Part 22
Ruby Jane အိပ်ရာက နိုးလာတော့ သူမ လက်တွေကို သံကြိုးနဲ့ တုပ်ထားတာကို သိလိုက်ရသည်
"Roseanne! "
Ruby Jane သံကြိုးတွေကြားက ရုန်းကန်ရင်း Roseanneရဲ့ နာမည်ကို အော်ခေါ်လိုက်သည်
"နိုးပြီလား Ruby. .."
စားစရာတွေ ထည့်ထားတဲ့ လင်ဗန်းကို သယ်လာပြီး Roseanne အခန်းထဲ ဝင်လာသည်
"ငါ့ ငါ့ကို ဘာလုပ်ထားတာလည်း Roseanne "
"ထွက်ပြေးမှာဆိုးလို့ ချည်နှောင်ထားရုံပါ "
"ဘယ်နှနာရီရှိပြီလည်း ငါ အလုပ်သွားရအုံးမယ် လွှတ်ပေးပါ "
"ဟင့်အင်း အဲ့ကိုသွားမှာဆိုးလို့ သေချာချည်ထားတာကို ငါက ဘာလို့ လွှတ်ပေးရမှာလည်း "
"Roseanne နင် ဘာဖြစ်နေတာလည်း "
"နင့်ကို ဆုံးရှုံးရမှာဆိုးလို့ပါဆိုနေ.... ကျစ် ဒီတစ်ခါ ထပ်လွှတ်ပေးရင်လည်း နင်က ငါ့ဆီကနေ ထွက်ပြေးအုံးမှာ ငါက ထပ်ပြီး နင့်ကို လိုက်ရှာရအုံးမှာ.... "
Roseanneရဲ့ စကားတွေကို ကြည့်ပြီး Roseanne မူမမှန် ဖြစ်နေတာကို Ruby Jane သတိထားမိသွားတယ်
"ကြည့်ရတာ သူ စိတ်ဖောက်နေတာထင်တယ်..ဟိုးတခါလို မဟုတ်ဘဲ...အနုနည်းနဲ့ ချော့မှ ဖြစ်မယ်....."
Ruby Jane စိတ်ထဲကနေ တွေးပြီး တံတွေးမျိုချလိုက်သည်
"Roseanne ကလည်း ငါနင့်ကို ချစ်တယ်ဆိုတာ သိရက်နဲ့....ငါက ဘယ်လိုလုပ် နင့်ဆီက ထွက်ပြေးရမှာလည်း အချစ်လေးရ...."
"နင် တကယ် ထွက်မပြေးဘူးလား "
"ငါ ချစ်တဲ့ နင့်ဆီကနေ ဘယ်မှမပြေးပါဘူး "
"ကောင်းပြီလေ ဒါဆို မနက်စာစားရအောင် "
Roseanne ပြောပြီး ကုတင်ပေါ်တွင် ထိုင်လိုက်သည်
"အရင်ဆုံး ငါ မနက်စာ ခွံ့ကျွေးမယ်နော် ပြီးမှ သံကြိုးတွေကို ဖြုတ်ပေးမယ် "
Roseanne ပြောတော့ Ruby Jane ခေါင်းညိတ်ပြသည်
Roseanneမှာ Ruby Janeကို ကလေးတစ်ယောက်လို သဘောထားပြီး စိတ်ရှည်ရှည်နဲ့ မနက်စာ ခွံ့ကျွေးနေသည်
မနက်စာ ကျွေးပြီးနောက် Roseanne အခန်းထဲက ထွက်သွားပြီး ခဏကြာတော့ ပစ္စည်းတစ်ချို့ကို ယူလာသည်
"ဘာတွေလည်း Roseanne "
"Tattoo ထိုးတဲ့ ပစ္စည်းတွေ "
"ဘာလုပ်မလို့လည်း "
"Tattoo ထိုးမလို့လေ..."
