roseanne မှာ နည်းနည်းသံသယဝင်လာလို့ Ruby Janeဆီ လျှောက်လာပြီး ဖုန်းကိုဆွဲလုတော့ 911ကို ဖုန်းဆက်တာ သိပြီး စိတ်တိုသွားသည်

ဖြန်း!!

Roseanne စိတ်တိုပြီး Ruby Janeကို ရိုက်ပစ်သည်

"နင်က ငါ့ဆီက ထွက်ပြေးချင်နေတာဘဲ Ruby "

"Roseanne အဲ့လို မဟုတ်...."

"ဘာမဟုတ်ရမှာလည်း ဒါဆို 911ကို ဘာလို့ ဖုန်းဆက်ရတာလည်း နင် အဲ့ဒီလောက်တောင် ဖြစ်နေတာလား ငါနဲ့ မနေချင်ဘူးပေါ့ ဟုတ်လား Ruby Jane. .."

Roseanne လက်ထဲကဖုန်းကို လွှင့်ပစ်ပြီး အော်ဟစ်လိုက်သည်

"Roseanne. .."

"ကောင်းပြီ နင် အဲ့ဒီလောက်တောင် ထွက်ပြေးချင်တယ် ငါ့ဆီမှာ မနေချင်ဘူးဆိုရင် ထွက်ပြေးလိုက် နင့်ကိုငါ ထွက်ပြေးဖို့ အချိန် ဆယ်မိနစ်ပေးမယ်.. "

"ဟို "

"အဲ့ဆယ်မိနစ်အတွင်း နင် လွတ်အောင်ပြေး....ဆယ်မိနစ်ပြည့်တာနဲ့  နင့်ကို အသေရရ အရှင်ရရ ငါလိုက်ဖမ်းမယ် အိုကေလား ပြေးတော့ Ruby Jane Run You better run "

Roseanne ပြောပြီး သော့ကိုပစ်ပြေးကာ သူ့အခန်းထဲ ဝင်သွားသည်

Ruby Janeမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေပေမယ့် Roseanneနဲ့ ဆက်နေရင် အခြေအနေမကောင်းဘူးဆိုတာ သိလို့ သော့ကိုယူပြီး အိမ်တံခါးကို ဖွင့်ကာ ထွက်ပြေးသွားသည်

Roseanneမှာ သေနတ်တစ်လက်ကို ခါးကြားထဲထည့််ပြီး နောက်တစ်လက်ကို ကျည်အပြည့်ထည့်လိုက်သည်

ထို့နောက် နာရီကို ကြည့်ပြီး ကုတင်ပေါ်တွင် ထိုင်စောင့်နေသည်

Ruby Janeမှာ လမ်းမပေါ်တွင် ပြေးရင်း ကူရာကယ်ရာမဲ့ ဖြစ်နေသည်

ထိုစဥ် ကားတစ်စီးက သူမရှေ့လာရပ်သောကြောင့် ကြည့်လိုက်တော့ အမျိုးသားတစ်ယောက် ဖြစ်နေသည်

"Girl မင်း တစ်ယောက်တည်း ပြေးနေတာ မမောဘူးလား ကိုယ်လိုက်ပို့ပေးမယ်လေ ဘယ်သွားမှာလည်း.... "

"ဟို "

"အားနာစရာမလိုဘူးနော် လမ်းကြုံကြုံမကြုံကြုံ လိုက်ပို့ပေး...."

Bang!

သေနတ်သံနဲ့အတူ လဲကျသွားတဲ့ အမျိုးသားကို ကြည့်ပြီး Ruby Jane အော်လိုက်မိသည်

သေနတ်နဲ့ ပစ်သူကို ကြည့်လိုက်တော့ ကားရှေ့မှာ ရပ်နေတဲ့ Roseanne. ...သေနတ်မောင်းကို ထပ်ချိန်ပြီး Ruby Janeကို ရွယ်ထားသည်

"Roseanne. ..ငါ ငါတောင်းပန်ပါတယ် အဲ့လိုမလုပ်ပါနဲ့ "

"Ruby Jane. ..အသက်ရှင်ရက်နဲ့ ငါ့ဆီပြန်လိုက်မလား မလိုက်ဘူးလားဆိုတာဖြေ ....ပြေးချင်ပေးထားတာတောင် ငါ့ဆီက လွတ်အောင် မပြေးနိုင်ဘူးဘဲ "

Ruby Janeမှာ ဘာလုပ်ရမှန်းမသိ မသိ ဖြစ်နေစဥ် ရဲကားတွေ ရောက်လာသောကြောင့် အားတက်သွားသည်

"Miss သေနတ်ကို အောက်ချလိုက်ပါ .....လက်မြှောက်ထားပါ Miss "

ရဲကားထဲက ရဲတစ်ယောက်က ဆင်းလာပြီး Roseanneကို တားပေမယ့် Roseanneမှာ Devil အသံနဲ့ ရယ်ပြီး ထိုရဲကို သေနတ်နဲ့ ပစ်လေသည်

Bang!

