Part 11
#Unicode
"Hello "
Roseanne အလုပ် လုပ်နေရင်း ဖုန်းလာလို့ ကိုင်လိုက်သည်
"Hello Roseanne buddy မတွေ့ရတာ အတော်ကြာပေါ့ "
"ဘယ်သူလည်း မသိဘူး.... "
"ဟော နင်ကလည်း ငါ့အသံတောင် မမှတ်မိဘူးလား ငါ Hyeriလေ ကျောင်းတုံးက နင့်သူငယ်ချင်း...."
"Aww. ..."
ထိုအခါမှ Roseanne သတိရသွားတယ် .....Ruby Jane ကိုရီးယားက ထွက်သွားပြီးနောက် Hyeriနဲ့ သူမ ရင်းနှီးခဲ့တယ်လေ
"မှတ်မိပြီ ဘာကိစ္စလည်း Hyeri "
"နင် လိုက်ရှာနေတဲ့ Ruby Janeလေ...."
Ruby Janeရဲ့ နာမည်ကို ကြားလိုက်ရလို့ Roseanne အရမ်း စိတ်လှုပ်ရှားသွားပြီး လက်ထဲက ဘောပင်ကို စားပွဲခုံပေါ် တင်လိုက်သည်
"နင့်လူတွေ ရှာမတွေ့ခင် ငါ တွေ့ပြီထင်တယ်..."
Hyeriရဲ့ စကားကြောင့် Roseanne အံ့သြသွားတယ်
"ဘာ..."
"ဟုတ်တယ် Ruby Janeကို ငါ ရှာတွေ့ပြီ.... "
"ဘယ် ဘယ်မှာလည်း "
"အင်း ပြောပြစေချင်ရင် ငါ့ကို ဒေါ်လာ 10M လွှဲပေး"
"နင့်ဘက်က...ပိုက်ဆံလိုချင်လို့ လိမ်ညာနေတာဆိုရင်ရော...Sorry Hyeri ငါ လူတွေကို အလွယ်တကူ မယုံတတ်ဘူး "
"Ok ငါ အမှန်ပြောနေမှန်း သိရအောင် ဓာတ်ပုံပို့ပေးလိုက်မယ် ခဏစောင့် "
Roseanne သူမ ဖုန်းထဲ ဓာတ်ပုံတွေ ဝင်လာလို့ ကြည့်လိုက်တော့ Ruby Janeရဲ့ ပုံတွေ တွေ့ရလို့ အရမ်းပျော်သွားတယ်
"ဘယ် ဟိုတယ်မှာ သူက အလုပ်လုပ်နေတာလည်း Hyeri "
"ငါ အလုပ်ကိစ္စနဲ့ အဲ့နိုင်ငံဘက် ခရီးထွက်တုံး အဲ့ဟိုတယ်မှာ တည်းမိပြီး သူ့ကိုတွေ့တာဘဲ သူကတော့ ငါ့ကိုမှတ်မိပုံ မပေါ်ဘူး အေးပေါ့ သူနဲ့ငါက အတန်းသာတူတာ စကားပြောဖူးတာမှ မဟုတ်တာ "
"ဘယ်ဟိုတယ်မှာလည်း ငါမေးတာ ဖြေပါအုံး "
"ငါ ဘဏ် account message ပို့လိုက်မယ်....10M ဝင်လာရင် ငါ နင့်ဆီ Ruby Jane အလုပ်လုပ်တဲ့ ဟိုတယ် နိုင်ငံ လိပ်စာ အကုန် message ပို့လိုက်မယ် "
"ကောင်းပြီ.... ငါ နာရီဝက်အတွင်း လွှဲလိုက်မယ် "
Roseanne ဖုန်းချပြီး သူမ ရုံးခန်းဖုန်းကို ကိုင်လိုက်သည်
"ဟုတ်ကဲ့ ဒုဥက္ကဌ.... ကျွန်တော် ဘာလုပ်ပေးရမလည်း "
"Seung Soo အခု မင်းဖုန်းနံပါတ်ကို ငါ message ပို့လိုက်မယ်....အဲ့ ဘဏ် accountထဲ အခုချက်ချင်း 10M လွှဲပေးပါ လွှဲပေးပြီးတာနဲ့ ချက်ချင်း ငါ့ဆီအကြောင်းကြားပါ "
"ဟုတ်ကဲ့ ဒုဥက္ကဋ္ဌ ...."