Roseanne ပြောပြီး ပစ္စည်းတွေကို တပ်ဆင်လိုက်သည်
ထို့နောက် Ruby Janeရဲ့ အင်ကျီကို ကတ်ကြေးနဲ့ စုတ်ဖြဲလိုက်သည်
"Roseanne ဒါ ဘာ ဘာလုပ်တာလည်း "
"နင့်ရင်ဘတ်မှာ ငါ့နာမည်ရေးထိုးပြီး တံဆိပ်ကပ်မလို့ Ruby. ..နင်က ငါ့အပိုင်ဘဲ "
"မဟုတ်သေးပါဘူး Roseanne. ..နင် ဘာတွေလျှောက်လုပ်နေတာလည်း "
"ရှူး ဘာမှဆက်မပြောနဲ့ ဘာအသံမှမကြားချင်ဘူး Ruby. ..."
Roseanne ပြောပြီး ဘောပင်နဲ့ Ruby Janeရဲ့ ရင်ဘတ်မှာ သူမနာမည်ကို ရေးလိုက်သည်
ထို့နောက် မှင်အရောင်ဖြည့်ပြီး Rubyရဲ့ ရင်ဘတ်ပေါ် Tattoo စထိုးတော့ ထုံဆေးမဖြန်းထားသောကြောင့် Ruby Janeမှာ နာကျင်ပူလောင်ပြီး အော်လေသည်
"အား Roseanne နာတယ်....."
Roseanneမှာ Ruby Janeရဲ့ ရင်ဘတ်ပေါ်က သွေးစက်တွေကို အဝတ်စနဲ့ သုတ်လိုက်သည်
ထို့နောက် သူမ ဘောင်းဘီအိတ်ထဲက ချိုချဥ်ကို ဖောက်ပြီး Ruby Janeကို ကျွေးလိုက်သည်
"ရော့ ဒါလေး ငုံထား..... "
Ruby Janeကို ချိုချဥ်ကျွေးပြီးနောက် Roseanneမှာ Tattoo ကို ဆက်ထိုးလေသည်
Ruby Janeမှာ နာကျင်နေပေမယ့်လည်း အံကြိတ်ပြီး Roseanne လုပ်သမျှကို ငြိမ်ခံနေရသည်
Tattoo ထိုးပြီးတဲ့နောက်မှာတော့ Roseanne တစ်ယောက် Ruby Janeရဲ့ ရင်ဘတ်ပေါ်က သူမနာမည်ကို ကြည့်ပြီး သဘောကျစွာ ရယ်လိုက်သည်
ထို့နောက် Ruby Janeရဲ့ ရင်ဘတ်လေးကို ခပ်ဖွဖွနမ်းလိုက်သည်
"ချစ်တယ် Ruby. ..."
Ruby Janeကတော့ သူမ ရှေ့က Psychopathလို ဖြစ်နေတဲ့ Roseanneကို ကြည့်ပြီး မငိုမိအောင် ထိန်းထားရသည်
ပြောင်းလဲသွားမယ် ထင်ခဲ့ပေမယ့် Roseanneဟာ အရင်ကထက်ကို ပိုဆိုးလာပါလား!