ထိုရဲမှာ Roseanne ပစ်တဲ့ ကျည်ကို ရှောင်လိုက်ပြီး Roseanneရဲ့ ခြေထောက်ကို သေနတ်နဲ့ပစ်လိုက်သည်

Roseanneက လူတစ်ယောက်ကို သတ်ထားပြီး ရဲကိုပါ အန္တရာယ် ပေးဖို့ ကြိုးစားလို့ ရဲတွေဘက်က ပစ်မိန့်ရထားတယ်လေ

Bang!

Roseanneမှာ ခြေထောက်ကို ကျည်မှန်သွားပေမယ့် လဲမကျအောင်တောင့်ခံပြီး ရဲကို ထပ်ပစ်ပြန်သည်

"Roseanne stop "

တစ်ခြားရဲတွေပါ ကားပေါ်က ဆင်းလာပြီး Roseanneကို ဖမ်းဖို့ကြိုးစားလေသည်

နောက်ထပ် ခြေထောက်တစ်ဖက်ပါ ကျည်မှန်သွားတာကို မရပ်သေးဘဲ ရဲကို သေနတ်နဲ့ ဆက်ပစ်နေတဲ့ Roseanneဆီကို Ruby Jane ပြေးသွားသည်

"Roseanne လာလာ "

Ruby Janeမှာ Roseanneကို တွဲပြီး ကားပေါ်ကို ခေါ်သွားသည်

ထို့နောက် Ruby Janeမှာ ကားပေါ်တက်ပြီး back ဂီယာ နင်းကာ အနောက်ကို ဆုတ်ပြီး စီယာတိုင်လှည့်ပြီး ရဲတွေနဲ့ ဝေးရာကို မောင်းပြေးသွားသည်

"Roseanne ခဏအားတင်းထားနော် Oh my god သွေးထွက်လွန်နေတာဘဲ ငါ တောင်းပန်ပါတယ် Roseanneရယ် ငါ့ကြောင့် ဖြစ်ရတာ '

"မဟုတ်တာ...နင် ထွက်ပြေးချင်တာမလား ဘာလို့ မပြေးဘဲ  .."

"ဟင့်အင်း ငါမပြေးချင်တော့ဘူး ငါနင့်ကို ကာကွယ်ပေးချင်တာဘဲ သိတယ်......နင့်ခြေထောက် ပြန်ကောင်းရင် ငါတို့ Korea ပြန်သွားမယ် နင့်ကို စိတ်ကျန်းမာရေးဆေးရုံမှာ သေချာကုပေးမယ် အားလုံးကိုမေ့ပစ်ပြီး ငါတို့ အစကနေ ပြန်စကြမယ်  ...."

Ruby Janeရဲ့ စကားကြောင့် Roseanne ဝမ်းနည်းပြီး မျက်ရည်တွေကျလာသည်

"ငါ ငါလုပ်ခဲ့သမျှအတွက် တောင်းပန်ပါတယ် ငါ့စိတ်က...."

"သိတယ် နင့်စိတ်က Psychopath တစ်ယောက်လိုဖြစ်နေမှန်း...ဒါကြောင့်မို့ ငါတို့ဆေးရုံပြမယ်လို့ ပြောတာလေ ချီးဘဲ အနောက်ကနေ ရဲကားတွေလိုက်လာပြီ မျက်ခြေဖြတ်မှ ဖြစ်မယ် "

Ruby Jane ကားမှန်ကို ကြည့်ပြီး ရဲကားတွေကို မျက်ခြေဖြတ်ဖို့  လီဗာတင်လိုက်သည်

******

"ဆေးခန်းသွားပြမှ ဖြစ်မယ်... "

"မဖြစ်သေးဘူးလေ Rubyရယ် ရဲတွေက ငါတို့ကို လိုက်ရှာနေတာကို ငါ့ဘာသာငါ ကျည်ထုတ်ပြီး ချုပ်လိုက်ပါမယ် "

Ruby Janeတို့ ယခု မိုတယ်တစ်ခုမှာ ပုန်းနေကြခြင်း ဖြစ်သည်

ကံကောင်းထောက်မစွာနဲ့ Roseanneရဲ့ ကားထဲ မနက်က ပိုက်ဆံအိတ်ကျန်နေခဲ့ပြီး ထိုပိုက်ဆံအိတ်နဲ့ မိုတယ်မှာ ပုန်းနေခြင်း ဖြစ်သည်

"ဘယ်မှာလည်း ချုပ်ဖို့က "

"ဒီက ဝန်ထမ်းတစ်ယောက်ကို မုန့်ဖိုးပေးပြီး ဆေးပစ္စည်းတွေ ဝယ်ခိုင်းလိုက်မယ်လေ "

Roseanne အကြံနဲ့ ဝန်ထမ်းတစ်ယောက်ကို လိုအပ်တဲ့ ဆေးပစ္စည်းတွေဝယ်ခိုင်းပြီးနောက်....