Roseanne မှာ စိတ်လှုပ်ရှားလွန်းလို့ ထရပ်ပြီး ရုံးခန်းထဲ လမ်းပတ်လျှောက်နေသည်
သူမ အချိန်အကြာကြီး ရှာဖွေနေတဲ့ Ruby Janeကို အခု ပြန်တွေ့ရတော့မယ်လေ.....
"Hello "
"ဒုဥက္ကဌ ကျွန်တော် ငွေလွှဲပြီးပါပြီ ..."
"ကောင်းပြီ.. "
Roseanne phလည်းချလိုက်ရော သူမဖုန်းထဲ Hyeriဆီက message ဝင်လာသည်
Roseanne မှာ Ruby Janeရဲ့ တည်နေရာကို သိတော့ ချက်ချင်း လိုက်သွားဖို့ ပြင်ဆင်လေသည်
"Seung Soo နယူးဇီလန်ကို အခုသွားမယ် လေယာဥ်လက်မှတ် တစ်စောင်ဖြတ်ထား ပြီးရင် ငါ့ဖုန်းထဲ message ပို့ထား..."
"ဟိုတယ်ပါ Booking လုပ်ထားရမလား ဒုဥက္ကဌ... "
"ငါပြောတဲ့ စကားထဲ ဟိုတယ် Booking လုပ်ထားဆိုတာ ပါသလား "
"မပါပါဘူး ဒုဥက္ကဌ "
"အေး မပါရင် လျှာမရှည်နဲ့....လေယာဥ်လက်မှတ်တစ်စောင်တည်းနော် ဘယ်သူမှ လိုက်စရာမလိုဘူး... ငါတစ်ယောက်တည်း ကိစ္စရှိလို့ ဒါဘဲ ... "
Roseanne Companyကနေ အိမ်ကိုပြန်ပြီး အဝတ်အစားတွေထုပ်ပိုးလေသည်
"အန်ကယ်....အဖေ နယ်ကပြန်လာရင် Chaw နယူးဇီလန်ကို ကိစ္စရှိလို့ ခဏသွားတယ်လို့ ပြောပေး "
"ကောင်းပါပြီ သခင်မလေး "
Roseanne တစ်ယောက် ခရီးဆောင်အိတ်ကို ဆွဲပြီး မျက်မှန်တပ်ကာ ခပ်ပြုံးပြုံးဖြင့် လေဆိပ်ထဲ ဝင်သွားလေသည်
"ငါ့ကို စောင့်နေပါ အချစ်ကလေးရေ...."
"Good Afternoon suzan. ..."
"Afternoon Jennie. ...."
"Check In ဘယ်နှခန်းကျန်သေးလည်း "
Ruby Jane တစ်ယောက် နေ့လည်ဂျူတီကျတာမို့ ညနေဝင်မယ့်အခန်းတွေ ဘယ်နှခန်းကျန်လည်းဆိုတာ Suzanကို မေးနေသည်
"ဆယ်ခန်းဘဲ ကျန်တော့တယ် မနက်က Walk in တစ်ခန်းရောင်းထားတယ် "
"ဟုတ်ပြီ Suzan. .."