Ruby Jane စိတ်ထဲမှာဘဲ တွေးနေမိသည်
"လှတယ် အရမ်းလှတယ် Ruby. ...ကဲ အခု သံကြိုးတွေ ဖြုတ်ပေးမယ် "
Roseanne ပြောပြီး သူ့ဘောင်းဘီအိတ်ထဲက သော့ကို ထုတ်ကာ Ruby Janeကို ချည်ထားတဲ့ သံကြိုးရဲ့ သော့ခလောက်ကို ဖွင့်လိုက်သည်
"သြော် ဒါနဲ့ပြောရအုံးမယ် သံကြိုးဖြည်ပေးတာက ဒီအိမ်ထဲမှာဘဲ လွတ်လွတ်လပ်လပ် နေဖို့နော် "
Roseanne ပြောပြီး အဝတ်ဗီဒို ဖွင့်ကာ အင်ကျီတစ်ထည်ကို Ruby Janeဆီ ပစ်ပေးလိုက်သည်
Ruby Janeမှာ Roseanne ပေးတဲ့ အင်ကျီကို ကောက်ဝတ်နေစဥ် Roseanneကတော့ ဘီဒိုထဲက ဟိုတလောက သူမ ဝယ်ထားတဲ့ သေနတ်ကို ထုတ်လိုက်သည်
"အပြင်ထွက်ပြေးဖို့ ကြိုးစားရင်တော့ ငါက အမဲလိုက်ရလိမ့်မယ် Ruby "
Roseanne ပြောပြီး သေနတ်မောင်းကို ချိန်ကာ Rubyကို ချိန်လိုက်သည်
"အာ ထွက်မပြေးပါဘူး အချစ်လေးရ....."
Ruby Jane အမြန် ဟန်ဆောင်ပြီး ပြုံးကာ ပြောလိုက်သည်
Roseanne လည်း ခေါင်းညိတ်ပြီး သေနတ်ကို ခါးကြားထဲ ထည့်လိုက်သည်
"Ok ကောင်းပြီလေ ချစ်တယ်နော် Ruby "
Roseanne ပြောပြီး အခန်းထဲက ထွက်သွားမှ Ruby Jane သက်ပြင်းချမိသွားသည်
Roseanne မီးဖိုခန်းထဲတွင် အားရပါးရ ရေသောက်ပြီးနောက် သက်ပြင်းချလိုက်သည်
Liam ပျောက်နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Ruby Jane ဘက်က သံသယဝင်မှာ ရိပ်မိသွားမှာ သူမဆီက ထပ်ပြီး ထွက်ပြေးသွားမှာ ကြောက်လို့ Roseanne အရူးတစ်ယောက်လို Ruby Janeကို ဆက်ဆံပြုမူ ခြိမ်းခြောက်နေခြင်း ဖြစ်သည်
သေနတ်နဲ့ ချိန်လိုက်တုံးက လန့်သွားတဲ့ Ruby Janeရဲ့ မျက်နှာကို Roseanne ပြန်မြင်ယောင်လာပြီး စိတ်မကောင်းဖြစ်နေသည်
"I'm so sorry Ruby. ...."
Ruby Janeကတော့ အခန်းထဲက ကုတင်ပေါ်တွင် ငုတ်တုတ်ထိုင်ပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေသည်
ခေါင်းထဲလည်း ဘာဆိုဘာမှတွေးမရဘဲ ရှုပ်ထွေးနေသည်....... Roseanneနဲ့ သူမ သာမန်အတွဲတွေလိုဘဲ ဖြစ်စေချင်ပေမယ့်.....အခုဖြစ်နေတာတွေက သူမ ဆန္ဒတွေနဲ့ တစ်ခြားစီ ဖြစ်နေသည်
သူမကို ငယ်စဥ်ကတည်းက ကာကွယ်ပေးခဲ့တဲ့ Roseanneက ယခုတော့ သူမကို သေနတ်နဲ့ချိန်ပြီးတောင် ခြိမ်းခြောက်နေသောကြောင့် Ruby Jane စိတ်မကောင်းဖြစ်နေသည်.....
Ruby Janeတို့ ဟိုတယ်က သူငယ်ချင်းတွေမှာ Liamရော Ruby Janeရော ပျောက်နေသောကြောင့် စိတ်ပူနေကြသည်
"Jennie ကပါ အလုပ်ပျက်နေတာတော့ မဟုတ်သေးဘူး Charlie. ..."
"သူတို့ တစ်ခုခုများဖြစ်နေတာလား.....ငါ ဂျူတီပြီးရင် Ruby Jane ရဲ့ အိမ်ကို ဝင်ကြည့်အုံးမယ် Suzan. ..."