Roseanneမှာ သူ့ခြေထောက်ထဲက ကျည်ဆံကို အရက်ပြန်လောင်းပြီး ဖယ်နေချိန် Ruby Janeမှာ ကြောက်ပြီး မျက်လုံးမှိတ်ထားသည်

"ရပြီ Ruby ပေါက်စ မျက်လုံးဖွင့်တော့ "

Ruby Jane မျက်လုံးဖွင့်လိုက်တော့ ပတ်တီးစည်းထားတဲ့ Roseanneရဲ့ ခြေထောက်ကို တွေ့လိုက်ရသည်

"Roseanne နင် မနာဘူးလား "

"ငါ့ဘေးမှာ နင်ရှိနေတာဘဲ မနာပါဘူး "

Roseanneမှာ ပြောပြီး Ruby Janeကို နမ်းလိုက်တော့ Ruby Janeမှာ ပြုံးလိုက်သည်

"ငါက လူဆိုးမကို ချစ်မိနေတာဘဲ "

"ဒါပေါ့ ....ငါ ကတိပေးတယ် Ruby. ..ငါ အခုကစပြီး ငါ့စိတ်ကို ငါထိန်းပါမယ်.... နင်ဖြစ်စေချင်တဲ့အတိုင်း ငါကုပါမယ်....ဒါကြောင့်မို့ ငါ့ဘေးနားက ထွက်မသွားပါနဲ့နော် "

"ငါ ကတိပေးပါတယ်..နင့်အနားမှာ အမြဲရှိနေပေးပါမယ်.."

Ruby Jane ပြောပြီး Roseanneကို ဖက်လိုက်သည်

သူမ ဘယ်လောက်ဘဲ Roseanneဆီက ထွက်ပြေးပြေး နောက်ဆုံး Roseanneဆီကိုဘဲ ပြန်ရောက်လာခဲ့တယ်လေ ....ဒါကြောင့်မို့ ထပ်ပြီး ထွက်မပြေးတော့ဘဲ Roseanneနားမှာနေပြီး ပြုပြင်ပေးဖို့ Ruby Jane ဆုံးဖြတ်ခဲ့သည်   .....

The End

တကယ်တော့ Sad Ending လုပ်ဖို့ ကြံရွယ်ထားတာပါ ဒါပေမယ့် ဒါက author ပထမဆုံးရေးတဲ့ Chaennie ficလေးရယ် ပြီးကျ Chaennie ficတော်တော်များများက SEမို့လို့ HE ရေးလိုက်တာပါ ပေါ့ပျက်ပျက် ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ့ 🙌

#zawgyi

Ruby Jane တစ္ေယာက္ အျပင္မထြက္ရဘဲ Roseanneရဲ႕ အိမ္ထဲမွာ  ပိတ္မိေနတာ တစ္လနီးပါးရွိေနသည္

Roseanneက Ruby Janeကို ထြက္ေျပးမွာဆိုးလို႔ အျပင္ထြက္ခြင့္ လုံးဝမေပးသည့္အျပင္ ဖုန္းနဲ႕ဆက္သြယ္ၿပီး ထြက္ေျပးသြားမွာဆိုးလို႔ ဖုန္းလည္း ကိုင္ခြင့္မေပးေပ...

တစ္လနီးပါး အိမ္တြင္းေအာင္းထားရေတာ့ ရိကၡာတစ္ခ်ိဳ႕လည္း ျပတ္လပ္ေနေသာေၾကာင့္ Roseanne အျပင္ထြက္ၿပီး လိုအပ္တာေတြ ဝယ္ဖို႔ စီစဥ္ေနသည္

"Ruby. .."

"ဟင္...."

Ruby Jane မွာ ႐ုပ္ရွင္ၾကည့္ရင္း Roseanneက သူမနာမည္ကို ေခၚေသာေၾကာင့္ လွည့္ၾကည့္လိုက္သည္

"အျပင္ခဏသြားမလို႔ ဘာစားခ်င္လည္း ဝယ္ခဲ့မယ္ "

"Soft bread စားခ်င္တယ္ "

"Ok ဒါဆို ငါ အျပင္ခဏသြားအုံးမယ္ ...အိမ္မွာ ေအးေဆး႐ုပ္ရွင္ၾကည့္ေနေနာ္ Ruby. ..ခ်စ္တယ္ "

Ruby Janeရဲ႕ နဖူးကို နမ္းၿပီး Roseanne အိမ္ထဲက ထြက္သြားသည္

Roseanneရဲ႕ ကားစက္သံကို ၾကားၿပီး Roseanne ကားေမာင္းထြက္သြားတာကို Ruby Jane သိၿပီး အိမ္တံခါးကို ဖြင့္ၾကည့္ေတာ့ ဖြင့္မရေပ

Roseanneက Ruby Jane ခိုးထြက္မယ္ဆိုတာသိလို႔ အျပင္ကေန အိမ္တံခါးကို သံႀကိဳးနဲ႕ ပိတ္သြားတာေလ

Ruby Jane သက္ျပင္းခ်ၿပီး ျပတင္းေပါက္ေတြ လိုက္ဖြင့္ၾကည့္ေသာ္လည္း သံဇကာေတြနဲ႕ ပိတ္ထားတာ ေတြ႕ရလို႔ လက္ေလ်ာ့လိုက္ရၿပီး ဆိုဖာေပၚတြင္ ပစ္လွဲလိုက္သည္

"ဒီအိမ္ႀကီးထဲမွာ ခုလို တစ္သက္လုံး ပိတ္မိေနေတာ့မွာလား....Roseanneကိုလည္း ငါခ်စ္ေပမယ့္ ဒီလိုအေျခအေနႀကီးမွာ အိမ္ထဲပိတ္ခံရၿပီး ေရလိုက္ငါးလိုက္ မေနနိုင္ဘူးဟာ "