"Liamက ငါးမိနစ်နောက်ကျမယ်လို့ ပြောတယ် "
"အင်းပါ.... "
Ruby Jane တစ်ယောက် အခန်းသော့တွေ ပိုက်ဆံတွေစစ်ပြီးနောက် ဧည့်သည်တွေလာရင် တိုက်ဖို့ juice တွေပါ စစ်ဆေးနေသည်
Ruby Jane အကုန်လုံး စစ်ဆေးနေပေမယ့် Lobbyမှာ မဂ္ဂဇင်းစာအုပ်နဲ့ ကွယ်ရင်း သူမကို စိုက်ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတော့ သတိမထားမိပေ
"ဒီမှာ "
"ဟုတ်ကဲ့ Sir ဘာကူညီပေးရမလည်းရှင့် "
Ruby Jane ဧည့်သည်စာရင်းစစ်နေရင်း ကောင်တာရှေ့ လာရပ်တဲ့ အမျိုးသားကို ပြုံးပြီး နှုတ်ဆက်လေသည်
"ဘယ်လို အခန်းမျိုးပေးထားတာလည်း Air conက အေးလည်းမအေးဘူး Tv လိုင်းတွေကလည်း မမိဘူး "
"တောင်းပန်ပါတယ်ရှင့် အခုချက်ချင်းဘဲ Tvလိုင်းရော Air Con ပါ စစ်ခိုင်းပေးပါမယ် "
"အခန်းတစ်ခန်းမပေးခင် သေချာစစ်ဆေးပြီးမှ ပေးလေ မင်းတို့ အလုပ်ကို ဘယ်လိုလုပ်နေတာလည်း စောက်သုံးမကျလိုက်တာ "
"တောင်းပန်ပါတယ်ရှင်..... "
Ruby Janeမှာ ဧည့်သည်ကို ခေါင်းငုံ့ကာ တောင်းပန်လေသည်
"ငါအခု အပြင်သွားမလို့ အဲ့တာ ဝင်ကြည့်ပေးထား "
"ဟုတ်ကဲ့ အခန်းနံပါတ်လေး တစ်ချက်လောက်ပါ "
"ငါ့ကိုတောင် မမှတ်မိဘူးလား "
"ကျွန်မက အခုမှ ဂျူတီဝင်လာတဲ့သူမို့ပါ "
"ဘယ်လိုဝန်ထမ်းတွေ ခန့်ထားလည်းမသိ ဆင်ခြေဆင်လက်တွေနဲ့ စောက်ချိုးမပြေလိုက်တာ...."
တောက်!!
Lobbyထဲ တောက်ခေါက်သံအကျယ်ကြီး ကြားလိုက်ရလို့ Ruby Janeကို ရန်ရှာနေတဲ့ ဧည့်သည်နဲ့ တစ်ခြားသူတွေမှာ ငြိမ်သက်သွားကြသည်
"အခန်းနံပါတ် 204..."
Ruby Janeကို ရန်လုပ်တဲ့ တစ်ယောက် ထွက်သွားသောအခါ Ruby Janeမှာ သန့်ရှင်းရေးနဲ့ maintainace enginner ကို ခေါ်ပြီး အခန်းနံပါတ် 204ကို သွားစစ်ခိုင်းလိုက်သည်
Ruby Janeမှာ စာအုပ်ထဲတွင် တစ်ခြားဝန်ထမ်းတွေသိဖို့ အခန်းနံပါတ် 204အကြောင်း ရေးလေသည်
"စိတ်ညစ်လိုက်တာ ငါလည်း မဟုတ်ဘဲ ငါ့လာအော်နေတာ "
Ruby Jane စာရေးရင်း ညည်းညူလိုက်သည်
"မင်းကို စိတ်ညစ်အောင်လုပ်လို့ သူ့ကို ငါ သတ်လိုက်ရမလား Ruby Jane. ...."
Ruby Janeမှာ စာငုံ့ရေးနေရင်း ထိုစကားကြောင့် လက်ထဲက ဘောပင်ပြုတ်ကျသွားလေသည်
Roseanne!
#Tbc
#Zawgyi
"Hello "
Roseanne အလုပ္ လုပ္ေနရင္း ဖုန္းလာလို႔ ကိုင္လိုက္သည္
"Hello Roseanne buddy မေတြ႕ရတာ အေတာ္ၾကာေပါ့ "
"ဘယ္သူလည္း မသိဘူး.... "
"ေဟာ နင္ကလည္း ငါ့အသံေတာင္ မမွတ္မိဘူးလား ငါ Hyeriေလ ေက်ာင္းတုံးက နင့္သူငယ္ခ်င္း...."