"ငါ မနေ့ညနေက Liamရဲ့ အိမ်ကို သွားရှာသေးတယ် သူ့မိဘတွေက သူ အပြင်ထွက်သွားပြီး ခုထိ ပြန်မလာသေးလို့ လူပျောက်ကြော်ငြာရမလားလို့တောင် ငါ့ကို ပြန်မေးနေတယ်...."
Suzan ပြောတော့ Charlie သက်ပြင်းချလိုက်သည်
"ဘာတွေ ဖြစ်နေတာလည်းကွာ..."
"မတတ်နိုင်ဘူး မီးစင်ကြည့်ကရမှာဘဲ Ruby Jane နင် လုပ်နိုင်ပါတယ် Fighting "
Ruby Janeမှာ သူမကိုယ် သူမ အားပေးပြီး အခန်းအပြင်ဘက်ကို ထွက်လာသည်
"Ruby.... ဘယ်သွားမလို့လည်း "
ဧည့်ခန်းထဲ ထိုင်နေတဲ့ Roseanneကို မြင်တော့ Ruby Jane ဟန်ဆောင်ပြုံးကာ
"နင်နဲ့ ရုပ်ရှင်ကြည့်ချင်လို့လေ....မနေ့က ရုပ်ရှင်ကြည့်မယ်ပြောပြီး ငါ အိပ်ပျော်သွားခဲ့တာ မဟုတ်လား ခု ကြည့်ရအောင်...."
Ruby Jane ပြောတော့ Roseanneမှာ ပြုံးပြီး ခေါင်းညိတ်ပြသည်
"ကောင်းသားဘဲ ကြည့်မယ်လေ...."
"Aww အခုကျတော့လည်း ကလေးလေးတစ်ယောက်လိုဘဲ ခုန ငါ့ကို သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တာသူ မဟုတ်တော့သလိုဘဲ...Roseanne နင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေတာဘဲ....ကုလို့ရရင် ကုပေးပြီး နင့်ကို ကယ်တင်ပေးချင်လိုက်တာဟာ...."
သူမပေါင်ကို ခေါင်းအုံးလုပ်ပြီး ရုပ်ရှင်ကို စိတ်ဝင်တစား ကြည့်နေတဲ့ Roseanneကို ကြည့်ရင်း Ruby Jane စိတ်ထဲကနေ တွေးနေသည်
#tbc
ဒီFicလေး ပြီးတော့မှာပါ ဒီFicထဲမှာ Roseanne typeက Psychoparh ဆိုတာ အစောပိုင်းထဲက ရေးထားပါတယ်နော် စိတ်က အချိန်တိုင်းထဖောက်တတ်တာမို့ ဇာတ်သိမ်း ဘယ်လိုလာမယ်ဆိုတာ စောင့်မျှော်ပေးကြပါအုံး xD
Btw အားလုံးဘဲ မနက်ဖြန်လည်း အစစအရာရာအဆင်ပြေပါစေ ဂရုစိုက်ကြပါနော်
#Zawgyi
Ruby Jane အိပ္ရာက နိုးလာေတာ့ သူမ လက္ေတြကို သံႀကိဳးနဲ႕ တုပ္ထားတာကို သိလိုက္ရသည္
"Roseanne! "
Ruby Jane သံႀကိဳးေတြၾကားက ႐ုန္းကန္ရင္း Roseanneရဲ႕ နာမည္ကို ေအာ္ေခၚလိုက္သည္
"နိုးၿပီလား Ruby. .."