Ruby Jane ေရ႐ြတ္ၿပီး ေခါင္းခါရမ္းမိသည္

အိမ္ထဲမွာေနရတာ ပ်င္းလို႔ Ruby Jane မွာ အိမ္ကို ေလွ်ာက္ပတ္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္

သူမ ဒီအိမ္ကို ေရာက္တာ တစ္လနီးပါး ရွိၿပီဆိုေပမယ့္ အိမ္တစ္ခုလုံးကို ႏွံ႕စပ္ေအာင္ မေရာက္ဖူးေပ

ဧည့္ခန္းနဲ႕ အိပ္ခန္းရယ္ မီးဖိုခန္းမွာရယ္ဘဲ Ruby Jane အခ်ိန္ကုန္ခဲ့ရသည္

Ruby Jane ေလွ်ာက္ပတ္ၾကည့္ရင္း ေျမတိုက္ခန္းေရွ႕ေရာက္ေတာ့ စိတ္ထဲ မသက္ာျဖစ္ေနျပန္သည္

Roseanne က ဘာလို႔ သူမကို ဒီဘက္ မလာခိုင္းရလည္းဆိုတာ Ruby Jane ေတြးေနမိသည္

အိမ္ကို ေလွ်ာက္ၾကည့္ရင္း အိမ္ေနာက္ေဖးက ေျမကြက္လပ္ေလးမွာ ႏွင္းဆီပန္းေတြ စိုက္ထားတာ ျမင္ေတာ့ Ruby Jane ေပ်ာ္ၿပီး ႏွင္းဆီပန္းေတြဆီကို ေျပးသြားသည္

ႏွင္းဆီပန္းေတြကို ဂ႐ုတစိုက္နဲ႕ လိုက္ၾကည့္ရင္း Ruby Jane တစ္ေယာက္ ေျမႀကီးေတြက မညီမညာျဖစ္ေနတာကို သတိထားမိသြားသည္

ေဘးနားဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ေပါက္တူးကို ေတြ႕တာနဲ႕ Ruby Jane ေကာက္ယူၿပီး သူမ သတိထားမိတဲ့ ေနရာကို တူးလိုက္သည္

တူးရင္းနဲ႕ လက္တစ္ဖက္ေပၚလာတာကို ျမင္ေတာ့ Ruby Janeမွာ လန့္ၿပီး ေပါက္တူးကို ပစ္ခ်ကာ ေအာ္လိုက္သည္

"အား!!! "

သို႔ေသာ္လည္း Ruby Janeမွာ သိခ်င္စိတ္နဲ႕ ဆက္ၿပီး ေဖာ္ၾကည့္ေတာ့ ျမင္လိုက္ရတဲ့ ျမင္ကြင္းကိုၾကည့္ၿပီး Ruby Jane တစ္ေယာက္ လက္ထဲက ေပါက္တူး ျပဳတ္က်သြားသည္

တစ္ကိုယ္လုံးေသြးေတြနဲ႕ စုတ္ျပတ္သတ္ေနတဲ့ Liamရဲ႕ အေလာင္းကို ၾကည့္ၿပီး Ruby Jane ဖင္ထိုင္ရက္လဲက်သြားသည္

"Liam! "

Liamရဲ႕ စုတ္ျပတ္သတ္ေနတဲ့ အေလာင္းကိုၾကည့္ၿပီး Ruby Jane မ်က္လုံးကို မွိတ္ထားၿပီး ေခါင္းကို ခါရမ္းလိုက္သည္

"မဟုတ္ဘူး ဒါ.....ဒါ.... ေတာက္! Roseanne ငါ့ကို လိမ္ထားတာဘဲ....... အခုထိ ဘာလို႔ လူတစ္ေယာက္အသက္ကို ပု႐ြတ္ဆိတ္တစ္ေကာင္ကို သတ္သလို လက္မ႐ြံ႕ဘဲ သတ္ေနရတာလည္း Roseanneရယ္....နင္နဲ႕ ဒီအေျခအေနၾကား ဒီစိတ္နဲ႕ ငါ ဘယ္လို ေရွ႕ဆက္ရမလည္း "

Ruby Janeမွာ စိတ္တိုတာေရာ ဝမ္းနည္းတာေရာ ခံစားခ်က္ေတြ ေရာႁပြန္းၿပီး ထိုင္ငိုခ်လိဳက္မိသည္

Roseanne ၿမိဳ႕ထဲက ျပန္မလာခင္ Ruby Janeမွာ အေလာင္းကိုျပန္ျမႇုပ္လိုက္သည္

"Rest In Peaceပါ Liamရယ္..... "

Liam အတြက္ Ruby Jane ဆုေတာင္းေပးၿပီး ငိုထားတာမွန္းမသိေအာင္ မ်က္ႏွာသစ္လိုက္သည္

ထို႔ေနာက္ ဟန္မပ်က္ ဧည့္ခန္းထဲ ထိုင္ၿပီး Tv ၾကည့္ေနေပမယ့္ စိတ္ထဲကေတာ့ Roseanne လက္ထဲကေန ဘယ္လို႐ုန္းထြက္ရမလည္းဆိုတာ ေတြးေနမိသည္