"Aww. ..."
ထိုအခါမွ Roseanne သတိရသြားတယ္ .....Ruby Jane ကိုရီးယားက ထြက္သြားၿပီးေနာက္ Hyeriနဲ႕ သူမ ရင္းႏွီးခဲ့တယ္ေလ
"မွတ္မိၿပီ ဘာကိစၥလည္း Hyeri "
"နင္ လိုက္ရွာေနတဲ့ Ruby Janeေလ...."
Ruby Janeရဲ႕ နာမည္ကို ၾကားလိုက္ရလို႔ Roseanne အရမ္း စိတ္လႈပ္ရွားသြားၿပီး လက္ထဲက ေဘာပင္ကို စားပြဲခုံေပၚ တင္လိုက္သည္
"နင့္လူေတြ ရွာမေတြ႕ခင္ ငါ ေတြ႕ၿပီထင္တယ္..."
Hyeriရဲ႕ စကားေၾကာင့္ Roseanne အံ့ၾသသြားတယ္
"ဘာ..."
"ဟုတ္တယ္ Ruby Janeကို ငါ ရွာေတြ႕ၿပီ.... "
"ဘယ္ ဘယ္မွာလည္း "
"အင္း ေျပာျပေစခ်င္ရင္ ငါ့ကို ေဒၚလာ 10M လႊဲေပး"
"နင့္ဘက္က...ပိုက္ဆံလိုခ်င္လို႔ လိမ္ညာေနတာဆိုရင္ေရာ...Sorry Hyeri ငါ လူေတြကို အလြယ္တကူ မယုံတတ္ဘူး "
"Ok ငါ အမွန္ေျပာေနမွန္း သိရေအာင္ ဓာတ္ပုံပို႔ေပးလိုက္မယ္ ခဏေစာင့္ "
Roseanne သူမ ဖုန္းထဲ ဓာတ္ပုံေတြ ဝင္လာလို႔ ၾကည့္လိုက္ေတာ့ Ruby Janeရဲ႕ ပုံေတြ ေတြ႕ရလို႔ အရမ္းေပ်ာ္သြားတယ္
"ဘယ္ ဟိုတယ္မွာ သူက အလုပ္လုပ္ေနတာလည္း Hyeri "
"ငါ အလုပ္ကိစၥနဲ႕ အဲ့နိုင္ငံဘက္ ခရီးထြက္တုံး အဲ့ဟိုတယ္မွာ တည္းမိၿပီး သူ႕ကိုေတြ႕တာဘဲ သူကေတာ့ ငါ့ကိုမွတ္မိပုံ မေပၚဘူး ေအးေပါ့ သူနဲ႕ငါက အတန္းသာတူတာ စကားေျပာဖူးတာမွ မဟုတ္တာ "
"ဘယ္ဟိုတယ္မွာလည္း ငါေမးတာ ေျဖပါအုံး "
"ငါ ဘဏ္ account message ပို႔လိုက္မယ္....10M ဝင္လာရင္ ငါ နင့္ဆီ Ruby Jane အလုပ္လုပ္တဲ့ ဟိုတယ္ နိုင္ငံ လိပ္စာ အကုန္ message ပို႔လိုက္မယ္ "
"ေကာင္းၿပီ.... ငါ နာရီဝက္အတြင္း လႊဲလိုက္မယ္ "
Roseanne ဖုန္းခ်ၿပီး သူမ ႐ုံးခန္းဖုန္းကို ကိုင္လိုက္သည္
"ဟုတ္ကဲ့ ဒုဥကၠဌ.... ကြၽန္ေတာ္ ဘာလုပ္ေပးရမလည္း "
"Seung Soo အခု မင္းဖုန္းနံပါတ္ကို ငါ message ပို႔လိုက္မယ္....အဲ့ ဘဏ္ accountထဲ အခုခ်က္ခ်င္း 10M လႊဲေပးပါ လႊဲေပးၿပီးတာနဲ႕ ခ်က္ခ်င္း ငါ့ဆီအေၾကာင္းၾကားပါ "
"ဟုတ္ကဲ့ ဒုဥကၠ႒ ...."