စားစရာေတြ ထည့္ထားတဲ့ လင္ဗန္းကို သယ္လာၿပီး Roseanne အခန္းထဲ ဝင္လာသည္
"ငါ့ ငါ့ကို ဘာလုပ္ထားတာလည္း Roseanne "
"ထြက္ေျပးမွာဆိုးလို႔ ခ်ည္ႏွောင္ထား႐ုံပါ "
"ဘယ္ႏွနာရီရွိၿပီလည္း ငါ အလုပ္သြားရအုံးမယ္ လႊတ္ေပးပါ "
"ဟင့္အင္း အဲ့ကိုသြားမွာဆိုးလို႔ ေသခ်ာခ်ည္ထားတာကို ငါက ဘာလို႔ လႊတ္ေပးရမွာလည္း "
"Roseanne နင္ ဘာျဖစ္ေနတာလည္း "
"နင့္ကို ဆုံးရႈံးရမွာဆိုးလို႔ပါဆိုေန.... က်စ္ ဒီတစ္ခါ ထပ္လႊတ္ေပးရင္လည္း နင္က ငါ့ဆီကေန ထြက္ေျပးအုံးမွာ ငါက ထပ္ၿပီး နင့္ကို လိုက္ရွာရအုံးမွာ.... "
Roseanneရဲ႕ စကားေတြကို ၾကည့္ၿပီး Roseanne မူမမွန္ ျဖစ္ေနတာကို Ruby Jane သတိထားမိသြားတယ္
"ၾကည့္ရတာ သူ စိတ္ေဖာက္ေနတာထင္တယ္..ဟိုးတခါလို မဟုတ္ဘဲ...အႏုနည္းနဲ႕ ေခ်ာ့မွ ျဖစ္မယ္....."
Ruby Jane စိတ္ထဲကေန ေတြးၿပီး တံေတြးမ်ိဳခ်လိဳက္သည္
"Roseanne ကလည္း ငါနင့္ကို ခ်စ္တယ္ဆိုတာ သိရက္နဲ႕....ငါက ဘယ္လိုလုပ္ နင့္ဆီက ထြက္ေျပးရမွာလည္း အခ်စ္ေလးရ...."
"နင္ တကယ္ ထြက္မေျပးဘူးလား "
"ငါ ခ်စ္တဲ့ နင့္ဆီကေန ဘယ္မွမေျပးပါဘူး "
"ေကာင္းၿပီေလ ဒါဆို မနက္စာစားရေအာင္ "
Roseanne ေျပာၿပီး ကုတင္ေပၚတြင္ ထိုင္လိုက္သည္
"အရင္ဆုံး ငါ မနက္စာ ခြံ႕ေကြၽးမယ္ေနာ္ ၿပီးမွ သံႀကိဳးေတြကို ျဖဳတ္ေပးမယ္ "
Roseanne ေျပာေတာ့ Ruby Jane ေခါင္းညိတ္ျပသည္
Roseanneမွာ Ruby Janeကို ကေလးတစ္ေယာက္လို သေဘာထားၿပီး စိတ္ရွည္ရွည္နဲ႕ မနက္စာ ခြံ႕ေကြၽးေနသည္
မနက္စာ ေကြၽးၿပီးေနာက္ Roseanne အခန္းထဲက ထြက္သြားၿပီး ခဏၾကာေတာ့ ပစၥည္းတစ္ခ်ိဳ႕ကို ယူလာသည္
"ဘာေတြလည္း Roseanne "
"Tattoo ထိုးတဲ့ ပစၥည္းေတြ "
"ဘာလုပ္မလို႔လည္း "
"Tattoo ထိုးမလို႔ေလ..."
Roseanne ေျပာၿပီး ပစၥည္းေတြကို တပ္ဆင္လိုက္သည္
ထို႔ေနာက္ Ruby Janeရဲ႕ အင္က်ီကို ကတ္ေၾကးနဲ႕ စုတ္ၿဖဲလိုက္သည္
"Roseanne ဒါ ဘာ ဘာလုပ္တာလည္း "
"နင့္ရင္ဘတ္မွာ ငါ့နာမည္ေရးထိုးၿပီး တံဆိပ္ကပ္မလို႔ Ruby. ..နင္က ငါ့အပိုင္ဘဲ "
"မဟုတ္ေသးပါဘူး Roseanne. ..နင္ ဘာေတြေလွ်ာက္လုပ္ေနတာလည္း "
"ရႉး ဘာမွဆက္မေျပာနဲ႕ ဘာအသံမွမၾကားခ်င္ဘူး Ruby. ..."