Roseanne  ျပန္ေရာက္လာေတာ့ ဆိုဖာေပၚ ေခြေခြေလး အိပ္ေပ်ာ္ေနတဲ့ Ruby Janeကို ေတြ႕ရသည္

Roseanneလည္း အိပ္ေပ်ာ္ေနတဲ့ Ruby Jane ေလးကို ၾကည့္ၿပီး ၿပဳံးကာ ပစၥည္းေတြကို သြားထားေလသည္

ထို႔ေနာက္ ဧည့္ခန္းကို ျပန္လာၿပီး ဆိုဖာေပၚက အိပ္ေပ်ာ္ေနတဲ့ Ruby Janeကို ေပြ႕ခ်ီၿပီး အခန္းထဲကို ေခၚလာသည္

Ruby Janeကို ေစာင္ၿခဳံေပးၿပီး Ruby Janeရဲ႕ ပါးေဖာင္းေဖာင္းေလးကို နမ္းကာ Roseanne အခန္းထဲက ထြက္လာခဲ့သည္

Roseanne ဟင္းခ်က္ၿပီးတဲ့ေနာက္မွာေတာ့ ေန႕လည္စာစားဖို႔ Ruby Janeကို လာႏွိုးေလသည္

"Ruby. ...Ruby. ..ေန႕လည္စာ စားခ်ိန္ေရာက္ၿပီ ထပါအုံး "

Ruby Janeမွာ မ်က္လုံးဖြင့္ဖြင့္ခ်င္း Roseanneကို ျမင္ၿပီး လန့္လို႔ ထေအာ္ေလသည္

"အား! '

"Ruby ဘာျဖစ္တာလည္း ဘာျဖစ္လို႔လည္း...Ruby. .. "

Roseanneမွာ Ruby Janeက ႐ုတ္တရက္ ထေအာ္ေသာေၾကာင့္ စိတ္ပူသြားသည္

"အာ ဘာ ဘာမွမဟုတ္ပါဘူး အိမ္မက္ဆိုးမက္ေနလို႔ "

Ruby Jane လိမ္ေျပာလိုက္ေပမယ့္ Roseanneကို ေၾကာက္လို႔ ေခြၽးေတြ ထြက္လာသည္

"အိမ္မက္ဆိုးကလည္းကြာ ငါ့ကေလးကို ႏွောင့္ယွက္ေနတာ သတ္ပစ္လိုက္ရမလား "

Roseanneရဲ႕ စကားေၾကာင့္ Ruby Janeမွာ တစ္ကိုယ္လုံးတုန္တက္သြားသည္

"အယ္ လန့္သြားတာလား မလန့္ပါနဲ႕ ငါက ရယ္ရေအာင္ စလိုက္တာပါ လာ... ေရေသာက္ေလ အခ်စ္ေလး"

Roseanneမွာ စားပြဲခုံေပၚက ေရဘူးကိုယူၿပီး ခြက္ထဲ ေရငွဲ႕ကာ Ruby Janeကို ေပးလိုက္သည္

"လာ ထမင္းစားရေအာင္ ငါ ဟင္းခ်က္ထားတယ္ "

"Omm "

Ruby Janeတို႔ ထမင္းစားၿပီးေနာက္ Netflix က ႐ုပ္ရွင္ကို တူတူၾကည့္ရင္း Ruby Jane တစ္ေယာက္ မနက္က သူမၾကည့္ခဲ့တဲ့ ႐ုပ္ရွင္ထဲကလို လုပ္ဖို႔ ဆုံးျဖတ္လိုက္သည္

"Roseanne "

"အြန္း..."

"ငါ ပီဇာစားခ်င္လို႔ ..."

"စားခ်င္ရင္ မွာလိုက္ေလ Ruby "

Roseanneမွာ ဇာတ္ကားထဲကို အာ႐ုံေရာက္ေနေသာေၾကာင့္ Ruby Janeမွာ ေပ်ာ္သြားသည္

"ဒါဆို ဖုန္းေပး ဖုန္းဆက္မွာလိုက္မယ္ "

Ruby Janeရဲ႕ စကားေၾကာင့္ Roseanne မ်က္ေမွာင္ၾကဳတ္သြားေတာ့ Ruby Janeမွာ Roseanne ရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္

"Roseanneကလည္း ၿပီးရင္ နင္ ဒီဖုန္းသုံးမွာဘဲကို ငါက ေပါက္ကရမလုပ္ပါဘူး ျပန္ၾကည့္လို႔ရတာဘဲကို "

"ၿပီးေရာ ေရာ့..."

Ruby Jane တစ္ေယာက္ Aegyoလုပ္ၿပီး ေျပာေတာ့ Roseanneမွာ အရည္ေပ်ာ္ၿပီး သူမရဲ႕ ဖုန္းကို ထုတ္ေပးလိုက္သည္

"Hello 911 ကပါ "

"ဟုတ္ ပီဇာမွာခ်င္လို႔ပါ "

(ကြၽန္ေတာ္ Facebookမွာ ေတြ႕လိုက္တဲ့ ဇာတ္ကားထဲက ဇာတ္ဝင္ခန္းအတိုင္း ေရးထားတာပါ)

"ဟုတ္ Madam ဒါက 91..."