Roseanne မွာ စိတ္လႈပ္ရွားလြန္းလို႔ ထရပ္ၿပီး ႐ုံးခန္းထဲ လမ္းပတ္ေလွ်ာက္ေနသည္
သူမ အခ်ိန္အၾကာႀကီး ရွာေဖြေနတဲ့ Ruby Janeကို အခု ျပန္ေတြ႕ရေတာ့မယ္ေလ.....
"Hello "
"ဒုဥကၠဌ ကြၽန္ေတာ္ ေငြလႊဲၿပီးပါၿပီ ..."
"ေကာင္းၿပီ.. "
Roseanne phလည္းခ်လိဳက္ေရာ သူမဖုန္းထဲ Hyeriဆီက message ဝင္လာသည္
Roseanne မွာ Ruby Janeရဲ႕ တည္ေနရာကို သိေတာ့ ခ်က္ခ်င္း လိုက္သြားဖို႔ ျပင္ဆင္ေလသည္
"Seung Soo နယူးဇီလန္ကို အခုသြားမယ္ ေလယာဥ္လက္မွတ္ တစ္ေစာင္ျဖတ္ထား ၿပီးရင္ ငါ့ဖုန္းထဲ message ပို႔ထား..."
"ဟိုတယ္ပါ Booking လုပ္ထားရမလား ဒုဥကၠဌ... "
"ငါေျပာတဲ့ စကားထဲ ဟိုတယ္ Booking လုပ္ထားဆိုတာ ပါသလား "
"မပါပါဘူး ဒုဥကၠဌ "
"ေအး မပါရင္ လွ်ာမရွည္နဲ႕....ေလယာဥ္လက္မွတ္တစ္ေစာင္တည္းေနာ္ ဘယ္သူမွ လိုက္စရာမလိုဘူး... ငါတစ္ေယာက္တည္း ကိစၥရွိလို႔ ဒါဘဲ ... "
Roseanne Companyကေန အိမ္ကိုျပန္ၿပီး အဝတ္အစားေတြထုပ္ပိုးေလသည္
"အန္ကယ္....အေဖ နယ္ကျပန္လာရင္ Chaw နယူးဇီလန္ကို ကိစၥရွိလို႔ ခဏသြားတယ္လို႔ ေျပာေပး "
"ေကာင္းပါၿပီ သခင္မေလး "
Roseanne တစ္ေယာက္ ခရီးေဆာင္အိတ္ကို ဆြဲၿပီး မ်က္မွန္တပ္ကာ ခပ္ၿပဳံးၿပဳံးျဖင့္ ေလဆိပ္ထဲ ဝင္သြားေလသည္
"ငါ့ကို ေစာင့္ေနပါ အခ်စ္ကေလးေရ...."
"Good Afternoon suzan. ..."
"Afternoon Jennie. ...."
"Check In ဘယ္ႏွခန္းက်န္ေသးလည္း "
Ruby Jane တစ္ေယာက္ ေန႕လည္ဂ်ဴတီက်တာမို႔ ညေနဝင္မယ့္အခန္းေတြ ဘယ္ႏွခန္းက်န္လည္းဆိုတာ Suzanကို ေမးေနသည္
"ဆယ္ခန္းဘဲ က်န္ေတာ့တယ္ မနက္က Walk in တစ္ခန္းေရာင္းထားတယ္ "
"ဟုတ္ၿပီ Suzan. .."