Roseanne ေျပာၿပီး ေဘာပင္နဲ႕ Ruby Janeရဲ႕ ရင္ဘတ္မွာ သူမနာမည္ကို ေရးလိုက္သည္
ထို႔ေနာက္ မွင္အေရာင္ျဖည့္ၿပီး Rubyရဲ႕ ရင္ဘတ္ေပၚ Tattoo စထိုးေတာ့ ထုံေဆးမျဖန္းထားေသာေၾကာင့္ Ruby Janeမွာ နာက်င္ပူေလာင္ၿပီး ေအာ္ေလသည္
"အား Roseanne နာတယ္....."
Roseanneမွာ Ruby Janeရဲ႕ ရင္ဘတ္ေပၚက ေသြးစက္ေတြကို အဝတ္စနဲ႕ သုတ္လိုက္သည္
ထို႔ေနာက္ သူမ ေဘာင္းဘီအိတ္ထဲက ခ်ိဳခ်ဥ္ကို ေဖာက္ၿပီး Ruby Janeကို ေကြၽးလိုက္သည္
"ေရာ့ ဒါေလး ငုံထား..... "
Ruby Janeကို ခ်ိဳခ်ဥ္ေကြၽးၿပီးေနာက္ Roseanneမွာ Tattoo ကို ဆက္ထိုးေလသည္
Ruby Janeမွာ နာက်င္ေနေပမယ့္လည္း အံႀကိတ္ၿပီး Roseanne လုပ္သမွ်ကို ၿငိမ္ခံေနရသည္
Tattoo ထိုးၿပီးတဲ့ေနာက္မွာေတာ့ Roseanne တစ္ေယာက္ Ruby Janeရဲ႕ ရင္ဘတ္ေပၚက သူမနာမည္ကို ၾကည့္ၿပီး သေဘာက်စြာ ရယ္လိုက္သည္
ထို႔ေနာက္ Ruby Janeရဲ႕ ရင္ဘတ္ေလးကို ခပ္ဖြဖြနမ္းလိုက္သည္
"ခ်စ္တယ္ Ruby. ..."
Ruby Janeကေတာ့ သူမ ေရွ႕က Psychopathလို ျဖစ္ေနတဲ့ Roseanneကို ၾကည့္ၿပီး မငိုမိေအာင္ ထိန္းထားရသည္
ေျပာင္းလဲသြားမယ္ ထင္ခဲ့ေပမယ့္ Roseanneဟာ အရင္ကထက္ကို ပိုဆိုးလာပါလား!
Ruby Jane စိတ္ထဲမွာဘဲ ေတြးေနမိသည္
"လွတယ္ အရမ္းလွတယ္ Ruby. ...ကဲ အခု သံႀကိဳးေတြ ျဖဳတ္ေပးမယ္ "
Roseanne ေျပာၿပီး သူ႕ေဘာင္းဘီအိတ္ထဲက ေသာ့ကို ထုတ္ကာ Ruby Janeကို ခ်ည္ထားတဲ့ သံႀကိဳးရဲ႕ ေသာ့ခေလာက္ကို ဖြင့္လိုက္သည္
"ေၾသာ္ ဒါနဲ႕ေျပာရအုံးမယ္ သံႀကိဳးျဖည္ေပးတာက ဒီအိမ္ထဲမွာဘဲ လြတ္လြတ္လပ္လပ္ ေနဖို႔ေနာ္ "
Roseanne ေျပာၿပီး အဝတ္ဗီဒို ဖြင့္ကာ အင္က်ီတစ္ထည္ကို Ruby Janeဆီ ပစ္ေပးလိုက္သည္
Ruby Janeမွာ Roseanne ေပးတဲ့ အင္က်ီကို ေကာက္ဝတ္ေနစဥ္ Roseanneကေတာ့ ဘီဒိုထဲက ဟိုတေလာက သူမ ဝယ္ထားတဲ့ ေသနတ္ကို ထုတ္လိုက္သည္
"အျပင္ထြက္ေျပးဖို႔ ႀကိဳးစားရင္ေတာ့ ငါက အမဲလိုက္ရလိမ့္မယ္ Ruby "
Roseanne ေျပာၿပီး ေသနတ္ေမာင္းကို ခ်ိန္ကာ Rubyကို ခ်ိန္လိုက္သည္
"အာ ထြက္မေျပးပါဘူး အခ်စ္ေလးရ....."