ဖုန္းျပန္ေျဖတဲ့ ရဲေမေလးမွာ Ruby Janeရဲ႕ စကားေၾကာင့္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားသည္

"သိပါတယ္ အေရးေပၚ ပီဇာမွာခ်င္လို႔ပါ "

ထိုအခါမွ ရဲေမမွာ တစ္ခုခုျဖစ္ေနတာကို ရိပ္မိသြားသည္

"ဟုတ္ၿပီ Madam အႏၱရာယ္နဲ႕ ရင္ဆိုင္ေနရၿပီဆိုတာ ကြၽန္မ သိပါၿပီ ေဘးမွာ လူရွိလား ဘယ္ႏွေယာက္လဲ "

"ဟုတ္ ရွိပါတယ္ Roseanne နင္လည္း စားမယ္မလား "

Ruby Jane ေမးေတာ့ Roseanne မွာ ျပန္ေျဖလိုက္သည္

"အင္း စားမယ္ "

"သိပါၿပီ အဲ့တစ္ေယာက္မွာ အႏၱရာယ္ ျဖစ္ေစမယ့္ လက္နက္ေတြ ရွိပါသလား "

Roseanne မွာ ေသနတ္ရွိတာကို Ruby Jane သတိရသြားသည္

"ရွိပါတယ္ "

"ဒါဆို လိပ္စာေလးေျပာျပေပးပါ ကြၽန္မတို႔ ခ်က္ခ်င္းလာခဲ့မွာမို႔ အဲ့ခ်ိန္ထိ လုံလုံၿခဳံၿခဳံနဲ႕ေနေပးပါ "

"ျဖစ္နိုင္ရင္ နီးစပ္ရာကေန ခုခ်က္ခ်င္းလာပို႔ေပးပါရွင္ "

"Ruby... ပီဇာမွာတာ ဘာလို႔ အဲ့ေလာက္ၾကာေနတာလည္း "

Roseanne မွာ နည္းနည္းသံသယဝင္လာလို႔ Ruby Janeဆီ ေလွ်ာက္လာၿပီး ဖုန္းကိုဆြဲလုေတာ့ 911ကို ဖုန္းဆက္တာ သိၿပီး စိတ္တိုသြားသည္

ျဖန္း!!

Roseanne စိတ္တိုၿပီး Ruby Janeကို ရိုက္ပစ္သည္

"နင္က ငါ့ဆီက ထြက္ေျပးခ်င္ေနတာဘဲ Ruby "

"Roseanne အဲ့လို မဟုတ္...."

"ဘာမဟုတ္ရမွာလည္း ဒါဆို 911ကို ဘာလို႔ ဖုန္းဆက္ရတာလည္း နင္ အဲ့ဒီေလာက္ေတာင္ ျဖစ္ေနတာလား ငါနဲ႕ မေနခ်င္ဘူးေပါ့ ဟုတ္လား Ruby Jane. .."

Roseanne လက္ထဲကဖုန္းကို လႊင့္ပစ္ၿပီး ေအာ္ဟစ္လိုက္သည္

"Roseanne. .."

"ေကာင္းၿပီ နင္ အဲ့ဒီေလာက္ေတာင္ ထြက္ေျပးခ်င္တယ္ ငါ့ဆီမွာ မေနခ်င္ဘူးဆိုရင္ ထြက္ေျပးလိုက္ နင့္ကိုငါ ထြက္ေျပးဖို႔ အခ်ိန္ ဆယ္မိနစ္ေပးမယ္.. "

"ဟို "

"အဲ့ဆယ္မိနစ္အတြင္း နင္ လြတ္ေအာင္ေျပး....ဆယ္မိနစ္ျပည့္တာနဲ႕  နင့္ကို အေသရရ အရွင္ရရ ငါလိုက္ဖမ္းမယ္ အိုေကလား ေျပးေတာ့ Ruby Jane Run You better run "

Roseanne ေျပာၿပီး ေသာ့ကိုပစ္ေျပးကာ သူ႕အခန္းထဲ ဝင္သြားသည္

Ruby Janeမွာ ဘာလုပ္ရမွန္းမသိ ျဖစ္ေနေပမယ့္ Roseanneနဲ႕ ဆက္ေနရင္ အေျခအေနမေကာင္းဘူးဆိုတာ သိလို႔ ေသာ့ကိုယူၿပီး အိမ္တံခါးကို ဖြင့္ကာ ထြက္ေျပးသြားသည္

Roseanneမွာ ေသနတ္တစ္လက္ကို ခါးၾကားထဲထည့္္ၿပီး ေနာက္တစ္လက္ကို က်ည္အျပည့္ထည့္လိုက္သည္

ထို႔ေနာက္ နာရီကို ၾကည့္ၿပီး ကုတင္ေပၚတြင္ ထိုင္ေစာင့္ေနသည္

Ruby Janeမွာ လမ္းမေပၚတြင္ ေျပးရင္း ကူရာကယ္ရာမဲ့ ျဖစ္ေနသည္

ထိုစဥ္ ကားတစ္စီးက သူမေရွ႕လာရပ္ေသာေၾကာင့္ ၾကည့္လိုက္ေတာ့ အမ်ိဳးသားတစ္ေယာက္ ျဖစ္ေနသည္

"Girl မင္း တစ္ေယာက္တည္း ေျပးေနတာ မေမာဘူးလား ကိုယ္လိုက္ပို႔ေပးမယ္ေလ ဘယ္သြားမွာလည္း.... "

"ဟို "

"အားနာစရာမလိုဘူးေနာ္ လမ္းႀကဳံႀကဳံမႀကဳံႀကဳံ လိုက္ပို႔ေပး...."