"Liamက ငါးမိနစ္ေနာက္က်မယ္လို႔ ေျပာတယ္ "
"အင္းပါ.... "
Ruby Jane တစ္ေယာက္ အခန္းေသာ့ေတြ ပိုက္ဆံေတြစစ္ၿပီးေနာက္ ဧည့္သည္ေတြလာရင္ တိုက္ဖို႔ juice ေတြပါ စစ္ေဆးေနသည္
Ruby Jane အကုန္လုံး စစ္ေဆးေနေပမယ့္ Lobbyမွာ မဂၢဇင္းစာအုပ္နဲ႕ ကြယ္ရင္း သူမကို စိုက္ၾကည့္ေနတဲ့ ေကာင္မေလးတစ္ေယာက္ကိုေတာ့ သတိမထားမိေပ
"ဒီမွာ "
"ဟုတ္ကဲ့ Sir ဘာကူညီေပးရမလည္းရွင့္ "
Ruby Jane ဧည့္သည္စာရင္းစစ္ေနရင္း ေကာင္တာေရွ႕ လာရပ္တဲ့ အမ်ိဳးသားကို ၿပဳံးၿပီး ႏႈတ္ဆက္ေလသည္
"ဘယ္လို အခန္းမ်ိဳးေပးထားတာလည္း Air conက ေအးလည္းမေအးဘူး Tv လိုင္းေတြကလည္း မမိဘူး "
"ေတာင္းပန္ပါတယ္ရွင့္ အခုခ်က္ခ်င္းဘဲ Tvလိုင္းေရာ Air Con ပါ စစ္ခိုင္းေပးပါမယ္ "
"အခန္းတစ္ခန္းမေပးခင္ ေသခ်ာစစ္ေဆးၿပီးမွ ေပးေလ မင္းတို႔ အလုပ္ကို ဘယ္လိုလုပ္ေနတာလည္း ေစာက္သုံးမက်လိဳက္တာ "
"ေတာင္းပန္ပါတယ္ရွင္..... "
Ruby Janeမွာ ဧည့္သည္ကို ေခါင္းငုံ႕ကာ ေတာင္းပန္ေလသည္
"ငါအခု အျပင္သြားမလို႔ အဲ့တာ ဝင္ၾကည့္ေပးထား "
"ဟုတ္ကဲ့ အခန္းနံပါတ္ေလး တစ္ခ်က္ေလာက္ပါ "
"ငါ့ကိုေတာင္ မမွတ္မိဘူးလား "
"ကြၽန္မက အခုမွ ဂ်ဴတီဝင္လာတဲ့သူမို႔ပါ "
"ဘယ္လိုဝန္ထမ္းေတြ ခန့္ထားလည္းမသိ ဆင္ေျခဆင္လက္ေတြနဲ႕ ေစာက္ခ်ိဳးမေျပလိုက္တာ...."
ေတာက္!!
Lobbyထဲ ေတာက္ေခါက္သံအက်ယ္ႀကီး ၾကားလိုက္ရလို႔ Ruby Janeကို ရန္ရွာေနတဲ့ ဧည့္သည္နဲ႕ တစ္ျခားသူေတြမွာ ၿငိမ္သက္သြားၾကသည္
"အခန္းနံပါတ္ 204..."
Ruby Janeကို ရန္လုပ္တဲ့ တစ္ေယာက္ ထြက္သြားေသာအခါ Ruby Janeမွာ သန့္ရွင္းေရးနဲ႕ maintainace enginner ကို ေခၚၿပီး အခန္းနံပါတ္ 204ကို သြားစစ္ခိုင္းလိုက္သည္
Ruby Janeမွာ စာအုပ္ထဲတြင္ တစ္ျခားဝန္ထမ္းေတြသိဖို႔ အခန္းနံပါတ္ 204အေၾကာင္း ေရးေလသည္
"စိတ္ညစ္လိုက္တာ ငါလည္း မဟုတ္ဘဲ ငါ့လာေအာ္ေနတာ "
Ruby Jane စာေရးရင္း ညည္းၫူလိုက္သည္
"မင္းကို စိတ္ညစ္ေအာင္လုပ္လို႔ သူ႕ကို ငါ သတ္လိုက္ရမလား Ruby Jane. ...."
Ruby Janeမွာ စာငုံ႕ေရးေနရင္း ထိုစကားေၾကာင့္ လက္ထဲက ေဘာပင္ျပဳတ္က်သြားေလသည္
Roseanne!
#Tbc
Bạn đang đọc truyện trên: Truyen3h.Co