Ruby Jane အျမန္ ဟန္ေဆာင္ၿပီး ၿပဳံးကာ ေျပာလိုက္သည္
Roseanne လည္း ေခါင္းညိတ္ၿပီး ေသနတ္ကို ခါးၾကားထဲ ထည့္လိုက္သည္
"Ok ေကာင္းၿပီေလ ခ်စ္တယ္ေနာ္ Ruby "
Roseanne ေျပာၿပီး အခန္းထဲက ထြက္သြားမွ Ruby Jane သက္ျပင္းခ်မိသြားသည္
Roseanne မီးဖိုခန္းထဲတြင္ အားရပါးရ ေရေသာက္ၿပီးေနာက္ သက္ျပင္းခ်လိဳက္သည္
Liam ေပ်ာက္ေနတဲ့ အေၾကာင္းအရာနဲ႕ ပတ္သက္ၿပီး Ruby Jane ဘက္က သံသယဝင္မွာ ရိပ္မိသြားမွာ သူမဆီက ထပ္ၿပီး ထြက္ေျပးသြားမွာ ေၾကာက္လို႔ Roseanne အ႐ူးတစ္ေယာက္လို Ruby Janeကို ဆက္ဆံျပဳမူ ၿခိမ္းေျခာက္ေနျခင္း ျဖစ္သည္
ေသနတ္နဲ႕ ခ်ိန္လိုက္တုံးက လန့္သြားတဲ့ Ruby Janeရဲ႕ မ်က္ႏွာကို Roseanne ျပန္ျမင္ေယာင္လာၿပီး စိတ္မေကာင္းျဖစ္ေနသည္
"I'm so sorry Ruby. ...."
Ruby Janeကေတာ့ အခန္းထဲက ကုတင္ေပၚတြင္ ငုတ္တုတ္ထိုင္ၿပီး ဘာဆက္လုပ္ရမွန္းမသိ ျဖစ္ေနသည္
ေခါင္းထဲလည္း ဘာဆိုဘာမွေတြးမရဘဲ ရႈပ္ေထြးေနသည္....... Roseanneနဲ႕ သူမ သာမန္အတြဲေတြလိုဘဲ ျဖစ္ေစခ်င္ေပမယ့္.....အခုျဖစ္ေနတာေတြက သူမ ဆႏၵေတြနဲ႕ တစ္ျခားစီ ျဖစ္ေနသည္
သူမကို ငယ္စဥ္ကတည္းက ကာကြယ္ေပးခဲ့တဲ့ Roseanneက ယခုေတာ့ သူမကို ေသနတ္နဲ႕ခ်ိန္ၿပီးေတာင္ ၿခိမ္းေျခာက္ေနေသာေၾကာင့္ Ruby Jane စိတ္မေကာင္းျဖစ္ေနသည္.....
Ruby Janeတို႔ ဟိုတယ္က သူငယ္ခ်င္းေတြမွာ Liamေရာ Ruby Janeေရာ ေပ်ာက္ေနေသာေၾကာင့္ စိတ္ပူေနၾကသည္
"Jennie ကပါ အလုပ္ပ်က္ေနတာေတာ့ မဟုတ္ေသးဘူး Charlie. ..."