Bang!

ေသနတ္သံနဲ႕အတူ လဲက်သြားတဲ့ အမ်ိဳးသားကို ၾကည့္ၿပီး Ruby Jane ေအာ္လိုက္မိသည္

ေသနတ္နဲ႕ ပစ္သူကို ၾကည့္လိုက္ေတာ့ ကားေရွ႕မွာ ရပ္ေနတဲ့ Roseanne. ...ေသနတ္ေမာင္းကို ထပ္ခ်ိန္ၿပီး Ruby Janeကို ႐ြယ္ထားသည္

"Roseanne. ..ငါ ငါေတာင္းပန္ပါတယ္ အဲ့လိုမလုပ္ပါနဲ႕ "

"Ruby Jane. ..အသက္ရွင္ရက္နဲ႕ ငါ့ဆီျပန္လိုက္မလား မလိုက္ဘူးလားဆိုတာေျဖ ....ေျပးခ်င္ေပးထားတာေတာင္ ငါ့ဆီက လြတ္ေအာင္ မေျပးနိုင္ဘူးဘဲ "

Ruby Janeမွာ ဘာလုပ္ရမွန္းမသိ မသိ ျဖစ္ေနစဥ္ ရဲကားေတြ ေရာက္လာေသာေၾကာင့္ အားတက္သြားသည္

"Miss ေသနတ္ကို ေအာက္ခ်လိဳက္ပါ .....လက္ျမႇောက္ထားပါ Miss "

ရဲကားထဲက ရဲတစ္ေယာက္က ဆင္းလာၿပီး Roseanneကို တားေပမယ့္ Roseanneမွာ Devil အသံနဲ႕ ရယ္ၿပီး ထိုရဲကို ေသနတ္နဲ႕ ပစ္ေလသည္

Bang!

ထိုရဲမွာ Roseanne ပစ္တဲ့ က်ည္ကို ေရွာင္လိုက္ၿပီး Roseanneရဲ႕ ေျခေထာက္ကို ေသနတ္နဲ႕ပစ္လိုက္သည္

Roseanneက လူတစ္ေယာက္ကို သတ္ထားၿပီး ရဲကိုပါ အႏၱရာယ္ ေပးဖို႔ ႀကိဳးစားလို႔ ရဲေတြဘက္က ပစ္မိန့္ရထားတယ္ေလ

Bang!

Roseanneမွာ ေျခေထာက္ကို က်ည္မွန္သြားေပမယ့္ လဲမက်ေအာင္ေတာင့္ခံၿပီး ရဲကို ထပ္ပစ္ျပန္သည္

"Roseanne stop "

တစ္ျခားရဲေတြပါ ကားေပၚက ဆင္းလာၿပီး Roseanneကို ဖမ္းဖို႔ႀကိဳးစားေလသည္

ေနာက္ထပ္ ေျခေထာက္တစ္ဖက္ပါ က်ည္မွန္သြားတာကို မရပ္ေသးဘဲ ရဲကို ေသနတ္နဲ႕ ဆက္ပစ္ေနတဲ့ Roseanneဆီကို Ruby Jane ေျပးသြားသည္

"Roseanne လာလာ "

Ruby Janeမွာ Roseanneကို တြဲၿပီး ကားေပၚကို ေခၚသြားသည္

ထို႔ေနာက္ Ruby Janeမွာ ကားေပၚတက္ၿပီး back ဂီယာ နင္းကာ အေနာက္ကို ဆုတ္ၿပီး စီယာတိုင္လွည့္ၿပီး ရဲေတြနဲ႕ ေဝးရာကို ေမာင္းေျပးသြားသည္

"Roseanne ခဏအားတင္းထားေနာ္ Oh my god ေသြးထြက္လြန္ေနတာဘဲ ငါ ေတာင္းပန္ပါတယ္ Roseanneရယ္ ငါ့ေၾကာင့္ ျဖစ္ရတာ '

"မဟုတ္တာ...နင္ ထြက္ေျပးခ်င္တာမလား ဘာလို႔ မေျပးဘဲ  .."

"ဟင့္အင္း ငါမေျပးခ်င္ေတာ့ဘူး ငါနင့္ကို ကာကြယ္ေပးခ်င္တာဘဲ သိတယ္......နင့္ေျခေထာက္ ျပန္ေကာင္းရင္ ငါတို႔ Korea ျပန္သြားမယ္ နင့္ကို စိတ္က်န္းမာေရးေဆး႐ုံမွာ ေသခ်ာကုေပးမယ္ အားလုံးကိုေမ့ပစ္ၿပီး ငါတို႔ အစကေန ျပန္စၾကမယ္  ...."