"သူတို႔ တစ္ခုခုမ်ားျဖစ္ေနတာလား.....ငါ ဂ်ဴတီၿပီးရင္ Ruby Jane ရဲ႕ အိမ္ကို ဝင္ၾကည့္အုံးမယ္ Suzan. ..."
"ငါ မေန႕ညေနက Liamရဲ႕ အိမ္ကို သြားရွာေသးတယ္ သူ႕မိဘေတြက သူ အျပင္ထြက္သြားၿပီး ခုထိ ျပန္မလာေသးလို႔ လူေပ်ာက္ေၾကာ္ျငာရမလားလို႔ေတာင္ ငါ့ကို ျပန္ေမးေနတယ္...."
Suzan ေျပာေတာ့ Charlie သက္ျပင္းခ်လိဳက္သည္
"ဘာေတြ ျဖစ္ေနတာလည္းကြာ..."
"မတတ္နိုင္ဘူး မီးစင္ၾကည့္ကရမွာဘဲ Ruby Jane နင္ လုပ္နိုင္ပါတယ္ Fighting "
Ruby Janeမွာ သူမကိုယ္ သူမ အားေပးၿပီး အခန္းအျပင္ဘက္ကို ထြက္လာသည္
"Ruby.... ဘယ္သြားမလို႔လည္း "
ဧည့္ခန္းထဲ ထိုင္ေနတဲ့ Roseanneကို ျမင္ေတာ့ Ruby Jane ဟန္ေဆာင္ၿပဳံးကာ
"နင္နဲ႕ ႐ုပ္ရွင္ၾကည့္ခ်င္လို႔ေလ....မေန႕က ႐ုပ္ရွင္ၾကည့္မယ္ေျပာၿပီး ငါ အိပ္ေပ်ာ္သြားခဲ့တာ မဟုတ္လား ခု ၾကည့္ရေအာင္...."
Ruby Jane ေျပာေတာ့ Roseanneမွာ ၿပဳံးၿပီး ေခါင္းညိတ္ျပသည္
"ေကာင္းသားဘဲ ၾကည့္မယ္ေလ...."
"Aww အခုက်ေတာ့လည္း ကေလးေလးတစ္ေယာက္လိုဘဲ ခုန ငါ့ကို ေသနတ္နဲ႕ ၿခိမ္းေျခာက္ခဲ့တာသူ မဟုတ္ေတာ့သလိုဘဲ...Roseanne နင္ စိတ္ပိုင္းဆိုင္ရာ ျပႆနာ ျဖစ္ေနတာဘဲ....ကုလို႔ရရင္ ကုေပးၿပီး နင့္ကို ကယ္တင္ေပးခ်င္လိုက္တာဟာ...."
သူမေပါင္ကို ေခါင္းအုံးလုပ္ၿပီး ႐ုပ္ရွင္ကို စိတ္ဝင္တစား ၾကည့္ေနတဲ့ Roseanneကို ၾကည့္ရင္း Ruby Jane စိတ္ထဲကေန ေတြးေနသည္
#tbc
ဒီFicေလး ၿပီးေတာ့မွာပါ ဒီFicထဲမွာ Roseanne typeက Psychoparh ဆိုတာ အေစာပိုင္းထဲက ေရးထားပါတယ္ေနာ္ စိတ္က အခ်ိန္တိုင္းထေဖာက္တတ္တာမို႔ ဇာတ္သိမ္း ဘယ္လိုလာမယ္ဆိုတာ ေစာင့္ေမွ်ာ္ေပးၾကပါအုံး xD
Btw အားလုံးဘဲ မနက္ျဖန္လည္း အစစအရာရာအဆင္ေျပပါေစ ဂ႐ုစိုက္ၾကပါေနာ္
Bạn đang đọc truyện trên: Truyen3h.Co