Ruby Janeရဲ႕ စကားေၾကာင့္ Roseanne ဝမ္းနည္းၿပီး မ်က္ရည္ေတြက်လာသည္

"ငါ ငါလုပ္ခဲ့သမွ်အတြက္ ေတာင္းပန္ပါတယ္ ငါ့စိတ္က...."

"သိတယ္ နင့္စိတ္က Psychopath တစ္ေယာက္လိုျဖစ္ေနမွန္း...ဒါေၾကာင့္မို႔ ငါတို႔ေဆး႐ုံျပမယ္လို႔ ေျပာတာေလ ခ်ီးဘဲ အေနာက္ကေန ရဲကားေတြလိုက္လာၿပီ မ်က္ေျချဖတ္မွ ျဖစ္မယ္ "

Ruby Jane ကားမွန္ကို ၾကည့္ၿပီး ရဲကားေတြကို မ်က္ေျချဖတ္ဖို႔  လီဗာတင္လိုက္သည္

******

"ေဆးခန္းသြားျပမွ ျဖစ္မယ္... "

"မျဖစ္ေသးဘူးေလ Rubyရယ္ ရဲေတြက ငါတို႔ကို လိုက္ရွာေနတာကို ငါ့ဘာသာငါ က်ည္ထုတ္ၿပီး ခ်ဳပ္လိုက္ပါမယ္ "

Ruby Janeတို႔ ယခု မိုတယ္တစ္ခုမွာ ပုန္းေနၾကျခင္း ျဖစ္သည္

ကံေကာင္းေထာက္မစြာနဲ႕ Roseanneရဲ႕ ကားထဲ မနက္က ပိုက္ဆံအိတ္က်န္ေနခဲ့ၿပီး ထိုပိုက္ဆံအိတ္နဲ႕ မိုတယ္မွာ ပုန္းေနျခင္း ျဖစ္သည္

"ဘယ္မွာလည္း ခ်ဳပ္ဖို႔က "

"ဒီက ဝန္ထမ္းတစ္ေယာက္ကို မုန့္ဖိုးေပးၿပီး ေဆးပစၥည္းေတြ ဝယ္ခိုင္းလိုက္မယ္ေလ "

Roseanne အႀကံနဲ႕ ဝန္ထမ္းတစ္ေယာက္ကို လိုအပ္တဲ့ ေဆးပစၥည္းေတြဝယ္ခိုင္းၿပီးေနာက္....

Roseanneမွာ သူ႕ေျခေထာက္ထဲက က်ည္ဆံကို အရက္ျပန္ေလာင္းၿပီး ဖယ္ေနခ်ိန္ Ruby Janeမွာ ေၾကာက္ၿပီး မ်က္လုံးမွိတ္ထားသည္

"ရၿပီ Ruby ေပါက္စ မ်က္လုံးဖြင့္ေတာ့ "

Ruby Jane မ်က္လုံးဖြင့္လိုက္ေတာ့ ပတ္တီးစည္းထားတဲ့ Roseanneရဲ႕ ေျခေထာက္ကို ေတြ႕လိုက္ရသည္

"Roseanne နင္ မနာဘူးလား "

"ငါ့ေဘးမွာ နင္ရွိေနတာဘဲ မနာပါဘူး "

Roseanneမွာ ေျပာၿပီး Ruby Janeကို နမ္းလိုက္ေတာ့ Ruby Janeမွာ ၿပဳံးလိုက္သည္

"ငါက လူဆိုးမကို ခ်စ္မိေနတာဘဲ "

"ဒါေပါ့ ....ငါ ကတိေပးတယ္ Ruby. ..ငါ အခုကစၿပီး ငါ့စိတ္ကို ငါထိန္းပါမယ္.... နင္ျဖစ္ေစခ်င္တဲ့အတိုင္း ငါကုပါမယ္....ဒါေၾကာင့္မို႔ ငါ့ေဘးနားက ထြက္မသြားပါနဲ႕ေနာ္ "

"ငါ ကတိေပးပါတယ္..နင့္အနားမွာ အၿမဲရွိေနေပးပါမယ္.."

Ruby Jane ေျပာၿပီး Roseanneကို ဖက္လိုက္သည္

သူမ ဘယ္ေလာက္ဘဲ Roseanneဆီက ထြက္ေျပးေျပး ေနာက္ဆုံး Roseanneဆီကိုဘဲ ျပန္ေရာက္လာခဲ့တယ္ေလ ....ဒါေၾကာင့္မို႔ ထပ္ၿပီး ထြက္မေျပးေတာ့ဘဲ Roseanneနားမွာေနၿပီး ျပဳျပင္ေပးဖို႔ Ruby Jane ဆုံးျဖတ္ခဲ့သည္   .....

The End

တကယ္ေတာ့ Sad Ending လုပ္ဖို႔ ႀကံ႐ြယ္ထားတာပါ ဒါေပမယ့္ ဒါက author ပထမဆုံးေရးတဲ့ Chaennie ficေလးရယ္ ၿပီးက် Chaennie ficေတာ္ေတာ္မ်ားမ်ားက SEမို႔လို႔ HE ေရးလိုက္တာပါ ေပါ့ပ်က္ပ်က္ ျဖစ္သြားရင္ ေတာင္းပန္ပါတယ္ဗ်ာ့ 🙌

Bạn đang đọc truyện trên: Truyen3h.Co